UEC and State-controlled broadcasting undermine elections — ရွေးကောက်ပွဲကို ယုတ်လျော့စေသည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေးကဏ္ဍ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အစိုးရ၏ မီဒီယာအပေါ်ထိန်းချုပ်ခြင်းကို အသုံးချပြီး အတိုက်အခံပါတီများအပေါ် ဆင်ဆာဖြတ်တောက်နေခြင်းကို ချက်ချင်း ရပ်တန့်ပေးရန် FEM က တိုက်တွန်းလိုက်သည်။ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာရုပ်သံထုတ်လွှင့်မှုကို ကြားဝင်စွက်ဖက်ခြင်းသည် နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်သကဲ့သို့ မြန်မာနိုင်ငံ၏ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာစေရေးကိုလည်း ခြိမ်းခြောက်လျှက်ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လွတ်လပ်သော ရုပ်သံမီဒီယာများ ပေါ်ပေါက်ရေးနှင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ဖြစ်လာစေရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲ၌ (NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ အခန်း ၄.၁၁.၃ နှင့် ၂.၄ တွင်)