News Media Law — သတင်းမီဒီယာ ဥပဒေ
The News Media Law was created partly to protect journalists in a country with no constitutional guarantee for media freedom and no government will to amend the many laws criminalising journalism. Unfortunately the law only partially protects media freedom and fails to guarantee journalists’ rights. Instead the law creates government regulation of the media and a Press Council that is not structurally independent from the government.
Summary of recommendations
The News Media Law was useful for journalists during the early political transition but is not suitable for a democracy and needs urgent amendment to support media freedom and make the Myanmar Press Council independent from government.
Detailed issues
Click each section to read more:
International standards
Media laws should clearly recognise media freedom and the right to freedom of expression. Article 3 only covers a small part of these rights. International standards say media laws should explicitly say how important media freedom is to democracies, and that any regulation of the media undermines freedom of expression and must be justified. Media laws should also say that the government must ensure any interference with freedom of expression, including in using the News Media Law, is: (i) provided for by law; (ii) meets a legitimate aim, and (iii) is necessary in a democratic society.
Recommendations
Amend Article 3 to include the promotion and protection of media freedom and the right to freedom of expression in accordance with international human rights law, and stress the importance of unimpeded political debate.
International standards
Articles 4-8 do not include all journalists’ rights under international standards. In particular, they do not protect the anonymity of journalists’ sources or protect journalists from violence. The rights are also very weak and easily flouted because they are so limited by unspecified directives and regulations. Laws adopted by parliament must always override such government rules otherwise there will be confusion.
Recommendations
Amend Articles 4-8 to include protection of journalists’ sources anonymity and measures to protect journalists from violence, and remove all references to directives and regulations.
International standards
Government and parliament should not create ethical or professional rules and responsibilities for journalists because the media should be independent from government influence or control. According to international standards, the best way of supporting media independence is to allow them to self-regulate by creating their own code of conduct and holding themselves accountable. For those rules which are necessary, such as on defamation or contempt of court, laws should apply to everyone, not only journalists. Myanmar already has laws covering these issues so repeating them under Article 9 is confusing, unnecessary and will likely result in self-censorship.
Recommendations
Repeal Articles 9, 25 and 26, and add to Article 17 a duty for the Council to support the development of a self-regulatory Code of Conduct agreed by journalists themselves.
International standards
Press councils should be independent from government and others such as media companies, including safeguards to prevent political influence over appointments and dismissals. Articles 12-24 do not include safeguards or guarantee Press Council independence. They instead give the government the power to appoint and dismiss Council members, and include only vague and easily manipulated rules on funding and on how others such as journalists can propose Council members. The Council complaints mechanism also has no safeguards against government influence, and has to enforce the government’s rules under Article 9, many of which are not acceptable under international standards. The Council can negotiate a compromise but Articles 21 to 24 do not include normal remedies such as the right of reply or correction, or the publication of Council decisions.
Recommendations
- Add a new Article safeguarding the independence of the Council.
- Amend Articles 13-16 removing the government’s role in choosing or dismissing Council members.
- Amend Article 17 to add the Council’s duty to defend media freedom.
- Amend Article 19 making it clear where funding will come from, when, and who will decide how much.
- Amend Articles 21-24 to include alternative remedies such as the right of reply.
မီဒီယာလွတ်လပ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပေးထားသော နိုင်ငံတွင် သတင်းမီဒီယာဥပဒေသည် ဂျာနယ်လစ်များကို တစ်စိတ်တစ်ပိုင်းအားဖြင့် အကာအကွယ်ပေးထားပြီး၊ ဂျာနယ်လစ်များကို ရာဇဝတ်ပြစ်ဒဏ်သင့်နေစေသော ဥပဒေများအား ပြင်ဆင်ရန် အစိုးရတွင်ဆန္ဒမရှိပါ။ ကံဆိုးစွာဖြင့် ဥပဒေသည် မီဒီယာလွတ်လပ်ခွင့်ကိုသာလျှင်တစ်ပိုင်းတစ်စ ကာကွယ်ပြီး ဂျာ နယ်လစ်အခွင့်အရေးကို အာမခံ မထားပါ။ ထိုအစား ဥပဒေသည် မီဒီယာအား အစိုးရမှထိန်းချုပ်ခြင်း နှင့် အစိုးရမှ လွတ်လပ် ခြင်းမရှိသော ကောင်စီတစ်ခုကို ဖန်တီးထားသည်။
အကြံပြုချက်အနှစ်ချုပ်
သတင်းမီဒီယာဥပဒေသည် အစောပိုင်း နိုင်ငံရေးအသွင်ကူးပြောင်းရေးကာလများ၌ ဂျာနယ်လစ်များအတွက် အသုံးဝင်ခဲ့သော် လည်း ဒီမိုကရေစီအတွက် သင့်လျော်သည့် ပုံစံတော့ မဟုတ်ချေ။ ထို့ကြောင့် မီဒီယာလွတ်လပ်ခွင့်ကိုအထောက်ပံ့ပေးရန်နှင့် လွတ်လပ်သောသတင်းမီဒီယာကောင်စီပေါ်ထွန်းလာစေရန် ယခုသတင်းမီဒီယာဥပဒေအား အရေးတကြီးပြင်ဆင်သင့်ပါသည်။
- ပုဒ်မ ၃ – ဥပဒေ၏ ရည်ရွယ်ချက်
သတင်းမီဒီယာလုပ်ငန်းနယ်ပယ်ဖန်တီးခြင်း၊ ဂျာနယ်လစ်အခွင့်အရေး၊ မီဒီယာကျင့်ဝတ် နှင့် တိုင်ကြားရေးယန္တယား ဖန်တီးခြင်း တို့ကို ဥပဒေ၏ရည်ရွယ်ချက်အဖြစ် ပုဒ်မ ၃ တွင် ထည့်သွင်းထားသည်။ သို့သော် ပုဒ်မသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှ သာလျှင် ထိုအခွင့်အရေးများကို ခံစားနိုင်ကြောင်း ကန့်သတ်ထားသည်။
နိုင်ငံတကာစံနှုန်းများ
မီဒီယာဥပဒေသည် မီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုသင့်သည်။ ပုဒ်မ ၃ သည် ယင်းအခွင့်အရေးများကို အနည်းငယ်မျှသာလျှင် အကာအကွယ်ပေးသည်။ နိုင်ငံတကာစံနှုန်းများက ဆိုထားသည် မှာ မီဒီယာဥပဒေတွင် မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီအတွက် မည်မျှအရေးကြီးကြောင်းနှင့်၊ ထိုကြောင့် မီဒီယာကို ထိန်း ချုပ်သည့် မည်သည့်ထိန်းချုပ်မှုမဆို လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို သေးသိမ်မှေးမှိန်စေပြီး၊ ယင်းတို့ကို ညီညွှတ် မျှတအောင်ပြုလုပ်ရန်လိုအပ်ကြောင်း မီဒီယာဥပဒေများတွင် တိတိကျကျ ထည့်သွင်းဖော်ပြသင့်သည်ဟု ဆိုသည်။ လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်အား အစိုးရက မည်သို့သောကြားဝင်နှောင့်ယှက်မှုမှ မပြုနိုင်ရန် မီဒီယာဥပဒေများက သေချာစေရမည်။ ထို့အပြင် သတင်းမီဒီယာဥပဒေကို သုံးပြီးလွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ကန့်သတ်မည်ဆိုပါကလည်း (၁) ဥပဒေ အရထောက်ပံ့ပေးရမည်၊ (ကန့်သတ်ချက်အား ဥပဒေတွင် တိတိကျကျဖော်ပြထားရမည်။)၊ (၂) ကန့်သတ်သင့်သည့် တရားဝင် ရည်ရွယ်ချက်လည်း ရှိရမည်၊ (၃) ကန့်သတ်ချက်သည် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် လိုအပ်ချက်လည်း ရှိရမည်။
အကြံပြုချက်
မီဒီယာလွတ်လပ်ခွင့်အပါအဝင် လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို နိုင်တကာလူ့အခွင့်အရေးဥပဒေနှင့်အညီ တိုးမြှင့် ရန်နှင့်ကာကွယ်ရန်၊ ထို့အပြင် မည်သည့်အတားအဆီးမျိုးမျှမရှိသော နိုင်ငံရေးငြင်းခုံဆွေးနွေးခြင်း၏ အရေးကြီးမှုအကြောင်း ဖော်ပြချက်တစ်ရပ်ကိုပါထည့်သွင်းဖော်ပြရန် ပုဒ်မ ၃ ကို ပြင်ဆင်ပါ။ (အတားအဆီးဆိုသည်မှာ တခါတရံက ဥပဒေက ခွင့်ပြု ထားသော်လည်း လုပ်ထုံးလုပ်နည်းများအရ နှောင့်နှေးကြန့်ကြာစေခြင်း၊ စိတ်ပျက်အားလျော့မှုကို ဖြစ်စေခြင်း၊ ဆက်လက်လုပ် ဆောင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေများကို ဖန်တီးခြင်း စသည်တို့ကိုပါ ဆိုလိုသည်။)
- ပုဒ်မ ၄-၈ - ဂျာနယ်လစ်များ၏ အခွင့်အရေး
အစိုးရအားဝေဖန်ရန်၊ အစိုးရနှင့် အခြားရင်းမြစ်များမှ သတင်းအချက်အလက်များစု ဆာင်းရယူရန်၊ စုံစမ်းရေးသားဖော်ထုတ် တင်ပြရန်၊ အကြောင်းပြချက်မရှိဘဲ မီဒီယာသမားများနှင့် ၎င်းတို့၏ သတင်းမီဒီယာပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းခြင်းမှ ကင်းလွတ်ခွင့်ရရန်နှင့်၊ အမည်ဝှက်ဆက်သွယ်ခြင်းအား အကန့်အသတ်ဖြင့်ပေးထားသည့် အာမခံ စသည်တို့ကို ဂျာနယ်လစ်များ ၏ အခွင့်အရေးအဖြစ် ပုဒ်မ ၄ မှ ၈ တွင် ထည့်သွင်းထားသည်။ သို့သော်ယင်းတို့သည် အမည်တပ်မထားသော အမိန့်နှင့် ညွှန်ကြား ချက်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ညွှန်းဆိုထားခြင်းကြောင့် အကန့်သတ်ခံနေရလျက်ရှိသည်။
နိုင်ငံတကာစံနှုန်းများ
ပုဒ်မ ၄-၈ သည် နိုင်ငံတကာစံနှုန်းများက ပေးထားသော ဂျာနယ်လစ်များ၏ အခွင့်အရေးအားလုံးမပါဝင်ချေ။ အထူးသဖြင့် ဂျာ နယ်လစ်များ၏ သတင်းရင်းမြစ်အား အမည်မဖော်ထုတ်ဘဲ ဖုံးကွယ်ထားခွင့် နှင့် ဂျာနယ်လစ်များအား အကြမ်းဖက်ခံရခြင်းမှ အကာကွယ်ပေးရန် ယင်းအခွင့်အရေးများက ထည့်သွင်းအာမခံထားခြင်းမရှိပါ။ ဥပဒေတွင်ပေးထားသော အခွင့်အရေးများ သည် လွန်စွားအားနည်းပြီး၊ သတ်သတ်မှတ်မှတ်ဖော်ပြထားခြင်းမရှိသော အမိန့်ညွှန်ကြားချက်နှင့် စည်းကမ်းထိန်းချုပ်မှုများ ကြောင့် ယင်းအခွင့်အရေးများကို ကန့်သတ်ခံရနိုင်ပြီး လွယ်ကူစွာကျိုးပဲ့စေနိုင်သည်။ လွှတ်တော်မှရေးဆွဲပြဌာန်းလိုက်သော ဥပဒေများသည် အစိုးရ၏စည်းကမ်းချက်များကို အမြဲတစေ လွှမ်းမိုးနိုင်ရမည်ဖြစ်ပြီး၊ သို့မဟုတ်လျှင် ရှုပ်ထွေးစေနိုင်သည်။
အကြံပြုချက်
ဂျာနယ်လစ်များ၏ သတင်းရင်းမြစ်များအား အမည်မဖော်ဘဲဖုံးကွယ်ထားနိုင်ခွင့် နှင့် ဂျာနယ်လစ်များအား အကြမ်းဖက်ခံရခြင်း မှ အကာကွယ်အပေးနိုင်သည့် ဆောင်ရွက်ချက်များကို ထည့်သွင်းရေးဆွဲရန်၊ အမိန့်ညွှန်ကြားချက်နှင့် စည်းကမ်းထိန်းချုပ်မှုများ ဆိုင်ရာ ညွှန်းဆိုမှုများအားလုံးကို ဥပဒေထဲမှ ဖယ်ရှားပစ်ရန် ပုဒ်မ ၄ မှ ၈ ကို ပြင်ဆင်ပါ။
- ပုဒ်မ ၉၊ ၂၅ နှင့် ၂၆ - ကျင့်ဝတ်စည်းကမ်းနှင့် ပြစ်ဒဏ်များ
ပုဒ်မ ၉ သည် သတင်းအချက်အလက် မှန်ကန်တိကျခြင်း၊ ပြင်ဆင်ချက်၊ သတင်းဓာတ်ပုံ ပြုပြင်ပြောင်းလဲခြင်း၊ မူပိုင်ခွင့်နှင့် ရေး သားတင်ပြမှုပုံစံများအပါအဝင် သတင်းမီဒီယာကျင့်ဝတ်တစ်ရပ်ကို အကြမ်းဖျဉ်းရေးသားဖော်ပြထားသည်။ ပုဒ်မ ၂၅ သည် သ တင်းမီဒီယာကျင့်ဝတ်ကိုဖောက်ဖျက်လျှင် ဂျာနယ်လစ်များကို ငွေဒဏ်ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။ ပုဒ်မ ၂၆ က ဂျာနယ် လစ်များသည် ပုဒ်မ - ၉၊ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို လူမျိုးရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ပွား အောင် လှုံ့ဆော်ရေးသားခြင်းအားဖြင့် ချိုးဖောက်ခဲ့လျှင် အခြားသတ်သတ်မှတ်မှတ်ဖော်ပြထားခြင်းမရှိသော ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု ဖော်ပြထားသည်။
နိုင်ငံတကာစံနှုန်းများ
အစိုးရ နှင့် လွှတ်တော်သည် မီဒီယာသမားများအတွက် ကျင့်ဝတ်သိက္ခာပိုင်းအရဖြစ်စေ၊ ဝါရင့်ကျွမ်းကျင်မှုပိုင်းအရဖြစ်စေ စည်း မျဉ်းတာဝန်များ မဖန်တီးသင့်ပါ။ အဘယ်ကြောင့်ဆိုသော် မီဒီယာသည် အစိုးရ၏ လွှမ်းမိုးထိန်းချုပ်မှုမှ ကင်းလွတ်ရမည် ဖြစ် သည်။ နိုင်ငံတကာ စံနှုန်းများအရ မီဒီယာလွတ်လပ်ခွင့်ကို ထောက်ပံ့ပေးရန် အကောင်းဆုံးနည်းလမ်းမှာ မီဒီယာအား တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် မီဒီယာမှကိုယ်တိုင်ရေးဆွဲထားသည့် ကျင့်ဝတ်ဖြင့် ကိုယ်တိုင်ထိန်းကျောင်းသည့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်း စေခြင်းပင်ဖြစ်သည်။ အသရေဖျက်ခြင်း နှင့် တရာရုံးမထီမဲ့မြင်ပြုမှုကဲ့သို့ လိုအပ်သော စည်းမျဉ်းများအတွက်မူ ယင်းတို့သည် ဂျာနယ်လစ်များအတွက်သာ သီးသန့်မသက်ရောက်သင့်ဘဲ လူအားလုံးအတွက် အကျုံးဝင်သင့်ပါသည်။ မြန်မာနိုင်ငံတွင် ယင်းပြ သနာရပ်များကို လွှမ်းခြုံနိုင်သည့် ဥပဒေများရှိပြီး ဖြစ်ကာ၊ ယင်းတို့ကို ပုဒ်မ (၉) တွင် ထပ်မံထည့်သွင်းဖော်ပြထားခြင်းမှာ မလို အပ်ဘဲ ထည့်သွင်းထားခြင်းဖြစ်ပြီး၊ မိမိကိုယ်ကိုယ် ဆင်ဆာထိန်းချုပ်မှုကို ဖြစ်ပေါ်စေနိုင်သည်။
အကြံပြုချက်
ပုဒ်မ ၉၊ ၂၅၊ ၂၆ တို့ကို ဖျက်သိမ်း၍ ဂျာနယ်လစ်များကိုယ်တိုင် သဘောတူသော မိမိကိုယ်ကိုထိန်းကျောင်းသည့် မီဒီယာစည်းမျဉ်း တစ်ခုရေးဆွဲဖော်ဆောင်ရာတွင် မီဒီယာကောင်စီမှ အထောက်အပံ့ပြုရန် တာဝန်တစ်ရပ်ကို ပုဒ်မ ၁၇ တွင် ပေါင်းထည့်ပါ။
- ပုဒ်မ ၁၂-၂၄ - မြန်မာသတင်းမီဒီယာကောင်စီ
ပုဒ်မ ၁၂ မှ၂၄ အထိသည် မြန်မာသတင်းမီဒီယာကောင်စီနှင့် သူ၏ အလုပ်လုပ်ပုံကိုအကြမ်းဖျဉ်း ဖော်ပြထားသည်။ ကောင်စီဝင် ဦးရေကို အမြင့်ဆုံးခြောက်နှစ်အထိ တာဝန်ထမ်းဆောင်ရန် အများဆုံး ၃၀ဦးအထိ သတ်မှတ်ထားသည်။ ၎င်းတို့မှာ နိုင်ငံတော်အ စိုးရ အဆိုပြုသော ၃ဦးနှင့် သတင်းမီဒီယာသမားများ၊ ပုံနှိပ်ထုတ်ဝေသူများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ကာတွန်းရေးဆ ရာ နှင့် ပညာရှင်များစသဖြင့် အဆိုပြုသော ကိုယ်စားလှယ်များ ပါဝင်သည်။ သမ္မတသည် ထိုအဆိုပြုထားသော ကိုယ်စားလှယ် များအား ခန့်အပ်နိုင်သလို၊ တိတိကျကျဖော်ပြထားခြင်းမရှိသည့် ကောင်စီမှချမှတ်သောစည်းမျဉ်းများ (သို့မဟုတ်) ပုဒ်မ ၉ ပါ အချက်တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း အပါအဝင် များစွာသော အကြောင်းပြချက်များဖြင့် ထိုကိုယ်စားလှယ်များကို သမ္မတမှ ပြန်လည်ဖြုတ်ပစ်နိုင်သည်။ ကောင်စီ၏ တာဝန်များသည် မီဒီယာလောကကို တိုးမြှင့်ရန်ဖြစ်ပြီး ၎င်း၏ရန်ပုံငွေသည် အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ရရှိသည်။ မီဒီယာသမားများမှ ကျင့်ဝတ်ဖောက်ဖျက်၍ ဖြစ်ပေါ်လာသော တိုင်ကြားမှု များကို ကောင်စီမှ လက်ခံရန်နှင့် ညှိနှိုင်းပေးရန် တာဝန်ရှိပြီး ယင်းတို့ကို ပုဒ်မ ၁၉ မှ ၂၄ အောက်တွင် ထည့်သွင်းထားသည်။
နိုင်ငံတကာစံနှုန်းများ
မီဒီယာကောင်စီသည် အစိုးရနှင့် မီဒီယာကုမ္ပဏီများအပါအဝင် အခြားအဖွဲ့များမှ ကင်းလွတ် ခွင့်ရှိရမည်ဖြစ်ပြီး၊ ရာထူးခန့်အပ် ခြင်းနှင့် ရာထူးမှ ဖြုတ်ပယ်ခြင်းတို့တွင် နိုင်ငံရေးအရ လွှမ်းမိုးမှုမှ ကာကွယ်ရေး အရံအတားလည်း ရှိရမည် ဖြစ်သည်။ ပုဒ်မ ၁၂ မှ ၂၄ တွင် ကောင်စီ၏လွတ်လပ်ခွင့်အား ကာကွယ်ထားသည့် အာမခံချက်များ နှင့် အရံအတားများ မပါရှိပါ။ ၎င်းအစား ယင်းပုဒ်မ များသည် ကိုယ်စားလှယ်များ ခန့်အပ်ခွင့် ဖြုတ်ချခွင့် အာဏာအား အစိုးရကို ပေးအပ်ထားပြီး၊ ရန်ပုံငွေနှင့်ပတ်သက်ပြီး ဝေဝါး ကာ အလွယ်တကူတလွဲအသုံးချနိုင်သော စည်းမျဉ်းများနှင့် အခြားဂျာနယ်လစ်များမှ ကောင်စီအဖွဲ့ဝင်အဖြစ် မည်သို့အဆိုတင် သွင်းနိုင်ကြောင်းဖော်ပြရာတွင် မတိကျမရှင်းလင်းသည့် ဖော်ပြချက်များသာ ပါဝင်သည်။ ကောင်စီ၏ တိုင်ကြားစိစစ်ရေးအဖွဲ့ သည် အစိုးရလွှမ်းမိုးမှုမှ ကင်းလွတ်စေသည့် အရံအတားမျိုး မပါဝင်ဘဲ၊ အစိုးရချမှတ်ထားပြီး နိုင်ငံတကာစံနှုန်းများအရ လက်ခံ နိုင်စရာမရှိသော စည်းမျဉ်းများပါဝင်သည့် ပုဒ်မ (၉) ကို အသက်သွင်းအကောင်အထည်ဖော်ရမည်သာ ဖြစ်လေသည်။ ကောင်စီ သည် အငြင်းပွားမှုများကို ညှိနှိုင်းဖြေရှင်းပေးနိုင်သော်လည်း ပုဒ်မ ၂၁ မှ ၂၄ အထိသည် အကြောင်းပြန်ခွင့် (သို့မဟုတ်) အမှားပြင် ဆင်ခွင့် နှင့် ကောင်စီ၏ဆုံးဖြတ်ချက်များကို အများပြည်သူထံ ထုတ်ဝေဖြန့်ချီခွင့်ကဲ့သို့သော သာမန်ကုစားခွင့်တို့ကို ပေးမထားပါ။
အကြံပြုချက်
• ကောင်စီ၏ လွတ်လပ်အမှီအခိုကင်းမှုအား အကာကွယ်ပေးသည့် ပုဒ်မအသစ်တစ်ခု ထည့်သွင်းပြဌာန်းပေးပါ။
• ကောင်စီဝင် ရွေးချယ်ခန့်အပ်ခြင်းနှင့် ရာထူးမှရပ်ဆိုင်းရေးတွင် အာဏာရှိနေသော အစိုးရ၏ အခန်းကဏ္ဍကို ဖယ်ရှားရန် ပုဒ်မ ၁၃ မှ ၁၆ကို ပြင်ပါ။
• မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ရန် ကောင်စီ၏ တာဝန်အား ပုဒ်မ ၁၇ တွင် ထည့်သွင်းပြင်ဆင်ပါ။
• ရန်ပုံငွေသည် မည်သည့်နေရာကလာသလဲ၊ မည်သည့်အချိန်တွင် မည်သူက မည်မျှပမာဏ တောင်းယူဆုံးဖြတ်နိုင်ကြောင်း ရှင်း လင်းစေရန် အလို့ငှာ ပုဒ်မ ၁၉ကို ပြင်ပါ။
• အကြောင်းပြန်ခွင့်ကဲ့သို့သော အခြားရွေးချယ်အသုံးပြုစရာ ကုစားခွင့်မျိုးပါဝင်ရန် ပုဒ်မ ၂၁ မှ၂၄အထိကို ပြင်ဆင်ပါ။
Updates
- Workshop with Supreme Court and Attorney General’s Office
- UN letter to government on journalists’ cases (MMR6/2015)
- Military withdraws criminal complaints against eight — မြန်မာ့တပ်မတော်က တရားစွဲဆိုထားသည့် အမှု ရှစ်မှုကို ရုပ်သိမ်းလိုက်ခြင်း
- Report: Myanmar’s media freedom at risk — ခြိမ်းခြောက်ခံနေရသော မြန်မာ့မီဒီယာလွတ်လပ်ခွင့်