fbpx

FEM welcomes Kofi Annan commission recommendations on media, access to information, and hate speech — FEM မှ မီဒီယာ၊ သတင်းအချက်အလက်ရရှိခွင့် နှင့် အမုန်းစကား ကိစ္စရပ်များအပေါ် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များအား ကြိုဆိုပါသည်။

FEM welcomes today’s publication of the final Rakhine Commission Report, led by Kofi Annan, and urges the Myanmar government to implement its recommendations on media, access to information and hate speech without delay.

Media access

FEM urges the government to implement without delay recommendations no. 31-32, that the government:

  1. provide full and regular access for domestic and international media to all areas affected by recent violence – as well as all other areas of the state
  2. increase and improve its public communication related to developments in Rakhine State.

Media access is vital because Myanmar people have a Right to Information on what their own government is doing in Rakhine state. Until now, journalists have not been permitted free access, and what limited information exists comes only from the government and is difficult to verify. Without the free flow of information, the Myanmar people cannot understand the situation in Rakhine or hold the government accountable.

FEM also reminds the government and other state institutions that the media should not only be guaranteed free access, but also freedom to report what they find without the threat of punishment. Currently, there are multiple criminal cases against journalists for legitimate journalism, and a number of journalists are in prison for doing their job.

Access to information

FEM urges the government to consider adopting a Right to Information Law in response to recommendation no. 55, which calls on the government to establish a mechanism to disseminate information and gather feedback on government performance. The right to information bill developed by the previous USDP government can be used as a starting point for consultation with all stakeholders.

Hate speech

FEM urges the government to review and implement parts of the Rabat Plan of Action in response to recommendation no. 63, which calls on the government to tackle hate speech. In particular, the current draft Protection Against Hate Speech bill will not deliver a robust government programme for promoting tolerance that the Rakhine Commission recommends.

FEM မှ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် မှ ယနေ့ ထုတ်ပြန်ခဲ့သော အပြီးသတ်အစီရင်ခံစာ အား ကြိုဆိုပြီး မြန်မာအစိုးရအနေဖြင့် အစီရင်ခံစာပါ မီဒီယာ၊ သတင်းအချက်အလက်ရရှိခွင့် နှင့် အမုန်းစကားဆိုင်ရာ အကြံပြုချက်များကို နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ အကောင်ထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းလိုက်ပါသည်။

မီဒီယာ ဝင်ရောက်နိုင်ခွင့်

အကြံပြုချက် နံပါတ် ၃၁ နှင့် ၃၂ အား အလျင်အမြန် အကောင်ထည်ဖော်ရန် မြန်မာအစိုးရအား FEM မှ တိုက်တွန်းပါသည်။ အစိုးရအနေဖြင့် အကောင်ထည်ဖော်ရန် အကြံပြုထားသည်မှာ -

၁) မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများသက်ရောက်ခဲ့သည့် ဒေသများသို့ ပြည်တွင်း ပြည်ပ မီဒီယာများအား ပုံမှန် ဝင်ရောက်ခွင့် အပြည့်အဝ ထောက်ပံ့ပေးရန်နှင့် နိုင်ငံတွင်း အခြားသော ဒေသများသို့လည်း ဝင်ရောက်ခွင့်ပေးရန်။

၂) ရခိုင်ပြည်နယ်တွင်း တိုးတက်မှုအရပ်ရပ် (အကောင်းအဆိုးမှန်သမျှ) နှင့် စပ်လျဉ်းပြီး အများပြည်သူသို့ ဆက်သွယ်ပြန်ကြားရေး လုပ်ငန်းစဉ်ကို တိုးမြှင့် အကောင်ထည်ဖော်ရန်။

မြန်မာပြည်သူလူထုအနေဖြင့် ၄င်းတို့ အစိုးရမှ ရခိုင်ပြည်နယ်တွင် မည်သည့်ကိစ္စများ လုပ်ကိုင်ဆောင်ရွက်နေသလဲ ဆိုသည့်အပေါ် သတင်းအချက်အလက်ရရှိရန် အခွင့်အရေးရှိသောကြောင့် မီဒီယာဝင်ရောက်နိုင်ခွင့်မှာ အဓိကကျသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ယနေ့အချိန်ထိ  ဂျာနယ်လစ်များမှာ လွတ်လွတ်လပ်လပ်ဝင်ရောက်ခွင့် မရှိသေးဘဲ၊ သတင်းအချက်အလက်များမှာ အစိုးရထံမှသာ ရရှိနိုင်ပြီး ၄င်းတို့ကို အတည်ပြုနိုင်ရန်လည်း ခက်ခဲလေသည်။ သတင်းအချက်အလက် လွတ်လပ်စွာစီးဆင်းခြင်း မရှိဘဲ မြန်မာပြည်သူလူထုအနေဖြင့် ရခိုင်ဒေသတွင်း ဖြစ်ပျက်နေသည်တို့ကို နားလည်သဘောပေါက်ရန် ခက်ခဲသကဲ့သို့၊ အစိုးရတာဝန်ခံမှု ကို ကိုင်တွယ်ရန်လည်း မဖြစ်နိုင်ပေ။

မီဒီယာဝင်ရောက်နိုင်ခွင့်တစ်ခုတည်းမဟုတ်ဘဲ မီဒီယာများမှ ၄င်းတို့ တွေ့ရှိခဲ့ရသည်များကို အပြစ်ပေးခံရရန် ခြိမ်းခြောက်မှုများ မရှိဘဲ လွတ်လပ်စွာရေးသား တင်ပြနိုင်သင့်ကြောင်းကိုလည်း FEM မှ အစိုးရနှင့်အခြားသော အစိုးရဌာနများကို နှိုးဆော်လိုက်သည်။ လက်ရှိတွင် တရားဥပဒေနှင့်ညီသော သတင်းရေးအတတ်ပညာအတွက် မြောက်များစွာသော ရာဇဝတ်ပြစ်မှုဥပဒေများ ရှိနေပြီး၊ ဂျာနယ်လစ်အတော်များများမှာလည်း ၄င်းတို့အလုပ်ကြောင့် ထောင်ချခံနေရသည်။ 

သတင်းအချက်အလက်အခွင့် အလမ်း

အကြံပြုချက် နံပါတ် ၅၅ ကို တုံ့ပြန်ရန်အတွက် သတင်းအချက်အလက်သိရှိပိုင်ခွင့် ဥပဒေအား ပြဌန်းရန် စဉ်းစားသင့်ကြောင်း FEM မှ မြန်မာအစိုးရကို တိုက်တွန်းပါသည်။ အကြံပြုချက် နံပါတ် ၅၅ မှ အစိုးရအား တောင်းဆိုထားသည်မှာ- သတင်းအချက်အလက်များဖြန့်ဝေရန်နှင့် အစိုးရ၏ ဆောင်ရွက်မှုများအပေါ် ပြည်သူထံမှ တုံ့ပြန်မှုများရယူရန်အတွက်် ယန္တရားတစ်ခုအား ထူထောင်ရန်ဖြစ်သည်။ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရမှ ရေးဆွဲခဲ့သော သတင်းအချက်အလက်သိရှိပိုင်ခွင့် ဥပဒေကြမ်းကို သက်ဆိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းရာတွင် စမှတ်အဖြစ် အသုံးပြုနိုင်ပါသည်။

အမုန်းစကား

အမုန်းစကားစကားများကို ကိုင်တွယ်ရန် အစိုးရအား  တောင်းဆိုထားသည့် အကြံပြုချက် နံပါတ် ၆၃ ကို တုံ့ပြန်နိုင်ရန် Rabat Plan of Action ၏ အစိတ်အပိုင်းများအား သုံးသပ်အကောင်ထည်ဖော်ဖို့ FEM မှ အစိုးရအား တိုက်တွန်းလိုက်ပါသည်။ အထူးသဖြင့် လက်ရှိအမုန်းစကားများ ကာကွယ်တားဆီးရေး ဥပဒေကြမ်း သည် ရခိုင်ကော်မရှင်မှ အကြံပြုထားသည့် သည်းခံမှုကို တိုးမြှင့်ရာတွင် အားကောင်းသော အစိုးရ စီမံချက် ဖြစ်လာမည် မဟုတ်သည်ကို ထောက်ပြလိုက်ရပါသည်။

FEM campaign for right to information