fbpx

Let’s talk about “hate speech” — အမုန်းစကားအကြောင်း ပြောရအောင်

This is an article published by Irrawaddy. It explains about the concept of "hate speech" and how Myanmar's government should deal with it, ensuring maximum protection for the right to freedom of expression.

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း မြန်မာ မှ ယဉ်ရတနာသိန်း ရေးသားပြီး ဧရာဝတီသတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။

" ဒီနေ့ မြန်မာနိုင်ငံဟာ တခြားသော ကမ္ဘာ့နိုင်ငံတွေ နည်းတူ “အမုန်းစကား” ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ပြဿနာအရင်းခံ၊ ပြဿနာပျံ့ပွားမှုနှုန်း မြန်ဆန်မှု၊ ရိုက်ခတ်ခံရမှု အတိုင်းအတာတွေမှာ တရားဥပဒေ စိုးမိုးမှုမရှိသေးတဲ့ အကူးအပြောင်း နိုင်ငံတခုဖြစ်တာကြောင့် တခြားနိုင်ငံတွေနဲ့ ခံနိုင်ရည်ချင်းတော့ မတူညီ ပါဘူး။

မြန်မာနိုင်ငံရဲ့ “အမုန်းစကား” ပုံစံဟာ လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Facebook ပေါ်မှာ အများဆုံး တွေ့ရှိ နေရတယ်။ ဒါပေမယ့် ဒါကပြဿနာရဲ့ ဖြစ်ပွားရာ အရင်းအမြစ်တော့ မဟုတ်ပြန်ဘူး။ နိုင်ငံတွင်းမှာ မတူကွဲပြားမှု မျိုးစုံသလောက် လူနည်းစုအခွင့်အရေး လျစ်လျူရှုမှုတွေ၊ တန်းတူညီမျှမရှိမှုတွေ၊ ပြည်တွင်း စစ်ပွဲတွေ၊ နိုင်ငံရေးအရ လုပ်ကြံဖန်တီးမှုတွေ နှစ်ရှည်လများ တည်ရှိခဲ့၊ တည်ရှိနေသေးတာကြောင့် “အမုန်းစကား” ရဲ့ ရိုက်ခတ်မှု ဒဏ်ကို အကြီးအကျယ် ခံစားနေရတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ လူနည်းစုဆိုတဲ့ စကားရပ်ကို ရှင်းပြဖို့လိုပါလိမ့်မယ်။ လူနည်းစုကို ခွဲခြားနှိမ်ချ ဆက်ဆံမှုများကနေ တားဆီး ကာကွယ်ရေးကော်မရှင်ခွဲရဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Francesco Capotorti ကတော့ သူ့ရဲ့ ၁၉၇၉ ခုနှစ် အစီရင်ခံစာ (E/CN.4/Sub.2/384/Rev.1) မှာ လူနည်းစုဆိုတာကို “နိုင်ငံရှိ ကျန်လူဦးရေအောက် အရေအတွက်အားဖြင့် နိမ့်သော၊ လွှမ်းမိုးသက် ရောက်နိုင်သည့်ရာထူး သို့မဟုတ် နေရာတွင်မရှိသော၊ နိုင်ငံရှိ အခြားလူဦးရေနှင့် ကွဲပြားခြားနားသော တိုင်းရင်းသား၊ ကိုးကွယ်သည့်ဘာသာ၊ သို့မဟုတ် ဘာသာဗေဒရှိပြီး ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်ရာဘာသာ သို့မဟုတ် ဘာသာစကားတွင် စည်းလုံး ညီညွှတ်သည့် အသွင်ဆောင်သော အုပ်စုတစု” လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် လူနည်းစုဆိုတာ ဒီမှာ လူအများစု နားလည်နေသလို လူဦးရေ အနည်းအများနဲ့ချည်းပဲ သက်ဆိုင်တာမဟုတ်ကြောင်း သတိပြုစေ လိုပါတယ်။ "

ဆောင်းပါး အပြည့်အစုံကို ဖတ်ရှုလိုတယ်ဆိုရင်တော့ ဒီလင့်ခ် https://burma.irrawaddy.com/news/human-rights/2018/08/28/168009.html ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်