New Bill a big step backwards for RTI — သတင်းအချက်အလက်အခွင့်အရေးကို နောက်သို့အကြီးအကျယ်ခြေလှမ်းဆုတ်သွားစေသော ဥပဒေကြမ်းအသစ်
If adopted, the Myanmar government’s new Bill would significantly undermine the right to information (RTI) in one of the world’s most secretive countries. FEM urges the government and parliament to substantively revise the Bill in accordance with international democratic standards.
The Ministry of Planning and Finance has proposed a National Records and Archives Bill in June 2019 to replace the 1990 law, as amended in 2007. The government’s decision to replace the 1990 law is positive because the 1990 law is deeply undemocratic.
However, the proposed Bill is very problematic too and would significantly undermine RTI. The Bill would perpetuate a system where all information is the government’s secret property and any public access to that information would be regarded as a security threat. It would create a government-controlled supervisory body with extensive and unrestrained powers and create an ominous risk for media and civil society.
There are several provisions in the law which make it undemocratic, but the two most important are:
  1. The government would be able to classify any information whatsoever as “strictly confidential” and hide it away for 30 years or more. The Bill includes no safeguards and no independent body (such as a court or Information Commission) to review the government’s decisions. Therefore, the government could easily misuse the “strictly confidential” classification to hide information about corruption, wrong-doing, or human rights violations.
  2. Any and all requests for access to government-held information would have to be individually approved in advance by the chairperson of the law’s supervisory body. The chairperson of the supervisory body is the Union Minister for Planning and Finance. The law does not say on what basis the Minister must make this decision and there is no option to appeal to an independent court or Information Commission. Accessing information without permission would attract a prison sentence. Therefore, the government would be in complete control of deciding who can access information, even information at the lowest level of confidentiality classification.
If adopted, the Bill would result in a legal framework that is the opposite of RTI, and the opposite of global democratic trends towards greater transparency. In particular:
  • RTI requires a presumption (or default) of maximum disclosure because in a democracy information held by the government is public property. However, this Bill makes information government property and secrecy the presumption.
  • RTI requires governments to proactively publish information rather than wait for an individual request. However, this Bill does not require the government to publish anything.
  • RTI requires open governments to inform the public about their rights. However, this Bill does not require the government to inform the public how to access information.
  • RTI requires laws to have a limited scope of exceptions to information release. However, this Bill has an unlimited scope of exceptions because the Minister can classify anything as confidential.
  • RTI requires clear and timely processes to facilitate access. However, this Bill fails to define any processes whatsoever.
  • RTI requires the costs of releasing information to be proportionate, for example to pay for photocopying. However, this Bill says that the Director General will decide the costs for each request, and there is no framework for deciding how much.
  • RTI requires whistleblowers – persons who release information on government wrongdoing – be protected from legal, administrative or employment-related punishment. However, this Bill includes prison sentences for accessing or publishing information without government permission.
After nine years of political transition, Myanmar still has one of the most secretive governments in the world. Civil society and media often highlight how difficult it is to access even the most basic information held by the government. This Bill would perpetuate that.
FEM urges the government and parliament to reflect on their previous commitments to RTI and to making Myanmar more open and transparent.
Even if the government is not yet willing or able to adopt and implement a right to information law, it should refrain from adopting laws – like this one – which significantly undermine RTI.
အစိုးရ၏ယခုဥပဒေကြမ်းအသစ်ကိုအတည်ပြုပြဌာန်းလိုက်မည်ဆိုပါကကမ္ဘာ့အလျှို့ဝှက်ဆုံးနိုင်ငံများအနက်မှတစ်နိုင်ငံဖြစ်သောမြန်မာနိုင်ငံ၏သတင်းအချက်အလက်သိပိုင်ခွင့်ကိုသိသိသာသာသေးသိမ်မှေးမှိန်စေပါလိမ့် မည်။ထို့ကြောင့်ယခုဥပဒေကြမ်းကိုနိုင်ငံတကာဒီမိုကရေစီစံနှုန်းများနှင့်အညီဓမ္မဓိဌာန်ကျကျပြင်ဆင်ပေးရန်အစိုးရနှင့်လွှတ်တော်အားFEM မှတိုက်တွန်းလိုက်ပါသည်။
၁၉၉၀ခုနှစ်တွင်ပြဌာန်းပြီး၊၂၀၀၇ခုနှစ်တွင်ပြင်ဆင်ခဲ့သည့်အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကိုအစားထိုး ရန်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှအမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်းတစ်ခုကို၂၀၁၉ခုနှစ်ဇွန်လ ကတင်သွင်းခဲ့သည်။၁၉၉၀ခုနှစ်ဥပဒေသည်ဒီမိုကရေစီနည်းလမ်းသိသိသာသာပင်မကျသဖြင့်ယင်းကိုအစား ထိုးမည့်မြန်မာအစိုးရ၏ဆုံးဖြတ်ချက်မှာအပြုသဘောဆောင်သည်ဟုဆိုရမည်ဖြစ်သည်။
သို့သော်လက်ရှိဥပဒေကြမ်းသည်လည်းပြသနာအလွန်ရှိပြီး၊သတင်းအချက်အလက်လွတ်လပ်ခွင့်ကိုချိုးနှိမ် ထားလိမ့်မည်ဖြစ်သည်။သတင်းအချက်အလက်ဆိုသည်မှာအစိုးရ၏လျှို့ဝှက်ပိုင်ဆိုင်မှုဖြစ်ပြီး၊ယင်းသတင်းအ ချက်အလက်များသို့  အများပြည်သူလက်လှမ်းမီရန်လုပ်ဆောင်သည့်မည်သည့်ကြိုးပမ်းချက်ကိုမဆိုလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ထားသည့်စနစ်ကိုယင်းဥပဒေကြမ်းမှကြာရှည်တည်တံ့စေပါလိမ့်မည်။အစိုးရမှ ကြီးကြပ်ကာအထိန်းအချုပ်ကင်းမဲ့ကျယ်ပြန့်သည့်အာဏာများရှိသောအဖွဲ့တစ်ခုကိုဥပဒေကြမ်းမှပေါ်ပေါက် လာစေပြီး၊မီဒီယာနှင့်အရပ်ဖက်လူ့အဖွဲ့အစည်းများသို့စိုးရိမ်ဖွယ်ရာဖြစ်နိုင်ချေအန္တရာယ်များသက်ရောက်လာ မည်ဖြစ်သည်။
ဥပဒေကြမ်းတွင်ဒီမိုကရေစီနည်းလမ်းမကျသောပြဌာန်းချက်များပါဝင်ပြီး၊အဓိကအရေးကြီးသည့်ပြဌာန်းချက်၂ရပ်မှာ-
၁။မည်သည့်သတင်းအချက်အလက်ကိုမဆိုအစိုးရမှ“ထိပ်တန်းလျှို့ဝှက်အဆင့်” အဖြစ်သတ်မှတ်ပြီး၊ယင်းအချက်အလက်ကိုနှစ်ပေါင်း(၃၀) သို့မဟုတ်ထို့ထက်ကျော်လွန်၍ထိန်းချုပ်ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။အစိုးရ၏ဆုံးဖြတ်ချက်ကိုပြန်လည်သုံးသပ်ရန်ဥပဒေကြမ်းတွင်(တရားရုံးသို့မဟုတ်သတင်းအ ချက်အလက်ကော်မရှင်ကဲ့သို့သော) လွတ်လပ်အမှီအခိုကင်းသည့်အဖွဲ့နှင့်အကာအကွယ်လုံးဝမပါဝင်ချေ။ထို့ကြောင့်အစိုးရမှအကျင့်ပျက်ခြစားမှု၊မှားယွင်းသောလုပ်ဆောင်မှုသို့မဟုတ်လူ့အခွင့်အရေးချိုးဖောက်မှု များကိုဖုံးကွယ်ဝှက်ရန်“ထိပ်တန်းလျှို့ဝှက်အဆင့်” သတ်မှတ်ချက်ကိုလွယ်ကူစွာပင်တလွဲအသုံးချနိုင်မည် ဖြစ်သည်။
၂၊  အစိုးရထိန်းချုပ်ထားသည့်သတင်းအချက်အလက်များကိုရယူရန်တောင်းခံရာတွင်ဥပဒေမှပြဌာန်းထား သောကြီးကြပ်ရေးအဖွဲ့၏ဥက္ကဌမှတောင်းဆိုချက်တစ်ခုချင်းစီအားကြိုတင်ခွင့်ပြုချက်ပေးရမည်ဖြစ်သည်။ကြီးကြပ်ရေးအဖွဲ့၏ဥက္ကဌသည်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဖြစ်သည်။ဝန်ကြီးမှမည်သည့်အချက်ကို အခြေတည်၍ဆုံးဖြတ်ရမည်ဖြစ်ကြောင်းဥပဒေတွင်ပြောထားခြင်းမရှိသကဲ့သို့၊လွတ်လပ်အမှီအခိုကင်း သည့် တရားရုံးသို့မဟုတ်သတင်းအချက်အလက်ကော်မရှင်သို့အယူခံဝင်နိုင်သည့်အခြားမည်သည့်ရွေး ချယ်စရာမျှမပါရှိချေ။ခွင့်ပြုချက်မရဘဲသတင်းအချက်အလက်ကိုရယူလျှင်ထောင်ဒဏ်ကျခံရမည်ဖြစ် သည်။ထို့ကြောင့်အနိမ့်ဆုံးဖြစ်သည့်ကန့်သတ်အဆင့်သတင်းအချက်အလက်ကိုပင်လျှင်မည်သူကရယူနိုင် ကြောင်း  ဆုံးဖြတ်ရာ၌အစိုးရကသာအပြည့်အဝထိန်းချုပ်နိုင်လိမ့်မည်။
ယင်းဥပဒေကြမ်းကိုအတည်ပြုလိုက်လျှင်သတင်းအချက်အလက်အခွင့်အရေးနှင့်ဆန့်ကျင်ဘက်ဖြစ်သောဥပဒေမူဘောင်တစ်ခုထွက်ပေါ်လာမည်ဖြစ်ပြီး၊ပိုမိုကြီးကျယ်သည့်ပွင့်လင်းမြင်သာမှုဆီလျှောက်လှမ်းနေသည့်ကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီရေစီးကြောင်းမှသွေဖည်သွားလိမ့်မည်။အထူးသဖြင့်-
  • သတင်းအချက်အလက်အခွင့်အရေးသည်အများဆုံးထုတ်ဖော်ချက်ကိုကနဦးအယူအဆတစ်ရပ် အဖြစ်လိုအပ်သည်။(သတင်းအချက်အလက်ကိုအစိုးရမှချုပ်ကိုင်မထားဘဲပြည်သူသို့များနိုင်သမျှအများ ဆုံးထုတ်ဖော်ပေးရမည်ဟူသောအယူအဆကိုအခြေခံအယူအဆအဖြစ်ထားရှိရမည်။) အဘယ်ကြောင့်ဆို သော်ဒီမိုကရေစီနိုင်ငံတစ်ခုတွင်အစိုးရမှထိန်းသိမ်းထားသောသတင်းအချက်အလက်များသည်အများပြည် သူ၏ပိုင်ဆိုင်မှုဖြစ်သည်။သို့သော်ဥပဒေကြမ်းသည်သတင်းအချက်အလက်များကိုအစိုးရပိုင်ဖြစ်စေပြီး၊အများဆုံးထုတ်ဖော်ချက်အစားလျှို့ဝှက်ချက်ကိုသာအခြေခံအယူအဆဖြစ်စေသည်။
  • သတင်းအချက်အလက်အခွင့်အရေးသည်တောင်းဆိုချက်တစ်ရပ်ကိုစောင့်နေရန်ထက်သတင်းအ ချက်အလက်များကိုတောင်းစရာမလိုဘဲကြိုတင်တက်ကြွစွာထုတ်ဝေပေးရန်လိုအပ်သည်။သို့သော်ဥပဒေ ကြမ်းအရအစိုးရသည်မည်သည့်သတင်းအချက်အလက်ကိုမျှထုတ်ပြန်ရန်မလိုအပ်ချေ။
  • သတင်းအချက်အလက်အခွင့်အရေးသည်လူထုကိုယင်းတို့၏အခွင့်အရေးများအား အသိပေးတင် ပြရန်ပွင့်လင်းသောအစိုးရကိုလိုအပ်သည်။သို့သော်ဥပဒေကြမ်းအရအများပြည်သူသည်သတင်းအချက် အလက်မည်သို့ရယူနိုင်ကြောင်းကိုအစိုးရမှအသိပေးတင်ပြရန်မလိုအပ်ချေ။
  • သတင်းအချက်အလက်ထုတ်ပြန်ရာတွင်သတင်းမထုတ်ပြန်ရသည့်ချွင်းချက်နယ်ပယ်ကိုကန့်သတ် ရန်သတင်းအချက်အလက်အခွင့်အရေးကဥပဒေများလိုအပ်သည်။သို့သော်ဥပဒေကြမ်းအရဝန်ကြီးသည်မည်သည့်သတင်းအချက်အလက်ကိုမဆိုလျှို့ဝှက်အဆင့်သတ်မှတ်နိုင်သည့်အတွက်သတင်းမထုတ်ပြန်ရ သည့်ချွင်းချက်နယ်ပယ်သည့်အကန့်အသတ်မရှိဖြစ်နေသည်။
  • သတင်းအချက်အလက်အခွင့်အရေးသည်သတင်းကိုလက်လှမ်းမီနိုင်သည့်အခွင့်အရေးပြည်သူအား ပေးရန်ရှင်းလင်းပြီးအချိန်တိကျသည့်လုပ်ငန်းစဉ်များလိုအပ်သည်။သို့သော်ဥပဒေကြမ်းသည်လုပ်ငန်းစဉ်အလုံးစုံကိုပြဌာန်းသတ်မှတ်ရန်ပျက်ကွက်လျှက်ရှိသည်။
  • သတင်းအချက်အလက်အခွင့်အရေးသည်သတင်းအချက်အလက်ထုတ်ပြန်ပေးရာ၌ဥပမာ- မိတ္တူ ကူးခြင်းစသည်တို့တွင်လိုအပ်သည့်အခကြေးငွေကိုအချိုးအစားမျှမျှတတသတ်မှတ်ပေးရန်လိုအပ်သည်။သို့သော်ညွှန်ကြားရေးမှူးချုပ်မှသတင်းအချက်အလက်ထုတ်ပြန်ရန်တောင်းဆိုမှုတစ်ခုချင်းစီအတွက်အခ ကြေးငွေကိုဆုံးဖြတ်ပေးမည်ဟုဥပဒေကြမ်းမှဆိုထားပြီး၊ငွေကြေးပမာဏဆုံးဖြတ်ချက်အတွက်ကိုမူမည် သည့်မူဘောင်မှထည့်သွင်းထားခြင်းမရှိချေ။
  • သတင်းအချက်အလက်အခွင့်အရေးအရ(အစိုးရမှလွဲမှားစွာလုပ်ဆောင်နေသည့်သတင်းအချက်အ လက်များကိုထုတ်ဖော်ပြောကြားသည့်) အဖြစ်မှန်ဖော်ထုတ်သူများကိုဥပဒေ၊အုပ်ချုပ်ရေးသို့မဟုတ်လုပ် ငန်းဆိုင်ရာပြစ်ဒဏ်များမှအကာကွယ်ပေးရန်လိုအပ်သည်။သို့သော်ဥပဒေကြမ်းတွင်အစိုးရ၏ခွင့်ပြုချက် မရဘဲသတင်းအချက်အလက်များကိုရယူခြင်းသို့မဟုတ်ထုတ်ပြန်ခြင်းအတွက်ထောင်ဒဏ်များထည့်သွင်း ရေးဆွဲထားသည်။
နိုင်ငံရေးအကူးအပြောင်းကာလ(၉) နှစ်ကြာပြီးနောက်မြန်မာနိုင်ငံသည်ကမ္ဘာပေါ်ရှိအလျှို့ဝှက်ဆုံးအစိုးရများ ထဲမှတစ်နိုင်ငံဖြစ်နေဆဲဖြစ်သည်။အစိုးရချုပ်ကိုင်ထားသည့်အခြေခံသတင်းအချက်အလက်လေးမျှကိုပင်ရယူ ရန်မည်မျှခက်ခဲကြောင်းအရပ်ဖက်လူ့အဖွဲ့အစည်းနှင့်မီဒီယာများမှမကြာခဏဆိုသလိုမီးမောင်းထိုးပြကြသည်။ဥပဒေကြမ်းမှယင်းခက်ခဲသည့်အခြေအနေများကိုတာရှည်စေလိမ့်မည်ဖြစ်သည်။
အစိုးရ၏ယခင်ကတိကဝတ်များဖြစ်သည့်သတင်းအချက်အလက်အခွင့်အရေးနှင့်မြန်မာနိုင်ငံကိုပိုမိုပွင့်လင်း မြင်သာသည့်နိုင်ငံတော်အဖြစ်ပုံဖော်ခြင်းတို့ကိုပြန်လည်ထပ်ဟပ်ဆောင်ရွက်ရန်  FEM မှအစိုးရနှင့်လွှတ်တော် ကိုတိုက်တွန်းလိုက်ပါသည်။
အစိုးရအနေဖြင့်သတင်းအချက်အလက်အခွင့်အရေးဥပဒေ(RTI law) ကိုပြဌာန်းအကောင်အထည်ဖော်ရန်ဆန္ဒမရှိသေးလျှင်သို့မဟုတ်မတတ်နိုင်သေးလျှင်တောင်မှသတင်းအချက်အလက်အခွင့်အရေးကိုသိသာ ထင်ရှားစွာချိုးနှိမ်မှေးမှိန်စေသည့်ယခုဥပဒေကြမ်းကဲ့သို့သောဥပဒေများကိုရေးဆွဲပြဌာန်းခြင်းမှရှောင်ကြဉ် သင့်ပါသည်။
-- Zawgyi --
Right to information in Myanmar law