5 violations that need addressing in protest law amendment – ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ဦးတည်ဆန်းစစ်ရန်လိုအပ်နေသော လူ့အခွင့်အရေးချိုးဖောက်နေမှု (၅)ရပ်။

Download this as a PDF»

We welcome the recognition that the Peaceful Assembly and Peaceful Procession Law (the PAPP Law) is undemocratic and should again be amended by the government. Unfortunately, the Bill of Amendment of the Peaceful Assembly and Peaceful Procession Law (the Amendment Bill) which was proposed in The Mirror on 20 February 2018 does not yet address the law’s many weaknesses and instead proposes changes that would further undermine people’s human rights. We call on the government to amend the law to bring it up to international standards and democratic best practices.

Problems in the current PAPP Law

The PAPP Law clearly violates the Myanma people’s rights to freedom of expression and assembly by:

  1. Prioritising control over, rather than, facilitation of protests
  2. Requiring protesters to overcome burdensome and bureaucratic hurdles
  3. Effectively making spontaneous protests unlawful
  4. Overly restricting the content and conduct of protests, criminalising protesters
  5. Giving the police vague powers – including the use of force – to stop protests based on ambiguous and merely potential risks

Problems in the Amendment Bill

Rather than address the violations listed above, the Amendment Bill proposes four key changes to the PAPP Law:

  • Article 2 proposes that people can only exercise their right to peaceful protest if they do not conflict with laws protecting “national security, rule of law, public order, or public morals”.
  • Article 3 requires protest organisers to include details of their estimated budget and source of funding in their notification to the authorities.
  • Article 4 proposes a new crime according to which anyone who gives financial, material or any other means of support to encourage protest against “national security, rule of law, public order or public morals”, faces three-years imprisonment and an unlimited fine.
  • Article 6(b) adds an exception to the deadline of 15-days to bring charges against protesters, in cases where the protests were against “national security, rule of law, public order or public morals”.

While it is potentially legitimate to restrict the rights to freedom of expression and assembly, the Myanmar government has failed in its obligation under international law to ensure that any restriction must pass the three-part test as defined in international law. This bill would therefore violate the Myanma people’s rights to freedom of expression and assembly.

Part One of the three-part test: Provided in law

International law requires all restrictions on the rights to freedom of expression and assembly to be clearly defined and specific to ensure that the law cannot be abused. Articles 2, 3, 4 and 6(b) fail Part One because they are vaguely written and could therefore be arbitrarily used. They also fail because persons wishing to protest would be unable to predict which of their actions would be lawful and which would not.

Part Two: Pursue a legitimate aim

International law requires all restrictions of the rights to freedom of expression and assembly to be designed to pursue a legitimate aim as exclusively listed in international law. Any other aim is not permissible. Articles 2, 3, 4 and 6(b) fail Part Two because they pursue aims that are broader than what is accepted under international law. The rights to freedom of expression and assembly extend to ideas that annoy, offend or are not received favourably by the government or even the majority of the population.

Part Three: Are necessary

International law requires all restrictions of the rights to freedom of expression and assembly to be necessary to pursue the legitimate aim. International courts have defined necessity as being 1) in response to a pressing social need; 2) being the least intrusive approach; and 3) being proportionate.

Articles 2, 3, 4 and 6(b) fail Part Three because they are not necessary. They are unnecessary because there is no pressing social need to specify additional content-based restrictions on protests beyond those that exist in criminal laws of general application that apply to every person at all other times. For example, the Penal Code already includes provisions dealing with fraud and incitement to violence.

Article 3 fails Part Three because it is deeply intrusive. Informing the authorities of budgets and sources of funding would not enable or facilitate the authorities to prepare for the protest. It would rather add further bureaucratic hurdles that would deter people from exercising their right to protest.

Article 4 fails Part Three because it is disproportionate. Criminalising and imprisoning a person for supporting a protest, even if responding to a pressing social need, would be a grossly disproportionate punishment.

Article 6(b) fails Part Three because it could result in a form of legal harassment with charges being brought against protesters months or years after the protest.

Recommendations for the Amendment Bill

The Amendment Bill should be changed to address the PAPP Law’s clear violations of the rights to freedom of expression and assembly as listed above:

  1. Prioritising control over rather than facilitation of protests
    • The Amendment Bill should change the PAPP Law objectives to a presumption in favour of the rights to freedom of expression and assembly and creating a duty for the state to protect and promote these rights without discrimination.
    • Specific duties of the authorities to facilitate protests should be added.
  2. Requiring protesters to overcome burdensome and bureaucratic hurdles
    • The Amendment Bill should change the PAPP Law to only require advance notification for protests that are likely to be large and where authorities reasonably need to plan to facilitate them.
    • The list of necessary information should be reduced to just information on the date, time, location or route, estimated numbers of protesters, and contact details for any organisers.
    • All requests for information on the content of the protest should be removed.
    • The burden of informing authorities in different locations should be shifted from the protesters to the authorities.
    • The Law should ensure a transparent and prompt process for placing prior conditions on the time, place or manner of a protest, including justifications and options for appeal.
    • Authorities should be explicitly stopped from pressuring protest organisers to change their plans.
  3. Effectively making spontaneous protests unlawful
    • The Amendment Bill should change the PAPP Law by providing an exemption to notification where it is not practical or possible in the circumstances, or where there is no identifiable organiser.
  4. Overly restricting the content and conduct of protests, criminalising protesters
    • The Amendment Bill should change the PAPP Law by removing all restrictions on the conduct and content of the protests. The only sanction should be for inciting violence.
  5. Giving the police vague powers – including the use of force – to stop protests based on ambiguous and merely potential risks
    • The Amendment Bill should change the PAPP Law to remove powers to prevent protests from going ahead, except where there is clear evidence of an intention to incite violence.
    • Authorities should be given clear duties to de-escalate protests using negotiation and communication, and dispersal should be an exceptional measure only in response to imminent incitement to violence.
    • Authorities should be given clear guidelines on in which situation they can use force, ensuring legality, legitimacy, necessity and proportionality.

We urge Parliament to conduct an accessible, open and rigorous public consultation before proceeding further with the Amendment Bill. In particular, we urge Parliament to review white papers from both government and civil society that document how the PAPP Law has been used so far, how protesters have been affected by it, and what case law exists in which protesters have been prosecuted.

Download this as a PDF»

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေသည် ဒီမိုကရေစီနှင့် မညီသည့်အတွက် အစိုးရမှ တဖန်ပြင်ဆင်သင့်သည်ဟု အသိအမှတ်ပြုခြင်း အပေါ်ကျွန်ုပ်တို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) မှ ကြိုဆိုပါသည်။ သို့သော် ကံဆိုးစွာပင် ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၁၈ ခုနှစ်တွင် ကြေးမုံသတင်းစာ၌ဖော်ပြပါရှိသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ဥပဒေ၏ များစွာသော အားနည်းချက်များ ကို ဦးတည်ပြင်ဆင်ရမည့်အစား၊ အဆိုပြုတင်သွင်းထားသော ပြင်ဆင်ချက်များက အများပြည်သူတို့၏ လူ့အခွင့်အရေးကို ပိုမို အားနည်းသေးသိမ်စေပါသည်။ အစိုးရတစ်ရပ်၏ ဥပဒေပြုနိုင်ရေး အာဏာကို အသုံးပြုလျက် ဥပဒေပြင်ဆင်ရန် အခြေအနေပေးနေသည့် အနေအထားတွင် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် ညီပြီး အဓိပ္ပါယ်ပြည့်ဝသော လူ့အခွင့်အရေးအခြေခံ ဥပဒေပြင်ဆင်ချက်များ ရေးဆွဲပြဌာန်းရန် ကျွန်ုပ်တို့ တောင်းဆိုလိုက်ပါသည်။

လက်ရှိ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေ၏ ပြသနာများ

လက်ရှိ ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေသည် အောက်ပါအချက်များကြောင့် မြန်မာပြည်သူတို့၏ လွတ်လပ်သော ထုတ်ဖော်ရေးသားပြောဆိုခြင်းနှင့် စုဝေးခြင်း အခွင့်အရေးအား ချိုးဖောက်လျက်ရှိနေသည်မှာ ထင်ရှား သည် -

၁) ဆန္ဒထုတ်ဖော်မှုကို အဆင်ပြေချောမွေ့အောင် ကူညီပေးရန်ထက် ထိန်းချုပ်ခြင်းကို ပိုမို ဦးစားပေးထား ခြင်း

၂)ဆန္ဒပြသူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေစေခြင်း နှင့် ကြိုးနီစနစ်အတားအဆီးများကို ကျော်လွှားနိုင်ရန် လိုအပ်နေခြင်း

၃) ရုတ်တရတ်ဖြစ်ပေါ်လာသော ဆန္ဒပြမှုများအား ဥပဒေနှင့် မညီသော စုဝေးမှုဖြစ်အောင် ထိရောက်စွာ စီမံထားခြင်း

၄) ဆန္ဒထုတ်ဖော်မှု၏ အကြောင်းအရာနှင့် အပြုအမူတို့ကို အလွန်အမင်းထိန်းချုပ်ထားပြီး၊ ဆန္ဒထုတ်ဖော် သူများအား ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်ထားခြင်း

၅) မသေချာသော၊ ဖြစ်နိုင်ချေနည်းသော အန္တရာယ်သက်ရောက်မှုများအပေါ် အခြေခံပြီး ဆန္ဒထုတ်ဖော်မှု အား ပိတ်ပင်လူစုခွဲရန် အင်အားအသုံးပြုနိုင်ခြင်း အပါအဝင် ရဲများအား တိကျရှင်းလင်းမှုမရှိသော လုပ်ပိုင် ခွင့်အာဏာပေးထားခြင်း

ပြင်ဆင်သည့် ဥပဒေကြမ်း

ပြင်ဆင်လိုသည့် ဥပဒေကြမ်းသည် အထက်တွင်ဖော်ပြထားသော လူ့အခွင့်အရေးချိုးဖောက်နေမှုများအား ဖော် ထုတ်ရန်ထက် အဓိက ပြင်ဆင်ချက် (၄) ရပ်ကိုသာ တင်ပြတောင်းဆိုထားလေသည်။

• ပုဒ်မ ၂ အရ လူတို့သည် “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ သို့မဟုတ် အများပြည်သူကိုယ်ကျင့်တရား” တို့နှင့် မဆန့်ကျင်မှသာ ၎င်းတို့၏ အခွင့်အရေးဖြစ်သော ဆန္ဒထုတ်ဖော်ခွင့်ကို ကျင့်သုံးနိုင်ကြောင်း အဆိုပြုထားသည်။
• ပုဒ်မ ၃ အရ ဆန္ဒထုတ်ဖော်မှုကို စီစဉ်သူများသည် ၎င်းတို့၏ ခန့်မှန်းကုန်ကျစရိတ် နှင့် ကုန်ကျခံမည့် အရင်းအမြစ်ကို အာဏာပိုင်တို့ထံတင်သွင်းရသည့် အသိပေးအကြာင်းကြားစာတွင် အသေးစိတ် ထည့်သွင်းဖော်ပြရန် တောင်းဆိုထားသည်။
• ပုဒ်မ ၄ အရ “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ သို့မဟုတ် အများ ပြည်သူကိုယ်ကျင့်တရား” တို့ကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုကို ငွေ၊ သို့မဟုတ် ပစ္စည်းအားဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းအားဖြင့်ဖြစ်စေ အားပေးထောက်ခံသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ထောင်ဒဏ် (၃) နှစ် နှင့် အကန့်အသတ်မရှိသော ငွေဒဏ်ကျခံစေရန် အဆိုပြုထားသည်။
• ပုဒ်မ ၆(ခ) အရ ၂၀၁၆တွင် ပြင်ဆင်ထားသည့် ဥပဒေတွင် အာဏာပိုင်တို့အတွက် ထပ်ဖြည့်ထားသည့် ခြွင်းချက်တစ်ခုမှာ “ပုဒ်မ ၁၈ မှ အပ” “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေး ချမ်းရေး၊ သို့မဟုတ် အများပြည်သူကိုယ်ကျင့်တရား” တို့ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့လျှင် ထိုဆန္ဒထုတ်ဖော်သူ များကို ၁၅ ရက်အတွင်း တရားစွဲဆိုနိုင်ခြင်းပင် ဖြစ်သည်။

ပြင်ဆင်သည့် ဥပဒေကြမ်းရှိ ပြသနာများ

ဥပဒေကြမ်းသည် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ကို တားဆီးကန့်သတ်ရန် ဥပဒေ ရေးဆွဲပြီး တရားဝင်ရည်ရွယ်ချက်ရှိလာနိုင်သည့် အနေအထားတွင် မြန်မာအစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် ၏ မည်သည့်ကန့်သတ်ချက်ကိုမဆို နိုင်ငံတကာဥပဒေက ပြဌာန်းထားသော အဆင့်(၃) ဆင့် ဆန်းစစ်ချက်နှင့် နှိုင်းယှဉ်ကျော်ဖြတ်ရန် အထူးတာဝန် ကို ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် မြန်မာပြည်သူ တို့၏ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့် နှင့် စီတန်းစုဝေးခွင့် လူ့အခွင့်အရေးများကို ဤဥပဒေကြမ်းက ချိုးဖောက်လိမ့် မည် ဖြစ်သည်။

အဆင့် ၁): ဥပဒေတွင် ပြဌာန်းထားရမည်။

လွတ်လပ်သောရေးသားထုတ်ဖော်ပြောဆိုခြင်း နှင့် စုဝေးခွင့် အခွင့်အရေးတို့ကို ကန့်သတ်သည့် ကန့်သတ်ချက် အားလုံးကို ဥပဒေတွင် တိကျရှင်းလင်းစွာ သတ်မှတ်ပြဌာန်းရန် နှင့် ဥပဒေကို အလွဲသုံးစားခြင်း မခံရအောင် တိကျသေချာရန် နိုင်ငံတကာဥပဒေအရ လိုအပ်သည်။ ပုဒ်မ ၂၊ ၃၊ ၄ နှင့် ၆(ခ) တို့သည် မပြတ်သားဝေဝါးစွာ ရေးသားထားပြီး အစီစဉ်မကျစွာ လိုလျှင် လိုသလို သုံးနိုင်မည် ဖြစ်သောကြောင့် ပထမအဆင့် ဆန်းစစ်ချက် နှင့် မကိုက်ညီပါ။ ဆန္ဒပြမည့် ပုဂ္ဂိုလ်များ အနေဖြင့် မည်သည့် လှုပ်ရှားမှုသည် ဥပဒေနှင့် ညီပြီး၊ မည်သည်ကတော့ ဥပဒေနှင့် မညီသလဲ ဆိုသည်ကို မခန့်မှန်းနိုင်သည့် အတွက်လည်း ယင်းပုဒ်မများသည့် ပထမအဆင့် ဆန်းစစ် ချက်နှင့် ကိုက်ညီရန် ပျက်ကွက်လေသည်။

အဆင့် ၂) : တရားဝင် ဦးတည်ချက်ရှိရမည်။

လွတ်လပ်သောရေးသားထုတ်ဖော်ပြောဆိုခြင်း နှင့် စုဝေးခွင့် အခွင့်အရေးတို့ကို ကန့်သတ်သည့် ကန့်သတ် ချက်အားလုံးကို နိုင်ငံတကာဥပဒေတွင် စာရင်းမသွင်းနိုင်သောကြောင့် ယင်းကန့်သတ်ချက်များကို ရေးဆွဲရာ တွင် တရားဝင်ရည်ရွယ်ချက်ကို ခြေရာခံ ဒီဇိုင်းဆွဲရန် နိုင်ငံတကာဥပဒေက ပြဆိုထားသည်။ ဥပဒေတွင် ပုဒ်မ ၂၊ ၃၊ ၄ နှင့် ၆(ခ) သည် နိုင်ငံတကာဥပဒေက တရားဝင်လက်ခံထားသည်ထက် ပိုမိုကျယ်ပြန့်သော ဦးတည်ချက်များကို ထည့်သွင်းထားသောကြောင့် အဆင့် ၂ ဆန်းစစ်ချက်နှင့် ကိုက်ညီရန် ပျက်ကွက်ပါသည်။ လွတ်လပ်သော ထုတ်ဖော်ရေးသားပြောဆိုခွင့်နှင့် စုဝေးခွင့်သည် စိတ်ညိုငြင်စေ၊ ထိခိုက်စေသည့် အတွေးအခေါ်အယူအဆ၊ သို့မဟုတ် အစိုးရ နှင့် တခါတရံတွင် လူအများစု၏ မျက်နှာသာပေးမှုကို မရရှိသော အတွေးအခေါ် အယူအဆ တို့တိုင်အောင် တိုးချဲ့အကျုံးဝင်ပါသည်။

အဆင့် ၃) : လိုအပ်မှုရှိခြင်း

လွတ်လပ်သောရေးသားထုတ်ဖော်ပြောဆိုခြင်း နှင့် စုဝေးခွင့် အခွင့်အရေးတို့ကို ထိန်းချုပ်သည့် ကန့်သတ်ချက် အားလုံးသည် တရားဝင်ရည်ရွယ်ချက်ကို လိုက်နာရာတွင် အမှန်တကယ် လိုအပ်မှုလည်းရှိရမည်ဖြစ်ကြောင်း နိုင်ငံတကာဥပဒေက ဆို ထားသည်။ နိုင်ငံတကာတရားရုံးများကမူ လိုအပ်မှုရှိခြင်း ကို သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းတို့မှာ - ၁) အရေးတကြီးလိုအပ်နေသော လူမှုလိုအပ်ချက်များကို တုံ့ပြန်ခြင်း၊ ၂) လူ့အခွင့်အရေးကို ထိခိုက်မှုအနည်း ဆုံး ချဉ်းကပ်ခြင်း၊ နှင့် ၃) အချိုးအစားမျှတခြင်း တို့ဖြစ်သည်။

ပုဒ်မ ၂၊ ၃၊ ၄ နှင့် ၆(ခ) တို့သည် မလိုအပ်သောကြောင့် အဆင့် (၃) ဆန်းစစ်ချက်နှင့် ကိုက်ညီရန် ပျက်ကွက် သည်။ အခြားအချိန်နှင့် အခြေနေများတွင်လည်း လူတိုင်းအပေါ်အကျုံးဝင်သည့် ရှိပြီးသား ယေဘုယျ ပြစ်မှုဆိုင်ရာ ရာဇဝတ်ဥပဒေများကို ဆန္ဒထုတ်ဖော်မှုအပေါ်အခြေခံသည့် အကြောင်းအရာကန့်သတ်ချက် များတွင် ထပ်မံ ဖော်ပြသတ်မှတ်ရန် အရေးကြီးသည့် လူမှုလိုအပ်ချက် မရှိသောကြောင့် ယင်းပုဒ်မများသည် မလိုအပ်ပါ။ ဥပမာ- ရာဇသတ်ကြီးဥပဒေတွင် လိမ်ညာမှု၊ အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း တို့နှင့် ပတ်သတ်ပြီး ဥပဒေပုဒ်မများ ရှိပြီးဖြစ်သည်။

ပုဒ်မ ၃ သည်လည်း လူ့အခွင့်အရေးကို နက်ရှိုင်းစွာ ထိခိုက်နေသောကြောင့် အဆင့်(၃) ဆန်းစစ်ချက်နှင့် ကိုက်ညီမှု မရှိပါ။ အာဏာပိုင်တို့အား ခန့်မှန်းကုန်ကျစရိတ် နှင့် ရံပုံငွေရင်းမြစ်များအကြောင်း အကြောင်းကြား ရမည်ဆိုသည်မှာ အာဏာပိုင်တို့မှ ဆန္ဒထုတ်ဖော်မှုအတွက် ပြင်ဆင်နိုင်စေရန် မည်သို့မျှ အထောက်အကူ ဖြစ်စေမည် မဟုတ်ပေ။ ယင်းပုဒ်မသည် နောက်ထပ် ဗျူရိုကရေစီ အတားအဆီးများကို ဖြစ်ပေါ်စေကာ၊ ယင်း အတားအဆီးတို့က အများပြည်သူတို့၏ စုဝေးဆန္ဒထုတ်ဖော်ခွင့် ကို ကျင့်သုံးရာတွင် အဟန့်အတား ဖြစ်စေ ပါသည်။

ပုဒ်မ ၄ သည် အချိုးအစားမမျှတသောကြောင့် အဆင့် (၃) ဆန်းစစ်ချက် နှင့် မကိုက်ညီပါ။ ဆန္ဒထုတ်ဖော်မှု တစ်ခုကို ထောက်ပံ့မိသောကြောင့် လူတစ်ဦးကို ရာဇဝတ်ဥပဒေနှင့် ထောင်ချရမည် ဆိုသည်မှာ အရေးကြီးသည့် လူမှုလိုအပ်ချက်တစ်ခုကို တုံ့ပြန်ရလျှင်တောင် လုံးဝအချိုးအစားမမျှတသော ပြစ်ဒဏ်ပေးမှု ဖြစ်လေသည်။

ပုဒ်မ ၆(ခ) ၏ ခြွင်းချက်အရ ပုဒ်မ (၁၈) ဆိုင်ရာအကြောင်းအရာတစ်ခုကို ချိုးဖောက်ကျူးလွန်သည်ဟု ယူဆခံရလျှင် ရက်အကန့်အသတ်မရှိသောကြောင့် ယင်းအမှုကို နောင် လများ သို့မဟုတ် နှစ်များ ကြာပြီးသည့်နောက်မှ ရုံးတင်တရားစွဲဆိုခံရနိုင်ချေရှိသည့် ကာလကြာရှည်သော ဥပဒေကြောင်းအရ ဖိနှိပ်မှု ဖြစ်ပါသည်။

ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် အကြံပြုချက်များ

အထက်တွင် တင်ပြထားသည့်အတိုင်း ငြိမ်းစုစီဥပဒေ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့် ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေခြင်းများအား စုံစမ်းဖော်ထုတ်ရန် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြောင်းလဲ သင့်ပါသည် -

၁) ဆန္ဒထုတ်ဖော်မှုကို အဆင်ပြေချောမွေ့အောင် ကူညီပေးရန်ထက် ထိန်းချုပ်ခြင်းကို ပိုမိုဦးစားပေးထား ခြင်း

(က) ပြင်ဆင်သည့် ဥပဒေကြမ်းသည် ငြိမ်းစုစီ ဥပဒေ၏ ရည်ရွယ်ချက်များအား လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့် နှင့် စုဝေးခွင့် ကို မျက်နှာသာပေးသည့် အယူအဆသို့ ပြောင်း လဲသင့်ပြီး၊ ခွဲခြားနှိမ်ချဆက်ဆံခြင်း မရှိဘဲ ဤအခွင့်အရေးများကို ကာကွယ်ရန် အစိုးရ အတွက် တာဝန်ဝတ္တရားများကို ဖန်တီးရမည် ဖြစ်သည်။
(ခ) ဆန္ဒပြမှုကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန် အာဏာပိုင်တို့၏ အထူးတာဝန် များကို ဥပဒေတွင် ထည့်သွင်းဖော်ပြသင့်သည်။

၂)ဆန္ဒပြသူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေစေခြင်း နှင့် ကြိုးနီစနစ်အတားအဆီးများကို ကျော်လွှားနိုင်ရန် လိုအပ်နေခြင်း

(က) ဆန္ဒပြမှုသည် ကြီးထွားလာနိုင်ချေရှိပြီး၊ အာဏာပိုင်တို့အနေဖြင့် အဆင်ပြေချောမွေ့ အောင် အစီအမံချထားရန် ကျိုးကြောင်းဆီလျော်စွာ လိုအပ်သည့်အခါမျိုးတွင်မှ ဆန္ဒထုတ်ဖော် မှုကို ကြိုတင်အသိပေးရန် လိုအပ်ကြောင်း ပြင်ဆင်သည့် ဥပဒေကြမ်းက ပြောင်းလဲပြဌာန်း သင့်သည်။

(ခ) လိုအပ်သော သတင်းအချက်အလက်စာရင်းကို နေ့ရက်၊ အချိန်၊ နေရာ သို့မဟုတ် လမ်းကြောင်း၊ ဆန္ဒပြမည့် ခန့်မှန်းလူဦးရေ နှင့် မည်သည့်စီစဉ်သူများအတွက်မဆို ဆက်သွယ် ရန်လိပ်စာ အသေးစိတ် စသည့် သတင်းအချက်အလက်သို့ လျှော့ချသင့်ပါသည်။

(ဂ) ဆန္ဒပြပွဲများ၏ အကြောင်းအရာဆိုင်ရာ သတင်းအချက်အလက်များ တောင်းခံမှုအားလုံး ကို ဖယ်ရှားပစ်သင့်သည်။

(ဃ) ဆန္ဒပြမည့် ပုဂ္ဂိုလ်များမှ မတူညီသော မြို့နယ်များရှိ အာဏာပိုင်များကို အကြောင်းကြား ရသည့် ဝန်ထုပ်ဝန်ပိုးအား ဆန္ဒပြပုဂ္ဂိုလ်များထံမှ အာဏာပိုင်များသို့ လွှဲပြောင်းပေးသင့်သည်။

(င) အသနားခံခြင်းအတွက် အကြောင်းပြချက် နှင့် ရွေးချယ်စရာများ အပါအဝင် ဆန္ဒထုတ် ဖော်ပွဲတစ်ခု၏ အချိန်၊ နေရာ သို့မဟုတ် အပြုအမူဆိုင်ရာ အခြေအနေများကို ဆန္ဒပြပွဲမတိုင် ခင် ချမှတ်ရန်အတွက် ပွင့်လင်းမြင်သာမှု ရှိပြီး လျင်မြန်သော ဖြစ်စဉ်အဆင့်များကို ဥပဒေက သေချာပြဌာန်းရမည်။

(စ) ဆန္ဒပြသူများကို ယင်းတို့၏ အစီအစဉ်များအား ပြောင်းလဲပစ်ရန် အာဏာပိုင်များမှ ဖိအား ပေးနေခြင်းကို လုံးဝရပ်ပစ်သင့်သည်။

၃) ရုတ်တရတ်ဖြစ်ပေါ်လာသော ဆန္ဒပြမှုများအား ဥပဒေနှင့် မညီသော စုဝေးမှုဖြစ်အောင် ထိရောက်စွာ စီမံထားခြင်း

(က) ပြင်ဆင်သည့် ဥပဒေကြမ်းသည် အသိပေးအကြောင်းကြားရန် လက်တွေ့မကျ မဖြစ်နိုင် သော အခြေအနေများ သို့မဟုတ် ဦးဆောင်စီစဉ်သူ မသတ်မှတ်နိုင်သည့် အခါများတွင် ကင်းလွတ်ခွင့်တစ်ရပ်ကို ထောက်ပံ့ပေးခြင်းအားဖြင့် ငြိမ်းစုစီဥပဒေကို ပြောင်းလဲသင့်သည်။

၄) ဆန္ဒထုတ်ဖော်မှု၏ အကြောင်းအရာနှင့် အပြုအမူတို့ကို အလွန်အမင်းထိန်းချုပ်ထားပြီး၊ ဆန္ဒထုတ်ဖော် သူများအား ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်ထားခြင်း

(က) ပြင်ဆင်သည့် ဥပဒေကြမ်းသည်ဆန္ဒပြပွဲများ၏ အပြုအမူနှင့် အကြောင်းအရာပေါ်တွင် ထိန်းချုပ်ထားသည့် ကန့်သတ်ချက်အားလုံးကို ဖယ်ရှားပစ်ခြင်းအားဖြင့် ငြိမ်းစုစီဥပဒေကို ပြောင်းလဲသင့်သည်။ တစ်ခုတည်းသော ပြစ်ဒဏ်သည် အကြမ်းဖက်မှုဖြစ်ပေါ်အောင် လှုံ့ဆော် ခြင်းအတွက်သာ ချမှတ်သင့်ပါသည်။

၅) မသေချာသော၊ ဖြစ်နိုင်ချေနည်းသော အန္တရာယ်သက်ရောက်မှုများအပေါ် အခြေခံပြီး ဆန္ဒထုတ် ဖော်မှုအား ပိတ်ပင်လူစုခွဲရန် အင်အားအသုံးပြုနိုင်ခြင်း အပါအဝင် ရဲများအား တိကျရှင်းလင်းမှုမရှိသော လုပ်ပိုင်ခွင့်အာဏာပေးထားခြင်း

(က) အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ရန် ရည်ရွယ်ချက်ရှိကြောင်း သက်သေပြနိုင်သည့် အခြေအနေမှ လွဲ၍၊ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်မလုပ်နိုင်အောင် တားဆီးကန့်သတ် နိုင်သည့် အာဏာကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖယ်ရှားပစ်ခြင်းဖြင့် ငြိမ်းစုစီဥပဒေ ကို ပြောင်းလဲ သင့်သည်။

(ခ) ညှိနှိုင်းခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်းအား အသုံးပြုပြီး ဆန္ဒထုတ်ဖော်မှုအား အရှိန် လျှော့ချရန် အာဏာပိုင်များကို ရှင်းလင်းသော တာဝန်များ ပေးထားသင့်သည်။ လူစုခွဲခြင်း သည် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်မှု ဖြစ်လာနိုင်ချေရှိသည့် အခါမျိုးအား တုံ့ပြန်ရန် အတွက်သာ ခြွင်းချက်အစီအမံတစ်ခု ဖြစ်သင့်သည်။

(ဂ) တရားဝင်အခြေအနေ၊ တရားဝင်မှု၊ လိုအပ်ချက် နှင့် အချိုးအစားညီညွှတ်မျှတခြင်း တို့ကို သေချာစေကာ မည်သည့်အခြေနေမျိုးတွင်မှ အင်အားသုံးနိုင်မည် ဆိုသည်ကို အာဏာပိုင်များ အား ရှင်းလင်းသည့် ညွှန်ကြားချက်များ ပေးထားသင့်ပါသည်။

ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် နောက်ထပ်ဆောင်ရွက်ချက်များ မလုပ်ဆောင်ခင် လက်လှမ်းမှီ၍ ပွင့်လင်းတိကျခိုင်မာသော အများပြည်သူနှင့်ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်ဆောင်ရွက်ဖို့ရန် လွှတ်တော်အား ကျွန်ုပ်တို့ တောင်းဆိုလိုက်သည်။ အထူးသဖြင့် ငြိမ်းစုစီဥပဒေအား မည်သို့အသုံးပြုထား ကြောင်း၊ ဆန္ဒပြသူများ အား ငြိမ်းစုစီဥပဒေက မည်သို့ သက်ရောက်မှုရှိနေကြောင်း နှင့် ဆန္ဒပြသူများ တရားစွဲဆိုခံနေရသော ဥပဒေများ အကြောင်း အစိုးရနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများမှ မှတ်သားပြုစုထားသည့် စက္ကူဖြူအစီရင်ခံစာများကို သုံး သပ်ရန် လွတ်တော်အား ကျွန်ုပ်တို့ တိုက်တွန်းလိုက်ရပါသည်။