Crackdown on anti-war activists shows protests still need permission

The statement is in regards to the violent dispersal of a peaceful anti-war protest at the weekend. The statement includes some key points:

  1. The police's denial for a protest to happen shows that the Peaceful Assembly and Peaceful Procession Law is not a notification regime (as the government claimed), but a permission regime
  2. Police "permission" is decided predominantly based upon content, not upon ensuring the facilitation of a safe protest. The police reject notifications if the protest includes so-called "sensitive" content (criticism of powerful people)
  3. The police employed disproportionate and unnecessary use of force to disperse peaceful protesters at the anti-war protest at the weekend. Force should never be used when protesters are peaceful
  4. The police did not protect the peaceful anti-war protesters from the violence employed by the counter protesters. Counter protesters were seen attacking the peaceful anti-war protesters, and the police did not intervene to protect

စစ်ပွဲများရပ်တံ့ရေးဆန္ဒပြသူများကို ရိုက်နှက်ဖမ်းဆီချုပ်နှောင်းထားခြင်းသည် ၂၀၁၆ဥပဒေမပြင်ဆင်က ကဲ့သို့ပင် ခွင့်ပြုမိန့်တောင်းခံရရှိရန်လိုအပ်လျှက်ရှိနေပြီး၊ ခွင့်ပြုမိန့်သည်လည်း စုဝေးပွဲ၏ အကြောင်း အရာအလိုက် အာဏာပိုင်တို့ အကြိုက်သဘောဆောင်၊ မဆောင်အပေါ်တွင် မူတည်နေကြောင်း သက်သေပြလျက် ရှိသည်။

၂၀၁၈ ခုနှစ် မေလ ၁၂ ရက်၊ ညနေ ၅ နာရီခန့်တွင်၊ ရန်ကုန်မြို့၊ တာမွေဂုံးကျော်တံတားအောက်၌ ဖြစ်ပွားခဲ့သော စစ်ပွဲများရပ်တံ့ရန်တောင်းဆိုသည့် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုအား မြန်မာနိုင်ငံရဲတပ် ဖွဲ့နှင့် လူတစုမှ အချိုးအစားမညီ၊ တရားမမျှတသည့် အင်အားသုံးဖြိုခွင်းမှု ပြုလုပ်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအခွင့်အရေး အခြေအနေချိုးဖောက်ခံနေရ ခြင်းအား လွတ်လပ်သောထုတ်ဖော်ပြောဆို ခြင်း မြန်မာ (FEM) မှ စိုးရိမ်ပူပန်မိသည်။

ယင်းငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ချီတက်လမ်းလျှောက်ပွဲကို ၂၀၁၆ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ(၄) ပါအတိုင်း (၄၈) နာရီမတိုင်မီ ၂၀၁၈ ခုနှစ် မေလ ၉ရက်နေ့ကတည်းက ဦးဆောင်သူများမှ သက်ဆိုင်ရာရဲစခန်းတွင် ကြိုတင်အသိပေးအကြောင်းကြား ထားခဲ့ပြီးဖြစ်သည်။ သို့ရာတွင် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ “အများပြည်သူခရီးသွားလာမှု အနှောင့်အ ယှက်အဟန့်အတားဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် ထိခိုက်နစ်နာစေ ခြင်း၊ ယင်းတို့ဖြစ်တန်ရာသည်ဟု စိုးရိမ်ထိတ်လန့်စေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည့်အပြင် ယာဉ်အသွား အလာများပြားခြင်း နှင့် ယာဉ်ကြောရှုတ်ထွေးခြင်းတို့ကြောင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် တင်ပြ လာခြင်းအပေါ် ခွင့်မပြု”ဟု ပြန်လည်အကြောင်းကြားလာခဲ့ သည်။

ယင်းကဲ့သို့ အကြောင်းပြန်လာမှုအပေါ် FEM မှ စီမံကိန်းမန်နေဂျာဖြစ်သူ ယဉ်ရတနာသိန်းမှ- “လက်ရှိအသုံးပြုနေရတဲ့ ၂၀၁၆ ခုနှစ် ငြိမ်းစုစီ ဥပဒေမှာတင် လူ့အခွင့်အရေးဆိုင်ရာ ပြသနာရပ်တွေ အများကြီးရှိနေသေးတယ်။ ပုဒ်မ (၄)ပါ အသိပေးတင်ပြခြင်းဆိုတာက မတင်ပြရင် ပုဒ်မ (၁၉)နဲ့ တရား ဥပဒေကြောင်းအရ ဖိနှိပ်ဖို့ ဦးတည်ထားတာပဲ။ တကယ်ဆို ပါဝင်သူများပြားတဲ့ ဆန္ဒပြပွဲမျိုးလောက် ကိုသာ ရဲတပ်ဖွဲ့ဘက်က အဆင်ပြေချောမွေ့စေရေးနဲ့ အကာကွယ်ပေးရေး ကြိုတင်ပြင်ဆင်မှုတွေလုပ် ဖို့ လိုအပ်ချက်ကြောင့် အသိပေးတင်ပြဖို့ လိုအပ်တာပါ။ ဒါပေမယ့်လက်ရှိမှာတော့ ဥပဒေက ပြောင်းလဲ လိုက်ပြီလို့ပြောတဲ့ “အသိပေးတင်ပြခြင်း” အဆင့်ကို ရောက်မလာသေးဘဲ၊ အာဏာပိုင်တွေအနေနဲ့ “ခွင့်ပြုမိန့်တောင်းတယ်” လို့ ဘာသာပြန်ပြီး၊ “ခွင့်မပြု” လို့ ငြင်းပယ်တာတွေ လုပ်နေတယ်ဆိုတဲ့ သက်သေသာဓကပါပဲ။”ဟုပြောဆိုခဲ့သည်။

ရဲများမှ လူထုငြိမ်းချမ်းရေးကို အကာကွယ်ပေးရန်ဟု ပြောဆိုခဲ့သော်လည်း၊ ဖုံးကွယ်ထားသည့် အဖြစ်မှန်မှာ စုဝေးပွဲ၏ အကြောင်းအရာအပေါ် ယင်းတို့၏ အနက်ပြန်သဘောပေါက်မှုအရ တားဆီး ကန့်သတ်ပိတ်ပင်လိုခြင်းပင်ဖြစ်သည်။ စုဝေးခြင်းကြောင့် သာမန်နေ့စဉ်ဘဝကို တစုံတရာအတိုင်းအ တာထိ အဆင်မပြေမှုများ ဖြစ်စေပေါ်လျှင်တောင်၊ လုံးဝပျက်စီးခြင်းမဟုတ်လျှင် သည်းခံရမည် ဖြစ်ကြောင်း လွတ်လပ်စွာစီတန်းစုဝေးခြင်းဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှ ရှင်းလင်းစွာ ထုတ်ပြန်ထားပြီးဖြစ်သည်ကိုလည်း ယဉ်ရတနာသိန်း မှ ထောက်ပြခဲ့သည်။

စုရပ်ဖြစ်သော တာမွေဂုံးကျော်တံတားအောက်တွင် ငြိမ်းချမ်းစွာ စုရုံးနေကြသည့် လူထုအား ဆက် လက်ချီတက်ထွက်ခွာခွင့်မပေးဘဲ အာဏာအသုံးပြုကာ လူစုခွဲခိုင်းသည့်အတွက် ငြိမ်းချမ်းစည်းကမ်း ရှိစွာလူစုခွဲရန်ပြင်နေစဉ် လက်နက်မဲ့လူထုနှင့် ၎င်းတို့၏တာဝန်ဖြစ်သော ပြည်သူများအတွက် သတင်း ယူသည့်အလုပ်ကို လုပ်ကိုင်နေကြသည့် ဂျာနယ်လစ်များအား ရဲတပ်ဖွဲ့မှ အတင်းဝင်ရောက်ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းသည် နိုင်ငံသားတို့၏ မူလအခွင့်အရေးများဖြစ်ကြသော လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့် အခွင့်အရေးကို ဆင့်ကဲဆင့်ကဲချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် အရပ်ဝတ်လူတစုမှ ငြိမ်းချမ်းစွာလူစုခွဲနေသော ငြိမ်းချမ်းရေးလိုလားသူများအား ဥပဒေဘောင် ကျော်လွန်၍ ကိုယ်ထိလက် ရောက်ထိုးကြိတ်နာကျင်စေသည်ကို ရဲတပ်ဖွဲ့မှ မြင်လျက်နှင့် လစ်လျူရှုခဲ့ခြင်းသည် အလွန် အကျည်းတန်အရုပ်ဆိုးပြီး၊ နိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာဖြစ် လာနေသည်။

ယဉ်ရတနာသိန်းမှ - “ဥပဒေမှာ အင်အားအလွန်အကျွံမသုံးဖို့ ရေးသားထားပေမယ့် ဘယ်လောက်အင်အားက အလွန်အကျွံလဲ ဆိုတာ တိတိကျကျပြဌာန်းထားတာ မတွေ့ရဘူး။ နိုင်ငံ တကာလူ့အခွင့်အရေးဥပဒေတွေကတော့ ရှင်းရှင်းလင်းလင်းပြဌာန်းပြီးသားပါ။ ငြိမ်းချမ်းစွာစုဝေးခြင်း တစ်ခုကို ဘယ်အခြေအနေမှာမှ အင်အားမသုံးရပါဘူး၊ အကြမ်းဖက်မှု ဆိုးဆိုးဝါးဝါးဖြစ်ပေါ်ပျံ့နှံ့ လာနေပြီး၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချရမှုနဲ့ ဥစ္စာပစ္စည်းများကိုခြိမ်းခြောက်လာနေတဲ့အချိန်၊ စုဝေးပွဲမှာ ပါဝင်သူတွေကို ထိခိုက်လာတဲ့ တိကျတဲ့ အခြေအနေတစ်ခုမှာပဲ တရားမျှတပြီး၊ လူ့အခွင့်အရေးကို ချိုးဖောက်မှုအနည်းဆုံးပုံစံနဲ့ လူစုခွဲသင့်ပါတယ်။” ဟုထောက်ပြပြောဆိုခဲ့သည်။

FEM မှ တောင်းဆိုချက်များ

၁) မေလ ၁၂ ရက်နေ့တွင် တာမွေဂုံးတံတားအောက်၌ ရဲတပ်ဖွဲ့မှ အင်အားသုံးဖမ်းဆီးခဲ့သော ငြိမ်းချမ်း ရေးလိုလားသူ လူငယ်များအား ခြွင်းချက်မရှိပြန်လည်လွှတ်ပေးရန်။
၂) ၂၀၁၆ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေကို ပြင်ဆင်ပေးရန် နှင့် ပြင်ဆင် ရာတွင် ဥပဒေ၏လက်ရှိသက်ရောက်နေမှုအား စေ့စေ့ငုံငုံ သုံးသပ်ထားသည့် White Paper မှတဆင့် တရားဥပဒေပြုရေးအလေ့အထကောင်းများအတိုင်း ကျင့်သုံးပြင်ဆင်ပေးသွားရန်။
၃) ရုပ်သံဗီဒီယိုနှင့် ဓာတ်ပုံသက်သေများအရ ငြိမ်းချမ်းစွာစုဝေးသူတိူ့အား အကြမ်းဖက်မှု ကျူးလွန်ခဲ့သောလူတစုအား တည်ဆဲဥပဒေများအတိုင်း ဖမ်းဆီးအရေးယူပေးခြင်းအားဖြင့်၊ အကြမ်း ဖက်မှုကျူးလွန်ခံရသော ငြိမ်းချမ်းစွာစုဝေးသူတို့၏ တရားမျှတမှုကို ယူဆောင်လာပေးရန်။