fbpx

Tag Archives: Elections

No Thumbnail

“No vote” campaigns are protected in democracies — ဒီမိုကရေစီစနစ်များတွင် “မဲမပေးရေး” လှုပ်ရှားမှုများကို ခွင့်ပြုကာကွယ်ပေးထားသည်

မြန်မာနိုင်ငံ၌ ဖြစ်ပွားလျှက်ရှိသော “မဲမပေးရေး” လှုပ်ရှားမှုများ အပါအဝင် ရွေးကောက်ပွဲ သပိတ်မှောက်သည့် ကမ်းပိန်းများသည် နိုင်ငံတကာဥပဒေအရသော်လည်းကောင်း၊ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း  ဥပဒေလမ်းကြောင်းအရ အကာကွယ်ခံထိုက်သော ဒီမိုကရေစီ ငြင်းခုံဆွေးနွေးမှုပုံစံ တစ်ခုသာ ဖြစ်သည်။ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ  ရွေးကောက်ပွဲသပိတ်မှောက်သည့် ကမ်ပိန်းများသည် ဥပဒေနှင့် မညီကြောင်း သတိပေးမှုများ ပြုလုပ်ခဲ့ပြီး ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ ယင်းကမ်ပိန်းအား တွေ့ရှိပါက ရဲများထံသို့ တိုင်တန်းနိုင်ကြောင်းလည်း ဆိုသည်။၁ ကော်မရှင်သည် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်သော ခြိမ်းခြောက်မှုမြောက်သည့်  ၄င်းဥပဒေပါ ပုဒ်မ ၄ ခုအား အသားပေး ဖော်ပြခဲ့သည်ကိုလည်း