fbpx

Anti-internet shutdown MP, U Kyaw Kyaw dies — အင်တာနက်ဖြတ်တောက်မှု အဆုံးသတ်ရေးအတွက် ကြိုးပမ်းခဲ့သော ရခိုင်လွှတ်တော်အမတ်ဦးကျော်ကျော် ကွယ်လွန်

“FEM expresses its condolences to the family, friends, colleagues, and constituents of U Kyaw Kyaw, a Rakhine MP who was committed to ending the internet shutdown. U Kyaw Kyaw was a friend who I will remember as both humble and enthusiastic to learn and debate,” said FEM Director, Yin Yadanar Thein.

“U Kyaw Kyaw was a friend to FEM and actively participated in many activities to protect freedom of expression over the years. He was a quiet and modest man who spoke with heartfelt force when concerned by something. He will be sorely missed by us all,” said FEM Advisor, Oliver Spencer.

U Kyaw Kyaw died in Sittwe hospital on 6 May 2020. His funeral will be held on 8 May at 1:30pm in his Mrauk-U constituency.

"အင်တာနက်ဖြတ်တောက်မှု အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ရခိုင်လွှတ်တော်အမတ် ဆရာဦးကျော်ကျော်ကို ဆုံးရှုံးရတဲ့အတွက် ဆရာ့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း FEM ကနေ ထုတ်ဖော်ပြောကြားလိုပါတယ်။ ဆရာဟာ အချေအတင်ဆွေးနွေးရာမှာရော၊ အသစ်တွေကို လေ့လာသင်ယူရာမှာပါ စိတ်အားထက်သန်ပြီး၊ ရိုးစင်းနှိမ့်ချစွာ‌ နေထိုင်တတ်သူ မိတ်ဆွေတစ်ဦးအဖြစ် ကျွန်မ အမြဲတမ်းအမှတ်ရနေမှာပါ" (ဒေါ်ယဉ်ရတနာသိန်း၊ ညွှန်ကြားရေးမှူး၊ ဖဲ(မ်))

"ဦးကျော်ကျော်က FEM ရဲ့မိတ်ဆွေ‌ကောင်းတစ်ယောက်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကိုကာကွယ်ဖို့ လှုပ်ရှားမှုများစွာမှာ တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆရာက အနေအေးသူတစ်ယောက်ပေမယ့် သူစိုးရိမ်တဲ့ အကြောင်းအရာတစ်ခုခုအတွက် ဆွေးနွေးတဲ့နေရာမှာတော့ နှလုံးသားထဲကလာတဲ့ အင်နဲ့အားနဲ့ ဆွေးနွေးတတ်သူပါ။ ဆရာ့ကိုတော့ ကျွန်တော်တို့အားလုံး သတိရလွမ်းဆွတ်နေကြမှာပါ။" (အိုလီဗာ စပဲန်ဆာ၊ အကြံပေး၊ ဖဲ(မ်))

ဆရာဦးကျော်ကျော်သည် ၂၀၂၀၊ မေလ ၆ ရက်နေ့ တွင် စစ်တွေဆေးရုံ၌ ကွယ်လွန်ခဲ့ပြီး၊ မေလ ၈ ရက် မွန်းလွဲ ၁:၃၀ အချိန်တွင်၊ ဆရာ့မဲဆန္ဒနယ်ဖြစ်သော မြောက်ဦးမြို့၌ နာရေးကျင်းပမည် ဖြစ်သည်။