fbpx

FEM welcomes release of Reuters journalists, Wa Lone and Kyaw Soe Oo — ရိုက်တာသတင်းထောက်များဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်မြောက်လာသည့်အပေါ် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာမှ ကြိုဆိုလိုက်ပါသည်။

"We are very happy to see Wa Lone and Kyaw Soe Oo freed after 18 months of imprisonment. This is a great day for them and their families. So many people in Myanmar and worldwide will be celebrating their release," said FEM Director, Yin Yadanar Thein.

"But we should not forget that this has been a test of Myanmar's new democracy and the test has failed."

"Today, the government has stepped in to rescue these brave journalists. But where were the judges that in a democracy are supposed to protect our constitutional rights? Even though Wa Lone and Kyaw Soe Oo were pardoned by the president, they are still criminals according to the state. This needs to be a wake-up call for the judiciary that they need to change, and fast," she added.

'' ၁၈ လ အကြာ ထောင်ချခံရပြီး၊  ဒီနေ့မှ ပြန်လွတ်မြောက်လာတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကြည့်ရတာ အရမ်းပျော်စရာကောင်းတယ်။ ဒီနေ့ဟာ သူတို့နဲ့ သူတို့ မိသားစုတွေအတွက်တော့ တကယ့်ကို နေ့ထူးနေ့မြတ်ပါပဲ။ မြန်မာပြည် အပြင် ကမ္ဘာတဝှမ်းမှာရှိတဲ့ လူအများကလည်းပဲ သူတို့လွတ်မြောက်လာတဲ့ အထိမ်းအမှတ်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြပါလိမ့်မယ်'' ဟု လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ၏ ဒါရိုက်တာဖြစ်သူ ယဉ်ရတနာသိန်းမှ ပြောပါသည်။

''ဒါပေမယ့် ဒီကိစ္စဟာ မြန်မာ့ဒီမိုကရေစီအသစ်အတွက် စာမေးပွဲတစ်ခုဖြစ်ပြီး၊ ကျရှုံးခဲ့တယ်ဆိုတာကို ကျွန်တော်တို့ မမေ့သင့်ပါဘူး။ ဒီနေ့မှာတော့ အစိုးရဟာ ရဲရင့်တဲ့ သတင်းထောက်နှစ်ဦးကို ကယ်ဆယ်ပြီး ရှေ့ကို ခြေလှမ်းရွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတစ်ခုမှာ  ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ယူဆခံထားရတဲ့ တရားသူကြီးတွေကရော ဘယ်နေရာမှာ ရှိနေခဲ့ပါသလဲ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပေမယ့်လည်း နိုင်ငံတော်က သူတို့ကို ရာဇဝတ်သားတွေအဖြစ် မှတ်တမ်းတင်ထားဆဲဖြစ်ပါတယ်။ ဒီအချက်က တရားစီရင်ရေးကဏ္ဍကို လျင်လျင်မြန်မြန်ပြောင်းလဲသင့်နေပြီဆိုတဲ့အကြောင်း လှုပ်နှိုးလိုက်တဲ့ တောင်းဆိုမှုလည်း ဖြစ်ပါတယ်။''

--

ရိုက္တာသတင္းေထာက္မၽားျဖစ္ၾကသည့္ ကိုဝလံုးနွင့္ ကိုေက်ာ္စိုးဦးတို႔ လြတ္ေျမာက္လာသည့္အေပၚ လြတ္လပ္ေသာ ထုတ္ေဖာ္ေျပာဆိုျခင္းျမန္မာမွ ႀကိဳဆိုလိုက္ပါသည္။ 

'' ၁၈ လ အၾကာ ေထာင္ခ်ခံရျပီး၊  ဒီေန႔မွ ျပန္လြတ္ေျမာက္လာတဲ႔ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို ၾကည့္ရတာ အရမ္းေပ်ာ္စရာေကာင္းတယ္။ ဒီေန႔ဟာ သူတို႔နဲ႔ သူတို႔ မိသားစုေတြအတြက္ေတာ့ တကယ့္ကို ေန႔ထူးေန႔ျမတ္ပါပဲ။ ျမန္မာျပည္ အျပင္ ကမာၻတဝွမ္းမွာရွိတဲ႔ လူအမ်ားကလည္းပဲ သူတို႔လြတ္ေျမာက္လာတဲ႔ အထိမ္းအမွတ္ကို ေပ်ာ္ရႊင္စြာ ဆင္ႏႊဲေနၾကပါလိမ့္မယ္'' ဟု လြတ္လပ္ေသာထုတ္ေဖာ္ေျပာဆိုျခင္းျမန္မာ၏ ဒါရိုက္တာျဖစ္သူ ယဥ္ရတနာသိန္းမွ ေျပာပါသည္။

''ဒါေပမယ့္ ဒီကိစၥဟာ ျမန္မာ့ဒီမိုကေရစီအသစ္အတြက္ စာေမးပြဲတစ္ခုျဖစ္ျပီး၊ က်ရံႈးခဲ့တယ္ဆိုတာကို က်ြန္ေတာ္တို႔ မေမ့သင့္ပါဘူး။ ဒီေန႔မွာေတာ့ အစိုးရဟာ ရဲရင့္တဲ႔ သတင္းေထာက္နွစ္ဦးကို ကယ္ဆယ္ျပီး ေရွ႕ကို ေျခလွမ္းေရြ႕ခဲ႔ပါတယ္။ ဒါေပမယ့္ ဒီမိုကေရစီနိုင္ငံတစ္ခုမွာ  ဖြဲ႕စည္းပံုအေျခခံဥပေဒကေပးထားတဲ႔ က်ြန္ေတာ္တို႔ရဲ႕အခြင့္အေရးေတြကို ကာကြယ္ေပးဖို႔ တာဝန္ရွိတယ္လို႔ ယူဆခံထားရတဲ႔ တရားသူႀကီးေတြကေရာ ဘယ္ေနရာမွာ ရွိေနခဲ့ပါသလဲ။ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ဟာ သမၼတလြတ္ျငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေျမာက္လာေပမယ့္လည္း နိုင္ငံေတာ္က သူတို႔ကို ရာဇဝတ္သားေတြအျဖစ္ မွတ္တမ္းတင္ထားဆဲျဖစ္ပါတယ္။ ဒီအခ်က္က တရားစီရင္ေရးက႑ကို လ်င္လ်င္ျမန္ျမန္ေျပာင္းလဲသင့္ေနျပီဆိုတဲ႔အေၾကာင္း လႈပ္ႏႈိးလိုက္တဲ႔ ေတာင္းဆိုမႈလည္း ျဖစ္ပါတယ္။''