fbpx

Defamation

မြန်မာ့အသရေဖျက်ခြင်း ဥပဒေများကို သတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပါအဝင် ရာပေါင်းများစွာသောသူများအပေါ် မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ရန် တစ်လွဲအသုံးပြုပြီးပြီဖြစ်သည်။

Myanmar’s defamation laws have been abused to unjustly criminalise hundreds including journalists, human rights defenders, and political activists.

အသရေဖျက်ခြင်းဆိုင်ရာဥပဒေ သို့မဟုတ် ပြဌာန်းချက်၏ ရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ “ဂုဏ်သိက္ခာ” အခွင့်အရေး ကို ကာကွယ်ရန်ဖြစ်သည်။၄  လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာ ဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းရှိသူ၏ ရပ်တည်ချက်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာအခွင့်အရေးကို နိုင်ငံတကာ ဥပဒေအောက်တွင် အာမခံချက်ပေးထားသည်။

“အပိုဒ် ၁၇ : မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ဂုဏ်သိက္ခာ၊  ကျော်ကြားမှုအပေါ် ဥပဒေနှင့်မညီသော တိုက်ခိုက်မှု မခံစေရ။” – အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်(၁၉၆၆)

“အသရေဖျက်ခြင်း”  ဆိုသည်မှာ လူတစ်ဦး ၏ ဂုဏ်သိက္ခာကို ပျက်စီးစေသော မှားယွင်းသည့်အဆိုတစ်ရပ်ကို  ဖေါ်ပြရာတွင်သုံးသော ဝေါဟာရဖြစ်ပြီး ကုစားမည့်နည်းလမ်းလည်း လိုအပ်ပေသည်။  မည်သို့ပင်ဆိုစေကာမူ အောက်ပါအချက်များကို အသိအမှတ်ပြု နားလည်ထားရန်မှာလည်း အရေးကြီးပေသည်။

  • တစ်စုံတစ်ဦး၏ဂုဏ်သိက္ခာကို ပျက်ယွင်းစေခြင်းသည် တစ်ခါတစ်ရံ  ကျိုးကြောင်းညီညွတ်သည်။ ဥပမာ- တစ်စုံတစ်ဦး၏ မှားယွင်းသော လုပ်ရပ်ကို သိမြင်လာအောင် တင်ပြခြင်း။  
  • အချို့သောသူများသည် ပင်ကိုယ်က နာမည်ဆိုး ထွက်နေသူများ  ဖြစ်ကြသည်။  ဥပမာ- အကျင့်ပျက်ခြစားနေသော အစိုးရ အရာရှိကြီးတစ်ဦးကို အသရေဖျက်ရန်   ခက်ခဲသည်။ အကြောင်းမှာ သူ့အနေဖြင့် ယခင်ကတည်းက ဂုဏ်သိက္ခာ ကျဆင်းပြီး ဖြစ်နေ သောကြောင့်  ဖြစ်သည်။
  • အကယ်၍ ဆိုးဝါးသောထိခိုက်နစ်နာမှုဖြစ်ပေါ်စေမှသာလျှင် လူတစ်ဦး၏ ဂုဏ်သိက္ခာကို ပျက်ယွင်းစေခြင်းသည် အသရေဖျက်မှု မြောက်ပေမည်။ ဥပမာ – ထိုသူ၏ စီးပွားရေးလုပ်ငန်းကို ထိခိုက်မှုရှိခြင်း၊လူ့အသိုင်းအဝန်းမှ  ဝိုင်းပါယ်ခံရခြင်း။

အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေများသည် အမြဲဆိုသလို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုရေးသားခြင်း အခွင့်အရေးကို သက်ရောက်မှု ရှိသည်။

“လူတိုင်းသည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နှင့်လွတ်လပ်သော သဘောထားအမြင်များ ရှုမြင်နိုင်ခွင့် ရှိသည်။ ဤအခွင့်အရေးတွင်လူတိုင်းသည် အနှောင့်အယှက် အဟန့်အတားမရှိစေဘဲ လွတ်လပ်သော သဘောထား အမြင်များထားရှိနိုင်ပြီး၊ သတင်းအချက်အလက်များနှင့် သဘောထားအမြင်များအား မည်သည့်မီဒီယာကိုမဆို အသုံးပြုကာ ၊ နယ်စည်းမခြားဘဲ ရှာဖွေခွင့် ၊  ရယူခွင့် ၊ လက်ဆင့်ကမ်း  ဖြန့်ချီခွင့်တို့လည်း ပါဝင် ပေသည်။” – လူ့အခွင့်အရေးကြေညာစာတမ်း၏ပုဒ်မ (၁၉) 

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် အခြေခံလူ့အခွင့်အရေး တစ်ရပ်ဖြစ်ပြီး လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျသော လူ့အဖွဲ့အစည်းတိုင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ တစ်ဦးချင်း တိုးတက်မှု၊  ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ကျန်အခြားသော လူ့အခွင့်အရေးများကို ကာကွယ်၊ ဖြန့်ဝေအားပေးရန်နှင့် ကျင့်သုံးရန်အတွက် အ လွန်အရေးကြီးသောအရာဖြစ်ပါသည်။ ကိုယ့်စိတ်ထဲတွင်ရှိသည်ကို လွတ်လပ်စွာပြောခွင့်ရသူများသည် ပိုမိုလေးစားခံရသည်ဟူသော စိတ်ဖြစ်ပေါ်၍ မိမိဘဝကို ပို၍ကောင်းစွာ စီမံကိန်းချနိုင်သည်။ အစိုးရကိုစောင့်ကြည့်သူအဖြစ် လှုပ်ရှားဆောင်ရွက်နိုင်ပြီး အရေးကြီး ဆုံးဖြတ်ချက်များချသည့် ကိစ္စရပ်တိုင်းတွင် ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးသည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို စွဲကိုင်ထားရန် ကတိကဝတ် ပြုထားကြသည့် နိုင်ငံများဖြစ်သည်။ ၎င်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ ပုဒ်မ (၁၉)၊  အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) အပြင်၊ အာဆီယံလူ့ အခွင့်အရေးကြေညာ စာတမ်းတွင်လည်း တွေ့နိုင်သည်။ ယင်းအခွင့်အရေး၏ အင်္ဂါရပ်များကို နိုင်ငံတကာဓလေ့ထုံးတမ်း ဥပဒေတွင် လည်း လေ့လာတွေ့ရှိနိုင်ပါသည်။ 

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နိုင်ငံတကာဥပဒေတွင် ဤကဲ့သို့ တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို – 

  • နိုင်ငံသား သို့မဟုတ် အခြားသောနောက်ခံအကြောင်းရင်းအရ ခွဲခြားမှုမရှိဘဲ လူတိုင်း ပိုင်ဆိုင်သည်။
  • ယင်းတွင် သတင်းအချက်အလက်များကို ရှာဖွေခွင့်၊ ရယူပိုင်ခွင့်နှင့်  ဖြန့်ဝေခွင့်တို့လည်း ပါဝင်သည်။
  • ယင်းအခွင့်အရေးတွင် နိုင်ငံရေးဆိုင်ရာ ရေးသားပြောဆိုချက်များမှ မီဒီယာ ၊ ယဉ်ကျေးမှုနှင့်ဆိုင်သော ထုတ်ဖော်ပြောဆိုချက်များအပြင် ဟာသအထိ အတွေးအခေါ်အကြံဉာဏ်အားလုံး ပါဝင်သည်။
  • အွန်လိုင်း (သို့မဟုတ်) လမ်းမပေါ်မှ ဆန္ဒပြမှုများအထိ မည်သည့်နည်းနှင့်မဆို ထုတ်ဖော်ပြောဆိုနိုင်သည်။
  • နယ်နိမိတ်အကန့်အသတ်များကို ကျော်လွန်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနိုင်သည်။

အဆင့်သုံးဆင့် ဆန်းစစ်ချက်

နိုင်ငံတကာဥပဒေအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလွန်ကျဉ်းမြောင်းသောအခြေအနေများတွင် ကန့်သတ်နိုင်ပါသည်။ ဤအလားအလာမျိုးကို (ယင်းကန့်သတ်နိုင်သည့်အခြေအနေကို) အစိုးရမှ အသုံးပြုလာခြင်းအား ကာကွယ်ရန် နိုင်ငံတကာဥပဒေတွင် တိကျသော စည်းကမ်းတစ်ရပ် ရှိပါသည်။ အဆင့်သုံးဆင့် ဆန်းစစ်ချက်ဟုခေါ်သော အဆိုပါ စည်းကမ်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်မှုနှင့်ပတ်သက်၍  အောက်ပါ အတိုင်း ပြဋ္ဌာန်းထားသည် –

၁ ။ ထင်ရှားတိကျသော ဥပဒေတစ်ရပ်ရှိပါလျှင် ကန့်သတ်နိုင်မည်  ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းအရာရှိများက ၎င်းတို့စိတ်တိုင်းကျ တားဆီး ဖြတ်တောက်ပိုင်ခွင့်မရှိပါ။

၂ ။ တစ်ပါးသူ၏ အခွင့်အရေး (သို့မဟုတ်) ဂုဏ်သိက္ခာ (သို့မဟုတ်) နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူလူထုလုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး (သို့မဟုတ်) ပြည်သူ့ကိုယ်ကျင့်တရားကို ကာကွယ်ရန် ဟူသော ရည်ရွယ်ချက်များဖြင့်သာ ကန့်သတ်နိုင်သည်။၁၁ လက်ခံနိုင်သည့် အခြားရည်ရွယ်ချက် မရှိပါ။

၃ ။ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်း အရေးပေါ် ဖြေရှင်းရန်  ပေါ်ပေါက်လာသည့် လိုအပ်ချက်အတွက်သာ ကန့်သတ်နိုင်သည်။ ထို့အပြင် ယင်းသို့ကန့်သတ်ရာတွင် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခြင်းကြောင့် ထိခိုက်နိုင်ချေရှိသည့် ထိခိုက်နစ်နာမှု  နှင့် အချိုးညီသော ကန့်သတ်ချက်ကိုသာ ပြုလုပ်ရ မည်ဖြစ်သည်။

The purpose of a defamation law or provision is to protect an individual’s right to a “reputation”. A person’s reputation is their standing within society. The right to reputation is guaranteed under international law:

“Article 17: No one shall be subjected to […] unlawful attacks on his honour and reputation.”

International Covenant on Civil and Political Rights (1966)

“Defamation” is the word used to describe false statements of fact that damage a person’s reputation and require remedy. However, it is important to recognise that:

  • Damaging someone’s reputation is often justified. For example, raising awareness of someone’s wrongdoing.
  • Some people already have bad reputations. For example, it is difficult to defame a corrupt governmental official because their reputation is already bad.
  • Damaging a person’s reputation is only defamation if it causes serious harm. For example, by affecting their business or leading to social exclusion.

Defamation laws always impact on the right to freedom of expression, which is similarly protected under international law.

“Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.” Article 19 of the Universal Declaration of Human Rights

The right to freedom of expression is a fundamental human right, and the foundation of every free and democratic society. It is important for personal development, good governance, and the protection, promotion, and exercise of all other human rights. People who are free to speak their minds feel more respected, are better able to plan their lives, can act as a government watchdog, and can get involved in all sorts of decision-making.

All UN member states including Myanmar have committed to uphold the right to freedom of expression. This commitment can be found in Article 19 of the UDHR, Article 19 of the ICCPR, and in the ASEAN Human Rights Declaration. Elements of the right can also be found under international customary law.

The right to freedom of expression is precisely defined in international law. It:

  • belongs to everyone regardless of their nationality or other background.
  • includes the right to seek, receive, and impart information.
  • includes ideas of all kinds, from political to media, to cultural expression, or even to jokes.
  • can be expressed through any way, such as online or in street protests.
  • applies regardless of borders.

The three-part test

According to international law, the right to freedom of expression can be limited in very narrow circumstances. In order to stop governments from misusing these limitations, international law has a very precise rule, called the three-part test, which says that freedom of expression can only be limited if:

  1. There is a clear and precise law – public officials cannot just censor as they like.
  2. The limitation aims to either protect the rights or reputations of others, or protect national security, public order, public health or morals. There are no other acceptable aims.
  3. The limitation is necessary in a democratic society to address a pressing need, and only if the limitation is proportionate to the harm caused.

စွပ်စွဲမှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတစ်ခု၏ အပြုအမူသည် ၎င်းတို့အနေဖြင့် မည်မျှဒီမိုကရေစီဆန်သည်ကို ပြသသော အရေးပါ သည့် အညွှန်းကိန်းတစ်ခုလည်းဖြစ်သည်။အာဏာရှင်နိုင်ငံများတွင်သြ ဇာအာဏာကြီးသူများ  နှင့် အစိုးရအား ဝေဖန်သည့်  ဝေဖန်မှုများကို ဖိနှိပ်ရန်ရည်ရွယ်သည့် ရှုပ်ထွေးပြီးမရေရာသောရာဇဝတ်မှုဥပဒေမူဘောင်များကိုသာ ကိုင်စွဲထားသည် ။ ဒီမိုကရေစီနိုင်ငံများတွင်မူ အန္တရာယ်ရှိပြီး ၊ ထိခိုက်မှုရှိသော လိမ်ညာမှုများကို တားဆီးရန်အတွက်သာ ကျစ်လစ်သော တရားမမှုဥပဒေဆိုင်ရာ အခြေခံမူများ ရှိကြသည်။

အောက်ပါဇယားတွင် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ် အခြေအနေများကို နှိုင်းယှဉ်ပြထားပြီး ဒီမိုကရေစီစနစ်များ မည်သည့်အရာကို ရှေးရှုသင့်သည်ကို ဖော်ပြထားသည်။

The manner in which states deal with allegations of defamation is an important indicator of how democratic they are. Authoritarian states have vague and confusing criminal law frameworks intended to suppress criticism of the government and powerful people. Democratic states have narrow civil law frameworks intended to stop malicious and harmful lies. 

The below table compares authoritarian and democratic situations and shows what democracies should be aiming for.

အသွင်ကူးပြောင်းမှု အစ (ပိုမို အာဏာရှင်ဆန်)
Start of transition (more authoritarian)
>အသွင်ကူးပြောင်းမှု အဆုံး (ပိုမို ဒီမိုကရေစီဆန်)
End of transition (more democratic)
အသရေဖျက်မှုကို ပုတ်ခတ်ဆဲရေး/စော်ကားမှုနှင့် ရောထွေးမှုရှိ။
Defamation confused with insult / offending.
>အသရေဖျက်မှုကို ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ဖွင့်ဆိုမှုရှိ။
Defamation is clearly defined.
ကာကွယ်ခုခံပိုင်ခွင့် မရှိ။
No real defences.
>ကာကွယ်ခုခံနိုင်သည့် အချက်များ ရှင်းလင်းပြတ်သားပြီး ခေတ်နှင့်အညီ ပြင်ဆင်ဖြည့်စွက်မှုရှိ။
Defences are clear and evolving.
ရာဇဝတ်ဥပဒေ (သို့) အလွန်ပြင်းထန်သော တရားမဥပဒေများ ပြဌာန်းထား။
Criminal laws or extreme civil laws.
>ရာဇဝတ်ဥပဒေအဖြစ် သတ်မှတ်နိုင်ခြေ အလွန်နည်း။ အချိုးအစား ညီသော ကုစားမှု (အပြစ်ဒဏ်)သာ ရှိသော တရားမ ဥပဒေသာ ပြဌာန်းထား။
Criminal laws rare. Civil laws with proportionate compensation.
အမှုအများစုသည် အာဏာရှိသော သူများနှင့် အာဏာချိနဲ့သော သူများအကြား ဖြစ်လေ့ရှိ။
Most cases are powerful people versus less powerful.
>ဥပဒေအရာရှိများက ရာဇတ်မှုများကို အားမပေး။ အာဏာရှိသူများ ဖွင့်သည့် အမှုများကို တရားရုံးက လက်ခံလေ့ မရှိ။
Prosecutors unlikely to support criminal cases. Courts sceptical of powerful people bringing cases.
အပြစ်ဒဏ်များသည် ဂုဏ်သိက္ခာထက် ခံစားချက်ကို ကာကွယ်ပေး။
Punishments protect feelings, not reputations.
>သိသာထင်ရှားစွာ တိုင်တာ၍ရသော ထိခိုက်မှုပေါ်မူတည်၍ ကုစားမှု (အပြစ်ဒဏ်) သတ်မှတ်။
Compensation calculated on clearly measured harm.

မြန်မာနိုင်ငံတွင် ဂုဏ်သိက္ခာကို ကာကွယ်ရေးအတွက် တရားဥပဒေအရ ပြဌာန်းထားခြင်းများသည် များစွာသော ဥပဒေများတွင် ပါဝင်ထားပြီး ဖြစ်ပါသည်။ယင်းတို့အနက်မှအားလုံးသည် ကွဲပြားခြားနားခြင်းများရှိကြသလို ဝိရောဓိဆောင်သည့်သဘောများလည်း တွေ့ရှိရသည်။

လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို မြန်မာနိုင်ငံ၏အခြေခံဥပဒေတွင် ပုဒ်မ (၆)၊ (၃၅၄) နှင့် (၃၆၅) တို့ဖြင့်အကာအကွယ်ပေးထားသည်။ 

“ပြည်ထောင်စု၏ အခြေခံမူများသည် –  (င) : ပြည်ထောင်စုတွင်  နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်းဟူသော  လောကပါလတရားများ ပိုမိုထွန်း ကားရေးဖြစ်သည်။” မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ 

ပုဒ်မ (၆) ၏ရည်ညွှန်းချက် “ လွတ်လပ်မှု”  ဆိုသည်မှာ လူတိုင်း နှင့် အကျုံးဝင် ထိုက်တန်သော စီးပွားရေးလွတ်လပ်ခွင့်၊ နိုင်ငံရေး လွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့်တို့ ပါဝင်နေသည့် နက်ရှိုင်းသောကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမူလဇာစ်မြစ် အသိသညာ တစ်ခုဖြစ်သည်။ ယင်းသည် “လူ့အခွင့်အရေး”၏ အလွန်မကြာသေးသော အယူအဆ သဘောတရားအတွက် သမိုင်းဝင်အခြေခံလည်း  ဖြစ်သည်။၁၃

လွတ်လပ်ခြင်းကို နိုင်ငံ၏အခြေခံမူအဖြစ် ထည့်သွင်းထားခြင်းက အရေးကြီးသည်။ အကြောင်းမှာ မြန်မာ့ဥပဒေများ၊ မူဝါဒများနှင့်ဆောင်ရွက်ချက်များ အားလုံးသည် လွတ်လပ်ခြင်းကို ပိုမိုထွန်းကားစေမည် ဟူသော သဘောကိုဆိုလိုရာရောက်သောကြောင့်ဖြစ်သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါမူ အခြေခံဥပဒေနှင့်မကိုက်ညီဟု ဆိုရတော့မည်။ 

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် တရားရုံးများသည် အစိုးရ၏ဥပဒေများ၊ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိကို တစိတ်တပိုင်းအားဖြင့် ဆန်းစစ်ရန်တည်ရှိနေကြသည်။ ဥပမာ-အကယ်၍ ဥပဒေတစ်ခုသည်လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ချိုးဖေါက်သည်ဆိုလျှင်တရားသူကြီးကဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွတ်လပ်ခြင်းဆိုသော အခြေခံမူနှင့်ဆန့်ကျင်သည့် အတွက် ဖွဲ့စည်းပုံဥပဒေနှင့် မကိုက်ညီဟုကြေငြာရမည်။ 

ပုဒ်မ ၃၅၄ နှင့် ၃၆၅

မြန်မာ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၃၅၄ နှင့် ၃၆၅ တို့သည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နှင့် အထူးသဖြင့်ပတ်သက်သည်။ ပုဒ်မ ၃၅၄ က ထုတ်ဖော်ရေးသားပြောဆိုခြင်းနှင့် ဖြန့်ချီရာတွင်လွတ်လပ်မှုကို အထောက်အပံ့  ပြုထားသည်။ ပုဒ်မ ၃၆၅ ကမူ အနုပညာ နှင့်စာပေကို လွတ်လပ်စွာ ဖန်တီးလုပ်ဆောင်ခွင့်အား ပြဌာန်းသည်။ သို့သော်လည်း “တည်ငြိမ်အေးချမ်းရေး၊” “အမျိုးသားသွေးစည်း ညီညွတ်ရေး” နှင့် “လုံခြုံရေး” တို့နှင့်ပတ်သက်ပြီး တိကျမှုမရှိသော ရည်ညွှန်းဖွင့်ဆိုချက်များကြောင့်  အထက်ပါပုဒ်မနှစ်ခုလုံးအားနည်း လျက်ရှိသည်။

In Myanmar, legal provisions protecting reputations are included in several laws, all of which are different and potentially conflicting.

The right to freedom of expression is protected in the Myanmar Constitution under Articles 6, 354, and 365.

“The Union’s consistent objectives are: (e) enhancing the eternal principles of justice, liberty and equality in the Union.” Article 6 of the Myanmar Constitution

Article 6 references “liberty”, a concept with profound global political origins consisting of the social, political, and economic freedoms to which everyone is entitled – the historical basis for the more recent concept of “human rights”.

Including liberty as a basic principle of the state is important because it means that all Myanmar’s laws, policies, and actions must enhance freedom. If they do not, then they are “unconstitutional”.

In a democracy, courts exist partly to check whether the government’s laws, policies, and actions are unconstitutional. For example, if a law violates the right to freedom of expression, a judge should declare it unconstitutional on the basis that it contradicts the constitutional principle of liberty.

Articles 354 and 365

Articles 354 and 364 of the Myanmar Constitution are more specifically concerned with freedom of expression. Article 354 provides for the liberty to express and publish. Article 365 provides for the right to freely develop literature and arts. However, both are weakened by vague references to “security”, “national solidarity”, and “tranquillity”.

အသရေဖျက်ခြင်းသည် ရာဇဝတ်မှုဆိုင်ရာဥပဒေ ၆ မျိုး ၏ ပြဌာန်းချက် ၁၁ မျိုးတွင်တွေ့ရသည်။ ယင်းတို့အနက်မှသက်တမ်း အရင့်ဆုံးသည် ပြစ်မှုဆိုင်ရာ ဥပဒေဖြစ်သည်။ ၎င်းသည် အသရေ ဖျက်ခြင်းကို အဓိပ္ပာယ်ဖွင့်ထားသည့် တစ်ခုတည်းသောဥပဒေဖြစ်ပြီး ခုခံကာကွယ်ချက်များလည်း ပါဝင်သည်။ အခြားသော ဥပဒေများသည် ထိုပြစ်မှုဆိုင်ရာ ဥပဒေပြီးမှ ရေးဆွဲပြဌာန်းခဲ့သော်လည်း အ ဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ခုခံကာကွယ်ချက်များ မပါဝင်ပါ။

Defamation falls under 11 provisions in six criminal laws. The oldest of these laws, the Penal Code, is the only law that defines defamation or includes defences. The other laws adopted after the Penal Code include no definitions and no defences.

ဥပဒေ
Law
ပုဒ်မ
Articles
စတင်ကျင့်သုံးခြင်းနှင့်ပြင်ဆင်ချက်
Adopted and amended
ရာဇဝတ်မှုဆိုင်ရာ အသရေ ဖျက်မှု
Criminal?
ပြစ်ဒဏ် နှင့် သက်သာခွင့်
Sanction / remedy
ပြစ်မှုဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီး 
Penal Code
ပုဒ်မ ၄၉၉-၅၀၂
Articles 499-502.
ဗြိတိသျှအစိုးရလက်ထက် ၁၈၆၁ခုနှစ် တွင်စတင်ကျင့်သုံးသည်။ 
Adopted in 1861 under the British government.
Yesထောင်ဒဏ် ၂ နှစ်အထိ နှင့်ငွေဒဏ် 
Up to 2 years in prison + fine.
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ 
Electronic Transactions Law
ပုဒ်မ ၃၄(ဃ) 
Article 34(d).
စစ်အစိုးရလက်ထက် ၂၀၀၄ တွင် စတင်ကျင့်သုံးပြီး ၂၀၁၃ခုနှစ် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် တွင်ပြင်ဆင်ခဲ့သည်။ 
Adopted in 2004 under the military. Amended in 2013 under the quasi-civilian government.
Yesထောင်ဒဏ် ၃ နှစ်အထိ။ နှင့်ငွေဒဏ် 
Up to 3 years in prison + fine.
ဆက်သွယ်ရေးဥပဒေ 
Telecommunications Law
ပုဒ်မ ၆၆(ဃ)
Article 66(d).
အရပ်သားတစ်ပိုင်းအစိုးရလက်ထက် ၂၀၁၃ခုနှစ်တွင်စတင်ကျင့်သုံးပြီး ၂၀၁၇ခုနှစ် NLDအစိုးရ လက်ထက်တွင်ပြင်ဆင်ခဲ့သည်။ 
Adopted in 2013 under the quasi-civilian government. Amended in 2017 under the NLD.
Yesထောင်ဒဏ် ၂ နှစ်အထိ နှင့်ငွေဒဏ် 
Up to 2 years in prison + fine.
အကျင့်ပျက်ခြစားမှုတိုက် ဖျက်ရေး ဥပဒေ 
Anti-corruption Law
ပုဒ်မ ၄၆ 
Article 46.
အရပ်သားတစ်ပိုင်းအစိုးရလက်ထက် ၂၀၁၃ခုနှစ်တွင်စတင်ကျင့်သုံးပြီး ၂၀၁၈ခုနှစ် NLDအစိုးရ လက်ထက်တွင်ပြင်ဆင်ခဲ့သည်။ 
Adopted in 2013 under the quasi-civlian government. Amended in 2018 under the NLD.
Yesထောင်ဒဏ် ၃ နှစ်အထိ။ နှင့်ငွေဒဏ် 
Up to 3 years in prison + fine.
သတင်းမီဒီယာဥပဒေ 
News Media Law
ပုဒ်မ ၉(က၊ခ၊ဆ)ပုဒ်မ ၂၅(က,ခ) နှင့် ပုဒ်မ ၃၀
Article 9(a,b,g), Article 25(a,b), Article 30.
၂၀၁၄ခုနှစ် အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တွင် စတင်ကျင့်သုံးသည်။ 
Adopted in 2014 under the quasi-civilian government.
Yesငွေဒဏ်ကျပ် -၁,၀၀၀,၀၀၀ အထိ
Up to 1,000,000 Kyat fine.
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှုကို ကာကွယ်  ပေးရေးဥပဒေ 
Law Protecting the Security and Privacy of Citizens
ပုဒ်မ ၈(စ) နှင့် ပုဒ်မ (၁၀) 
Article 8(f) and Article 10.
NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင်စတင်ကျင့်သုံးသည် 
Adopted in 2017 under the NLD government.
Yesထောင်ဒဏ် ၃ နှစ်အထိ။ နှင့်ငွေဒဏ် 
Up to 3 years in prison + fine.

တရားရုံးများတွင် မြန်မာ့အသရေဖျက်ခြင်းဥပဒေကို အသုံးချခြင်းက ၎င်းတို့သည် နိုင်ငံတကာ၏ အခြေခံအကျဆုံးသောစံနှုန်းများကိုပင်လျှင် လိုက်နာမှုမရှိကြောင်း သရုပ်ဖော်နေခြင်း ဖြစ်သည်။ အထူးသဖြင့် စီရင်ချက်ဥပဒေများသည် မြန်မာ့အသရေဖျက်ခြင်းဥပဒေများနှင့် ယင်းတို့အား အသုံးပြုပုံများကို ပြသပြီးဖြစ်သည်။

…ဂုဏ်သိက္ခာထက် ခံစားချက်ကိုကာကွယ်ခြင်း…

မြန်မာနိုင်ငံ၏ အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေများသည် အချက်အလက် အခိုင်အမာပြောဆိုခြင်းထက် အမြင်အယူအဆ ထုတ်ဖော်ခြင်းများကိုသာ ပြစ်ဒဏ်ပေးလေ့ရှိသည်။ ထိုကဲ့သို့သော ထင်မြင်ယူဆချက်သဘောထားများကို “ထိခိုက်စေသော အကြောင်းအရာ”  ဟုခေါင်းစဉ်တပ်ထားပြီး၊ တရားခံမှ ခုခံငြင်းခုန်တင်ပြရန် အင်အား မရှိနိုင်သည့်စိတ်ခံစားချက်ဆန်သောစံသတ်မှတ်ချက်များဖြင့်“သက်သေပြခြင်း” ကို ချိုးနှိမ်ထားသည်။

… ထုချေချက်များကိုလစ်လျူ ရှုခြင်း …

ရာဇသတ်ကြီး ပြဌာန်းချက်တွင်ပါဝင်သော ကန့်သတ်ထားသည့် ထုချေချက်များပင်လျှင် တစ်ခါတစ်ရံတွင် လစ်လျူရှုခြင်းခံရသည်။ ထို့ကြောင့် တရားခံသည် ထိရောက်၍အဓိကကျသော  လျှောက်လဲချက်များထက် သက်သေများ၏အရည်အသွေးနှင့် အရည်အချင်း  ကဲ့သို့သောတရားစွဲဆိုမှု၏ လုပ်ထုံးလုပ်နည်းအမှားကိုသာထောက်ပြမှီခိုနေရတော့သည်။

… ပြည်သူ့ဝန်ထမ်းအရာရှိများနှင့် နိုင်ငံရေးသမားအပေါ် ဝေဖန်ခြင်းအား ပြစ်ဒဏ်ပေးခြင်း …

ပြည်သူ့ဝန်ထမ်းအရာရှိများ၊  နိုင်ငံရေးသမားများ၊ ဘာသာရေးခေါင်း  ဆောင်များ၊ စစ်တပ်နှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ အပါအဝင် သြဇာအာဏာရှိသူများအား ဝေဖန်ထောက်ပြသည့် လူများကို တရား  စွဲဆိုရန် အစိုးရရှေ့နေနှင့် ရဲများက ပံ့ပိုးကူညီကြသည်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကသော်လည်းကောင်း၊ တရားစီရင်ရေးကသော်လည်းကောင်း သြဇာအာဏာရှိသူများအနေဖြင့် ကြီးမားသည့် ဝေဖန်မှုများအပေါ် သည်းခံစိတ်မွေးရန် တိုက်တွန်းခြင်းမပြုကြပေ။ 

… နှောင့်နှေးကြန့်ကြာမှု …

တရားရုံးတင်စစ်ဆေးခြင်းမတိုင်ခင်နှင့် စစ်ဆေးနေစဉ်နှစ်ခုလုံးတွင် အမှုဖြစ်စဉ်တိုးတက်မှုသည် အလွန်နှေးကွေးသည့်အပြင် ဝန်ထုပ်ဝန်ပိုးဖြစ်ရပြီး စွပ်စွဲခံရသူ၏ ဘဏ္ဍာရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သိသာထင်ရှားစွာ ထိခိုက်စေသည်။

… သည် … ပြင်းထန်သော အပြစ်ဒဏ်ခတ်ခြင်းကိုသာ အမြဲတစေ ပြုလေ့ရှိသည် …

စီရင်ချက်များသည် အမြဲလိုလို တရားစွဲဆိုသူ (တရားလို)ဘက်ကိုသာ အလေးသာလေ့ရှိပြီး တရားစွဲခံရသူအပေါ် ပြင်းထန်သော ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်လေ့ရှိသည်။ ဥပဒေက ငွေဒဏ်နှင့် ထောင်ဒဏ်နှစ်ရပ်စလုံးကို ပြဌာန်းထားသော်လည်း တရားရုံးများက ပိုမိုပြင်းထန်သည့် အပြစ်ဒဏ်ကိုသာ ရွေးချယ်ကြသည်။

… လွတ်လပ်စွာတရားစီရင်ခြင်းနှင့် ဒီမိုကရေစီကူးပြောင်းရေး  ကာလကို ထင်ဟပ်စဉ်းစားသည့်အရိပ်အယောင်လုံးဝမရှိ

ဒီမိုကရေစီ ကူးပြောင်းရေးကာလအတွင်း တရားရုံးများ၏ အခန်း  ကဏ္ဍအပြောင်းအလဲစတင်ခြင်း၏ အထောက်အထားမှာ စိုးစဉ်းမျှ သာရှိသည်။ ဥပမာ- တရားရုံးများသည် ဖွဲ့စည်းပုံဥပဒေသစ်က ပြဌာန်းပေးထားသော လွတ်လပ်မှုစည်းမျဉ်းဥပဒေသကဲ့သို့ လူ့အခွင့် အရေးများနှင့် ယခင်အာဏာရှင် အစိုးရလက်ထက်ကတည်းကရှိခဲ့သည့်  ရှေးကျသည့်ဥပဒေများ၊စီရင်ထုံးများ၏ လိုက်ဖက်ညီမှုကို ထင်ဟပ် စဉ်းစားပုံမရပေ။ 

မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်သည် တရားစွဲဆိုသူ (တရားလို) ဘက်ကိုသာ သိသိသာသာ အလေးပေးထားသလို ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ နည်းဗျူဟာများမှာလည်း အားနည်းလျက်ရှိသည်။ ရှေ့နေအများအပြားသည် ၎င်းတို့ အမှု သည်များအတွက် ကာကွယ်ခုခံရန်(ထုချေရန်) အသရေဖျက်မှုဆိုင်ရာ ဥပဒေများ (သို့) လူ့အခွင့်အရေးအခြေပြု မဟာဗျူဟာများကို နှံ့စပ်မှု ရှိမနေဘဲ ၎င်းတို့၏ အမှုသည်သည် တစ်ဖက်ကစွပ်စွဲထားသည့် အသရေဖျက်သည်ဆိုသော ထုတ်ဖော်ပြောဆိုချက်ကို မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုချေပသည့် နည်းဗျူဟာကိုသာ သုံးစွဲနေသည်။ အောက်တွင် ဖော်ပြထားသော ဗျူဟာများသည် မြန်မာနိုင်ငံတွင် အသုံးမပြုရသေးသည့် များစွာအသုံးဝင်သော ဥပဒေဆိုင်ရာ နည်းဗျူဟာများ ဖြစ်သည်။ နည်းဗျူဟာတိုင်းသည် မြန်မာနိုင်ငံနှင့် တရားဥပဒေစနစ် တူသည့် အခြားနိုင်ငံများတွင် လူသိများအသုံးဝင်သော ဥပဒေဆိုင်ရာ နည်းဗျူဟာများ ဖြစ်သည်။

ပြစ်မှု၏ အစိတ်အပိုင်းတစ်ခုစီတိုင်းကို သက်သေပြုခြင်း

ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၄၉၉ တွင် အသရေဖျက်ခြင်းကို အပိုင်းငါးပိုင်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဥပဒေအရာရှိတစ်ဦးသည် တစ်စုံတစ်ယောက် ပြစ်မှုထင်ရှားကြောင်း အခိုင်အမာပြနိုင်ရန်အတွက် ကြောင်းကျိုးဆီလျော်သော သံသယဆိုသည်ထက်ပို၍ ထိုအပိုင်းငါးပိုင်းကို သက်သေပြသင့်သည် (သက်သေပြနိုင်ရမည်)။ ထိုမှသာ ကာကွယ်ခုခံမှု ဗျူဟာတစ်ခုဖြစ်သည့် ထိုအပိုင်းငါးပိုင်းကို သံသယဖြင့် မေးခွန်းထုတ်ရမည် ဖြစ်သည် –

  • “မည်သူမဆို…” – တရားစွဲခံရသူသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖြစ်ရမည်။
  • “…နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုစေရန် ကြံရွယ်သည့်စကားဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ…” – တရားစွဲခံရသူသည် ၎င်း၏ ထုတ်ဖော်ပြောဆိုပြသချက်ကို အခြားသူများကို သိစေမြင်စေလို၊ မျှဝေလိုသော ရည်ရွယ်ချက် ရှိရမည်။
  • “…ကြေညာလျှင်…” – တရားစွဲခံရသူသည် ထုတ်ဖော်ပြောဆိုပြသချက်ကို နောက်ထပ်ပြင်ပလူ (ဤကိစ္စနှင့်မသက်ဆိုင်သော ပြင်ပလူ)များ သိအောင်လည်း ပြုလုပ်ခဲ့ပြီး ဖြစ်ရမည်။
  • “…မည်သူနှင့်မဆို သက်ဆိုင်သည့် မည်သည့် စွပ်စွဲပြောဆိုချက်မဆို…” – ထုတ်ဖော်ပြောဆိုပြသချက်၌ စွပ်စွဲချက်ပါဝင်ရမည်၊ စွပ်စွဲချက်သည် လူတစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့် သက်ဆိုင်ရမည်။
  •  “… လူတစ်ဦးတစ်ယောက်၏ အသရေကို နစ်နာစေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသူနှင့် စပ်လျဥ်းသော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကို ထိခိုက်စေမည်ဟု သိလျက်နှင့်သော်လည်းကောင်း၊ ထိုသို့ယုံကြည်ရန် အကြောင်းရှိလျက်နှင့်သော် လည်းကောင်း” – တရားစွဲခံရသူသည် နစ်နာစေလိုသည့် ရည်ရွယ်ချက်ရှိရမည် (သို့) ၎င်း၏ ထုတ်ဖော်ပြောဆိုပြသချက်သည် (တစ်ဖက်သားကို) နစ်နာစေလိမ့်မည်ကို သိပြီးသား ဖြစ်ရမည်။

ခြွင်းချက်ကို အသုံးပြုခြင်း

အသရေဖျက်မှုဖြင့် စွပ်စွဲခံရပါက ကာကွယ်ခုခံပိုင်ခွင့်များကို ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး)တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ အသရေဖျက်မှုဆိုင်ရာ ဥပဒေခြောက်ခုမှ မည်သည့်ဥပဒေအတွက်ဆို ထိုကာကွယ်ခုခံပိုင်ခွင့်များကို အသုံးပြုနိုင်သည်။ ဥပမာအနေဖြင့်၊ ထုတ်ဖော်ပြောဆိုပြသချက်သည် မှန်ကန်ပြီး အများပြည်သူအတွက် အကျိုးရှိသည်ဆိုသော အချက်ဖြင့် ကာကွယ်ခုခံနိုင်သည် (ပုဒ်မ ၄၉၉)၊ သို့မဟုတ် ထုတ်ဖော်ပြောဆိုပြချက်၏ သက်ရောက်မှုသည် ထိခိုက်နစ်နာမှု အားနည်းသည်။ (ပုဒ်မ ၉၅)

ဖွဲ့စည်းပုံအခြေခံဥပဒေအခြေတည်ဝါဒ

တရားစွဲခံရသူဘက်မှ ရှေ့နေသည် အသရေဖျက်မှုဆိုင်ရာ ဥပဒေမူဘောင်တစ်ခုလုံးကို မေးခွန်းထုတ်စိန်ခေါ်နိုင်သည်။ အသရေဖျက်မှုဆိုင်ရာ ဥပဒေများ ဖွဲ့စည်းပုံအခြေခံပေါ် အခြေတည်ခြင်းရှိမရှိနှင့် ယင်းဥပဒေများကို အသုံးချနေမှုကို ငြင်းချက်ထုတ်ပိုင်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသည် (ပုဒ်မ ၃၂၃)။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော ရပိုင်ခွင့်/ အခွင့်အရေးများကို ကာကွယ်ပေးရမည်ဟုလည်း ဖော်ပြထားသည် (ပုဒ်မ ၁၈(ဂ)၊ ၂၉၆၊ ၃၇၈)။ နောက်တစ်နည်းအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြောင်းအကျိုးဆီလျော်မှုမရှိဘဲ ဖိနှိပ်နေခြင်းမှာ အသရေဖျက်မှုဆိုင်ရာ ဥပဒေများ နှင့် ယင်းဥပဒေများကို အသုံးချနေပုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီကြောင်းကိုလည်း ကာကွယ်ခုခံပိုင်ခွင့် ဗျူဟာ တစ်ခုအနေဖြင့် ငြင်းဆိုချက် ထုတ်နိုင်သည် (ပုဒ်မ ၆၊ ၃၅၄၊ ၃၆၅)။ နောက်ထပ် ကာကွယ် ခုခံမှု ဗျူဟာတစ်ခုမှာ တရားရုံး၏ စီရင်ချက်ကို ပယ်ဖျက်ရန် အလို့ငှာ တရားရုံးလွှတ်တော်ချုပ်ထံ စာချွန်တော် လျှောက်ထားနိုင်ခြင်း ဖြစ်သည်။

ရေးနိုးလ် ကာကွယ်ခုခံမှု

“ရေးနိုးလ် ကာကွယ်ခုခံမှု” ဆိုသည်မှာ တရားသူကြီး လော့ဒ်နစ်ကောလ်စ်က ၁၉၉၉ ခုနှစ် အင်္ဂလိပ် အမှုစီရင်ချက်တစ်ခု၌ စတင်ဖန်တီးခဲ့သော ကာကွယ်ခုခံမှု ဖြစ်သည်။ ယင်းစီရင်ချက်တွင် တရားသူကြီးက သတင်းစာ၌ ဖော်ပြထားသော သတင်းတစ်ပုဒ်သည် မှားယွင်းနေစေကာမူ ယင်းသတင်းစာအနေဖြင့် အပြုသဘောဆောင်ကာ (ချင့်ချိန်၍) လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါက အသရေဖျက်မှုအတွက် မထိုက်သင့်ဟု ဆုံးဖြတ်သည်။ “ရေးနိုးလ် ကာကွယ်ခုခံမှု”သည် အင်္ဂလိပ်တရားခွင်တွင် ပေါ်ပေါက် ခဲ့သော်လည်း ထိုခုခံမှု၏ ခြေခြေမြစ်မြစ်ရှိသော ငြင်းဆိုချက်ကို တရားစွဲခံရသူဘက်မှ ရှေ့နေများအနေဖြင့် ဗျူဟာဖော်ဆောင်ရာတွင် အသုံးပြုနိုင်သည်။ တရားသူကြီး လော့ဒ်နစ်ကောလ်စ် ပြောကြားခဲ့သည့် သတင်းစာများအနေဖြင့် ၎င်းတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ထုတ်ပြသနိုင်သည့် နည်းလမ်းများမှာ –

  • သတင်းအချက်အလက်၏ အရေးပါမှုကို ၎င်းတို့၏ ဆုံးဖြတ်ချက်ချမှုအပိုင်းတွင် ထင်ဟပ်ပြသခြင်း။
  • အများပြည်သူအကျိုးစီးပွားကို သတင်းအချက်အလက်တွင် ထုတ်ဖော်ပြသခြင်း။
  • ယုံကြည်စိတ်ချရသော သတင်းအချက်အလက်အရင်းအမြစ်ကို အသုံးပြုခြင်း။
  • သတင်းအချက်အလက်ကို စစ်ဆေးအတည်ပြုရန် နည်းလမ်းအဆင့်များ ထားရှိခြင်း။
  • သတင်းအချက်အလက်ကို မျှဝေရသည့် အချိန်နှင့်အမျှအရေးကြီးမှုကို ဖော်ပြခြင်း။
  • စွပ်စွဲခံရသူဘက်ကို မှတ်ချက်တောင်းခံခြင်း။
  • စွပ်စွဲခံရသူ၏ မှတ်ချက်ကို ထုတ်ဖော်ရေးသားခြင်း။
  • သတင်းအချက်အလက်ကို မျှဝေရာတွင် မှန်ကန်သော တင်ပြဟန်ကို အသုံးပြုခြင်း။
  • သတင်းထုတ်ဖော်တင်ပြရာတွင် အချိန်ကိုက် မှန်ကန်စွာ တင်ပြခြင်း။

The application of Myanmar’s defamation laws in courts has further demonstrated that they do not conform with even the most basic of international standards. In particular, case law has shown that Myanmar’s defamation laws and their application.

Myanmar’s laws protect feelings rather than reputations…

Myanmar’s defamation laws have been used to punish statements of opinion rather than assertions of fact. Such opinions have been labelled “offensive” and attacks “proven” simply through subjective criteria against which defendants are powerless to dispute.

…ignore defences…

Even the limited defences included in the Penal Code provisions on defamation have sometimes been overlooked. As a result, defendants often rely on highlighting the prosecution’s procedural mistakes such as the quality and quantity of evidence rather than focusing arguments on substantive defences.

…punish criticism of public officials and politicians…

Powerful people, including public officials, politicians, religious leaders, military, and business leaders are supported by prosecutors and the police to bring suits against those who criticise them. Neither the government nor the judiciary encourage such powerful people to tolerate greater criticism in the interests of democracy.

…delay…

Cases progress in an extremely slow and burdensome manner both before and during court trials, resulting in significant damage to the defendant’s financial and mental health.

…always apply punitive sanctions…

Verdicts are usually made in favour of the complainant and result in highly punitive criminal sanctions for the defendant. Although the law provides for both fines and imprisonment, courts choose the harsher sentence.

…and show no signs of reflecting the transition to democracy and judicial independence

There is little evidence that courts have begun to shift their role during the transition to democracy. For example, courts do not seem to reflect upon the compatibility of past laws and precedents set under previous authoritarian governments, in light of the rights provided for in the new constitution, such as the principle of liberty.

Although Myanmar’s legal framework clearly favours the complainant, legal defence strategies are also weak. Many lawyers are unfamiliar with defamation laws or using rights-based legal strategies to defend their clients and rely only on a strategy of arguing that the defendant did not make the allegedly defamatory statement. Below are several useful but in Myanmar largely unused legal strategies, each of which is a common legal strategy in countries with similar legal systems.

Proving every element of the crime

Penal Code Article 499 defines defamation as containing five elements. A prosecutor should prove each of these five elements beyond a reasonable doubt in order to secure a conviction. One defence strategy is therefore to cast doubt on any of these elements:

  • “Whoever…”: The defendant must be an individual person.
  • “…by words either spoken or intended to be read, or by signs or by visible representations…”: The defendant must have intended for the content to be shared with others.
  • “…makes of publishes…”: The defendant must have actively shared the content with third parties.
  • “…any imputation concerning any person…”: The content must include an allegation and it must relate either to an individual or an association’s business.
  • “…intending to harm, or knowing or having reason to believe that such imputation will harm, the reputation of such person.”: The defendant must have intended to harm or known the content would harm.

Using exceptions

The Penal Code includes exceptions which are defences against allegations of defamation. A defence strategy could use these exceptions under any of Myanmar’s six defamation laws. For example, the defence can show that the content is both true and in the public good (Article 499). Or that the harm was slight (Article 95).

Constitutionalism

Defence lawyers could challenge the entire defamation framework. Myanmar’s 2008 Constitution includes a right to dispute the constitutionality of defamation laws and their application (Article 323). It also provides protection of rights included in the Constitution (Articles 18c, 296, 378). A defence strategy could argue that defamation laws and their application are unconstitutional because they unreasonably restrict freedom of expression (Articles 6, 354, 365). Another defence strategy could be to obtain a writ from the Supreme Court to quash a court decision.

The Reynolds defence

The “Reynolds defence” was created by Justice Lord Nicholls in a 1999 English judgement in which he decided that newspapers cannot be held liable for defamation if they have behaved responsibly, even if the information published later turns out to be false. Although the “Reynolds defence” was created in an English court, its substantive argument could be used in legal strategising by defence lawyers. Justice Lord Nicholls said that newspapers can demonstrate responsibility by:

  • Reflecting the seriousness of the information in their decision-making
  • Showing the public interest in the information
  • Using reliable sources of information
  • Taking steps to verify that information
  • Showing the urgency of sharing the information
  • Asking alleged persons for comment
  • Publishing alleged persons’ comments
  • Using the right tone in sharing the information
  • Honest timing of the publication.

မြန်မာနိုင်ငံ၏ မည်သည့်အသရေဖျက်ခြင်းဆိုင်ရာဥပဒေကမျှ နိုင်ငံတကာရှိ အခြေခံအကျဆုံးသော စံနှုန်းများနှင့် ကိုက်ညီမှုမရှိပေ။ သက်တမ်းအရင့်ဆုံးဥပဒေဖြစ်သော ရာဇသတ်ကြီးဥပဒေ (ပြစ်မှုဆိုင်ရာဥပဒေ) တွင် ကိုက်ညီမှု အနည်းငယ်ရှိသော်လည်း အနည်းအကျဉ်းမျှသာ  ဖြစ်လေသည်။

None of Myanmar’s defamation laws conform to even the most basic of international standards. The oldest law, the Penal Code, has some conformity, but only to a very limited extent.

နိင်ငံတကာစံနှုန်း

International standard
ပြစ်မှု ဆိုင်ရာ ဥပဒေ

Penal Code
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ

Electronic Transactions Law
ဆက်သွယ်ရေးဥပဒေ

Telecommunications Law
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဥပဒေ 

Anti-corruption Law
သတင်း မီဒီယာ ဥပဒေ

News Media Law
နိင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ် လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ

Law Protecting the Security and Privacy of Citizens
အဓိပ္ပာယ်ဖွင့်ဆိုချက် – Definition
အသရေဖျက်မှုကိုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ – Defamation is defined
နယ်ပယ်ကျယ်ဝန်းမှု – Scope
ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများသည် တရားစွဲဆိုခြင်းမပြုနိုင်ပါ – Public bodies are not able to bring suits
ပြည်သူ့ဝန်ထမ်းအရာရှိများနှင့်နိုင်ငံရေးသမားများသည် ဝေဖန်မှုအားပိုမိုသည်းခံရမည် – Public officials and politicians must tolerate greater criticism
ထုချေကာကွယ်ခြင်း – Defences
အမှန်တရားသည် ပြီးပြည့်စုံသော ခုခံကာကွယ်မှု ဖြစ်သည် – Truth is an absolute defencePartial ✓Partial ✓
အမြင်သဘောထားအယူအဆများသည် ပြည့်စုံသောခုခံကာကွယ်မှု ဖြစ်သည် – Opinion is an absolute defencePartial ✓
ကျိုးကြောင်းဆီလျော်သော ထုတ်ပြန်ကြေညာခြင်းသည် ခုခံကာကွယ်မှု ဖြစ်သည် – Reasonable publication is a defencePartial ✓
ပြစ်ဒဏ်များနှင့် ကုစားပြင်ဆင်ခွင့်များ – Sanctions and remedies
ရာဇဝတ်မှုမဟုတ်သည့် တရားမမှုဆိုင်ရာဥပဒေ – Civil law, not criminal law
ထောင်ဒဏ်ကို လက်မခံ (သို့မဟုတ်) မကျင့်သုံး – Imprisonment not allowed or used

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်များကိုအာမခံနိုင်ရန်အလို့ငှာ အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေနှင့်ပြဌာန်းချက်များသည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့်နှင့် ဂုဏ်သိက္ခာအခွင့်အရေးတို့အကြားမှန်ကန်သောချိန်ညှိမှုရှိရန် လိုအပ်ပေသည်။ မှန်ကန်ကောင်းမွန်သော ချိန်ညှိမှုဆိုသည်မှာ လူထုမှအာဏာပိုင်များအား ဝေဖန်ခြင်းတာဝန်ခံစေခြင်း စသည်တို့ပြုလုပ်သောအခါ ပြစ်ဒဏ်ပေးမခံရခြင်းပင်ဖြစ်သည်။ ကမ္ဘာလုံးအတိုင်းအတာအရ လက်ခံထားသော ချိန်ညှိမှုကို အသရေဖျက်မှုဆိုင်ရာ “နိုင်ငံတကာစံနှုန်း”အဖြစ် သိရှိကြသည်။

အသရေဖျက်ခြင်းနှင့်ပတ်သက်သောနိုင်ငံတကာစံနှုန်းများကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း(UDHR) နှင့်၊အရပ်ဘက်နှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) တို့အပါအဝင် ပင်မအရင်းမြစ်များစွာ အပေါ် အခြေပြု တည်ဆောက်ထားခြင်းဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ထိုစံနှုန်းများကို နိုင်ငံတကာတရား ရုံးများတွင် ဖွင့်ဆိုရှင်းလင်းခဲ့ကြသလို၊ ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများကလည်း ဖွင့်ဆိုရှင်းလင်းခဲ့ကြသည်။ အချို့သော စံနှုန်းများကို ၂၀၁၁ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေသုံးသပ်ချက် အမှတ် ၃၄ အရ အကျဉ်းချုပ်မှုပြုခဲ့သည်။

နိုင်ငံတကာစံနှုန်းများသက်ရောက်နေသော နိုင်ငံတော်၏ ကဏ္ဍ အချို့မှာ –

  • လိုအပ်ပြီးထိရောက်ကာ အချိုးအစားညီမျှသော အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေများဖြစ်အောင် ပြင်ဆင်ရေးဆွဲပြဌာန်းပေး သော အစိုးရနှင့် ဥပဒေပြုရေးအဖွဲ့
  • လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကြီးကြီးကျယ်ကျယ် ဖြစ်နိုင်သမျှ ချဲ့ထွင်ကာကွယ်ရန် ဥပဒေကိုကျင့်သုံးရသည့် တရားရုံးများ
  • အသရေဖျက်ခြင်းဟူသော တိုင်တန်းချက်များသည် ပြည်သူ့ အကျိုးစီးပွားဖြစ်ကြောင်း သေချာအောင်ပြုလုပ်ပေးရသည့် ရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများ

အောက်ဖေါ်ပြပါ နိုင်ငံတကာစံနှုန်းတိုင်းသည် တည်ရှိပြီးသား နိုင်ငံတကာ ဥပဒေစံနှုန်းများ၏ တိကျသော ရှင်းလင်း ဖွင့်ဆိုချက်ပင်ဖြစ် သည်။ စံနှုန်းတစ်ခုချင်းစီကို အနှစ်ချုပ် ပြုထားခြင်းဖြစ်သော်လည်း အသေးစိတ် ရှင်းလင်းချက်များကို စိတ်ဝင်စားမှုရှိသော မည်သည့် အဖွဲ့အစည်းကိုမဆို ထောက်ပံ့ပေးနိုင်ပါသည်။

အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေများသည် အထက်တွင်ဖေါ်ပြခဲ့သော အဆင့် သုံးဆင့်ဆန်းစစ်ချက်ဖြင့် ကိုက်ညီရမည်။ ဖြစ်နိုင်သမျှ ကျစ်လစ်စွာဖြင့် ရေးဆွဲထားရမည်။ သို့မှသာ ယင်းတို့ကို လက်တွေ့ကျင့်သုံးရာတွင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ချုပ်ကိုင်ကန့်သတ် ခြင်းမပြုနိုင်မည် ဖြစ်သည်။

အသရေဖျက်ခြင်းဥပဒေများသည် အောက်ဖေါ်ပြပါ ဖော်ပြချက်များ တွင်သာ သက်ရောက်သင့်သည်။ ယင်းတို့မှာ

  • မှားယွင်းသော
  • အချက်အလက်မမှန်ကန်သော
  • ထိခိုက်မှုဖြစ်စေသော
  • ထိခိုက်မှုသည် တစ်ဦးတစ်ယောက်၏ဂုဏ်သိက္ခာသာ ဖြစ်ရ မည်။ဆိုလိုသည်မှာ ဖော်ပြချက်တစ်ခုကိုအခြား သူများက မြင်ခြင်း သို့မဟုတ် ကြားသိ ခြင်းရှိရမည်။

အသရေဖျက်ခြင်းဆိုင်ရာဥပဒေများသည် လူတစ်ဦး၏ဂုဏ်သိက္ခာကို ဆိုးဝါးစွာ ထိခိုက်စေသောအဆိုများအပေါ်တွင်သာ သက်ရောက် ကျင့်သုံးခြင်းပြုသင့်သည်။
အသရေဖျက်ခြင်း ကို လူပုဂ္ဂိုလ်တစ်ဦး၏ဂုဏ်သိက္ခာအား ဆိုးရွားစွာ ထိခိုက်စေသည့် အချက်အလက်မှားယွင်းသော အခိုင်အမာထုတ်ဖော်ပြောဆိုခြင်းဟု အကောင်းဆုံး အနှစ်ချုပ်နိုင် သည်။

အသရေဖျက်ခြင်းဆိုင်ရာဥပဒေ၏ နယ်ပယ်သည် သက်ဆိုင်မှုရှိသည့် နယ်ပယ်၏ အတိုင်းအတာပမာဏအတိုင်းဖြစ်သည်။

ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများမှ အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ခွင့်မပြုသင့်

ယင်းတွင် ဝန်ကြီးဌာနများ၊ လွှတ်တော်၊ တရားစီရင်ရေးအဖွဲ့နှင့် စစ်တပ်တို့လည်းပါဝင်သည်။

ပြည်သူ့ဝန်ထမ်းအဖွဲ့များတွင် ပိုင်ဆိုင်သောဂုဏ်သိက္ခာဟူ၍ မရှိပေ။ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများသည် အကျိုးအမြတ်ရည်ရွယ် ချက်မပါသော ဒြပ်မဲ့အစုအဝေးများဖြစ်ပြီး၊ကာကွယ်ရန် စိတ်ခံစားမှုပိုင်းဆိုင်ရာနှင့် ငွေကြေးအရ အကျိုးစီးပွားမရှိသောကြောင့် ယင်း အဖွဲ့အစည်းတို့တွင် ဂုဏ်သိက္ခာ မရှိပါ။ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းများသည် ကာလကြာရှည်စွာ ရှိနှင့်ပြီးဖြစ်ကာ၊အမှန်တကယ် ဂုဏ်သိက္ခာဟုဆိုရလျှင် ထိုအဖွဲ့အစည်းတို့ကို ကွပ်ကဲနေသော ခေါင်းဆောင်များ နှင့် ဆုံးဖြတ်ချက်ချမှတ်သူ စီနီယာများ၏ ဂုဏ် သိက္ခာပင်ဖြစ်သည်။ ထို့အပြင် အသရေဖျက်မှုတရားစွဲဆိုခြင်းသည် အများ ပြည်သူ၏ ဘဏ္ဍာကို ဖြုန်းတီးခြင်းပင်ဖြစ်ပါသည်။

အများပြည်သူအစုအဝေးက အသရေဖျက်မှု တရားစွဲဆိုမည်ဆိုပါက သူတို့၏ဆောင်ရွက်ချက်ကိုဝေဖန်ခံရခြင်းမှ ကာကွယ်လိုခြင်း သာ ဖြစ်နိုင်ချေများသည်။ စိုးရွံဖွယ်ရာအငြင်းပွားမှုဆီသို့ ဦးတည်ပေသည်။

ရုပ်ဝတ္ထုများနှင့် သင်္ကေတများကိုအသရေဖျက်၍မရ

ဤအချက်တွင် အလံများ၊ ဘာသာရေး သင်္ကေတများ၊အမျိုးသားရေးဆိုင်ရာ အမှတ်တံဆိပ်များနှင့် ဖွဲ့စည်းပုံဥပဒေတို့ ပါဝင်သည်။

ပြည်သူ့ဝန်ထမ်းအဖွဲ့များကဲ့သို့ပင် ရုပ်ဝတ္ထုများ၊ သင်္ကေတများတွင် ဂုဏ်သိက္ခာမရှိပေ။ အကြောင်းမှာ ဂုဏ်သိက္ခာဆိုသည်မှာ ဒြပ်မဲ့ သဘောဖြစ်ပြီး အကျိုးအမြတ်ရလိုသော တွန်းအားလည်းမရှိ၊ကာကွယ်မှုပေးရန် စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ငွေကြေးအကျိုး စီးပွားသော်လည်းကောင်း မရှိပေ။

ရုပ်ဝတ္ထုများ၊ သင်္ကေတများကို အသရေဖျက်သည်ဟု စွပ်စွဲချက်သည် မကြာခဏဆိုသလို သြဇာအာဏာရှိသောအဖွဲ့အစည်းများ နှင့် ယင်းတို့၏ ခေါင်းဆောင်မှုအကြောင်း တရားဝင်ဝေဖန်ခြင်းကို ဖုံးကွယ်သည့် လုပ်ရပ်များပင် ဖြစ်သည်။

ပြည်သူ့ဝန်ထမ်းအရာရှိများနှင့် နိုင်ငံရေးသမားများသည် အခြား သာမန်လူပုဂ္ဂိုလ်များထက် ဝေဖန်မှုကိုပိုမိုသည်းခံသင့်သည်။

ရာထူးအဆင့်မြင့်လေလေ ဝေဖန်မှုကိုပိုမိုသည်းခံလေ ဖြစ်ရပေမည်။ အထူးသဖြင့်နိုင်ငံရေးသမားများက ဝေဖန်ခြင်းကို ပိုမို သည်းခံသင့်သည်။

ပြည်သူ့ဝန်ထမ်းအရာရှိများနှင့် နိုင်ငံရေးသမားများသည် ၎င်းတို့၏ စကားလုံး၊ အပြုအမူတို့အပေါ်အပြစ်ရှာခံရခြင်း၊ ပြင်းထန်သောအငြင်း ပွားမှုများဖြစ်နိုင်ခြင်း၊အခြားအင်မတန်မြင့်မားသည့် ဝေဖန်မှုများ ရှိနိုင်မည်ကိုသိလျက်နှင့် လူများသိသည့်လမ်းကြောင်းကို ရွေးချယ်ခဲ့သူ များ ဖြစ်ကြသည်။

အကယ်၍ ပြည်သူ့ဝန်ထမ်းအရာရှိများ နှင့် နိုင်ငံရေးသမားများကို သာမန် ပြည်သူများနှင့်တန်းတူ အခြေအနေပေးထားပါက ၊ တရား ဥပဒေအရ အရေးယူသည့် ခြိမ်းခြောက်မှုသည် အစဉ်မပြတ်ဖြစ်နေပြီး ဒီမိုကရေစီ၏ အသက်ဖြစ်သော ပြည်သူ့ဝေဖန်ငြင်းခုန်မှုကို ဖုံးလွှမ်းသွားပေလိမ့်မည်။

ပြည်သူ့ဝန်ထမ်းဌာနများ၊ ပြည်သူ့ဝန်ထမ်းအရာရှိများ နှင့် နိုင်ငံရေးသမားများတွင် ဥပဒေကိုမသုံးစွဲဘဲ သတင်းမှားများကို တန်ပြန်နိုင်သောတရားရေးမဟုတ်သည့်ထူးကဲသည့် ရွေးချယ်ခွင့်များရှိကြသည်။ ဒီမိုကရေစီနိုင်ငံများတွင် ၎င်းတို့၏သတင်းထုတ်ပြန်သည့်ဌာနများ၊ အများပြည်သူဆိုင်ရာ သတင်းထုတ်ပြန်သည့် စနစ်များကို အသုံးပြုပြီး ပြန်လည်ဖြေရှင်းနိုင်သလို ၊ အများ ပြည်သူသိမြင်စေမည့် ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်နိုင်သည်။
ထို တရားဥပဒေ မဟုတ်သည့် ရွေးချယ်စရာများသည် အခြားနိုင်ငံများ နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် များပြားကျယ်ပြန့် စွာ ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရသည် ရေဒီယို ရုပ်မြင်သံကြားထုတ်လွှင့်မှုများ အားလုံးကိုထိန်းချုပ်ထားသည်။ ရောင်းအား အကောင်းဆုံးသတင်းစာကိုလည်း အလားတူ ထိန်းချုပ်ထားသည် ။ ထို့ကြောင့် ရှင်းလင်းပြတ်သားသော အချက်မှာ ပြည်သူ့ဝန်ထမ်းဌာနများ၊ အရာရှိများနှင့် နိုင်ငံရေးသမားက အသရေဖျက်ခြင်း ဥပဒေကို အသုံးပြုနေခြင်း က သူတို့၏ ရည်ရွယ်ချက်မှာ မှားယွင်းသော သတင်းအချက်အလက်ကို တုံ့ပြန်ရန်ထက် ၎င်းတို့ကိုဝေဖန်ခြင်းမှကာကွယ် ရန်နှင့် ပြစ်ဒဏ်ပေးရန်သာဖြစ်သည်။

အများပြည်သူအကြားထင်ရှားသူများ (ပြည်သူ့ပုံရိပ်) သည် သာမန်လူများထက် ဝေဖန်မှုများကိုပိုမိုသည်းခံသင့်သည်။

အများပြည်သူအကြားထင်ရှားသူ တစ်ဦးဆိုသည်မှာ သူသည် အများ ပြည်သူသိရှိစေနိုင်သော လုပ်ဆောင်မှုများကို ဆောင်ရွက်သူများ ဖြစ် သည်။ ပုံစံအားဖြင့် စာရေးဆရာ၊ ဂီတပညာရှင်၊ အားကစားသမား၊ ဘာသာရေးခေါင်းဆောင် နှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများတို့ဖြစ် သည်။ သူတို့သည်အများပြည်သူက စိတ်ဝင်စားသူများ ဖြစ်ကြ၏။

ထိုသူများသည် ထင်ရှားသောလူမှုအခြေအနေတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ ပိုင်ဆိုင်ထားသူများဖြစ်သည်။ နိုင်ငံရေးသမားများနည်းတူ ပြည်သူ့ပုံရိပ်ဖြစ်သော ထိုသူတို့သည်လည်း ၎င်းတို့၏စကား၊ အပြုအမူများအပေါ်တွင် အပြစ်ရှာခံရခြင်း၊ပြင်းထန်သောအငြင်းပွားမှု နှင့် တခါတရံအလွန်ပြင်းထန်သော ဝေဖန်မှုများရှိမည်ကို သိလျက်နှင့် ထိုလမ်းကြောင်းရွေးချယ်ခဲ့သူများ ဖြစ်ကြသည်။

ပြည်သူ့ပုံရိပ်တို့၏ ထင်ရှားသော လူမှုအဆင့်အတန်း ဆိုသည်မှာ သူတို့သည် မှားယွင်းသတင်းများကို တုံ့ပြန်ရန် တရားဥပဒေကြောင်း မဟုတ်သော ထူးခြားသည့် ရွေးချယ် နိုင်ချေများရှိကြသည်။ ဥပမာအားဖြင့် သူတို့သည်မီဒီယာများမှ တစ်ဆင့်ပြောနိုင်ကြသည်။ သို့မဟုတ် လူမှုကွန်ယက်ပရိသတ်ဆီသို့ တိုက်ရိုက်ပြောဆိုနိုင်ကြသည်။

ထုချေခုခံမှုများသည် ထိခိုက်မှုအတွက် ယူရမည့် တရားဥပဒေတာဝန်ကို ရှောင်ရန် တရားဝင်လျှောက်လဲချက်များ ဖြစ်သည်။ တရားရုံးတစ်ရုံးတွင် တရားခံ (ထုချေသူ)တစ်ဦးသည် သူ့အားစွပ်စွဲထားသောစွပ်စွဲချက်များကို ခုခံချေပနိုင်သလို၊ တန်ပြန် စွဲချက်တင်နိုင် သည်။ သို့တည်းမဟုတ် စွပ်စွဲချက်များမှန်ကန်စေကာမူ တရားခံ အနေဖြင့် တာဝန်မရှိကြောင်း ခုခံငြင်းဆိုနိုင်သည်။ အောက်ပါထုချေ မှုများ အတွက် တရားခံသည် ပုံမှန်အားဖြင့်သက်သေ အခိုင်အမာ ပြသရန် တာဝန်ရှိပေသည်။

အမှန်တရားသည် ပြီးပြည့်စုံသော ခုခံကာကွယ်မှုဖြစ်သည်

လူတစ်ဦး၏ဂုဏ်သိက္ခာကို တိုက်ခိုက်သောထုတ်ဖေါ်ပြောဆိုချက်တစ်ခုသည် မြှောက်ပင့်ပြောဆိုခြင်း မဟုတ်ရုံမျှဖြင့် အသရေဖျက်ခြင်း မဖြစ်သွားနိုင်ချေ။ အသရေဖျက်သော ထုတ်ဖေါ်ပြောဆိုချက်တစ်ခု ဆိုသည်မှာ ကျိုးကြောင်းပြ ဆင်ခြေမပေးနိုင်သည့် အချက်အလက် မှားယွင်းသော အခိုင်အမာထုတ်ဖော်ပြောဆိုခြင်းတစ်ရပ်ဖြစ်သည်။

တရားခံများသည် ၎င်းတို့၏ အချက်အလက်အခိုင်အမာ ထုတ်ဖော်ခြင်းမှာ မှားသည်ဟုသက်သေမပြနိုင်မချင်း အသရေဖျက်မှုနှင့်ပတ် သက်၍ မည်သည့်အခါမျှတာဝန်မခံရ။ တရားပြိုင်၏ ခုခံကာကွယ် ချေပမှုသည် အမှန်တရားဖြစ်ပြီး၊ယင်းသည်လုံးဝပြီးပြည့်စုံသော ခုခံကာကွယ်ခြင်းပင် ဖြစ်သည်။ (တိုင်တန်းသူတရားလိုမှသာ ယင်းစွပ်စွဲချက်များ မမှန်ကန်ကြောင်း သက်သေပြရမည် ဖြစ်သည်။)

အချက်အလက် အခိုင်အမာပြောဆိုခြင်းမှာ မှားယွင်းကြောင်း သက်သေပြသခြင်းသည် မည်သည့် အသရေဖျက်မှုတွင်မဆို အခြေခံကျသော အချက်ဖြစ်သည်။ ထို့ကြောင့် ယင်းအခိုင်အမာ ပြောဆိုခြင်း သည် မှားယွင်းကြောင်းသက်သေပြရန်တာဝန်သည် တရားစွဲဆိုခြင်း သို့မဟုတ် တရားလိုတွင်သာ ရှိသင့်သည်။

အများပြည်သူအကျိုးစီးပွားပါဝင်ပတ်သက်သော အမှုကိစ္စများတွင်မူ အချက်အလက်အခိုင်အမာထုတ်ဖော်ခြင်းမှာ မှားယွင်းကြောင်း သက်သေပြရန် လိုအပ်သောစံသည် သာမန်အမှုအခင်းများထက် မြင့်မားသင့်သည်။

ဒီမိုကရေစီလူ့အဖွဲ့အစည်းများတွင် ခိုင်မာသော သက်သေပြရန်တာဝန်သည် အထူးသဖြင့် ပြည်သူ့ဝန်ထမ်းအရာရှိများ သို့ မဟုတ် နိုင်ငံရေးသမား ပါဝင်ပတ်သက်သည့် အမှုအခင်းများ တွင် အရေးကြီးလှသည်။ ပြည်သူ့ဝန်ထမ်းအရာရှိများနှင့် နိုင်ငံရေးသမားများသည် ဂုဏ်သိက္ခာရှိငြားလည်း ၊ ပြည်သူများ အနေဖြင့် ၎င်းတို့ပြောသမျှကို သက်သေလိုက်ပြနေရမည်ဆိုလျှင် အများပြည်သူ၏ ဆွေးနွေးငြင်းခုန်မှုကို တားဆီး ဖိနှိပ်ရာသာ ရောက်ပေလိမ့်မည်။ ထိုသို့ ဆောင်ရွက်မည့် အစား ဒီမိုကရေစီနိုင်ငံများတွင် ယေဘုယျအားဖြင့် လက်ခံထားသည်မှာ လူတစ်ဦးသည် အများပြည်သူကိုကိုယ်စားပြုသော အခန်းကဏ္ဍကို ရွေးချယ်ထားခြင်းက ပိုမိုကောင်းမွန်သော အကျိုးစီးပွားအတွက် ဝေဖန်မှုများကိုလက်ခံရန်သဘောတူခြင်းဖြစ်ရာ၊ အချို့သောဝေဖန်မှုများသည် ကြောင်းကျိုးရှိချင်မှပင် ရှိမည်ဖြစ်သည်။

အမြင်သဘောထားအယူအဆများသည် ပြည့်စုံသော ခုခံကာကွယ်မှုဖြစ်သည်

သဘောထားအယူအဆတစ်ခုသည် တစ်စုံတစ်ရာအကြောင်း ဖွဲ့ စည်းထားသော အမြင်တစ်ခုပင်ဖြစ်သည်။ အမြင်အယူအဆ ဟူသည် တိကျသေချာမှု တွင် အားနည်းချက်ရှိသည့်အပြင် အချက်အလက်နှင့် အသိသညာအပေါ်တွင် အခြေခံရန်လည်း မလိုအပ်ချေ ။သဘောထားအယူအဆတစ်ခုသည် လွဲမှားကောင်းလွဲမှား နိုင်သည်။ သို့သော် ယင်းသည် အချက်အလက်အခိုင်အမာပြော ဆိုခြင်း မဟုတ်သည့်အတွက် မှားယွင်းကြောင်း သက်သေမပြနိုင်ပေ။

ထို့ကြောင့်ခုခံချေပသူတရားခံတစ်ဦးသည် အမြင်သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းနှင့် ပတ်သတ်သော အသရေဖျက်မှုအတွက် မည်သည့် အခါမျှ တာဝန်မရှိပေ။ အမြင်သဘောထားကို ထိန်းကြောင်းရန် တရားဥပဒေတွင်လုပ်ပိုင်ခွင့်ကဏ္ဍမရှိပါ။ အကြောင်းမှာ အမြင်သဘောထား အခွင့်အရေးသည် လုံးဝခြွင်းချက်မရှိသည့် အခွင့်အရေး ဖြစ်သောကြောင့်ဖြစ်သည်။

တခါတရံတွင် ထုတ်ဖေါ်ပြောဆိုမှုတစ်ခုသည် သဘောထား အယူအဆလား၊ အချက်အလက် အခိုင်အမာပြောဆိုခြင်းလား ဆိုသည်ကို ခွဲခြားရန် ခက်ခဲသည်။ အထူးသဖြင့် ဟာသများ၊ လှောင်ပြောင်သရော်မှုများ၊ သို့မဟုတ်ပုံကြီးချဲ့ပြောဆိုခြင်းများ အဖြစ်ရည်ရွယ်သော ကိစ္စရပ်များသည် ခွဲခြားရန် ခက်ခဲတတ်သည်။ တချိန်တည်းတွင် အမြင်အယူအဆသည် စော်ကားမှု အရာလည်း မြောက်နိုင်သည်။ ဒီမိုကရေစီစနစ်တွင် သဘောထားအမြင်များသည် စော်ကားသည့်သဘော ဖြစ်နေစေကာမူ ပုဂ္ဂလသဘောဆောင်သော သဘောထား အယူအဆများ ကို မထိန်းချုပ်လိုကြပေ။ အကြောင်းမှာ မည်သည့် အမြင်အယူအဆက လက်ခံနိုင်ဖွယ်ဖြစ်ပြီး၊ မည်သည်က လက်ခံနိုင်ဖွယ် မရှိကြောင်း အစိုးရတစ်ရပ်မှ စတင်ဆုံးဖြတ်လိုက်သည့်အခါ လွတ်လပ်မှုတွင် အန္တရာယ်ရှိလာသောကြောင့် ဖြစ်သည်။

ကျိုးကြောင်းဆီလျော်သော ထုတ်ပြန်ကြေညာခြင်းဆိုင်ရာ အကာအကွယ်

“ကြောင်းကျိုးဆီလျော်သောထုတ်ပြန်ကြေညာချက်” ဆိုသည်မှာ သဘောရိုးဖြင့် ပြုလုပ်သည့်အချက်အလက်အခိုင်အမာပြောဆိုမှုဖြစ်ပြီး၊ နောက်ပိုင်းမှ အမှားဖြစ်သွားသော ထုတ်ပြန်ကြေညာချက်ဖြစ်သည်။

သဘောထားထုတ်ပြန်ချက်ထုတ်ဝေသည့်အချိန်က ရခဲ့သည့် သတင်းအချက်အလက်အပေါ်အခြေခံ၍ ပြုလုပ်လိုက်မိသောကြောင့် ရိုးသားသည့်အမှားအယွင်းဖြစ်ခဲ့ပြီး၊ယင်းကို နောင်သတင်းအချက် အလက်အသစ်ထွက်ပေါ်လာချိန်တွင် ပြန်လည်ပြင်ဆင်ခဲ့ပါက တ ရားခံတို့တွင် အသရေဖျက်မှုအတွက် တာဝန်မရှိပါ။

မီဒီယာများသည် ကျိုးကြောင်းဆီလျော်စွာ ထုတ်ပြန် ကြေညာချက်ဆိုင်ရာ အကာအကွယ်ခုခံချေပချက်ကို မကြာခဏဆိုသလို သုံးလေ့ရှိကြသည်။ ဒီမိုကရေစီနိုင်ငံများတွင် အများပြည်သူသည် အရေးကြီးသော သတင်းများကို ပိုမိုလျှင်လျှင်မြန်မြန်ရရှိရန် မျှော်လင့်ကြသည်။ အဖြစ်ပျက်တစ်ခု ဖြစ်ပျက်နေစဉ်နာရီပိုင်းအတွင်းမှာပင် သတင်းကိုရလိုကြသည်။ ထို့ကြောင့် စာနယ်ဇင်းသမားများသည် အချက်အလက်များကို သေချာစွာ စိစစ်ရန်အချိန်မရကြပေ။ သို့ဖြစ်၍နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ရသောရိုးသားသည့် အမှားများ ဖြစ်ပေါ်ရသည်။စာနယ်ဇင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်သူများအား ယင်းတို့ ၏ မှားယွင်းမှုတိုင်းအတွက်ပြစ်ဒဏ်ချနေလျှင် အချိုးအစား မညီမျှပေ။ ထို့အပြင် ယင်းသည် ကြီးမားသည့် ဆင်ဆာ ထိန်းချုပ်ခြင်းဆီသို့ ဦးတည်သွားလိမ့်မည် ဖြစ်သည်။ အကယ်၍ မီဒီယာများ၊ သတင်းသမားများသည် စွမ်းဆောင်ရည်ကင်းမဲ့မှုကြောင့် ရိုးသားသောမှားယွင်းမှုများ ထပ်ခါထပ်ခါဖြစ်ပေါ်နေပါက စာနယ်ဇင်းကောင်စီကဲ့သို့သော(အစိုးရမဟုတ်သည့်) မိမိဘာသာထိန်းကျောင်းရေးအဖွဲ့များက ထိုမီဒီယာနှင့်ဂျာနယ်လစ်သို့ အရင်းမြစ်များစွာ ထည့်သွင်းမြုပ်နှံရန် လူသိရှင်ကြား တိုက်တွန်းနိုင်သည်။

အခြားသူ၏အဆိုအား ထပ်မံဖေါ်ပြခြင်းဆိုင်ရာ အကာအကွယ်

အခြားသူများအားသတင်းပေးရန်၊ သတင်းမျှဝေရန်၊သို့မဟုတ် မူလပြောဆိုထားသည့် အကြောင်းအရာအားသဘောမတူခြင်းကို ပြ ရန်ဖြစ်စေ တစ်စုံတစ်ဦး ပြောထားသောအရာအား ထပ်မံပြောဆိုဖော်ပြခြင်းကို “သူတစ်ပါး၏စကားများ” ဟု သိကြသည်။

တရားခံမှ အခြားတစ်စုံတစ်ဦး၏ အဆိုကို ထပ်မံဖေါ်ပြပြီး၊ယင်းထုတ်ဖော်ပြောဆိုချက်သည် အများပြည်သူ့အကျိုးစီးပွားဖြစ်ကာ၊တရားခံမှ ယင်းအချက်အလက်ကို ထောက်ခံထားခြင်း မရှိကြောင်း သိသာ ရှင်းလင်းနေပါက တရားခံအနေဖြင့် အသရေဖျက်မှုအတွက် တာဝန်ယူရန် မသင့်ချေ။

စာနယ်ဇင်းသမားများနှင့်သတင်းအစီရင်ခံသူအားလုံးသည် အစီရင်ခံသော အကြောင်းအရာမှာ အများပြည်သူ အကျိုးစီးပွားဖြစ်ပါက ပြည်သူအားလုံး၏ အမြင်များ အဆိုများ အားလုံးကိုခြုံငုံဖော်ပြရန် လူထုမှ မျှော်လင့်ထားကြပြီး၊ထိုသို့လုပ်ဆောင်ရာတွင် သတင်းသမားများသည် အချက်အလက်များမှ ၎င်းတို့ကိုယ်ကို ကင်းကွာခြားနားထားရန် (သို့မဟုတ်) ယင်းအချက်အလက်များ၏ မှန်ကန်မှုကို စစ်ဆေးရန်ကိုမူ မျှော်လင့်မထားကြပါ။

ဒီမိုကရေစီ နိုင်ငံများတွင် လူအများ ပြောဆိုနေကြသည့် အကောင်းအဆိုး နှစ်မျိုးလုံးကို ကြားသိရန်မှာ အများပြည်သူ့ အကျိုးစီးပွားတွင် အပါအဝင်ဖြစ်သည်။ ကျွမ်းကျင်အဆင့် ဖြစ်သော သတင်းစာပညာ၏ အမှတ်လက္ခဏာမှာ ဖြစ်နိုင်သမျှ မျှတမှုဖြစ်စေရန် ဆန့်ကျင်ဘက် အဆိုများကို မိမိတင်ပြချက် တွင်ပါဝင်စေခြင်း ဖြစ်သည်။

အခြားသူ၏အဆိုအား ထပ်မံဖေါ်ပြခြင်းအတွက် ကာကွယ်ချေပမှုသည် တွစ်တာ နှင့် ဖေ့(စ်)ဘွတ်တို့တွင် လူအများမှ သတင်းအချက်အလက်များ ပြန်လည်ကူးယူမျှဝေခြင်း ဖြစ်စဉ်များနှင့် ပိုမိုဆက်စပ်မှုရှိ လာသည်။

သဘောရိုးဖြင့်ထုတ်ပြန်ကြေညာခြင်းဆိုင်ရာ အကာအကွယ်

အမှုမဲ့အမှတ်မဲ့ဖြင့် အသရေဖျက်သည့်သတင်းကိုဖြန့်ဝေခြင်းကိုကူညီခြင်း၊ ထုတ်ဝေပေးခြင်း၊ ထပ်မံဖေါ်ပြခြင်းတို့ကိုပြုလုပ်မိခြင်းသည် “သဘောရိုးဖြင့် ထုတ်ပြန်ကြေညာခြင်း”ပင်ဖြစ်သည်။

တရားခံများသည် ထုတ်ပြန်ကြေညာချက်ကို ရေးသူ (သို့မဟုတ်) အယ်ဒီတာ (သို့မဟုတ်) ထုတ်ဝေသူများမဟုတ်သည့်အပြင်၊ ၎င်း တို့သည် အသရေဖျက်မှုကို ကူညီမျှဝေပေးရာရောက်နေကြောင်း မသိခဲ့လျှင် (သို့မဟုတ်) ထိုမျှဝေရသည့် သတင်းအချက်အလက် ကို ယုံကြည်ရသည့် အကြောင်းပြချက် ရှိနေခဲ့လျှင် အသရေဖျက်မှုအတွက် တာဝန်ခံရန် မလိုအပ်ပါ။

ထိုတာဝန်ခံရန်မလိုအပ်သည့်အထဲတွင် အကြောင်းအရာကို ချုပ်ကိုင်စွက်ဖက်ရန် အခန်းကဏ္ဍမရှိသည့် ဒီဇိုင်နာ၊သတင်းစာရောင်းချသူ နှင့်ကြားခံကုမ္ပဏီများဖြစ်ကြသည့် ပုံနှိပ်လုပ်ငန်းနှင့်အင်တာနက်ဝန်ဆောင်မှုအထောက်အပံ့ပြုသူ(ISPs) များလည်း အပါအဝင် ဖြစ်ပါသည်။

လူမှုကွန်ရက်၊ အင်တာနက် ဝက်ဘ်ဆိုဒ် နှင့် သတင်းစာလုပ်ငန်းများတွင် လူများစွာ ပါဝင်ဆောင်ရွက်လေ့ရှိသည်၊သို့သော် ယင်းတို့အနက် အချို့သာလျှင် အသရေဖျက်မှုအတွက် တာဝန်ရှိသည်။ ဒီမိုကရေစီစနစ်တွင် တာဝန်ယူမှုသည် ကျစ်လစ်ကျဉ်းမြောင်းသည်။ ထိုသို့မဟုတ်ပါက သတင်းဖြန့်ချီရေးတွင် ပါဝင် ဆောင်ရွက်ရသူလူတိုင်းသည် ဆင်ဆာထိန်းချုပ် လာနိုင်သောကြောင့် ဖြစ်သည်။ ဥပမာ- အကယ်၍ သတင်းစာရောင်းသူတွင် တာဝန်ရှိသည်ဆိုပါက အယ်ဒီတာလုပ်သူသည် သတင်းအပုဒ်တိုင်းအတွက် သတင်းစာရောင်းသူ၏ အတည်ပြုချက်ရယူရန် လိုလာလိမ့်မည်။ ဖေ့(စ်)ဘွတ်သည် တာဝန်ရှိသည်ဆိုပါက ၎င်းသည် တင်လာသော သတင်းတိုင်းအတွက်စီစစ်ရန်လိုလာပေမည်။

သဘောတူညီချက်သည် ပြီးပြည့်စုံသော ကာကွယ်ချေပမှု ဖြစ်သည်

လူတစ်ဦးသည် ၎င်းကိုယ်တိုင်၏ မှားယွင်းသောအချက်အလက်များ ပါဝင်သည့် ထုတ်ပြန်ပြောဆိုချက်အား (စကားလုံးဖြင့်ဖြစ်စေ ၊ ပြုမူ ဆောင်ရွက်ချက်ဖြင့်ဖြစ်စေ၊အမူအယာဖြင့်ဖြစ်စေ)ထောက်ပံ့ပေးခြင်း (သို့မဟုတ်) တစ်နည်းနည်းဖြင့် လက်ခံခြင်းကို “သဘောတူညီခြင်း” ဟု သတ်မှတ်ရပေမည်။

တရားခံများသည် အကယ်၍ ယခင်တည်းက သဘောတူညီမှုပြုခဲ့ပြီးဖြစ်သော မှားယွင်းသည့် အချက်အလက် အခိုင်အမာပြောဆိုမှု အတွက်မူ တရားခံများအနေဖြင့် တာဝန်ယူရန်မသင့်ချေ။

လူအများသည် မကြာခဏဆိုသလို ၎င်းတို့အားပြောထားသော အကြောင်းအရာများကို ပြန်ထပ်ပြော၊ ပြန်ထပ် ရေးတတ်ကြသည်။ ဥပမာ- ဒီမိုကရေစီနိုင်ငံများတွင် မီဒီယာများသည် ညီမျှမှုရှိစေရန် သတင်းအကြောင်းအရာ ဖြစ်သော ပုဂ္ဂိုလ်ထံမှ သဘောထားမှတ်ချက် တောင်းခံလေ့ရှိကြသည်။ အကယ်၍ ထို သတင်းအကြောင်းအရာ ဖြစ်သောသူများက သတင်းမှားကို ပေးခြင်း (သို့မဟုတ်) အတည်ပြုခြင်းပြုလုပ်ပြီးပါက ယင်းသည် သဘောတူ လိုက်လျောခြင်း ဖြစ်သည့်အတွက် နောင်တွင် ( ရေးသားဖော်ပြသောသတင်းသမား သို့မဟုတ် သတင်းဌာနအား ) အသရေဖျက်မှုဖြင့် တရားစွဲ၍မရနိုင်ပါ။

ပြီးပြည့်စုံပြီး အရည်အသွေးပြည့်မှီသောအခွင့်ထူးခံခြင်းများ

လွတ်လပ်စွာပြောဆိုနိုင်ခြင်းသည် တရားရုံးနှင့် လွှတ်တော်ကဲ့သို့သော ရွေးကောက်ခံအဖွဲ့များတွင် အပြန်အလှန်လျှောက်လဲဆွေးနွေးကြရာ၌ အလွန်အရေးပါသည်။ တရားရုံးနှင့် ရွေးကောက်ခံအဖွဲ့များတွင် ပြော ဆိုသမျှ အကြောင်းအရာများကို “လုံးဝချွင်းချက်မရှိသော အခွင့်ထူးခံခြင်း” အခြေအနေတစ်ရပ်ကို ပေးအပ်ထားပြီး၊ယင်းကို အများအားဖြင့် ခုခံစွမ်းအားဟု သိထားကြသည်။

တရားခံများသည် လုံးဝချွင်းချက်မရှိသော အခွင့်ထူးခံခြင်း အခြေအနေအောက်တွင်ပြုလုပ်ခဲ့သော ထုတ်ပြန်ချက်အတွက် အသရေဖျက်မှုကို တာဝန်ခံရန် မဖြစ်သင့်ပါ။ ဤအချက်သည် ယင်းအခွင့်ထူးခံ အခြေ အနေအောက်တွင် ပြုလုပ်ခဲ့သော ထွက်ဆိုချက်ကိုပြန်လည် သတင်းတင်ပြရသည့် မည်သည့်မီဒီယာကိုမဆို သက်ရောက်သည်။

အများပြည်သူရှေ့တွင် ပြောဆိုခြင်းများနှင့် ရဲများထံသို့ ရာဇဝတ်မှု အတွက် တိုင်တန်းခြင်းကဲ့သို့သော တရားရုံးနှင့် လွှတ်တော်ရုံး များပြင်ပရှိ ထုတ်ဖေါ် ပြောဆိုမှုများကို တရားရေးရာများအရသော်လည်းကောင်း၊ လူမှုတာဝန်များအရသော်လည်းကောင်း ပြုလုပ်ခဲ့သည်ဆိုပါက ယင်းတို့အတွက် အနည်းငယ် နိမ့်သော “အရည်အသွေးပြည့်အခွင့်ထူး” ကိုပေးအပ်ထားသည်။ အရည်အသွေးပြည့်အခွင့်ထူး အခြေအနေအရ ပြုလုပ်သော ထုတ်ဖေါ် ပြောဆိုချက်များသည်လည်း အမုန်းတရားဖြင့် ဆောင်ရွက်သည် ဟုသက်သေမပြနိုင်သရွေ့ အသရေဖျက်မှုအတွက်တာဝန်မခံရ ပေ။

အကယ်၍ လွှတ်တော်ကိုယ်စားလှယ်များနင့်တရားရုံးများသည် ကန့် သတ်ချက်မရှိ ပွင့်လင်းစွာဖြင့် လျှောက်လဲနိုင်သလို လွတ် လပ်စွာ အပြန်အလှန်ပြောဆိုခွင့်ရပါက သူတို့အလုပ်ကို သူတို့ လုပ်နိုင်လာပေမည်။ ဒီမီုကရေစီနိုင်ငံများတွင် ကန့်သတ်မှု၏ အသေးငယ်ဆုံးသော ခြိမ်းခြောက်မှုသည်ပင်လျှင် မိမိကိုယ်ကို ဆင်ဆာထိန်းချုပ်ဖြတ် တောက်ခြင်း အပြင်၊ ဥပဒေဆိုးများ ကျင့်သုံးခြင်း နှင့် ဆုံးဖြတ်ချက်မှား များဆီသို့ ဦးတည်နိူင်ချေ ရှိကြောင်း ယုံကြည်လက်ခံကြသည်။ တရားရုံးများတွင် လုံးဝ ချွင်းချက်မရှိသောအခွင့်ထူးကို တရားသူကြီးများ၊ ရှေ့နေများ ၊ သက်သေများ၊ ရဲများ နှင့် သက်သေများ၊ ထောက်ပံ့ပေးသော လူများအပေါ်တွင် သက်ရောက်စေသည်။ တရားရုံးများအနေဖြင့် လွှတ်တော်အမတ်များ လွှတ်တော်ထဲတွင် ဆွေးနွေးသည့် ထုတ်ဖော်ပြောဆိုချက်အပေါ် ဘယ်သောအခါမျှ တရားဥပဒေအရ ဆုံးဖြတ်ချက်မချကြောင်း ဒီမိုကရေစီနိင်ငံများက အာမခံလိုကြသည်။

အသရေဖျက်မှုကြောင့် ထိခိုက်နစ်နာမှုများအား တုံ့ပြန်ရာတွင် ပြစ်ဒဏ် နှင့် လျော်စားပြင်ဆင်မှုများကို တရားရုံးများက ပေးအပ်ထားသည်။ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအောက်ရှိ ပြစ်ဒဏ်များကမူ ပုံမှန်အားဖြင့် လူ့အဖွဲ့အစည်းက မလိုလားသော အပြုအမူများကို ကာကွယ်ရန် ရည်ရွယ်ထားသည်။ ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်တွင် ထောင်ဒဏ်နှင့်နိုင်ငံတော် ဘဏ္ဍာအဖြစ် ရောက်ရှိသွားမည့်ငွေဒဏ်တို့ ပါဝင်သည်။

ဒီမိုကရေစီနိုင်ငံများတွင် ရွေးချယ်ခွင့်ပေးသောအခါ အသရေ ဖျက်ခံရသူများသည် ရာဇဝတ်မှုဆိုင်ရာ ဥပဒေကြောင်းထက် တရားမမှုဆိုင်ရာ ဥပဒေကြောင်းအတိုင်းသာရွေးချယ်ကြသည်။ အကြောင်းမှာ နိုင်ငံတော် ဘဏ္ဍာအဖြစ်သို့ရောက်ရှိသွားမည့် ဒဏ်ငွေထက် အသရေဖျက်ခံရခြင်းကြောင့် မိမိတို့ ဖြစ်ပေါ်ခံစားရသည့် ငွေကြေးနစ်နာထိခိုက်မှု အတွက် လျော်ကြေးရလိုသောကြောင့် ဖြစ်သည်။

ရာဇဝတ်မှုဆိုင်ရာအသရေဖျက်မှုဥပဒေများကို တရားမမှု ဆိုင်ရာအသရေဖျက်မှုဥပဒေများဖြင့် အစားထိုးသင့်သည်။

ဒီမိုကရေစီနိုင်ငံများတွင် ရာဇဝတ်မှုဆိုင်ရာ အသရေဖျက်မှု ပြစ်ဒဏ်များကို တရားမျှတမှုမရှိဟု ပိုမိုမှတ်ယူလာကြသည်၊ အဘယ့် ကြောင့်ဆိုသော် ထိုပြစ်ဒဏ်များသည် အချိုးအစား ညီမျှမှုမရှိယုံ မျှမက လိုအပ်မှုလည်းမရှိသောကြောင့်ဖြစ်သည်။

ရာဇဝတ်မှုဆိုင်ရာအသရေဖျက်မှုပြစ်ဒဏ်များသည် အချိုးအစား ညီမျှမှုမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ရဲ နှင့် အစိုးရရှေ့နေများ ပါဝင်မှုအပြင်၊ ကာလရှည်ကြာသော တရားရင်ဆိုင်ရခြင်း၊အချုပ်အနှောင်ခံရခြင်း၊ရာဇဝတ်မှု မှတ်တမ်းဝင်ဖြစ်ခြင်း၊လူမှုရေးဆိုင်ရာ အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်း နှင့် အသက်မွေးဝမ်းကြောင်း မှု ဆုံးရှုံးရခြင်းများသည် ဖြစ်ပေါ်ခဲ့သောထိခိုက်မှုနှင့် နှိုင်းယှဉ်ပါက လွန်မင်းစွာ ခက်ထန်ကြမ်းတမ်းလှသောကြောင့်ဖြစ်သည်။ အာရှတိုက်ရှိ နိုင်ငံများအပါအဝင် နိုင်ငံများစွာက တရားမမှုဥပဒေများ အသုံးပြုခြင်းသည် ဂုဏ်သိက္ခာကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သောကြောင့် ထိုရာဇဝတ်ပြစ်ဒဏ် များသည် လိုအပ်မှုလည်းမရှိပေ။

ထို့ကြောင့် ရာဇဝတ်မှုဆိုင်ရာအသရေဖျက်မှု ဥပဒေများ၏ နေရာတွင် တရားမမှုဆိုင်ရာ အသရေဖျက်မှု ဥပဒေများဖြင့်အစားထိုးသင့်သည်။

လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခြင်းအပေါ်တွင် သိသိသာသာ ဆိုးရွားသော သက်ရောက်မှုများ ရှိလာသောကြောင့် ကမ္ဘာ့ ကုလသမဂ္ဂနှင့် ယူနက်စကိုကဲ့သို့သော နိုင်ငံတကာ အဖွဲ့အ စည်းများက ရာဇဝတ်မှုဆိုင်ရာ အသရေဖျက်မှုဥပဒေများအား ပြစ်တင်ရှုံ့ချမှုများကို တိုးမြှင့် လုပ်ဆောင်လာသည်။ ကမ္ဘာလုံး အတိုင်းအတာအရ ကြည့်လျှင်လည်း ရာဇဝတ်မှုဆိုင်ရာအသ ရေဖျက်မှုအများစုမှာ နိုင်ငံရေးသမားများ၊ ဘာသာရေး ခေါင်း ဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ စသဖြင့် သြဇာအာဏာရှိသူများမှ တရားစွဲဆိုခြင်းဖြစ်ကြပြီး၊ သူတို့သည် တရား ဥပဒေနှင့်ညီသော ဝေဖန်သုံးသပ်မှုကို တားဆီးကြခြင်းသာ ဖြစ်သည်။ တခါတရံတွင် တရားခံများအပေါ်တွင် လက်စား ချေသည့် ပုံစံဖြင့် ရာဇဝတ်မှုဆိုင်ရာဥပဒေများဖြင့် စွဲဆိုခြင်း များလည်း ပြုလုပ်ကြသည်။

ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်များသည် အပြင်းထန်ဆုံးသော အမှုများတွင်သာလျှင် သင့်လျော်မှန်ကန်မှုရှိသည်

ရာဇဝတ်မှုဆိုင်ရာအသရေဖျက်မှုဥပဒေများကို ဆက်လက်ကျင့်သုံး ရန် ရွေးချယ်သော နိုင်ငံများတွင်မူ၊ ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်ကိုအသုံးပြုရာတွင် သိသာထင်ရှားသည့် ပြည်သူ့အကျိုးစီးပွားရှိနေသော အပြင်းထန်ဆုံးအမှုများတွင်သာ အသုံးပြုသင့်ပါသည်။

ရဲများနှင့် အစိုးရရှေ့နေများသည် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်ကို ထောက်ခံပံ့ပိုးခြင်း မပြုသင့်ပါ

တိုင်ကြားသူသည် ပြည်သူ့ဝန်ထမ်းဖြစ်နေသောအခါများအပါအဝင် ရာဇဝတ်ပြစ်ဒဏ်များပါဝင်နေသည့်အမှုများအား ရဲ၊ အစိုးရရှေ့နေ နှင့် အခြားသော ပြည်သူ့ဝန်ထမ်းအရာရှိများမှ အစပျိုးခြင်း၊ တ ရားစွဲဆိုခြင်း မပြုသင့်ပေ။

အဘယ့်ကြောင့်ဆိုသော် ရဲ၊ အစိုးရရှေ့နေများ နှင့် အခြားပြည်သူ့ ဝန်ထမ်း အရာရှိများ၏ ပါဝင်ပတ်သက်မှုသည် တရားခံအတွက် အချိုးအစား မမျှတဘဲ၊ ယင်းသည် အများပြည်သူ ဘဏ္ဍာငွေကို အများပြည်သူအကျိုးစီးပွားမဟုတ်ဘဲ ဖြုန်းတီးခြင်းဖြစ်ကာ၊လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို စိုးရိမ်ကြောက်လန့်ဖွယ်ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်လာစေနိုင်သောကြောင့် ဖြစ်သည်။

ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်ကို အသုံးပြုခြင်းများသည် စံနှုန်း မြင့်မားသည့် သက်သေပြချက်လိုအပ်သည်

ရာဇဝတ်မှုဆိုင်ရာ အသရေဖျက်မှုဥပဒေများကို အသုံးပြုသောအခါတွင် အစိုးရရှေ့နေများမှ သက်သေပြရန်တာဝန်ကိုယူထားရသည်။ တရားစွဲဆိုမှုသည် ကျိုးကြောင်းဆီလျော်သော သံသယများ ဖြစ်သည့် –

  • အချက်အလက်အခိုင်အမာပြောဆိုမှုသည် မှားယွင်းကြောင်း
  • တရားခံသည် မှားယွင်းကြောင်းကိုသိသည် (သို့မဟုတ်) မှန်ကန်ခြင်းကို အဆင်ခြင်မဲ့ အသိအမှတ်မပြုခြင်းအားပြသခြင်းဖြစ်ကြောင်း
  • ထုတ်ဖေါ်တင်ပြချက်သည် တိုင်တန်းသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ကြောင်း

စသည်တို့ထက်ကျော်လွန်ပြီး သက်သေပြရမည်ဖြစ်သည်။

အကျဉ်းချခြင်းသည် မည်သည့်အခါမျှ သင့်လျော်မှန်ကန်မှုမရှိ
အစိုးရရှေ့နေများက သက်သေပြပြီးသော ထိခိုက်မှုပြင်းထန်သည့် အသရေဖျက်မှုများတွင် ဂုဏ်သိက္ခာ ထိခိုက်မှုမည်မျှအထိရှိခဲ့သည် ကို ဂရုမပြုဘဲ တရားရုံးက တရားပြိုင်ဖြစ်သူအား ထောင်ဒဏ်ချမှတ်ခြင်းသည် မည်သည့်အခါမျှလက်ခံနိုင်ဖွယ်မရှိပေ။

ရာဇဝတ်မှုဆိုင်ရာအသရေဖျက်မှုဥပဒေများကို တစ်ချိန်က အချိုးအစားညီညွတ်ပြီး လိုအပ်သည်ဟု သတ်မှတ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အသရေဖျက်ခံရသူသည် ယင်း၏ ထိခိုက်နစ်နာမှုကို ရင်ဆိုင် တိုက်ခိုက်ခြင်းဟူသော အကြမ်းဖက်မှုမှတဆင့် ဖြေရှင်းခဲ့ကြခြင်းကြောင့် အသရေဖျက်မှုဆိုင်ရာအမှုအခင်းများသည် နိုင်ငံတော်၏ အရေးကိစ္စဖြစ်ခဲ့သည်။၂၄ ဒီမိုကရေစိနိုင်ငံများကမူ ထိုအငြင်းပွားမှုများကို ဖြေရှင်းရန် အကြမ်းမဖက်သော ယန္တရားများကိုတည်ဆောက်ခဲ့ကြ ပြီးဖြစ်သည်။ အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်မှု မရှိတော့သဖြင့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေများလည်း မလိုအပ်တော့ချေ ။

ကုစားပြင်ဆင်ခွင့်များသည် ပုံမှန်အားဖြင့် လူပုဂ္ဂိုလ်နှစ်ဦးအကြားရှိ အငြင်းပွားမှုကို ဖြေရှင်းရန် ရည်ရွယ်သည့် တရားမမှု ဥပဒေများတွင် အကျုံးဝင်သည်။ တရားမမှုဆိုင်ရာ ကုစား ပြင်ဆင်ခွင့်များတွင် မှားယွင်းကြောင်း အများသိစေရန်ကြေညာခြင်းနှင့်ဂုဏ်သိက္ခာ ထိခိုက်ခံရသူများကို နစ်နာကြေးပေးခြင်းကဲ့သို့သောအရာများပါဝင်သည်။

လျော်ကြေးမဟုတ်သော ကုစားပြင်ဆင်ခွင့်များသည်လည်း လုံလောက်သော ဖြေရှင်းမှုများဖြစ်လေ့ရှိသည်

ထုတ်ဖေါ်ပြောဆိုမှုတစ်ခုသည် အသရေဖျက်မှုမြောက်ပါက တောင်းပန်စာကို ထုတ်ပြန်ပေးခြင်း၊ တရားရုံးနှင့် စာနယ်ဇင်းကောင်စီမှ ပြု လုပ်ပေးသော အမှားပြင်ဆင်ချက်(သို့မဟုတ်)ဆုံးဖြတ်ချက်စသည် တို့ကို အသရေဖျက်မှုအများစုအတွက် အချိုးအစား ညီညွတ်သော ကုစားပြင်ဆင်ခွင့်အဖြစ် သတ်မှတ်သင့်သည်။

အမှားပြင်ဆင်ချက်၊ တောင်းပန်ခြင်း၊ ဆုံးဖြတ်ချက်တို့အား ထုတ်ပြန်ခြင်းနှင့်ပြန်ကြားခြင်း

အမှား ပြင်ဆင်ချက်တစ်ခုသည် မှားယွင်းသော သတင်းတစ်ခုကို ပြန်လည်ပြင်ဆင်ပေးနိုင်သည်။ တောင်းပန်စာတစ်ခုသည် မှားယွင်း သောသတင်းကြောင့် ဖြစ်ပေါ်သော မည်သည့်ထိခိုက်မှုအတွက်မဆို မှားယွင်းမှု အတွက် ဝမ်းနည်း နောင်တရကြောင်း ကို ဖေါ်ပြသည်။ ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်ပေးခြင်းသည် တရားခံဖြစ်သူသည် အမှားပြုလုပ်ကြောင်း အသိပေးခြင်း တစ်ရပ်ဖြစ်သည်။ ပြန်ကြားခြင်းသည် အသရေဖျက်ခံရသူအတွက် အဘယ်ကြောင့်သတင်းမှားဖြစ်ရခြင်းကို ရှင်းပြနိုင်ရန် အခွင့်အလမ်းရရှိစေသည့်အပြင် ၎င်းတို့အပေါ် သက်ရောက်သည့် မည်သည့်ဂုဏ်သိက္ခာထိခိုက်မှုကိုမဆို ထုတ်ဖေါ်ပြသနိုင်သည်။

အမှားပြင်ဆင်ချက်များ၊တောင်းပန်မှုများ၊ပြန်ကြားချက်များသည် အသရေဖျက်မှုအတွက်သာ ပြန်ကြားပေးရန်လိုအပ်သော်လည်း စိတ်ခံစားမှုထိခိုက်စေမှုများအတွက်မလိုအပ်ပါ။

ပြန်ကြားနိုင်ခွင့်သည် အမှားပြင်ဆင်ချက်များ၊ တောင်းပန်စာများဖြင့် မလုံလောက်သည့် အခြေအနေမျိုးမှသာလျှင် လိုအပ်သည်။ ပြန်ကြားလွှာ တစ်စောင်သည် အသရေပျက်ယွင်းစေခဲ့သော မူလအကြောင်းအရာနှင့် တူညီသော သိသာမြင်သာမှုရှိရမည်။ ဥပမာ-သတင်းစာတွင် အသရေပျက်ယွင်းစေသည့် စာသားပါဝင်ခဲ့သော စာမျက်နှာနေရာမျိုး ဖြစ်သည်။ ရုပ်မြင်သံကြားတွင် ဆိုပါက မူလလွှင့်ထုတ်ခဲ့သော အချိန်ကာလမျိုးဖြစ်သည်။ ဖေ့(စ)ဘွတ်ခ်ဆိုပါကလည်း တူညီသောသတင်း တင်သည့်အခြေအနေမျိုး ကိုဆိုလိုသည်။

ဆုံးဖြတ်ချက်တစ်ခုကိုထုတ်ပြန်ကြေညာရာတွင်လည်း မူလအသရေဖျက်မှု ဖြစ်စဉ်အတိုင်းအလားတူသော သိသာမြင်သာမှုရှိရမည်။

ငွေကြေးအရထိခိုက်မှုသည် အမှန်တကယ် ထိခိုက် နစ်နာသည့်အတိုင်း အချိုးအစားညီညီ တွက်ချက်သင့်သည်

ငွေကြေးမဟုတ်သည့် ကုစားပြင်ဆင်ခွင့်ဖြစ်သည့် လူသိရှင်ကြား ထုတ်ပြန်ကြေညာချက်သည် အသရေဖျက်မှုကြောင့် ပေါ်ပေါက် ခဲ့သော နစ်နာထိခိုက်မှုအတွက် မလုံလောက်မှသာ ငွေကြေးအရ ထိခိုက်မှုကိုတရားရုံးကသာလျှင် ပေးသင့်သည်။

မည်သည့်နစ်နာကြေးပေးလျော်မှုမဆို အချိုးအစား ညီညွတ်ရမည် ဖြစ်ပြီး၊တရားခံအတွက် သိသာသည့်ထိခိုက်မှုမျိုးအဖြစ်ခြိမ်းခြောက်မှု မရှိစေသင့်ပါ။ သို့တည်းမဟုတ် တရားခံတို့၏ အလုပ် ဆက်လက်လုပ်ကိုင်နိုင်စွမ်းကိုလည်း မထိခိုက်စေသင့်ချေ။ တရားရုံးများအနေဖြင့် အခြားသူများထံသို့ စိုးရိမ် ကြောက်လန့်ဖွယ် သက်ရောက်မှုမျိုး မဖန်တီးမိအောင်လည်း သတိပြုရမည် ဖြစ်သည်။
လျော်ကြေးပေးလျော်ရမည့် အတိုင်းအတာကိုပြဌာန်းသည့် တွက်ချက်မှုများကို ဥပဒေတွင် ရှင်းလင်း ပြတ်သားစွာ ဖွင့်ဆိုထားသင့်သည်။ တွက်ချက်မှုသည် ဂုဏ်သိက္ခာပျက်ယွင်းမှု ကြောင့် အမှန်တကယ် နှင့် သက်သေပြပြီးဖြစ်သော ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ နှင့် လူမှုရေးနစ်နာဆုံးရှုံးမှုများကိုသာ ခြုံငုံမိစေရမည်။ ထိခိုက်မှုအတွက် တိကျသော ကန့်သတ်ချက်သည် တိုင်းတာ တွက်ချက်၍ မရသော မည်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုဆိုင်ရာဆုံးရှုံးမှုများအတွက်မဆို သက်ရောက်စေသင့်သည်။

ထိခိုက်ဆုံးရှုံးမှုအတွက် ပေးရန်လျော်ကြေးကို တွက်ရာတွင် အမှားပြင်ဆင်ချက်၊တောင်းပန်ခြင်း၊ ဆုံးဖြတ်ချက်ကို လူသိရှင်ကြားထုတ် ပြန်ခြင်း(သို့မဟုတ်)တုံ့ပြန်ခြင်းများက ထိခိုက်မှု ပမာဏအရွယ်အစားလျှော့ချရာတွင် ကောင်းစွာထင်ဟပ်ခဲ့ကြောင်း သေချာစေရမည် ဖြစ်သည်။

ငွေကြးအရထိခိုက်မှုကိုပြစ်ဒဏ်မပေးသင့်

ငွေကြေးအရ ထိခိုက်မှုအား ပြစ်ဒဏ်ပုံစံမဟုတ်ဘဲ အမြဲဆိုသလို ပေးလျော်စေခြင်းသာ ဖြစ်သင့်သည်။ အသရေဖျက်သူသည် သိသာသော အမုန်း (သို့မဟုတ်) လစ်လျူရှုမှုပါဝင်သည့် အသရေဖျက်ခြင်း ဟု တရားလိုမှ သက်သေပြနိုင်သည့် အထူးအခြေအနေမျိုး တွင်သာ ကန့်သတ်ထားသော ရည်ရွယ်ထားသည့် ထိခိုက်ပျက်စီး မှုများအား ထည့်သွင်းသင့်သည်။

အငြင်းပွားမှုအတွက် မတူကွဲပြားသော ဖြေရှင်းချက်များ ထောက်ပံ့ပေးခြင်း

တရားရုံးများနှင့်တရားဥပဒေများသည် အသရေဖျက်ခံရသည်ဟု တိုင်ကြားလာသူများအား အခြားရွေးချယ်စရာဖြစ်သည့် စာနယ်ဇင်းကောင်စီကဲ့သို့သော အဖွဲ့အစည်းများမှတဆင့် ဖြေရှင်းနိုင်ရန် ကူညီပံ့ပိုးပေးသင့်သည်။ သို့သော် ထိုအဖွဲ့အစည်းများသည် လွတ် လပ်စွာ ထုတ်ဖေါ် ရေးသားပြောဆိုခွင့်အတွက် တရားရုံးများနှင့် တန်းတူ (သို့မဟုတ်) တရားရုံးများထက်ပိုမိုပြီး အကာကွယ်ပေးမှု ကို ထိန်းသိမ်းကြောင်း သေချာစေရမည်။

ဒီမိုကရေစီနိုင်ငံများ တွင် အသရေဖျက်ခံရသူအများစုသည် စာနယ်ဇင်းကောင်စီသို့ တိုင်ကြားခြင်းကို ပိုမိုနှစ်သက်ကြသည်။ အကြောင်းမှာ သူတို့သည်လျှင် လျင်လျင်မြန်မြန်နှင့် စားရိတ်စက နည်းပါးသောကြောင့်ဖြစ်သည်။ တရားရုံးများက မူနှေးကွေးပြီး ဈေးကြီးသည့်ရှေ့နေများ လိုအပ်သောကြောင့်ဖြစ်သည်။

အချိန်ကာလကန့်သတ်ချက်ပြဥပဒေ

စွပ်စွဲထားသောအသရေဖျက်ခြင်းအမှုများကို ဖြစ်ပွားပြီးနောက် ကန့်သတ်ထားသော အချိန် အတိုင်းအတာ တစ်ခုအတွင်းသာ လက်ခံသင့်သည်။ ယင်းကို “အချိန်ကာလကန့်သတ်ချက်ပြ ဥပဒေ” ဟု ခေါ်ဆိုသည်။ ထိုဥပဒေက ဖြစ်ပျက်ခဲ့သည်များကို မေ့လျော့ကောင်း မေ့လျော့နေမည် (သို့မဟုတ်) အချိန်ကာလကြာမြင့်သည်နှင့်အမျှ သက်သေအထောက်များ ပျောက်ဆုံးသွားနိုင်မည့် တရားခံအား အကာကွယ်ပေးထားသည်။

အလျင်အမြန်ဆောင်ရွက်ပေးမှု

တရားမျှတမှုဆိုင်ရာစနစ်အရ တရားခံကို အရေးယူဆောင်ရွက်သည့် အပြုအမူသည် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အား ပြင်းထန်သည့် ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်သက်ရောက်စေနိုင်သည်။ ကာလရှည် ကြာပြီး၊ကုန်ကျစရိတ် ကြီးမားကာ၊ စိတ်ဖိအားများသော တရားရုံးအမှု ကိစ္စများသည် မိမိဘာသာဆင်ဆာထိန်းချုပ်ခြင်းကို ဥပဒေဆိုးတစ်ခု ထက်ပင်ပို၍ တွန်းအားပေးနိုင်သည်။

လူတိုင်းသည် အရည်အချင်းပြည့်ကာ လွတ်လပ် အမှီအခိုကင်းပြီး မျက်နှာမလိုက်သည့် တရားရုံးများကပြုလုပ်သော မျှတပြီး အများ ပြည်သူ လေ့လာကြားသိနိုင်သည့် လျှင်မြန်သောဆောင်ရွက်ပေးမှုကို ခံယူခွင့်ရှိသူများပင် ဖြစ်ကြသည်။

ရာဇဝတ်မှုများတွင် လူတိုင်းသည်အောက်ပါအချက်များရရှိခွင့်ရှိသည်။

  • စွဲဆိုမှုကို အချိန်မဆိုင်းဘဲနှင့် အသေးစိတ်အသိပေးခြင်းရရှိရမည်
  • ခုခံချေပခြင်းအတွက်ပြင်ဆင်ရန်လုံလောက်သောအချိန် နှင့် လိုအပ်ချက်များရရှိစေခြင်း
  • မလျော်ကန်သောနှောင့်နှေးမှုမရှိစေဘဲကြိုးပမ်းစေရမည်
  • ဥပဒေရေးရာအထောက်အကူရှိစေရမည် (လိုအပ်လျှင်အခမဲ့)
  • သက်သေများကိုစစ်ဆေးနိုင်ရမည်
  • အခမဲ့ ဘာသာပြန်တစ်ဦးရရှိရမည်
  • အတင်းအကြပ်စစ်ဆေးခံရခြင်းမရှိစေရ သို့မဟုတ် ပြစ်မှုကို အတင်းဝန်ခံစေခြင်းမရှိစေရ

“အများပြည်သူပါဝင်ပတ်သက်ခြင်းကို တရားစွဲဆိုသည့် မဟာဗျူဟာမြောက် တရားစွဲဆိုမှုများ” (SLAPPs) သည် မိမိကိုယ် ကိုဆင်ဆာထိန်းချုပ်မှုကို တွန်းအားပေးရန် သြဇာအာဏာရှိသောပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက အသုံးပြုသော နည်းဗျူဟာသစ် ဖြစ်သည်။ ထို SLAPPs နည်းဗျူဟာဖြင့် တရားစွဲဆိုခြင်းသည် တရားရုံးများတွင် အနိုင်ရရန်မမျှော်လင့်ထားဘဲ၊ ယင်းအစား တရားခံအတွက် အချိန်ကြာမြင့်စေရန်၊ ကုန်ကျစရိတ်ကြီးမားစေရန် နှင့် စိတ်ဖိအားများစေရန် ရည်ရွယ်သည်။ ထိုကဲ့သိုသော မလိုမုန်းထားသောစိတ်ဖြင့် အသရေဖျက်ခြင်း ဥပဒေကို အလွဲသုံးစားပြုခြင်းက ဆိုးဝါးလှသော ထိတ်လန့်ဖွယ် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ ထိုနည်းကိုသြဇာ အာဏာရှိသူများ ချမ်းသာကြွယ်ဝသောသူများကလူအများအား နှုတ်ပိတ်နေစေရန်အတွက် မကြာခဏ အသုံးပြုကြသည်။

ညီမျှသောအင်အား

အသရေဖျက်မှု တရားလို နှင့် တရားပြိုင်များသည် သူတို့၏အမှုကို လျှောက်လဲရန်အတွက် မျှတသော၊ ညီမျှသော အခွင့်အလမ်းများ ရှိသင့်သည်။ နှစ်ဘက်စလုံးကို သက်သေများခေါ်ခြင်း၊အပြန်အလှန် မေးခွန်းထုတ်ခြင်းများအတွက် ညီမျှသောအခွင့်အလမ်းများပေးထားရမည်။ တရားရုံးသည် ငွေကြေးမတတ်နိုင်သည့်အတွက်ကြောင့် တစ်ဘက်သို့ ထူးထူးခြားခြားနှိမ့်ချခြင်းမပြုမိစေရန် သေချာအောင် လုပ်ဆောင်ရမည်။

အမည်မဖေါ်လိုသည့်ရင်းမြစ်ကို ကာကွယ်ပေးခြင်း

စာနယ်ဇင်းသမားများ နှင့် အများပြည်သူ အကျိုးအတွက် ပုံနှိပ် ထုတ်ဝေသော အခြားသူများသည် သူတို့၏ သတင်းရင်းမြစ်များကို အမည်မဖေါ်ဘဲ လျှို့ဝှက်အတွင်းရေးအဖြစ် သိမ်းဆည်းထားခွင့်ရှိသည်။

အကယ်၍ တရားခံက ယင်း၏ အမည်မဖော်လိုသော သတင်းအရင်းအမြစ်ကို ကာကွယ်လိုလျှင် အချက်အလက် အခိုင်အမာပြောဆိုချက်သည် မှန်ကန်ကြောင်းသက်သေပြပြီးကိုယ်ကျင့် သိက္ခာစောင့်သိသော အခြေအနေတစ်ရပ် ကိုဖန်တီးနိုင်သည်။

အကယ်၍ လုံးဝ လိုအပ်ချက် မဟုတ်လျှင်သော်လည်းကောင်း၊ သတင်းအချက်အလက်ကို အခြားနေရာတွင် ရှာတွေ့နိုင်လျှင် သော်လည်းကောင်း၊ သတင်းရင်းမြစ်ကို ထုတ်ဖော်ခြင်းကြောင့် ဂျာနယ်လစ်များကို ထိခိုက်နိုင်ချေရှိလျှင်သော်လည်းကောင်း၊ သို့မဟုတ် နောက်ပိုင်းတွင် အလားတူရင်းမြစ်များ ရနိုင်ချေကို ကန့်သတ်ချုပ်ချယ်ခြင်း ခံရနိုင်ချေရှိလျှင်သော်လည်းကောင်း သတင်းရင်းမြစ်အပေါ်တွင် မှီခိုနေရသည့် ဂျာနယ်လစ်များနှင့် အခြားလူများသည် ထွက်ဆိုချက်ပေးရန်မလိုအပ်ချေ။

အကောင်းဆုံးအလေ့အထများ

အခြားနိုင်ငံများတွင် ချမှတ်ခဲ့သော ဥပဒေသစ်များနှင့် စီရင်ခဲ့သော ထူးခြားသည့် တရားရုံးအမှုများသည် တရားဥပဒေရေးရာ အရချည်နှောင်မှုမရှိပေ။ သို့သော် ယင်းတို့သည် တိုးတက်မှု အရှိဆုံးသော ဆုံးဖြတ်ချက်များနှင့် ဆွဲဆောင်စည်းရုံးနိုင်မှု အရှိဆုံးသော ကျိုးကြောင်းဆင်ခြင်မှုအဖြစ် ဆွေးနွေးညှိနှိုင်းရန် အသုံးဝင်သောအရင်းအမြစ်များ ဖြစ်ကြသည်။ ထိုကဲ့သို့ သက်ဆိုင်မှုရှိသော စီရင်ချက်ဥပဒေများတင်သွင်းခြင်းအား တရားရုံးကို အသိပညာပေးရန်အလို့ငှာ လက်ခံသင့်ပါသည်။

A defamation law or provision must achieve the correct balance between the right to reputation and the right to freedom of expression in order to ensure democracy can function. A proper balance means that people are not punished when criticising and holding accountable those in power. The globally accepted balance is known as the “international standards” on defamation.

International standards on defamation are built upon a number of sources including the Universal Declaration of Human Rights (UDHR) and the International Covenant on Civil and Political Rights (ICCPR).

For decades, the standards have been elaborated upon in international courts and by international governmental organisations, such as the United Nations. Some of the standards were briefly summarised by the United Nations in 2011 in General Comment number 34.

International standards apply to several parts of the state:

  • Government and the legislature amending and adopting effective, necessary, and proportionate defamation laws
  • Courts applying the law while protecting freedom of expression to the greatest extent possible
  • Police and prosecutors ensuring defamation complaints are in the public interest.

Every international standard included below is a concise explanation of an established international legal norm. Each standard is summarised for brevity, but further details can be supplied to any interested parties.

Defamation laws must comply with the three-part test (see above). They should be designed as narrowly as possible so that that they do not serve, in practice, to stifle freedom of expression.

Defamation laws should only apply to statements that are:

  • False
  • Factual
  • Cause damage
  • And the damage must be to a person’s reputation, which means that the statement must have been seen or heard by others.

Defamation laws should only apply to statements that result in serious harm to a person’s reputation.

The scope of a defamation law is the extent of the area on which it is relevant.

Public bodies should not be allowed to bring defamation suits

This includes ministries, parliament, the judiciary, and the military.

Public bodies do not have a reputation as they are abstract entities without a profit motive and with neither emotional nor financial interests to protect. Public bodies exist for long periods of time and the only real reputation is that of the leaders and other senior decision-makers overseeing the institution. Bringing defamation suits is also a waste of public funds.

When public bodies bring defamation suits, it is almost always to prevent criticism of their performance and leads to a chilling effect on public debate.

Objects and symbols cannot be defamed

This includes flags, religious symbols, national insignia, and constitutions.
Like public bodies, objects and symbols do not have a reputation as they are abstract entities without a profit motive and with neither emotional nor financial interests to protect.

Allegations of defamation of objects or symbols are often smokescreens for stifling legitimate criticism of powerful institutions and their leadership.

Public officials and politicians should tolerate more criticism than ordinary persons

The more senior that they are, the more criticism they should tolerate. Politicians in particular should tolerate more criticism.

Public officials and politicians knowingly choose a public role in which they should expect scrutiny and vigorous debate on their words and actions, some of which will be highly critical.

If public officials and politicians are given similar status to ordinary persons, the constant threat of legal action would stifle the public debate which is vital to a democracy.

Public bodies, public officials, and politicians have significant non-legal options available to counter false information without using the law. In democracies they can use their press offices, public information systems, and issue public statements.

These non-legal options are even greater in Myanmar compared to other countries because the government controls all the broadcasters and the largest-selling newspapers too.It is clear therefore that when public bodies, public officials, and politicians use defamation laws, their aim is not to counter false information, but rather to punish and prevent criticism.

Public figures should tolerate more criticism than ordinary persons

A public figure is someone who engages in actions which generate publicity, such as authors, musicians, sports people, and religious and business leaders. By generating publicity, they become a matter of public interest.

Public figures are people who intentionally have a prominent social status. Like politicians, public figures choose a public role in which they should expect scrutiny and vigorous debate on their words and actions, some of which will be highly critical.

Public figures’ prominent social status means that they also have significant non-legal options available to counter false information. For example, they can speak through the media, or directly to social media audiences.

Defences are legal arguments used to avoid liability. In a court, a defendant may contest allegations made against them, make counter-allegations, or use a defence arguing that even if the allegations are true, the defendant is not liable. For the below defences, a defendant normally holds the burden of proof.

Truth is an absolute defence

Just because a statement attacking a person’s reputation is unflattering does not make it defamatory. A defamatory statement is one which is unwarranted – a false assertion of fact.

Defendants must never be held liable for defamation unless their assertion of fact is proven false. The defence of truth is an absolute and complete defence.

Showing that an assertion of fact is false is fundamental to any defamation case, and therefore the burden of proof should be on the prosecution or plaintiff to prove that the assertion is false.

In cases involving the public interest, the standard of proof required to show that an assertion of fact is false should be higher than in a normal case.

In democracies the burden of proof is particularly important in cases involving public officials or politicians. Although public officials and politicians do have reputations, public debate would be stifled if everybody must prove the truth of everything they say. Instead, democracies generally accept that when a person chooses to take a public role they agree to greater criticism, some of which may be unwarranted, in the interests of the greater good.

Opinion is an absolute defence

An opinion is a view formed about something. It falls short of certainty and may not necessarily be based on fact or knowledge. An opinion may be misguided, but as it is not an assertion of fact, it cannot be proven false.

Therefore, defendants must never be held liable for defamation based on a statement of opinion. The law has no role in regulating opinions as the right to opinion is absolute.

Sometimes it is difficult to determine whether a statement is an opinion or an assertion of fact. This is particularly the case regarding statements intended as jokes, mockery, or exaggerations. At other times, an opinion can be insulting. Democracies prefer not to regulate subjective opinions, even those that are insulting, because of the danger posed to freedom when a government begins to decide which opinions are acceptable and which are not.

Defence of reasonable publication

A “reasonable publication” is a statement that includes an assertion of fact made in good faith but that later turns out to be false.

Defendants should not be held liable for defamation if they made an honest mistake based on information available at the time that they made the statement, and which they later changed after new information came out.

The media often uses the defence of reasonable publication. In democracies, the public expects to receive important news increasingly quickly, often within hours and often while a story is still developing. Therefore, journalists do not have much time to thoroughly verify facts and may make honest mistakes which they later correct. Punishing journalists or human rights defenders for every uncorrected false assertion would be disproportionate and would lead to mass self-censorship. If a media outlet or journalist repeatedly make honest mistakes due to a lack of capacity, a self-regulatory body, such as a press council, could publicly urge them to invest greater resources.

Defence of repeating the words of others

Repeating what somebody else has said in order to inform others, to share news, or in some cases to disagree with the original statement, is known as “words of others”.

Defendants should not be held liable for defamation when it is clear that they are repeating an assertion of fact made by someone else, where the assertion is on something in the public interest, and where the defendant has not supported the assertion.

Journalists and others reporting news are expected to cover people’s assertions when the subject is in the public interest, and in doing so they are not expected to distance themselves from the assertion or check its truthfulness.

In democracies it is in the public interest to hear both the positive and negative things that people say. A sign of good professional journalism is the inclusion of counter-statements to ensure balance wherever possible.

The defence of repeating the words of others has become more relevant due to the ease with which people can share on Facebook and re-tweet on Twitter.

Defence of innocent publication

Unknowingly repeating, publishing, or helping disseminate defamation is known as “innocent publication”.

Defendants should not be held liable for defamation if they were not the author, editor, or publisher of the statement, and they did not know or have reason to believe that they helped share defamation.

This includes people who have no control over content like designers and newspaper sellers as well as intermediary companies like printers and internet service providers (ISPs).

There are often many people involved in newspapers, websites, and social media but only a few are liable for defamation. In democracies liability is narrow because otherwise everyone involved in dissemination would become a censor. For example, if a newspaper seller was liable, an editor would need to get the seller’s approval for every story. If Facebook was liable, Facebook would have to review every post before allowing it.

Consent is an absolute defence

A person who provides or somehow accepts (through words, actions, or behaviour) a statement that includes a false assertion of fact about themselves is regarded as “consenting” to the dissemination of that false assertion of fact.

Defendants should not be held liable for defamation if the subject had previously consented to that false assertion of fact.

People often repeat what they have been told. For example, in democracies media usually request a comment from the subject of their stories in order to be fair and balanced. If the subject gives or confirms false information, then they have consented to it and cannot later bring a defamation case.

Absolute and qualified privileges

The ability to speak freely is so important to debate in courts and elected bodies such as parliament that whatever is said in those courts and elected bodies is given the status of “absolute privilege”, commonly known as immunity.

Defendants should never be held liable for defamation for statements made under absolute privilege. This also applies to any media who report statements made under absolute privilege.

Statements made under a legal, moral, or social duty, but outside of courts and parliament, such as speaking in public meetings or reporting alleged crimes to the police, are given the lesser status of “qualified privilege”. Statements made under qualified privilege are also not liable for defamation unless they are proven to have been made with malice.

MPs and courts can only do their job if they are free to debate and argue openly without restriction. Democracies believe that even the smallest threat of restriction could potentially lead to self-censorship and the adoption and application of bad laws and flawed decisions. In courts, absolute privilege applies to judges, lawyers, witnesses, police, and those giving evidence. Democracies also want to ensure that courts never have jurisdiction over what elected MPs say in parliament.

Sanctions and remedies are given by courts in response to the harm caused by defamation. Sanctions usually fall under criminal laws which are intended to prevent behaviours regarded as undesirable by society. Criminal sanctions include prison sentences and monetary fines that go into the state coffers.

In democracies, when given a choice, people who allege they have been defamed often choose to use civil rather than criminal law because they want any financial damages to come to them rather than being given to the state.

Criminal defamation laws should be replaced with civil defamation laws

Criminal sanctions are increasingly regarded as unjustifiable in a democracy because they are both disproportionate and unnecessary.

Criminal sanctions are disproportionate because the involvement of police and prosecutors, as well as long trials, imprisonment, criminal records, and the resulting social stigma and loss of livelihood are considered overly harsh compared to the harm caused. They are also unnecessary because many countries, including in Asia, have shown that reputations can be effectively protected using civil laws.

Criminal defamation laws should therefore be replaced with civil defamation laws.

International bodies such as the UN and UNESCO increasingly condemn criminal defamation laws because of the significant chilling effect they have on free expression. Globally, the majority of criminal complaints are made by powerful people such as politicians, religious leaders, and business owners, usually to prevent legitimate criticism. Sometimes, criminal cases are brought by the complainant as a form of revenge against the defendant.

Criminal sanctions are only justifiable in the most serious cases

In countries that choose to retain criminal defamation laws, they should only ever be used in the most serious cases where there is significant public interest in using criminal sanctions.

Police and prosecutors should not support criminal sanctions

Police, prosecutors, and other public officials should not initiate or prosecute cases involving criminal sanctions, including when the complainant is a public official.

This is because the involvement of police, prosecutors, and other public officials is considered disproportionate against the defendant, is a waste of public funds for no public benefit, and is likely to lead to a chilling effect on freedom of expression.

Criminal sanctions require a high standard of proof

When criminal defamation laws are used, the prosecution holds the burden of proof. The prosecution must prove beyond a reasonable doubt that:

  • The assertion of fact was false
  • The defendant knew it was false or showed reckless disregard for its truthfulness
  • The assertion was made with the intention of causing harm to the reputation of the complainant.

Imprisonment is never justifiable

In cases where the prosecution has proven defamation which has resulted in serious harm, it is never acceptable for a court to sentence a defendant to imprisonment, regardless of how severe the damage to reputation was.

Criminal defamation laws were once regarded as proportionate and necessary because defamation disputes were a concern of the state as those persons defamed often sought redress through violence, such as by duels. Democracies have since established non-violent mechanisms to deal with such disputes. Without the threat of violence, criminal laws are no longer necessary.

Remedies usually fall under civil laws which are intended to resolve disputes between individuals. Civil remedies include published corrections as well as financial damages that go to the person whose reputation has been harmed.

Non-financial remedies are usually sufficient redress

Where a statement has been found to be defamation, the publication of an apology, a correction, or a judgement made by a court or a press council, should be regarded as a proportionate remedy for most defamation cases.

Correction, apology, publication of a judgement, and reply

A correction fixes mistaken information. An apology expresses regret for any harm caused by that mistaken information. A publication of a judgement is a notice that the defendant has done wrong. A reply is an opportunity for the defamed to explain why information was mistaken and describe any resulting harm to their reputation.

Corrections, apologies and replies are only necessary in response to defamation, not to hurt feelings.

A right of reply is necessary only when a correction or apology was inadequate to restore a damaged reputation. A reply should have similar prominence to the original defamation. For example, in a similar position in a newspaper, a similar time of day on television, or posted with similar importance on Facebook.

Publication of a judgement should also have similar prominence to the original defamation.

Financial damages should be proportionate and calculated according to real harm

Financial damages should only be awarded by a court where they are necessary because publication of a non-financial remedy has not been sufficient to redress the harm caused by the defamation.

Any damages awarded must be proportionate and should never threaten significant harm to the defendant or their ability to continue working. Courts must be careful not to give damages that create a chilling effect on others.

Calculations determining the size of compensatory damages should be clearly defined in law and should only cover the actual and proven physical, financial, and social loss caused as a result of the reputational harm. A strict limit on damages should apply to any unquantifiable physical and social loss.

Calculations of compensatory damages should ensure that any correction, apology, publication of a judgement, or reply is properly reflected in a reduction of the size of the damages.

Financial damages should not punish

Financial damages should almost always be compensatory and not a form of punishment. Limited punitive damages should only be added in very special circumstances where the plaintiff has proven that the defamation included significant malice or negligence.

Supporting alternative dispute resolutions

Laws and courts should support people who claim to have been defamed to seek redress through alternative dispute resolution mechanisms such as press councils. However, those mechanisms must ensure that they maintain the same or higher protection for free expression than courts.

In democracies many people who are defamed prefer complaining to press councils because they are fast and less costly, whereas courts are slow and require expensive lawyers.

Statute of limitations

Cases should only be accepted within a limited period of time after the alleged defamation took place. This is called the “statute of limitations” and protects defendants who may forget what happened or lose evidence over time.

Expeditious treatment

The manner in which defendants are treated by the justice system can have a serious chilling effect on freedom of expression. Long, expensive, and stressful court cases can encourage self-censorship more than a bad law.

Everybody is entitled to expeditious treatment with a fair and public hearing by a competent, independent, and impartial court.

In criminal cases, everybody also has the right to:

  • Be informed promptly and in detail of the charge
  • Have adequate time and facilities to prepare a defence
  • Be tried without undue delay
  • Have legal assistance (free if necessary)
  • Examine witnesses
  • Have a free interpreter
  • Not be compelled to testify against themselves or to confess guilt.

“Strategic lawsuits against public participation” or “SLAPPs” are a new tactic used by powerful people and institutions to encourage self-censorship. SLAPPs are not expected to win in court, but are instead intended to be long, expensive, and stressful for the defendant. Such malicious abuse of defamation laws makes a significantchilling effect and are often used by powerful and wealthy individuals who want to silence debate.

Equality of arms

There should be a fair balance in the opportunities given to both the complainant and the defendant to argue their case. Both should be given equal opportunity to call witnesses and cross examine them too. Courts should also ensure that one side is not significantly undermined by a lack of financial resources.

Protecting anonymous sources

Journalists and others who publish in the public interest have a right to keep their sources of information confidential and anonymous.

Proving that an assertion of fact is true may create an ethical dilemma if a defendant wants to protect an anonymous source.

Journalists and others who rely on sources should not be required to testify unless it is absolutely essential, the information cannot be found elsewhere, and there is no likelihood of harming the journalist or restricting their access to similar sources in the future.

Best practices

New laws and landmark court cases made in other countries are not legally binding but are useful sources to consult on the most advanced decisions and most persuasive reasoning. Courts should accept the submission of such relevant case law in order to educate the court.

.

မြန်မာနိုင်ငံရှိ အသရေဖျက်မှုဥပဒေများကို ဒီမိုကရေစီစနစ်နှင့်အညီ လက်သင့်ခံလောက်ဖွယ် ဖြစ်လာစေရန်အလို့ငှာ ယင်းတို့ကို ပြုပြင်ပြောင်းလဲရာတွင် နည်းလမ်းအမျိုးမျိုးရှိကြသည်။ နည်းလမ်းတစ်ခုစီတွင် အကျိုးကျေးဇူးများ နှင့် စိန်ခေါ်မှုများ လည်းရှိကြသည်။

ပထမဆုံးနည်းလမ်းမှာ တရားမမှုဆိုင်ရာအသရေဖျက်ခြင်းဥပဒေကို အတည်ပြုရန်ဖြစ်သည်။ တရားမမှုဆိုင်ရာ အသရေဖျက်ခြင်းဥပဒေသည် ဂုဏ်သိက္ခာထိပါးခံရသည့် လူများအတွက် လျော်ကြေးရရန် ဆောင်ရွက်ပေးသည့် ယန္တယားတစ်ခုပင် ဖြစ်သည်။ တရားမမှုဆိုင်ရာအသရေဖျက်ခြင်း ဥပဒေသည် ပိုမိုကောင်းမွန်သည့် နည်းလမ်း တစ်ခုဖြစ်ပါသည်။

အကျိုးကျေးဇူးများ

  • အတည်ပြုမည့် တရားမမှုဆိုင်ရာအသရေဖျက်ခြင်းဥပဒေသည် မြန်မာနိုင်ငံရှိ အသရေဖျက်မှုဥပဒေ(၆)ခု၌ ပြစ်မှုဆိုင်ရာအသရေဖျက်မှုပြဌာန်းချက် အားလုံးကို ပယ်ဖျက်ပေးလိမ့်မည်ဖြစ်သည်။ ယင်းက မြန်ဆန်ပြီး ထိရောက်မှုလည်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ရာဇဝတ်မှုဆိုင်ရာအသရေဖျက်မှုပုဒ်မများကို တစ်ခုချင်းစီ ပြုပြင်ပြောင်းလဲရန် မလိုတော့ဘဲ၊ အားလုံးကို တပြိုင်နက်တည်း ပြုပြင်ပြောင်းလဲလိုက်နိုင်သောကြောင့် ဖြစ်သည်။
  • တရားရုံးမှပေးအပ်သော မည်သည့်လျော်ကြေးငွေကိုမဆို နိုင်ငံတော်သို့ပေးရခြင်းထက် တရားစွဲဆိုထားသည့် နစ်နာသူအား ပေးရခြင်းဖြစ်သည်။ ယင်းရရှိသောလျော်‌ကြေးအားဖြင့် နစ်နာသူသည် ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူနိုင်စေလိမ့်မည် ဖြစ်သည်။ 
  • နိုင်ငံတော်အနေဖြင့် ယင်းအမှုကိစ္စတွင် ပါဝင်မှုနည်းပါးလာခြင်းကြောင့် နိုင်ငံတော်၏အသုံးစရိတ်ကို လျော့နည်းလာစေလိမ့်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန်အတွက် ရဲများ၊  တရားရုံးများတွင် အမှုများကို တရားစွဲဆိုရန် အစိုးရရှေ့နေများနှင့် လူများအားနေရာချထားရန် အကျဉ်းထောင်များအား အစိုးရမှလိုအပ်မည်မဟုတ်ပေ။  
  • ၎င်းသည် ပိုမိုထိခိုက်စေသည့် အစိုးရပါဝင် အပြစ်ပေးခြင်းထက် လူထုအား ၎င်းတို့၏ပဋိပက္ခပြဿနာများကို‌ ကိုယ်တိုင်ဖြေရှင်းကြရန် တိုက်တွန်းအားပေးခြင်း ဖြစ်သည်။ 

စိန်ခေါ်မှုများ

  • ဥပဒေအပြည့်အစုံကို ရေးဆွဲအတည်ပြုရန်အတွက် အချိန်ယူရမည်ဖြစ်သည်။ ဥပဒေရေးဆွဲရာတွင် ပွင့်လင်း မြင်သာပြီး သက်ဆိုင်သူများအားလုံး ပါဝင်သော ကောင်းမွန်သည့် ဆွေးနွေးတိုင်ပင်မှု လုပ်ငန်းစဉ်တစ်ခု ဖြစ်လာစေရန် အချိန်ယူဆောင်ရွက်သင့်ပါသည်။  
  • လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုနေကြသော ဂျာနယ်လစ်များ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနှင့် အခြားသူများကို ဒေဝါလီခံသွားရအောင် တရားမမှုဆိုင်ရာ အသရေဖျက်ခြင်းဥပဒေအား ပါဝါရှိသောလူများမှ အလွဲသုံးစားပြုနိုင်ကြသည်။ ထို့ကြောင့် ဥပဒေတစ်ခုကို အလွဲသုံးစားမပြုနိုင်ကြစေရန် သေချာစွာရေးဆွဲကြရမည်ဖြစ်သည်။ ၎င်းတွင် ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီသည့် အကာအကွယ်များအားလုံး ပါဝင်သင့်ပြီး၊ နစ်နာထိခိုက်ဆုံးရှုံးမှုများအပေါ် သင့်လျော်သည့် ငွေဒဏ်ပမာဏ ကန့်သတ်ချက်တစ်ခုရှိရမည် ဖြစ်သည်။

ဒုတိယနည်းလမ်းသည် ရာဇသတ်ကြီးရှိ ပြစ်မှုဆိုင်ရာအသရေဖျက်ခြင်းဥပဒေတွင် ပိုမိုခိုင်မာသော အကာအကွယ်ပေးမှုများထည့်သွင်းပေးရန် ဖြစ်သည်။ နိုင်ငံတကာဒီမိုကရေစီစံနှုန်းများတွင် ဖော်ပြထားသော ခုခံချေပနိုင်သည့် အကာအကွယ်များကို လက်ရှိ ပုဒ်မ (၄၉၉) တွင်ဖော်ပြထားသော ခြွင်းချက်များတွင် အပြည့်အဝထည့်သွင်းနိုင်ရန်အလို့ငှာ ယင်းပုဒ်မ (၄၉၉)အား ပြန်လည်ပြင်ဆင်ရန် လိုအပ်မည်ဖြစ်သည်။ ၎င်းဒီမိုကရေစီစံနှုန်းများရှိ အကာအကွယ်ပေးမှုများတွင် အမှန်တရား၊ ထင်မြင်ယူဆချက်၊ ကျိုးကြောင်းဆီလျော်သော ထုတ်ပြန်ကြေညာချက်၊ အခြားသူ၏အဆိုကို ထပ်မံဖော်ပြခြင်း၊ သဘောရိုးဖြင့်ထုတ်ပြန်ကြေညာချက်၊ ပြန်လည်ဖော်ပြရန် သဘောတူညီမှု ပေးခြင်းနှင့်၊ ပြီးပြည့်စုံပြီး အရည်အသွေးပြည့်မီသော အခွင့်ထူးခံခြင်းများ ပါဝင်သည်။ (ဤခုခံကာကွယ်ခွင့်များ နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက FEM မှထုတ်ဝေထားသော “အသရေဖျက်ခြင်းဆိုတာဘာလဲ။ နိုင်ငံတကာ စံနှုန်းများနှင့်မြန်မာနိုင်ငံ၏ဥပဒေမူဘောင်” တွင်ကြည့်ရှုပါ။ )

အကျိုးကျေးဇူးများ

  • ပိုမိုခိုင်မာအားကောင်းသည့် ခုခံကာကွယ်မှုများသည် တရားစွဲခံထားရသည့်လူကို အဖမ်းခံရစဉ်နှင့် စွဲချက်တင်ခံရချိန်တွင် ၎င်းတို့ကိုယ်တိုင်ခုခံကာကွယ်နိုင်စေလိမ့်မည်ဖြစ်ပြီး၊ သို့မှသာ တရားစွဲဆိုသည့်အမှုများကို  ရဲနှင့်အစိုးရရှေ့နေများမှ၊ သို့မဟုတ် တရားရုံးများမှ ပယ်ချမည်ဖြစ်သည်။ 
  • အခြားပြစ်မှုဆိုင်ရာ အသရေဖျက်ခြင်းပုဒ်မ (၅) ခုဖြင့် တရားစွဲဆိုခံရသည့်အခါ တရားစွဲဆိုခံထားရသူမှ ရာဇသတ်ကြီးတွင်ပြဌာန်းထားသော ပုဒ်မ ၄၉၉ ပါ ခုခံကင်းလွတ်ခွင့်များကို အသုံးပြုနိုင်သည်ဟု ဆိုထားသည်။ ထို့ကြောင့် ရာဇသတ်ကြီးဥပဒေရှိ ပိုမိုခိုင်မာသောခုခံကာကွယ်ကင်းလွတ်ခွင့်များသည် အခြားသော အသရေဖျက်မှု ပြဌာန်းချက်များ အားလုံးနှင့်သက်ဆိုင်သည်။
  • ပိုမိုခိုင်မာအားကောင်းသော ခုခံကာကွယ်ခွင့်များကို ရေးသားဖော်ဆောင်သည့်လုပ်ငန်းစဉ်သည် အခြားသော ဥပဒေများရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ပိုမိုအားကောင်းသော အကာကွယ် အရံအတား တိုးမြှင့်ဖော်ဆောင်ရေးကို အားပေးနိုင်မည် ဖြစ်သည်။

စိန်ခေါ်မှုများ

  • မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် အခြားသူများအတွက် ကြောက်လန့်စိုးရိမ်စရာအကျိုးသက်ရောက်မှုမှာ ထောင်ချခြင်းဖြင့်ခြိမ်းခြောက်မှုမျိုးကြောင့် သာမက နိုင်ငံတော်မှ ဖိအားပေးသည့် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုမှုများ၏ ခြိမ်းခြောက်မှုများကြောင့်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အသရေဖျက်ခြင်းဆိုင်ရာပြစ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် သိသိသာသာ နှေးကွေးနေပြီး ထိရောက်မှုလည်းမရှိပေ။ ပိုမိုအားကောင်းသောအကာအကွယ်ပေးမှုများကို   ထည့်သွင်းရုံမျှဖြင့် အဆိုပါပြောင်းလဲမှုများကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။ 
  • လက်တွေ့တွင် အခြားအသရေဖျက်မှုဥပဒေ(၅)ခုဖြင့် စွဲခံရသော ပြစ်မှုများတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ခုခံကင်းလွတ်ခွင့်များကို ထည့်သွင်း စဉ်းစားခြင်း ရှိ မရှိ မသေချာပေ။ အကယ်၍ လက်ရှိပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ ခုခံကင်းလွတ်ခွင့်များကို ယနေ့ခေတ်တွင် စနစ်တကျ အသုံးပြုနိုင်ခြင်းမရှိပါက ၎င်းတို့ကို ပိုမို အားကောင်းလာအောင် ခုခံကာကွယ်ခွင့်များ ထပ်မံထည့်သွင်းခြင်းက အမှန်တကယ် လိုလားနေသည့် အကျိုးသက်ရောက်မှုများ ပေးစွမ်းနိုင်မည် မဟုတ်ပေ။

တတိယနည်းလမ်းသည် မြန်မာနိုင်ငံ၏ပြစ်မှုဆိုင်ရာ အသရေဖျက်မှု ဥပဒေများမှ ထောင်ဒဏ်အားလုံးကို ဖယ်ရှားပစ်ရန်ဖြစ်သည်။ ၎င်းသည် အသရေဖျက်မှုဥပဒေတစ်ခုစီမှ ထောင်ဒဏ်အပြစ်များကို ရာဇဝတ်မှု စာရင်းမှဖယ်ရှားပြီး၊ ငွေဒဏ်သာထားရှိနိုင်ရန် ယင်းဥပဒေများကို ပြင်ဆင်နိုင်သည့် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲရန်လိုအပ်သည်။ 

အကျိုးကျေးဇူးများ

  • အမှုများအားလုံးတွင် အသရေဖျက်မှုများအတွက် ထောင်ချခြင်းသည် အလွန်ပင် အချိုးအစားမျှတမှု မရှိပေ။ မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာအသရေဖျက်မှုဥပဒေ(၆)ခုမှ ထောင်ဒဏ်များကို ဖယ်ရှားခြင်းသည် စာနယ်ဇင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် အခြားလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးနေကြသူများအပေါ် ကျရောက်မည့် ထိတ်လန့်ဖွယ်သက်ရောက်မှုများအား သိသိသာသာ လျော့ကျသွားစေမည်ဖြစ်သည်။ 
  • ထောင်ဒဏ်အစား အချိုးအစားညီညွှတ်မျှတမှုရှိသော ငွေဒဏ်ဖြင့်အစားထိုးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်အပေါ်  ခြိမ်းခြောက်နေသော အကျိုးဆက်များကို လျော့နည်းစေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားခံများကို ထောင်ချခံရမှု မရှိတော့ခြင်းသည် စာနယ်ဇင်းသမားကဲ့သို့သူများအား ငွေဒဏ်ဖြင့် ပြစ်မှုစီရင်ပြီးသည့်နောက် ၎င်းတို့၏ အလုပ်ကိုဆက်လက် လုပ်ကိုင်နိုင်စေမည် ဖြစ်သောကြောင့် ဖြစ်သည်။ 
  • ထောင်ဒဏ်အား အချိုးအစားညီညွှတ်မျှတသည့် ဒဏ်ငွေဖြင့်အစားထိုးခြင်းသည် ထောင်ဒဏ်ကြောင့် ကုန်ကျခံနေရသော နိုင်ငံတော်၏အသုံးစရိတ်ကို လျှော့ချသွားနိုင်မည်ဖြစ်သည်။ 

စိန်ခေါ်မှုများ

  • အသရေဖျက်မှုကြောင့်ရရှိလာသော ပြစ်မှုဆိုင်ရာမှတ်တမ်းသည် အချိုးအစားညီမျှမှုမရှိပေ။ ပြစ်မှုမှတ်တမ်းသည် လူတစ်ဦးအား ၎င်းတို့၏လူမှုအဆင့်အတန်းကိုထိခိုက်စေခြင်း (သို့မဟုတ်) အလုပ်အကိုင်ရှာဖွေခြင်းကို ထိခိုက်စေခြင်းအားဖြင့် ဆိုးကျိုးများသက်ရောက်စေသည်။
  • များပြား၍ အချိုးအစားညီမျှမှုမရှိသောဒဏ်ငွေသည် တရားခံအတွက် ပေးဆောင်နိုင်စွမ်းမရှိလျှင် ပြဿနာဖြစ်လာနိုင်သည်။ အကယ်၍ ၎င်းတို့မှမပေးနိုင်လျှင် ပေးဆောင်ရန်ပျက်ကွက်မှုအတွက်  ထောင်ဒဏ်ဖြင့် ခြိမ်းခြောက်ခံရမှုများရှိနေဆဲပင်ဖြစ်သည်။ 
  • မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အခြားသူများအတွက် ကြောက်လန့်စိုးရိမ်စရာအကျိုးသက်ရောက်မှုမှာ ထောင်ချခြင်းဖြင့်ခြိမ်းခြောက်မှုမျိုးကြောင့်သာမက နိုင်ငံတော်မှ ဖိအားပေးသည့် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုမှုများ၏ ခြိမ်းခြောက်မှုများကြောင့် လည်းဖြစ်သည်။ 
  • ဥပဒေ(၆)ခုကို ပြုပြင်ပြောင်းလဲပြင်ဆင်ရာတွင် အောင်မြင်မှုရရှိရန် သိသာထင်ရှားသည့် အချိန်နှင့် နိုင်ငံရေးစွမ်းအင်တို့ကို ထုတ်ယူအသုံးပြုရမည် ဖြစ်သည်။

စတုတ္ထမြောက် နည်းလမ်းမှာ “ရည်ရွယ်ချက်ရှိရှိဖြင့် ပြင်းထန်သော အသရေဖျက်မှုများ” ကိုသာ ပြစ်မှုဆိုင်ရာအသရေဖျက်မှုဥပဒေ ၆ ခုက သက်ရောက်နိုင်ရန် အကန့်အသတ်ထားရှိလျက် ယင်းဥပဒေများကို ပြင်ဆင်ရမည့် နည်းလမ်းဖြစ်သည်။  ၎င်းသည် “အသရေဖျက်မှု” စကားစု တစ်ခုချင်းစီအရှေ့တွင် “ရည်ရွယ်ချက်ရှိရှိနှင့်ပြင်းထန်သော” ဟူသည့်စကားစုကို ထည့်သွင်းပေးရန်အတွက် ဥပဒေများ ၆ ခုလုံးကို ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ရပ် လိုအပ်မည်ဖြစ်သည်။

အကျိုးကျေးဇူးများ

  • ဥပဒေတွင် “တမင်ရည်ရွယ်ချက်ရှိရှိဖြင့်” ဟူသောစကားစုကိုထည့်သွင်းခြင်းသည် တိုင်ကြားခံရသူမှ ရည်ရွယ်ချက်ရှိရှိဖြင့် တိုင်ကြားသူအား အသရေဖျက်ခဲ့သောကြောင့် တိုင်ကြားသူဘက်မှ သက်သေပြရမည့် ဥပဒေဆိုင်ရာအနိမ့်ဆုံးလိုအပ်ချက်ကို ဖန်တီးပေးပါသည်။ အဆိုပါ တရားစွဲဆိုမှုတွင် အသရေဖျက်မှုသည် အန္တရယ်ရှိခဲ့ကြောင်း နှင့် မတော်တဆ သို့မဟုတ် ထိုပြောဆိုရေးသားခဲ့သည့် အချိန်၊ အခြေအနေတို့နှင့် လျော်ညီသည့် မှတ်ချက်ပေးခြင်းမျိုးမဟုတ်ကြောင်း ပြသရန်လည်း လိုအပ်မည်ဖြစ်သည်။ ၎င်းသည် အမှုအရေအတွက်များ သိသိသာသာလျော့ကျလာမည်ဖြစ်ပြီး၊ အဆိုးဆုံးအမှုများသာ တရားရုံးသို့ ရောက်လိမ့်မည် ဖြစ်သည်။ 
  • ဥပဒေတွင် “အပြင်းအထန်”ဟူသောစကားစုထည့်သွင်းခြင်းသည် အသရေဖျက်မှုသည် အမှန်တကယ်အန္တရာယ် ဖြစ်စေခဲ့ကြောင်း တိုင်ကြားသူမှ ပြသရမည့် ဥပဒေဆိုင်ရာအနိမ့်ဆုံးလိုအပ်ချက် ဒုတိယအချက်ကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ အဆိုပါတရားစွဲဆိုမှုတွင် ထိခိုက်မှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း ယူဆရုံထက် ထိခိုက်မှု အတိုင်းအတာ ကိုသက်သေပြရန် လိုအပ်မည်ဖြစ်သည်။ ၎င်းသည် အမှုအရေအတွက်ကိုလည်း လျော့နည်းစေပြီး အထူးသဖြင့် အမှန်တကယ်ဂုဏ်သိက္ခာထက် ခံစားချက်ကိုသာ ထိခိုက်စေသည့် အမှုများကို ဖယ်ရှားပေးလိမ့်မည်ဖြစ်သည်။  

စိန်ခေါ်မှုများ

  • မြန်မာနိုင်ငံတွင် ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်နေသည့် အသရေဖျက်မှုဆိုင်ရာ ပြစ်မှုဥပဒေများ ကျန်ရှိနေနိုင်သေးသည်။ 
  • အချိန်ကြာလာသည်နှင့်အမျှ တရားရုံးများတွင် အဆိုပါဥပဒေကြောင်းအရ ပြသရမည့် လိုအပ်ချက်နှစ်ခုမှာ လျစ်လျူရှုခံလာရနိုင်ပြီး အားနည်းသွားနိုင်သည်။ ယင်းကဲ့သို့သော အတွေ့အကြုံကို ရာဇသတ်ကြီးဥပဒေရှိ အသရေဖျက်ခြင်းဆိုင်ရာ ခုခံချေပကာကွယ်ပိုင်ခွင့်များနှင့် စပ်လျဉ်းပြီး တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ လက်တွေ့တွင် ယင်းခုခံကာကွယ်ကင်းလွတ်ခွင့်များသည် လစ်လျှူရှုထားခံရခြင်း သို့မဟုတ် ခုခံကာကွယ်ခွင့်အဖြစ် အသုံးမပြုနိုင်ဘဲ အားနည်းသွားခြင်းတို့ ဖြစ်ပေါ်နေပါသည်။
  • ဥပဒေ(၆)ခုကိုပြုပြင်ပြောင်းလဲပြင်ဆင်ရာတွင် အောင်မြင်မှုရရှိရန် သိသာထင်ရှားသည့် အချိန်နှင့် နိုင်ငံရေးစွမ်းအင်တို့ကို ထုတ်ယူအသုံးပြုရမည် ဖြစ်သည်။

Myanmar has different options to reform its defamation laws in order to make them acceptable in a democracy. Each option has its benefits and challenges.

The first option is to adopt a Civil Defamation Law. A Civil Defamation Law is a mechanism for people whose reputations have been harmed to get compensation. A Civil Defamation Law is the preferred option.

Benefits

  • The law would repeal all criminal defamation provisions in Myanmar’s six defamation laws. It is fast and effective because it instantly repeals those provisions without needing to amend each law individually.
  • Any compensation awarded by the court goes to the plaintiff rather than to the State. This enables the plaintiff to repair their reputation with the compensation that they receive.
  • It reduces State expenditure because the State is less involved in the case. The State does not need police to investigate the allegations, prosecutors to fight the case in court, or prisons to house people.
  • It encourages people to solve conflict themselves, rather than involve the punitive State.

Challenges

  • Adopting a full law takes time. It should take time to ensure a proper process of open consultation that has involved all stakeholders.
  • A Civil Defamation Law can be misused by powerful people to bankrupt journalists, human rights defenders, and others who use their right to freedom of expression. Therefore a law must be drafted well in order to ensure it is not misused. It should include all the defences necessary under democratic standards and there must be an appropriate limit on damages.

The second option is to add stronger defences to the Penal Code. This would require amending Article 499 to revise the exceptions listed within to fully include those defences listed in international democratic standards. They include the defences of: truth, opinion, reasonable publication, repeating the words of others, innocent publication, consent, and absolute and qualified privilege. (See FEM’s publication, “Defamation? International Standards and Myanmar’s Legal Framework” for further information on these defences.)

Benefits

  • Stronger defences would enable defendants to defend themselves when arrested or charged, so that cases are either dropped by the police and prosecutors or rejected by the courts.
  • Defendants can allegedly use the defences in the Penal Code when defending themselves against charges brought under any of the other five criminal defamation laws. Therefore stronger defences in the Penal Code could apply to all other defamation provisions.
  • The process of developing stronger defences could encourage the development of stronger safeguards for freedom of expression in other laws.

Challenges

  • The chilling effect on journalists, human rights defenders and others in Myanmar comes not only from the threat of imprisonment, but also from the threat of being investigated and prosecuted by a heavy-handed State. Criminal defamation cases are notoriously slow and inefficient in Myanmar. Adding stronger defences may not result in this changing.
  • In practice, it is unclear whether the Penal Code defences are properly considered in cases filed under the other five laws. If the current Penal Code defences are not properly used at this time, then strengthening them may not have the desired effect.

The third option is to remove all prison sentences from Myanmar’s criminal defamation laws. This would require a bill to amend the laws so that in each the defamation provision is removed from the list of crimes punishable by prison, leaving it only punishable by fines.

Benefits

  • Imprisonment for defamation is extremely disproportionate in all cases. Removing prison sentences from Myanmar’s six criminal defamation laws would significantly reduce the chilling effect that the laws have on journalists, human rights defenders, and others exercising their right to freedom of expression.
  • Replacing imprisonment with proportionate fines would also have a less negative effect on freedom of expression because defendants would not be imprisoned and therefore would be able to continue to work as journalists etc. after being convicted.
  • The replacement of imprisonment with proportionate fines would reduce the State’s expenditure on prisons.

Challenges

  • A criminal record for defamation is still disproportionate. Criminal records affect a person negatively such as by undermining their social status or damage their ability to find employment.
  • A large and disproportionate fine could be problematic to a defendant if they do not have the ability to pay it. If they do not pay it, they would still be threatened with imprisonment for failure to pay.
  • The chilling effect on journalists, human rights defenders and others in Myanmar comes not only from the threat of imprisonment, but also from the threat of being investigated and prosecuted by a heavy-handed State.
  • Reforming six laws takes significant time and political energy to achieve.

The fourth option is to amend the six criminal defamation laws so that they apply only to “deliberate and serious defamation”. This would require a bill to amend the laws so that in each, the phrase, “deliberate and serious” is added before each, “defamation”.

Benefits

  • Adding “deliberate” to the law creates a threshold where it must be proved that a defendant intentionally defamed a complainant. The prosecution would need to show that the defamation was malicious, and not just accidental or a fair comment on what was known at the time. This would significantly reduce the number of cases so that only the worst examples got to court.
  • Adding “serious” to the law creates a second threshold where it must be proved that the defamation resulted in real harm. The prosecution would need to measurably prove that harm, rather than just assuming some harm had occurred. This would also reduce the number of cases, and in particular remove cases in which feelings were harmed rather than actual reputations.

Challenges

  • Criminal defamation laws would still exist in Myanmar, which is against democratic standards.
  • There is a risk that the two thresholds are ignored or weakened in courts over time. This has been seen in relation to the defamation defences in the Penal Code which in practice seem to have been ignored or weakened in courts over time.
  • Reforming six laws takes significant time and political energy to achieve.

မြန်မာနိုင်ငံသည် အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို အသုံးပြုရာတွင် အသစ်အသစ်သော၊ ပိုမိုအားကောင်းသော စိန်ခေါ်မှုများနှင့် ကြုံရဖွယ်ရှိသည်။ ယင်းစိန်ခေါ်မှုများကို အလားတူ အခြားနိုင်ငံများ၌လည်း ကြုံတွေ့ခဲ့ပြီးဖြစ်သလို ယင်းနိုင်ငံများကလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တုံ့ပြန်ဖြေရှင်းခဲ့ကြသည်။ အသရေဖျက်မှုဆိုင်ရာမူဘောင် ပြုပြင်ပြောင်းလဲရေးတွင် ယင်းအချက်ကို ထည့်သွင်းစဥ်းစားပြီး ပြင်ဆင်ထားသင့်သည်။ အောက်ပါတို့ ပါဝင်သည်။

“ပြည်သူလူထုပါဝင်မှုနှင့် ဆန့်ကျင်သည့် ဗျူဟာကျကျ တရားစွဲဆိုမှုများ (Strategic Lawsuits Against Public Participation)” [SLAPPs] များသည် အနိုင်အထက်ပြုလုပ်ရန်နှင့် မိမိကိုယ်ကိုယ်ဆင်ဆာဖြတ်တောက်ခြင်းကို အားပေးရန် အသရေဖျက်မှု ဥပဒေများကို အသုံးချသည့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သောနည်းလမ်း ဖြစ်သည်။ တရားစွဲဆိုသူများသည် တရားခွင်၌ အမှုနိုင်ရန်ထက် တစ်ဖက်သားကို ကြောက်လန့်စေရန်နှင့် မပြောရဲမဆိုရဲ ဖြစ်စေလိုသည့် ရည်ရွယ်ချက်ရှိသည်မှာ ထင်ရှားသည်။ များသောအားဖြင့် တရားစွဲဆိုသူများသည် တရားစွဲခံရသူများထက် ပိုချမ်းသာပြီး ရှုပ်ထွေး၍ ရှည်ကြာသောအမှုများကို ရင်ဆိုင်ရန် ငွေကြေးအားဖြင့် တတ်နိုင်ကြပြီး တရားစွဲ ခံရသူဘက်က အမှုပြီးစီးရန် ၎င်းဘက်မှ ရုတ်သိမ်းရခြင်း(သို့) တောင်းပန်းခြင်း ပြုလုပ်ရလေ့ရှိသည်။ နိုင်ငံအများအပြားတွင် SLAPP များကို ပိတ်ပင်တားမြစ်ထားပြီး တရားရုံးများကလည်း တရားဥပဒေအရ မှတ်ကျောက်တင်ခံနိုင်မှုမရှိသည့် အမှုများနှင့် အနိုင်အထက်ပြုလုပ်လိုသည့် ရည်ရွယ်ချက် ထင်ရှားပေါ်လွင်မှုမရှိသော အမှုများကို စစ်ဆေး ပယ်ချတတ်ကြသည်။

မသမာသော စီးပွားရေးလုပ်ငန်းအချို့သည် တရားစွဲရန် စရိတ်ကြီးကြီးမားမားရှိပြီး မျှတမှုမရှိသည့် ပြင်းထန်သော အသရေဖျက်မှု ဥပ‌ဒေများကို အသုံးပြုကာ အမှုကြီးများ သို့မဟုတ် ထပ်ခါထပ်ခါ အမှုများ ဖွင့်တတ်ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဝေဖန်မှုများကို အပြစ်ဒဏ်ပေးရန်နှင့် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာဖြတ်သည့် အလေ့အထ အားကောင်းလာစေဖို့ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ထိုလုပ်ငန်းများအကြောင်းကို ပြည်သူလူထုက သတင်းစာမျက်နှာပေါ်တွင် ကောင်းစွာမသိရှိရသဖြင့် ကျင့်ဝတ်မစောင့်ထိန်းဘဲ တရားဥပဒေမဲ့စွာ လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်ကြသည်။ ထို့အတွက် ပြည်သူကို အသိပေးလှုံ့ဆော်မှု လုပ်ရန် ကြိးစားသူတိုင်းသည်လည်း စီးပွားရေးချွတ်ချုံကျသည့်အထိ မဖြစ်လျှင် အပြင်းအထန် ထိခိုက်ခံစားရသည့်အထိ ရင်ဆိုင်ရတတ်သည်။ အချို့နိုင်ငံများတွင် ဤကိစ္စရပ်များကို ဖြေရှင်းရန်အတွက် စီးပွားရေးလုပ်ငန်းများမှ အသေရေဖျက်မှုဖြင့် တရားစွဲမည်ဆိုပါက ခွင့်ပြုချက်ကြိုတင် တောင်းခံရမည်ဟု ချမှတ်ထားသည်။ အချို့နိုင်ငံများတွင်လည်း တိုင်ကြားသူဘက်က သိသာထင်ရှားသော ထိခိုက်နစ်နာမှုကို မဖြစ်မနေ ဖော်ပြ ရသည့် “ခိုင်မာသည့် ဘဏ္ဍာရေးဆုံးရှုံးမှု”အတွက် သတ်မှတ်စံတစ်ခုကို ပြဌာန်းထားသည်။

ရာဇဝတ်သင့်သော အသေရေဖျက်မှုဥပဒေများကို ထောက်ခံသူများ မကြာခဏ ငြင်းချက်ထုတ်လေ့ရှိသောအချက်မှာ ရှေ့နေ မငှားနိုင်သော ပြည်သူအများအပြားသည် တရားမ တရားရုံးများတွင် တိုင်ကြားရန် ငွေကြေးမတတ်နိုင်ကြ ဟူသော အချက် ဖြစ်သည်။ လူတိုင်း ဆင်းရဲချမ်းသာမရွေး မည်သည့်နည်းလမ်းဖြင့်မဆို တရားမျှတမှု ရရှိပိုင်ခွင့်ကို ဖြည့်ဆည်းလိုသည်မှာ ကောင်းမွန်သော ရည်ရွယ်ချက် ဖြစ်သည်။ သို့သော် ရာဇဝတ်သင့်သည့် အသရေဖျက်မှု တိုင်ကြားချက်အများစုကြီးမှာ ပါဝါအာဏာရှိသူများက တိုင်ကြားခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသော (သို့) ဘေးထုတ်ခံထားရသော ပြည်သူများက တိုင်ကြားခြင်း မဟုတ်ပေ။ ယင်းကဲ့သို့ ပါဝါအာဏာရှိသောသူများသည် ရှေ့နေငှားရန်အတွက် လုံလောက်သော ကြွယ်ဝမှုရှိကြသည်။ ၎င်းတို့၏ အမှုများတွင် နိုင်ငံတော်က လစာပေးထားသော ဥပဒေအရာရှိက ကူညီပေးသည့်အတွက်လည်း မျှတမှု မရှိသည့်အပြင် နိုင်ငံတော်အသုံးစရိတ်ကိုလည်း ပွန်းပဲ့စေသည်။

တရားစွဲသူများသည် ထိခိုက်နစ်နာမှု မဖြစ်နိုင်သည့် မပြောပလောက်သော အသေးအဖွဲ ထုတ်ဖော်ပြောဆိုချက်များပေါ် အခြေခံ၍ မကြာခဏဆိုသလို အမှုဖွင့်လေ့ရှိကြသည်။ ယင်းအမှုများတွင် တွေ့ရတတ်သည့် တစ်ခုတည်းသော ထိခိုက်နစ်နာမှု ဆိုသည်မှာ ဟာသ၊ ပုတ်ခတ်စော်ကားမှု (သို့) ထေ့လုံးများအပေါ် ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များသာ ဖြစ်သည်။ ထို့အပြင် တရားစွဲသူများသည် ထိခိုက်နစ်နာမှုကို တိုင်းတာနိုင်သော ပုံစံဖြင့် မပြနိုင်ပေ။ အချို့နိုင်ငံများတွင် ရုံးတော်က အမှုကို စစ်ဆေးကြားနာမှု မလုပ်ခင် ထိခိုက်နစ်မှု ‌မြောက်၊မ‌မြောက်ကို စစ်ဆေးမှုမျိုး ရှိတတ်သည်။ ဤနည်းဖြင့် ရုံးတော်သည် ထိခိုက်နစ်နာမှု မရှိသော အသေးအဖွဲ့ အမှုများကို မြန်မြန်ဆန်ဆန် ပလပ်လိုက်နိုင်သည်။

အသရေဖျက်မှုကြောင့်ဖြစ်သော ထိခိုက်နစ်နာမှုများကို အချိန်တိုအတွင်း အမှားပြင်ခြင်း (သို့) တောင်းပန်ခြင်း ပြုလုပ်ပါက လျှော့ချခြင်း (သို့) ဖယ်ချခြင်း လုပ်နိုင်သည်။ နိုင်ငံအများအပြားတွင် ဤအချိန်တိုအတွင်း လုပ်ဆောင်သည့်စနစ်ကို အသရေ ဖျက်မှု ဥပဒေများနှင့် တရားရုံး၏ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင် ထည့်သွင်းရေးဆွဲထားသည်။

‌တရားစွဲဆိုသူများသည် (တစ်ဖက်တရားပြိုင်အတွက်) ပိုမိုခက်ခဲစေရန်နှင့် တရားရုံးစရိတ်ပိုကုန်စေရန် လုပ်ထုံးလုပ်နည်း များကို ရည်ရွယ်ချက်ရှိရှိ အလွဲသုံးစား လုပ်လေ့ရှိကြသည်။ ထို့ကြောင့် ပြည်သူများသည် အချိန်ဆွဲပြီး ငွေကုန်ကြေးကျများသည့်အမှုများကို ရင်ဆိုင်ရန် ကြောက်ရွံ့လာကြပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ဆာပြန်ဖြတ်တောက်လာကြသည်။ ယင်းလုပ်ကွက်များလုပ်ရာတွင် အသရေဖျက်မှု ဥပဒေများ၌ မပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများကိုပါ ဘောင်ကျော် လုပ်ဆောင်မှုများလည်း ပါဝင်သည်။ နိုင်ငံအများအပြားသည် ဥပဒေပြုပြင်ပြောင်းလဲမှုနှင့် လုပ်ထုံးလုပ်နည်းပြုပြင် ပြောင်းလဲမှုကို ဟန်ချက်ညီအောင် လုပ်ဆောင်လာခဲ့ကြသလို အသရေဖျက်မှုဥပ‌ဒေများကို အလွဲသုံးစား မလုပ်စေရန်အတွက် ကဏ္ဍနှစ်ရပ်စလုံး တိုးတက်ရန် လိုအပ်သည်ကိုလည်း အသိအမှတ်ပြုကြသည်။

Myanmar is likely to face new and growing challenges in its application of defamation laws. These forthcoming challenges have been seen in other similar countries which have responded to them in different ways. Reform of the defamation framework should factor in and prepare for them. They include:

“Strategic Lawsuits Against Public Participation” (SLAPPs) are a malicious method of using defamation laws to bully and promote self-censorship. Complainants do not expect their complaint to succeed in court. Instead, their aim is to intimidate and silence others. Usually the complainant is richer than the defendant and can afford long and complex cases. Defendants withdraw or apologise to escape from the case. SLAPPs are banned in many countries and courts are expected to identify and dismiss cases that have no legal merit and are clearly intended to bully.

Some unscrupulous businesses combine their sizable legal budgets with unfair and punitive defamation laws to bring large or repeated cases, with the intention of punishing critics and encouraging self-censorship. As a result, such businesses become free to act unethically or unlawfully without the public being properly informed. Anybody who tries to raise awareness is likely to be bankrupted or seriously inconvenienced. Some countries deal with this issue by requiring businesses to get prior permission before bringing a defamation case. Other countries have added a threshold for “substantial financial loss” whereby complainants must demonstrate significant harm.

Proponents of criminal defamation laws often argue that civil courts are unaffordable to many members of the public who cannot afford to pay for lawyers. Fulfilling the right of access to justice for everyone regardless of their means is an important aim. However, the vast majority of criminal defamation complaints are made by powerful people, not by poorer or marginalised people. Such powerful people often have adequate means to pay for their own lawyers, so it is unfair that their case is supported by State-funded prosecutors, which diminishes the State’s budget.

Complainants often bring cases based on trivial claims in which there was little to no harm caused. Often in these cases the only harm is to personal feelings for example from jokes, insults or parody, and the complainant cannot demonstrate the harm caused in any measurable way. In some countries, courts may determine whether a test of harm is satisfied before the majority of the court proceedings, so that the court can quickly dismiss cases which have resulted in little to no harm.

Much of the harm caused by defamation can be reduced or removed altogether if it is followed by a quick correction or apology. In many countries, this quick response is recognised in defamation laws and their application by courts. If a defendant quickly corrects false information or corrects and apologises, courts take that into account when deciding on the case. However, a defendant should never be forced to make an insincere correction or apology.

Complainants often intentionally misuse procedures to increase the inconvenience and cost of cases. This encourages self-censorship as people fear being caught up in a protracted and costly case. These tactics include procedural tricks that are not in the defamation law. Many countries have tried to balance legal reform with procedural reform, recognising that improvements in both are necessary in order to ensure defamation laws are not misused.

အသရေဖျက်မှုဥပဒေများကို ပြုပြင်ပြောင်းလဲရန်လုပ်ဆောင်ခြင်းသည် ခက်ခဲ၍ ပြုပြင်ပြောင်းလဲမှုများသည်လည်း အများ၏ အားပေးထောက်ခံမှုများမရှိဘဲ အောင်မြင်နိုင်ရန် မဖြစ်နိုင်ချေ။
ပူးပေါင်းပါဝင်ခြင်း လုပ်ငန်းစဉ်တွင် အသရေဖျက်ခြင်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများနှင့် အသိပညာပေးမြှင့်တင်ခြင်းများ ပါဝင်ပြီး ပြုပြင်ပြောင်းလဲရေးအား မည်သို့ ဆောင်ရွက်လုပ်ဆောင်ကြမည့်အကြောင်းများလည်း ပါဝင်သည်။

ပူးပေါင်းပါဝင်သူများသည် မည်သည့်နောက်ခံအကြောင်းအရင်းကမဆို ဖြစ်နိုင်သည်။ ယခုလက်ရှိ ပူးပေါင်းပါဝင်ထားပြီးဖြစ်သည့် အဖွဲ့အစည်းများတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာကွန်ရက်များ၊ သမဂ္ဂများ၊ ရှေ့နေ ကွန်ရက်များနှင့် အကျိုးအမြတ်မယူသောစီးပွားရေးလုပ်ငန်းများ ပါဝင်ပါသည်။

မရှိပါ။ ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် မည်သည့် နောက်ထပ်တာဝန်ယူလုပ်ဆောင်ရမည့် အရာများ မရှိပေ။


သို့သော် FEM အနေဖြင့် ပူးပေါင်းပါဝင်သည့် အဖွဲ့များအား နောင်လှုပ်ရှားမှုများအတွက် ဆွေးနွေးမှုများတွင် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ၄င်းဆွေးနွေးမှုများတွင် ပါဝင်ဖြစ်၊မဖြစ်ကို ပူးပေါင်းပါဝင်သူများမှ ထိုအခါတွင် ဆုံးဖြတ်နိုင်သည်။


ဥပမာ – စည်းရုံးလှုံဆော်ရေးလှုပ်ရှားမှုများကို အကောင်အထည်ဖော်စဉ်တွင် ၄င်းလှုပ်ရှားမှုများ၌ ပူးပေါင်းအဖွဲ့များအား ပါဝင်ရန် ဆန္ဒရှိ၊မရှိ FEM မှ မေးမြန်းခြင်း။ FEM သည် ပူးပေါင်းပါဝင်ထားပြီးဖြစ်သည့် အဖွဲ့အစည်းအချို့နှင့် စည်းရုံးလှုံဆော်ရေးလှုပ်ရှားမှုအချို့ကို ဦးဆောင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။


ပူးပေါင်းအဖွဲ့များအား နောက်ထပ်လိုအပ်သည့် အထောက်အပံ့များအတွက်လည်း FEM မှ ကမ်းလှမ်းပါသည်။ ဥပမာ – အသရေဖျက်မှုနှင့် ပတ်သက်၍ သင်တန်းပေးခြင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ပေးခြင်းနှင့် လိုအပ်သည့် သင်ထောက်ကူများ ပံ့ပိုးပေးခြင်း တို့ ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးအဆိုပြုလွှာ၌ ပူးပေါင်းပါဝင်ရန်အတွက် ဆန္ဒရှိသည့် သို့မဟုတ် ဆွေးနွေးချင်သည့် အဖွဲ့အစည်းများအနေဖြင့် အောက်ပါ ပုံစံကို ဖြည့်စွက်၍ FEM နှင့် ဆက်သွယ်နိုင်ပါသည်။

Reforming defamation laws is difficult and reforms are unlikely to be successful without broad support.

The process of endorsement includes discussion and awareness-raising on defamation, and how reforms can be made.

Endorsers can come from any background. Endorsing organisations already include civil society organisations, NGOs, media networks, unions, lawyers’ networks, and not-for-profit businesses.

Nothing. Endorsing organisations do not have any further responsibilities.

However, FEM will involve endorsing organisations in discussions on all future activities, and you can decide whether to participate or not.

For example, we will ask endorsing organisations if they would like to participate in advocacy activities, as those activities are developed. FEM has already led some joint advocacy activities with endorsing organisations.

FEM also offers endorsing organisations additional support. For example, we can give trainings on defamation, take part in meetings, and provide additional materials.

Organisations wishing to endorse the reform options – or to discuss possibly endorsing – should contact FEM, for example by completing the following form.

ဤအဆိုပြုချက်များသည်သက်တမ်းသုံးနှစ်အကြာစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် သက်ဆိုင်သူများနှင့်ဆွေးနွေးမှုများဖြစ်သည်။

These proposals follow three years of investigation, research into best practices, and discussions with stakeholders.

FEM သည် အသရေဖျက်ခြင်းဥပဒေများ၏ အကျိုးသက်ရောက်မှုကို စုံစမ်းဖော်ထုတ်ခြင်းဖြင့် ဤလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် “၆၆(ဃ):စစ်မှန်သည့်ပြောင်းလဲခြင်းမရှိ” ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံရှိ ရာဇဝတ်မှုမြောက်သော အသရေဖျက်မှုဥပဒေကို အသေးစိတ်သုံးသပ်ထားသည့် အစီရင်ခံစာကို FEM က ထုတ်ဝေခဲ့သည်။

FEM ၏ သုံးသပ်ချက်အစီရင်ခံစာတွင် ၄င်းဥပဒေနှင့် ၄င်းဥပဒေအား လက်တွေ့ကျင့်သုံးမှုများ၌ သိသာထင်ရှားသည့် ပြဿနာများရှိနေသည်ကို တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် ပြန်လည်ခုခံချေပမှုများကို လက်မခံခဲ့၍ ရလဒ်အနေဖြင့် ပြစ်မှုထင်ရှားစီရင်ခံရမှုနှုန်းသည် ၁၀၀ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။

Download the report as a PDF (5mb) >>

ပြဿနာများကို ခွဲခြားရွေးထုတ်ပြီးနောက် FEM သည် အကောင်းမွန်ဆုံးသော လက်တွေ့ကျင့်သုံးမှုများနှင့် နိုင်ငံတကာစံနှုန်းများကို စုံစမ်းဖော်ထုတ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် “အသရေဖျက်ခြင်းဆိုတာ ဘာလဲ” ဟူသည့် အသရေဖျက်ခြင်းဥပဒေများအပေါ်ရှိ နိုင်ငံတကာစံနှုန်းများအကြောင်း အကျဉ်းချုံး အစီရင်ခံစာတစ်ခုကို FEM က ထုတ်ဝေခဲ့သည်။

FEM ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ရာဇဝတ်မှုမြောက်သော အသရေဖျက်ခြင်းဥပဒေ (၆) ခု ကို ခွဲခြားရွေးထုတ်ခဲ့ပြီး ၄င်းတို့သည် အဘယ်ကြောင့် အလွန်ပြဿနာရှိနေသည်ကိုလည်း ဖော်ပြခဲ့သည်။

Download the report as a PDF >>

၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အသရေဖျက်မှုဥပဒေများ ပြုပြင်ပြောင်းလဲရေးအတွက် ရွေးချယ်စရာနည်းလမ်းများကို FEM က ဆက်တိုက် ဖော်ထုတ်ခဲ့ပါသည်။

ဤနည်းလမ်းများကို ဆွေးနွေးရန်အတွက် FEM သည် သက်ဆိုင်သူများနှင့် တွေ့ဆုံခဲ့ပြီး မှတ်ချက်များနှင့် အကြံပြုချက်များကို ရယူစုဆောင်းခဲ့သည်။ FEM သည် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အသေးစိတ်ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲများကို ဦးစီးဆောင်ရွက်ခဲ့သည်။ ဤရွေးချယ်စရာနည်းလမ်းများသည် သက်ဆိုင်သူများနှင့် အလေးအနက် ဆွေးနွေးပြီးမှ ထွက်ပေါ်လာသော နည်းလမ်းများဖြစ်ကြောင်း FEM မှ အခိုင်အမာ ဆိုနိုင်သည်။

၂၀၂၀ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးနည်းလမ်းများပါဝင်သည့် “အသရေဖျက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များ” အစီရင်ခံစာကို ထုတ်ဝေခဲ့သည်။

FEM started this process by investigating the effect of defamation laws.

In 2017, FEM published the first detailed review of criminal defamation case law in Myanmar: 66(d): No real change.

FEM’s review found significant problems in the law and legal practice. For example, defences were not being accepted and as a result there was a 100% conviction rate.

Download the report as a PDF (5mb) >>

After identifying the problems, FEM investigated best practices and international standards.

In 2019, FEM published a summary report of international standards on defamation law: Defamation?

FEM’s report also identified Myanmar’s six criminal defamation laws, showing why they were so problematic.

Download the report as a PDF >>

From 2018-2020, FEM developed a series of options for reforming Myanmar’s defamation legislation.

FEM met with a range of stakeholders to discuss these options and collect feedback and recommendations. FEM conducted detailed workshops with civil society organisations and senior union MPs. FEM learnt throughout, ensuring that the options developed reflected stakeholders.

In 2020, FEM published the reform options in a report: Defamation reform options

ဒီမိုကရက်တစ်နိုင်ငံများနှင့် အသွင်ကူးပြောင်းနေသော နိုင်ငံများတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန် အသရေဖျက်မှု ဥပဒေများကို ပြုပြင်ပြောင်းလဲမှု ပြလုပ်လာခဲ့ကြသည်။ နိုင်ငံတစ်ခုချင်းစီ၏ အဖြစ်အပျက်တိုင်းသည် မြန်မာနိုင်ငံ၏ အသရေဖျက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် သင်ခန်းစာ ဖြစ်နိုင်ပါသည်။ အောက်ပါနိုင်ငံများသည် မြန်မာနိုင်ငံနှင့် အလွန်နီးစပ်သော common law စနစ် (တရားသူကြီးနှင့် တရားရုံးများ၏ ဆုံးဖြတ်ချက်ကို အခြေခံဖြစ်ပေါ်လာသော ဥပဒေစနစ် (သို့) အင်္ဂလိပ်ရိုးရာ ဥပဒေစနစ်)နှင့် ကိုလိုနီ ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာဥပဒေ)ကို ကျင့်သုံးနေသည့်အတွက် ယင်းနိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်သည် များစွာ လှုံ့ဆော်မှု ဖြစ်စေနိုင်ပါသည်။

၁၉၉၈ တွင် သီရိလင်္ကာအစိုးရသည် ကြီးထွားလာသော ပဋိပက္ခများအပေါ် ၎င်းတို့၏ တုံ့ပြန်ဆောင်ရွက်မှုများ အပါအဝင် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို လူမသိစေရန် မီဒီယာဆင်ဆာစနစ် တစ်ကျော့ပြန် ကျင့်သုံးခဲ့သလို ဂျာနယ်လစ်နှင့် လူ့အခွင့်အရေး ကာကွယ်သူများကို ပိုမို တရားစွဲခဲ့သည်။ နှစ်နှစ်အကြာတွင် အသရေဖျက်မှုဖြင့် အမှု ၁၁ မှုရင်ဆိုင်နေရသော သီရိလင်္ကာသတင်းစာအယ်ဒီတာတစ်ဦးက ကုလသမဂ္ဂထံ အကူအညီ လျှောက်ထားခဲ့ရာမှ နိုင်ငံတကာအသိုင်းအဝိုင်းက သီရိလင်္ကာအစိုးရသည် ဝေဖန်မှုများကို ဖိနှိပ်ထိန်းချုပ်ရန် အသရေဖျက်မှုဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစားလုပ်နေသည်ကို အာရုံစိုက်မိလာကြသည်။

၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် သီရိလင်္ကာပြည်သူများက နိုင်ငံ၏ ဒီမိုကရေစီကျဆင်းနေမှုကို ပြန်လည်မြှင့်တင်မည်ဟု ကတိပေးခဲ့သည့် အစိုးရသစ်တစ်ရပ်ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ အစိုးရသစ်သည် တစ်နှစ်အတွင်းပင် အသရေဖျက်မှု ဥပဒေများကို ရာဇဝတ်မှုမှ တရားမမှုအဖြစ် ပြောင်းလဲကာ ၎င်းတို့သည် ယခင် အာဏာရှင်နှင့် မတူကြောင်း ပြသခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ အသရေဖျက်မှုဥပဒေများသည် လက်ရှိအချိန်တွင် တရားမမှုဥပဒေများသာ ဖြစ်သည်။

ဒီမိုကရေစီစနစ် ရင့်ကျက်ခိုင်မာနေပြီး ဖြစ်သော Advanced democracies နိုင်ငံများ၏ ဥပဒေများတွင် အသရေဖျက်မှုကို ရာဇဝတ်မှုဖြင့်သတ်မှတ်ထားသည့် ပြဌာန်းချက်များရှိသည်။ သို့သော် ထိုနိုင်ငံများရှိပြည်သူများက အသရေဖျက်မှုကို ရာဇဝတ်မှုပြုသည့် အတွေးအခေါ်ကို လက်မခံသည့်အတွက် ထိုဥပဒေများကို လွန်စွာသုံးခဲသည် (သို့မဟုတ်) တစ်ခါမှ မသုံးစွဲပေ။ ဥပမာဆိုရသော် ယူကေသည် ၂၀၁၃ ခုနှစ်မှသာ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့သော်လည်း ယင်း မတိုင်မီ နှစ်ပေါင်း ၃၀ ကတည်းက အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားသည့် ပြဌာန်းချက်များကို အသုံးပြုခြင်း မရှိခဲ့ပေ။

အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် ပြဌာန်းချက်များကို အထူးသဖြင့် ပါဝါရှိသော စီးပွားရေးလုပ်ငန်းရှင်များက တလွဲသုံးနေကြောင်း အစီရင်ခံစာများစွာ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် အသရေဖျက်မှု ပြုပြင် ပြောင်းလဲရေး  လူထုကမ်ပိန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယူကေ၏ ရာဇဝတ်သင့်သော အသရေဖျက်မှုဥပဒေကို အသုံးမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ခြိမ်းခြောက်မှုအလားအလာရှိသည့်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ဥပဒေက ပေးထားလျက် ဥပဒေကပင် ပြန်လည်ခြိမ်းခြောက်နေသောအရာ (Chilling Effect) ဖြစ်နေသည့်သဖြင့် ကမ်ပိန်းလုပ်ဆောင်သူများက ရာဇဝတ်မှုအဖြစ်မှ အပြည့်အဝ ရုတ်သိမ်းခြင်းကို လိုလားကြခြင်း ဖြစ်သည်။ 

အကြီးတန်းဂျာနယ်လစ်များနှင့် သိပ္ပံပညာရှင်များလည်း လူအခွင့်အရေးကာကွယ်သူများ၏ ထိုကမ်ပိန်းတွင် ပါဝင်ပူးပေါင်းလာခဲ့ကြပြီး ယူကေအနေဖြင့် နောက်ထပ်ဒီမိုကရေစီပြောင်းလဲမှုများလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ထိုကမ်ပိန်းက အသိပေးလုပ်ငန်းဖြစ်လာခဲ့သည်။ လူထု၏ဖိအားပေးမှုနှင့် လူထုပါဝင်သော ဆွေးနွေးတိုင်ပင်မှုများ တစ်နှစ်ကြာ လုပ်ဆောင်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် တရားရေးဝန်ကြီးဌာနက အသရေဖျက်မှုဥပဒေကြမ်းကို လူထုကို ချပြခဲ့သည်။ အသရေဖျက်မှုကို တရားမမှုအဖြစ် သတ်မှတ်သည့် ထိုဥပဒေကြမ်းသည် ၂၀၁၂ ခုနှစ်တွင် လွှတ်တော်သို့ ရောက်ရှိခဲ့ပြီး အရေးကြီးသည့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်အပြီး ၂၀၁၃ ခုနှစ်တွင် အတည်ပြု ပြဌာန်းနိုင်ခဲ့သည်။ လက်ရှိတွင် ယူကေ၌ တရားမမှုအဖြစ်သတ်မှတ်ထားသော အသရေဖျက်မှုဥပဒေသာ ရှိသည်။

၂၀၁၁ ခုနှစ်တွင် အိန္ဒိယအမျိုးသားကွန်ဂရက်အစိုးရက သီရိလင်္ကာ၏ ဦးဆောင်မှုလမ်းကြောင်းကိုလိုက်၍ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ်မှ ရုတ်သိမ်းရန် ဆန္ဒရှိကြောင်း ကြေညာခဲ့သည်။ နှစ်နှစ်အကြာတွင် ပြန်ကြားရေးနှင့်ရုပ်သံထုတ်လွှင့်ရေး ဝန်ကြီးဌာနကလည်း ရာဇဝတ်မှုအဖြစ်မှ ရုတ်သိမ်းခြင်းကို ထောက်ခံကြောင်း  ကြေညာခဲ့သည်။ အိန္ဒိယဥပဒေကော်မရှင်ကလည်း ရာဇဝတ်မှုအဖြစ်ရုတ်သိမ်းကို အားပေးသည့် အကြံပြုစာတမ်း တစ်စောင်ကို ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ကံအကြောင်းမလှစွာဖြင့် ၂၀၁၄ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ရန် အာသီသမရှိသော အစိုးရတစ်ရပ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထိုအခါ ကမ်ပိန်းလုပ်ဆောင်သူများက ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာ ဥပဒေ)မှ ပြဌာန်းချက်များကို ဖျက်သိမ်းရေးအတွက် တရားလွှတ်တော်ချုပ်ထံ အာရုံပြောင်းလာကြသည်။ တရားလွှတ်တော်ချုပ်က မည်သူမဆို “အစိုးရကို အကျင့်ပျက်ခြစားသည် (သို့) ညံ့သည်ဟု ဝေဖန်မှု” အတွက် တရားစွဲမခံရသင့်ဟူသော အဆိုကို မယုံကြည်ဟု ဆိုကာ ရာဇသတ်ကြီးပါ ပြဌာန်းချက်ကို မပြင်နိုင်ကြောင်း ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည်။

၂၀၁၇ ခုနှစ်တွင် နောက်တန်းခုံလွှတ်တော်အမတ်များက “ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ခွင့်နှင့် ဂုဏ်သိက္ခာရှိပိုင် ခွင့် ဥပဒေကြမ်း”ဖြင့် အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ်မှ ရုတ်သိမ်းရန် ကြိုးစားလာကြသည်။ အိန္ဒိယအမျိုးသားကွန်ဂရက်ခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ၂၀၁၉ ရွေးကောက်ပွဲအတွက် ကတိပြုကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ ရွေးကောက်ပွဲတွင် အနိုင်ရပါက အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ်မှ ရုတ်သိမ်းမည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

မော်လ်ဒိုက်နိုင်ငံ၏ ပထမဆုံးသော ဒီမိုကရေစီရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြဌာန်းအပြီး ၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သည်။ ပြည်သူလူထုက ဒီမိုကရေစီ ကမ်ပိန်းလှုပ်ရှားသူ မိုဟာမက်ဒ်နာရှစ်ဒ်ကို နိုင်ငံ၏ ပထမဆုံးသော သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ အစိုးရက ၎င်းတို့သည် ယခင်အာဏာရှင်နှင့်မတူကြောင်းကို ပြည်သူလူထုအား ထုတ်ဖော်ပြသလိုသည့်အတွက် အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ်မှ အပြီးအပိုင် ရုတ်သိမ်းထားသည့် ဥပဒေသစ်ကို တစ်နှစ်အတွင်းပင် ပြဌာန်းခဲ့သည်။သို့သော် ၂၀၁၂ ခုနှစ်တွင် အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့သောကြောင့် သမ္မတ ဖြုတ်ချခံရကာ ပါတီအာဏာရှင် စနစ်ကို ပြန်လည်ရောက်ရှိခဲ့သည်။ အာဏာသိမ်းအစိုးရက “အသရေဖျက်မှုတိုက်ဖျက်ရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အက်ဥပဒေ” ကို ရာဇဝတ်မှုအဖြစ် ပြန်လည် ပြဌာန်းခဲ့သည်။ ထိုဥပဒေသည် မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ခြိမ်းခြောက်ရန်နှင့် နှောင့်ယှက်ရန် အကောင်းဆုံးလက်နက် ဖြစ်လာခဲ့သည်။

Many democratic and transitional countries have reformed their defamation laws in order to protect freedom of expression. Each can provide lessons for defamation reform in Myanmar. Reform processes in the following countries are particularly inspirational because they share with Myanmar very similar common law systems and similar colonial penal codes.

In 1998, the Sri Lankan government re-imposed media censorship and increased prosecutions of journalists and human rights defenders in order to cover up what the government was doing, including in its response to growing conflict. Two years later, a Sri Lankan newspaper editor who was facing 11 defamation charges appealed to the UN, raising international attention to the government’s widespread misuse of defamation laws to stifle criticism.

In 2001 elections, the Sri Lankan people voted in a new government which promised to reverse the country’s democratic decline. Within a year the new government had completely decriminalised defamation laws to show everyone that they were different from previous dictators. Sri Lanka only has civil defamation laws now.

Many advanced democracies still have old criminal defamation provisions in their laws. However, in practice they are rarely or never used because their people no longer accept the idea of criminalising defamation. For example, the UK had criminal defamation provisions until 2013 but the provisions had not been used for 30 years.

In 2010, a public campaign to reform defamation laws was launched following increasing reports that they were being misused, particularly by powerful business owners. Although the UK’s criminal defamation provisions had not been used for many years, campaigners wanted full decriminalisation because the potential threat still resulted in a chilling effect on freedom of expression.

Senior journalists and scientists joined human rights defenders to promote the campaign, which reminded people that the UK still needed more democratisation. After a year of public pressure and public consultations, the Ministry of Justice introduced a draft defamation bill in 2011. The defamation bill proposed decriminalising defamation and went to parliament in 2012 and after significant consultation was adopted in 2013. The UK only has civil defamation laws now.

In 2011, the Indian National Congress government announced its interest to follow Sri Lanka’s lead and decriminalise defamation. Two years later, the Minister of Information and Broadcasting announced his support for decriminalisation. India’s Law Commission published a consultation paper in 2014 which encouraged decriminalisation too.

Unfortunately, a different government without any commitment to reform was elected in 2014. Campaigners redirected their attention to the Indian Supreme Court in a bid to get the Penal Code provisions repealed. The Supreme Court announced in its 2016 decision that while it could not repeal the provision, it did believe that nobody should be prosecuted for, “calling a government corrupt or unfit”.

In 2017, backbench parliamentarians put forward the, “Right to Protection of Speech and Reputation Bill” to decriminalise defamation. The Indian National Congress leader, Rahul Gandhi, made a manifesto commitment for the 2019 elections that Congress would decriminalise defamation if elected.

The Maldives held its first-ever democratic elections in 2008 following the adoption of a new constitution. The people elected the democratic campaigner, Mohamed Nasheed as the country’s first elected president. The government wanted to demonstrate to the people that it was different from the previous dictatorship. Within a year, the government adopted a new law to completely decriminalise defamation. Unfortunately, in 2012 a coup forced out the elected president and returned the authoritarian government again. They adopted the, “Anti-Defamation and Freedom of Expression Act” to re-criminalise defamation because it was their greatest tool to threaten and harass the media and civil society. 

Visit FEM website ➟