fbpx

Hate speech Directive threatens free expression in election countdown — အမုန်းစကားဆိုင်ရာအမိန့်ညွှန်ကြားချက်သည် ရွေးကောက်ပွဲကာလသို့နီးကပ်နေချိန်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ခြိမ်းခြောက်လျက်ရှိသည်။

Following years of inaction, the Myanmar government has made its first public policy response to “hate speech”.[1]Presidential Directive 3/2020 includes several positive policy developments but conceals a significant threat to freedom of expression.

FEM has written several reports on the government’s policy response to hate speech and repeatedly encouraged them to adopt and implement the UN Rabat Plan of Action which contains clear and practical recommendations for dealing with it. The Directive on the Prevention of Incitement to Hatred and Violence 3/2020 published on 20 April 2020 is the government’s first substantive action. It includes both positive developments and threats to freedom of expression.

The Directive was unexpected and the status of the government’s hate speech draft bill remains unclear. However, Myanmar’s first report to the International Court of Justice (ICJ) Order 2020/3 must be submitted by 23 May and must show that the military and those it controls “do not commit any acts of … incitement” (Para. 86(2)). Incitement is a severe form of hate speech. The Directive expressly says that it applies to the military and other security services.

5 positive policy developments

The Directive includes some recognition of:

  1. International law. Previously, the government ignored internationally recognised legal language in policies relating to freedom of expression, substituting it for vague terms which can easily be misunderstood and abused.
  2. Respect for every person’s rights. Previously, only citizens were given rights and the State previously promoted “harmonious relations”. “Citizen” is undesirable because it excludes marginalised people, such as those too poor to have IDs, from State protection. “Respect” is more desirable than “harmony” because it implies tolerating rather than suppressing differences.
  3. Gender-based hate speech. Previously, the government was only concerned about hate speech targeting ethnic and religious minorities and ignored hate speech targeted at women and gender minorities.
  4. Duty for officials - both civilian and military - to refrain from spreading hate speech. Previously, the government has always framed hate speech as a social issue and not a government issue.
  5. Duty for officials to “denounce” hate speech and “support anti-hate speech activities”. Previously, the government neglected such positive measures which are crucial for promoting a fairer and more tolerant society. Instead they only focused on short-term criminalising of those spreading hate speech.

2 threats to freedom of expression

The Directive also includes:

  1. Vague and easily abused definition of hate speech. International law says governments must defend members of weaker groups from hate speech. These weaker groups, are often called “minorities” or people with “protected characteristics”. The Directive’s vague definition could be abused to apply to other groups, for example, to label criticism of the military or the government as “hate speech”. The right to criticise the State, including elected and unelected officials, is critical to democracy.
  2. Vague obligations which could be used to violate freedom of expression. The Directive requires officials to “take all possible measures” to prevent hate speech. Democracies have laws, policies, and practices that limit what officials can do so that officials do not violate people’s rights. However, Myanmar does not and therefore without proper guidance, officials could use measures that violate peoples’ rights. For example, by using Myanmar’s vague and anti-democratic sedition or criminal defamation laws.

Recommendations

FEM recommends that the President’s Office follows up the Directive by issuing:

  • Clearer definition of hate speech that conforms with the UN Rabat Plan of Action and excludes protection for groups such as the military and NLD.
  • List of measures that should be taken by officials. These measures should build upon those listed in the UN Rabat Plan of Action and include timetables.
  • Training guidance for senior officials involved in policy-making, based on the UN Rabat Plan of Action.
  • Guidance on in which circumstances negative measures should be taken, such as the use of criminal laws, and limiting action to be taken only under Myanmar’s hate speech provisions (such as Penal Code 505(c)) and not other laws.
  • Periodic public reports which clearly document the implementation of the Directive and make recommendations for future steps.

[1] “Hate speech” is the language used in the Directive and is therefore used here. The term is usually not used within international law or legal documents because it is vague and subjective. See http://freeexpressionmyanmar.org/incitement-hate-speech/

နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ပြီးနောက် မြန်မာအစိုးရသည် အမုန်းစကားတုန့်ပြန်ရေးအတွက် ပထမဆုံးမူဝါဒကို ပြုလုပ်ခဲ့သည်။ သမ္မတညွှန်ကြားချက်အမှတ် ၃/၂၀၂၀ တွင် အပြုသဘောဆောင်သည့် မူဝါဒဆိုင်ရာတိုးတက်မှုအချို့  ရှိနေသော်လည်းယင်း အမိန့်ညွှန်ကြားချက်ကြောင့် ဖြစ်ပေါ်လာမည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ်  သိသာထင်ရှားသည့် ခြိမ်းခြောက်မှုအား မမြင်သာအောင် ဖုံးကွယ်ထားလျက်ရှိသည်။

ဖဲ(န်)အနေဖြင့် အစိုးရ၏အမုန်းစကားတုန့်ပြန်ခြင်းဆိုင်ရာမူဝါဒများအတွက် အစီရင်ခံစာအချို့ကို ရေးသားခဲ့ပြီး၊ အမုန်းစကားကို ကိုင်တွယ်ရာတွင် ရှင်းလင်းပြီးလက်တွေ့ကျသော အကြံပြုချက်များပါဝင်သည့် ကုလသမဂ္ဂ ၏ Rabat အစီအစဉ်ဆောင်ရွက်ချက် (UN Rabat Plan of Action)ကို လက်ခံအကောင်အထည်ဖော်ရန် ထပ်ခါတလဲ တိုက်တွန်းခဲ့သည်။ ၂၀၂၀ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကို တားဆီးခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားခြင်း ၃/၂၀၂၀သည် အစိုးရ၏ ပထမဆုံးထိရောက်သော အရေးယူဆောင်ရွက်ချက်ဖြစ်သည်။ ယင်းတွင် အပြုသဘောဆောင်သော တိုးတက်မှုများနှင့်အတူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှုများလည်းရှိနေပါသည်။

အဆိုပါ ညွှန်ကြားချက်မျိုးထွက်ပေါ်လာမည်ဟု မျှော်လင့်မထားခဲ့သလို အစိုးရ၏ အမုန်းစကားဆိုင်ရာဥပဒေမူကြမ်းအခြေအနေကိုလည်း ရှင်းရှင်းလင်းမသိရှိရသေးပေ။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICJ) အမိန့်၂၀၂၀/၃ အရ မြန်မာအစိုးရ၏ပထမဆုံးအစီရင်ခံစာကို လာမည့် မေလ ၂၃ရက်တွင်အပြီးတင်ရမည်ဖြစ်ပြီး၊ စစ်တပ်နှင့် သူ့ထိန်းချုပ်သူများသည် “မည်သည်လှုံ့ဆော်သည့်လုပ်ဆောင်မှုမျိုးကိုမျှ မကျူးလွန်ကြောင်း” (အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICJ) အမိန့် ၂၀၂၀/၃ ၏ အပိုဒ် ၈၆(၂) အရ) ဖော်ပြရမည်ဖြစ်သည်။ လှုံ့ဆော်မှုသည် အမုန်းစကား၏ ပြင်းထန်သောပုံစံဖြစ်သည်။ ယခုညွှန်ကြားချက်သည် စစ်တပ်နှင့် လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုများတွင် သက်ရောက်မှုရှိကြောင်း အတိအလင်းဖော်ပြသည်။

အပြုသဘောဆောင်သော မူဝါဒဆိုင်ရာတိုးတက်မှု (၅) ခု

ညွှန်ကြားချက်တွင်ပါဝင်သော အချို့သော အသိအမှတ်ပြုမှုများမှာ -

၁။ နိုင်ငံတကာဥပဒေပါ ဘာသာစကားများ ထည့်သွင်းအသုံးပြုလာခြင်း။      ။ ယခင်က အစိုးရသည် နိုင်ငံတကာကအသိအမှတ်ပြုလက်ခံထားသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် သက်ဆိုင်သည့် ဥပဒေဆိုင်ရာဝေါဟာရများကိုလျစ်လျူရှုခဲ့ပြီး၊ အလွယ်တကူနားလည်မှုလွဲနိုင်ပြီး၊ တလွဲအသုံးပြုနိုင်သည့် အသုံးအနှုန်းများဖြင့် အစားထိုးခဲ့သည်။

၂။ လူသားအားလုံး၏ အခွင့်အရေးကို လေးစားခြင်း။                      ။ ယခင်က နိုင်ငံသားများကို သာအခွင့်အရေးပေးခဲ့ပြီး“သဟဇာတဖြစ်သော ဆက်ဆံရေး”မျိုးသာ အလေးထား မြှင့်တင်ခဲ့သည်။ “နိုင်ငံသား” ဆိုသည့်အသုံးအနှုန်းသည် နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရန် မတတ်နိုင်သည့် ဖယ်ကျဉ်ထားခံရသောလူများကို နိုင်ငံတော်ပေးရမည့် အကာအကွယ်မှ ဖယ်ထုတ်ထားခြင်းကြောင့် မလိုလားအပ်ပေ။ “လေးစားမှု” သည် မတူကွဲပြားမှုများကိုနှိပ်ကွပ်ခြင်းထက် သည်းခံခြင်းကို သက်ရောက်သောကြောင့်“သဟဇာတဖြစ်ရေး” ထက် ပိုမိုနှစ်လိုဖွယ်ကောင်းသည်။

၃။ ကျားမမတူကွဲပြားမှုအခြေပြု အမုန်းစကားကို ထည့်သွင်းစဉ်းစားထားခြင်း။         ။ ယခင်က အစိုးရသည် လူမျိုးရေး၊ဘာသာရေးလူနည်းစုများနှင့် ပတ်သက်သော အမုန်းစကားကိုသာ အလေးထားခဲ့ပြီး အမျိုးသမီးများနှင့် ဂျဲန်ဒါဆိုင်ရာလူနည်းစုများအပေါ် အမုန်းစကားပြောဆိုမှုကို လျစ်လျူရှုခဲ့သည်။

၄။ အမုန်းစကားပျံ့နှံ့ခြင်းမှ ရှောင်ကြဉ်ရန် တာဝန်ရှိသူများ၏ တာဝန်- ပြည်သူနှင့် စစ်တပ်နှစ်ရပ်လုံး ။ ယခင်က အစိုးရသည်အမုန်းစကားပြောဆိုမှုကို အစိုးရပြဿနာမဟုတ်ပဲ လူမှုရေးပြဿနာအဖြစ်သာ အမြဲတမ်းပုံဖော်ခဲ့သည်။

၅။ အမုန်းစကားများကို ရှုံ့ချရန်နှင့် အမုန်စကားဆန့်ကျင်ရေးလှုပ်ရှားမှုများကို ထောက်ခံရန် တာဝန်ရှိသူများ၏တာဝန်။                ။ယခင်က အစိုးရသည် တရားမျှတမှုနှင့် ပိုမိုသည်းခံတတ်သောလူမှုအသိုက်အဝန်းဖြစ်ပေါ်တိုးတက်ရေးအတွက်အရေးကြီးသောအပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များကို လျစ်လျူရှုခဲ့သည်။ ယင်းအစား အစိုးရသည် အမုန်းစကားများဖြန့်ဝေသူများကို ကာလတိုပြစ်မှုအဖြစ်သာ အရေးယူရန် အာရုံစိုက်ခဲ့ကြသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှု (၂) ခု

ညွှန်ကြားချက်တွင် ယခုလိုလည်း ဖော်ပြထားရှိပါသည်။

ဝေဝါးကျယ်ပြန့်ကာ လွယ်ကူစွာအလွဲသုံးစားပြုနိုင်သော အမုန်းစကားနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထည့်သွင်းအသုံးပြုထားသည်။ နိုင်ငံတကာဥပဒေများက အစိုးရအနေဖြင့် အင်အားနည်းသောအုပ်စုဝင်များကို အမုန်းစကားပြောဆိုခြင်းမှတားဆီးရမည်ဟုဆိုသည်။ အင်အားနည်းသော အုပ်စုဝင်များကို ရံဖန်ရံခါ “လူနည်းစုများ” (သို့မဟုတ်) “ကာကွယ်ပေးရမည့်ဝိသေသလက္ခဏာများ” ဟုလည်း ခေါ်ကြသည်။ ညွှန်ကြားချက်၏ မရေရာသောအဓိပ္ပာယ်ဖွင့်ဆိုချက်သည် ယင်းကာကွယ်ပေးရမည့် ဝိသေသလက္ခဏာများ၊ လူနည်းစုအုပ်စုဝင်များအပြင် အခြားသော အုပ်စုများကိုလည်း သက်ရောက်လျက်ရှိနေသည်။ဥပမာ- စစ်တပ်နှင့် အစိုးရအား ဝေဖန်စောကြောမှုများကို အမုန်းစကား ဟု သတ်မှတ်နိုင်သည်။ ရွေးချယ်ခံရသူအစိုးရနှင့် ခန့်အပ်ထားသော အစိုးရဝန်ထမ်းများအပါအဝင် အစိုးရအား ဝေဖန်ပိုင်ခွင့်သည် ဒီမိုကရေစီအတွက် အလွန်အရေးကြီးလှသည်။

၂။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာတွင် အသုံးပြုနိုင်သည့် မရေရာသောတာဝန်ဝတ္တရားများကို ထည့်သွင်းထားသည်။ ညွှန်ကြားချက်အရ အမုန်းစကားကို တားဆီးရန်အတွက် “ဖြစ်နိုင်သမျှသော စီမံဆောင်ရွက်ချက်များကို ဖော်ဆောင်ပေးရန်” လိုအပ်ကြောင်း ပြောဆိုထားသည်။ ဒီမိုကရေစီနိုင်ငံများတွင် တာဝန်ရှိသူများမှ အကောင်ထည်ဖော်ဆောင်ရွက်နိုင်သည့်အရာများနှင့် လူထုအခွင့်အရေးကို မချိုးဖောက်စေရန်ကန့်သတ်ထားသော ဥပဒေများ၊ မူဝါဒများနှင့် လက်တွေ့ကျင့်သုံးမှုများရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ယင်းကဲ့သို့သော ဥပဒေ၊ မူဝါဒနှင့် လက်တွေ့အလေ့အကျင့်များမရှိပါသဖြင့်၊ မှန်ကန်သောလမ်းညွှန်မှုမပါလျှင် တာဝန်ရှိသူများအနေဖြင့် လူထု၏အခွင့်အရေးအား ချိုးဖောက်ရန် ယခုစီမံဆောင်ရွက်ချက်များကို အသုံးချနိုင်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ အဓိပ္ပါယ်ဝေဝါးပြီး ဒီမိုကရေစီနည်းလမ်းမကျသော နိုင်ငံတော်အကြည်ညိုပျက်စေမှု (သို့မဟုတ်) ပြစ်မှုမြောက်သော အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို အသုံးပြုလာနိုင်သည်။

အကြံပြုချက်များ

သမ္မတရုံးအနေဖြင့်  အောက်ပါတို့ကို ပြုလုပ်ပြီး အမိန့်ညွှန်ကြားချက်အား နောက်ဆက်တွဲပံ့ပိုး ဆောင်ရွက်ပေးပါရန် FEM မှတိုက်တွန်းလိုက်ပါသည်။

  • အမုန်းစကားအား ကုလသမဂ္ဂ ၏ Rabat အစီအစဉ်ဆောင်ရွက်ချက် (UN Rabat Plan of Action) နှင့်ကိုက်ညီစွာရှင်းရှင်းလင်းလင်းအဓိပ္ပါယ်ဖွင့်ဆိုပေးပြီး၊ စစ်တပ်နှင့် NLDကဲ့သို့သောအုပ်စုများ အမုန်းစကားဆိုင်ရာကာကွယ်မှုမှဖယ်ထုတ်ပါ။
  • တာဝန်ရှိသူများက လုပ်ဆောင်သင့်သော အစီအမံများစာရင်းပြုလုပ် သင့်သည်။ ယင်းစီမံဆောင်ရွက်ချက်များသည် ကုလသမဂ္ဂ ၏ Rabat အစီအစဉ်ဆောင်ရွက်ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး၊ အချိန်ဇယားလည်း ပါဝင်သင့်သည်။
  • မူဝါဒချမှတ်ခြင်းတွင်ပါဝင်သော အကြီးတန်းအရာရှိများအတွက် ကုလသမဂ္ဂ ၏ Rabat အစီအစဉ်ဆောင်ရွက်ချက်အပေါ်အခြေခံ၍ သင်တန်းပေးကာ လမ်းညွှန်ရန်။
  • ပြစ်မှုဆိုင်ရာဥပဒေများ အသုံးပြုကာ အရေးယူခြင်း စသည့် အပြုသဘောမဆောင်သော ဆောင်ရွက်ချက်များကို မည်သည့် အခြေအနေများအသုံးပြုသင့်ကြောင်းနှင့်၊ ထိုသို့ပြုလုပ်ရာတွင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ဂ)ကဲ့သို့သော မြန်မာနိုင်ငံ၏ ရှိရင်းစွဲအမုန်းစကားဥပဒေများကိုသာ အသုံးပြုပြီး၊ အခြားသောဥပဒေများဖြင့် အရေးယူခြင်းများမပြုလုပ်ရန် ကန့်သတ်ချက်ကို နိုင်ငံတော်မှ ရေးဆွဲလမ်းညွှန်ပါ။
  • အခါအားလျော်စွာ ညွှန်ကြားချက် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းစွာမှတ်တမ်းတင်ထားသောအစီရင်ခံစာများကို ပြည်သူလူထုထံ ထုတ်ပြန်ပေးရန်နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများအတွက် အကြုံပြုချက်များထည့်သွင်းရန်။

International standards on incitement and hate speech