Report: No permission to protest — ဆန္ဒထုတ်ဖော်ခွင့်မပြု

Click here to download No permission to protest ဆန္ဒထုတ်ဖော်ခွင့်မပြု  (7mb) >>

2020 marks the hundred-year anniversary of the first major protests in Myanmar’s modern history. Protests have launched political leaders, political parties, new constitutions and elections. As a result, the State has historically viewed protesters with suspicion and clamped down on the rights to freedom of expression and assembly at every opportunity. Even today, the media continues to report regular harassment and intimidation of protesters. In 2019, almost 100 protesters were charged for protesting.

To mark the centenary, FEM has conducted one of the most in-depth, technical, and qualitative surveys of protesters, analysing their experiences and measuring Myanmar against international democratic standards on the right to protest.


People in Myanmar largely protest in response to what they regard as the authorities’ failure to act on public grievances. Both protesters and the authorities are generally unaware of the law, which is itself vague and problematic, despite legal reforms over the past few years. The authorities in particular still think protesters require permission in order to protest, and the authorities regularly interfere with the rights to freedom of expression and assembly by trying to dictate the content, form, and location of protests.

When protests do happen, the authorities’ primary aim is to shut them down, rather than facilitating them, and as such their preparations are usually unnecessary and disproportionate. The authorities also use unnecessary and disproportionate force against protesters, exploiting tactics that at least recklessly if not intentionally injure protesters. Despite most protests being non-violent, the authorities are quick to shut down protests and arrest protesters without a legitimate reason.

After protests are over, many protesters are charged simply for exercising their democratic rights. Often charges infer unlawful collective culpability. Charged protesters lack legal and financial support for what are slow trials resulting in punitive sentences. Protesters face a 100% conviction rate.


To the government

  • Ratify the ICCPR and the ICCPR’s Optional Protocol.
  • Amend the PAPP Law and Penal Code to bring them in line with international democratic standards (see below table for detailed recommendations).
  • Retract all local regulations banning protests and ensure that they are not reinstated.
  • Conduct a full and consultative review of police laws to bring them into line with international democratic standards.
  • Amend the Myanmar National Human Rights Commission Law to bring it in line with the Paris Principles.[i]
  • Investigate and either discipline or prosecute police who have misused their authority against protesters.

To the Myanmar Police Force

  • Adopt clear, operationally-focused and accessible rules on the policing of protests, guided by the human rights principles of legality, necessity, proportionality, and non-discrimination. These should comply with the UN Code of Conduct for Law Enforcement Officials.
  • Train police on managing protests with a clear focus in all their planning, implementation, and evaluation upon facilitation of protests. Ideally, only trained police should manage protests.
  • Develop and implement clearer guidance for police on restricting protests, including use of force. This should clarify the circumstances in which restrictions can be imposed on protesters. It should also clarify the limits of police authority, explain crowd behaviours, and describe methods such as negotiation and mediation for de-escalating conflict.
  • Improve communications with the public, including by establishing clear lines of communication with protesters. Aim to reduce misunderstandings and promote dialog and negotiation.
  • Wear regular uniforms and display clear identification. Special clothing such as helmets and shields escalate tension and should only be used when necessary due to a clear risk of injury.
  • Only disperse protests where there is an imminent threat of violence and all attempts to de-escalate have been tried and failed. Dispersals should never be ordered due to any other reason.

To the judiciary and courts

  • Impress on judges, through internal guidelines and training, the importance of judicial independence, including the balanced treatment of expert testimony. Impress also the democratic standards relating to individual culpability.
  • Encourage and empower judges to apply the law according to democratic standards, in particular in protest-related cases by interpreting any law narrowly and in favour of the principle of liberty as demanded in the Constitution Article 6.
  • Train judges on international standards relating to the human rights to freedom of expression and freedom of assembly.
  • Conduct a review of conviction rates and sentencing with the intention to develop internal guidelines on appropriate sentencing.
  • Invite independent human rights experts to the court to provide advice to the court, independent from either parties' legal teams.

To the Myanmar National Human Rights Commission

  • Investigate and submit to Parliament a review of freedom of expression in Myanmar, with recommendations for legal and practical reforms.

To civil society, media

  • Use the evidence in this report to push for full amendment of the PAPP Law and Penal Code.
  • Build a stronger support network for protesters who face criminal prosecution, including giving legal and financial support.

To the international community

  • Use the evidence in this report to push for full amendment of the PAPP Law and Penal Code.
  • Support programmes advocating for full amendment of the PAPP Law and Penal Code.


ဆန္ဒထုတ်ဖော်ခွင့်မပြု   (7mb) >>

၂၀၂၀ ပြည့်နှစ်သည် ခေတ်သစ်မြန်မာ့သမိုင်းအတွက် ပထမဦးဆုံးသော အရေးကြီးသည့် ဆန္ဒထုတ်ဖော်မှုများ၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နှစ်တစ်နှစ် ဖြစ်ပါသည်။ နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်များနှင့် ရွေးကောက်ပွဲများကို ဆန္ဒထုတ်ဖော်ပွဲများက မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် အစိုးရများသည် သမိုင်းတစ်လျှောက်တွင် ဆန္ဒထုတ်ဖော်သူများကို သံသယမျက်လုံးများဖြင့် ကြည့်ခဲ့ကြပြီး၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်ကို ကန့်သတ်ခဲ့ကြပါသည်။ မျက်မှောက်ခေတ်တွင်မူ ဆန္ဒထုတ်ဖော်သူများအပေါ် နှောင့်ယှက်မှုနှင့် ခြောက်လှန့်မှုများကို မီဒီယာများတွင် အမြဲပင်တွေ့ရှိနေရဆဲပင် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဆန္ဒထုတ်ဖော်သူ ၁၀၀ နီးပါးသည် ဆန္ဒထုတ်ဖော်သည့်အတွက် တရားစွဲဆို ခံခဲ့ရသည်။

ရာပြည့်အထိမ်းအမှတ်အနေအဖြစ် FEM သည် အသေးစိတ်ကျကျနှင့် ပညာရပ်ဆန်ပြီး   အရေအတွက်ကောက်ယူမှုကို အခြေခံသော စစ်တမ်းတစ်ခုကို ဆန္ဒထုတ်ဖော်သူများကို မေးမြန်းရန် စီစဉ်ခဲ့ပါသည်။ ၎င်းတို့၏ အတွေ့အကြုံများကို သုံးသပ်ပြီး မြန်မာနိုင်ငံ၏ ဆန္ဒထုတ်ဖော်ခွင့် အခြေအနေကို နိုင်ငံတကာ ဒီမိုကရေစီ စံနှုန်းများနှင့် တိုင်းတာခဲ့ပါသည်။


မြန်မာနိုင်ငံရှိ ပြည်သူများသည် အများအားဖြင့် အာဏာပိုင်များက အများပြည်သူ၏ မကျေနက်ချက်များ/တိုင်တန်းချက်များ/နစ်နာချက်များကို လျစ်လျူရှုသည်ဟု ထင်မြင်ယူဆကြလျှင် ဆန္ဒထုတ်ဖော် ကြပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဥပဒေ‌ရေးရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော်လည်း ရှင်းလင်းမှုမရှိသော၊ ပြဿနာဖြစ်စေသော ဥပဒေကို  ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်များကိုယ်တိုင်က ယေဘုရအားဖြင့် သိရှိနားလည်ခြင်း မရှိကြပါ။ အထူးသဖြင့် ဆန္ဒထုတ်ဖော်ခွင့် ရရန် ဆန္ဒထုတ်ဖော်သူများသည် ခွင့်ပြုမိန့် လိုအပ်သည်ဟု အာဏာပိုင်များက ထင်နေဆဲဖြစ်သည်။  ဆန္ဒထုတ်ဖော်သည့် အကြောင်းအရာခေါင်းစဉ်၊ ထုတ်ဖော်မည့် ပုံစံ နှင့် နေရာ တို့ကို လွှမ်းမိုး ချုပ်ကိုင်ရန် ကြိုးစားခြင်းအားဖြင့် အာဏာပိုင်များသည် ပုံမှန်အားဖြင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုပိုင်ခွင့်နှင့် စုဝေးခွင့်ကို ဝင်ရောက်ဟန့်တားလေ့ရှိကြသည်။

ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားနေချိန်များတွင်မူ အဆင်ပြေအောင် ပံ့ပိုးကူညီပေးရမည့်အစား အာဏာပိုင်များ၏ အဓိက ရည်မှန်းချက်သည် ဆန္ဒထုတ်ဖော်မှုကို ပိတ်သိမ်းရန်သာဖြစ်ပြီး အဆိုပါ၄င်းတို့၏ ပြင်ဆင်မှုများသည် များသောအားဖြင့် မလိုအပ်၊ အချိုးမမျှ မသင့်လျော်သည်က များသည်။ အဆိုပါအာဏာပိုင်များသည် ဆန္ဒထုတ်ဖော်သူများအပေါ် မလိုအပ်သော၊ အချိုးမမျှ မသင့်လျော်သော အင်အားသုံးဖြေရှင်းမှုများကိုလည်း လုပ်လေ့ရှိပြီး ဆန္ဒထုတ်ဖော်သူများကို ဒဏ်ရာရစေရန် တမင်မရည်ရွယ်သည့်တိုင် ထိုသို့ ဖြစ်စေသည့်  နည်းစနစ်များကို ဆင်ခြင်စဉ်းစားသုံးသပ်မှုမရှိဘဲ အသုံးချလေ့ရှိကြပါသည်။ ဆန္ဒထုတ်ဖော်သူ အများအပြားသည် အကြမ်းဖက်လေ့ မရှိသော်လည်း အာဏာပိုင်များသည် ဆန္ဒထုတ်ဖော်ပွဲများကို မြန်မြန်ပိတ်သိမ်းကြပြီး ဥပဒေကြောင်းအရ လက်ခံနိုင်ဖွယ် အကြောင်းပြချက် မရှိဘဲ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးသည်။

ဆန္ဒထုတ်ဖော်မှုများ ပြီးဆုံးချိန်တွင် များစွာသော ဆန္ဒထုတ်ဖော်သူများသည် ၎င်းတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို ကျင့်သုံးမှုကြောင့်ပင် တရားစွဲဆိုခံရသည်။ အများအားဖြင့် စွဲဆိုချက်များသည် ဥပဒေနှင့် မညီသော သိမ်းကျုံးကာ အုပ်စုလိုက် အပြစ်ထိုက်သင့်ခြင်း ဖြစ်သည်။ တရားစွဲဆိုခံရသော ဆန္ဒထုတ်ဖော်သူများသည် အဆုံးတွင် ပြစ်ဒဏ်သင့်စေသော စီရင်ချက်များသာ ထွက်ရှိလာမည်ဖြစ်သည့် နှေးကွေးသော ရုံးတင် စစ်ဆေးမှုများကို ရင်ဆိုင်ကြရာတွင် ဥပဒေဆိုင်ရာ နှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့ မရကြပါ။ ဆန္ဒထုတ်ဖော်သူများသည် ၁၀၀ % ပြစ်ဒဏ်ကျခံရနှုန်း ရှိနေသည်။



  • အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်ရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) နှင့် ICCPR နောက်ဆက်တွဲ အခြေပြ စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးရန်
  • နိုင်ငံတကာဒီမိုကရေစီစံနှုန်းများနှင့်အညီ ပါဝင်နိုင်စေရန် ငြိမ်းစုစီဥပဒေနင့် ရာဇသတ်ကြီးကို ပြင်ဆင်ရန် (အောက်တွင် ဖော်ပြထားသော ဇယားပါ အသေးစိတ်အကြံပြုချက်များအတိုင်း)
  • ဆန္ဒပြမှုများကို တားဆီးပိတ်ပင်နေသော ဒေသအလိုက် စည်းမျဉ်းများအားလုံးကို ပယ်ဖျက်ပြီး၊ ယင်းတို့ပြန်လည်အသက်မဝင်လာစေရန် သေချာအောင် ပြုလုပ်ပါ။
  • ရဲတပ်ဖွဲ့ဥပဒေများကို အပြည်ပြည်ဆိုင်ရာဒီမိုကရေစီစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ပြီးပြည့်စုံပြီး အများပါဝင်ညှိနှိုင်းဆွေးနွေးသောပုံစံဖြင့် ပြန်လည်သုံးသပ်ဆောင်ရွက်ရန်။
  • ပါရီဥပဒေသများနှင့်အညီ ဖြစ်စေရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ရန်
  • အာဏာကိုအလွဲသုံးစားပြုလျက် ဆန္ဒပြသူများအပေါ် အာဏာအလွဲသုံးစားပြုသော ရဲနှင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးခြင်း၊ စည်းမျဉ်းများကန့်သတ်ခြင်း လုပ်ဆောင်ပါ။


  • လူ့အခွင့်အရေးစည်းမျဉ်းများတွင် ပြဋ္ဌာန်းထားသော တရားဝင်ရှိခြင်း၊ လိုအပ်မှုရှိခြင်း၊အချိုးကျနသင့်လျော်ခြင်းနှင့် ခွဲခြားဆက်ဆံမှု မရှိခြင်း မူအရ ရှင်းလင်းပြီး၊ အကောင်အထည်ဖော်မှုရေးရာကို အလေးပေးကာ လက်လှမ်းမီနိုင်သော စည်းကမ်းများကို ချမှတ်ရန်။ အဆိုပါစည်းကမ်းများသည် ဥပဒေစိုးမိုးရေး ဝန်ထမ်းများ/ ရဲဝန်ထမ်းများဆိုင်ရာ ကုလသမဂ္ဂ ကျင့်ဝတ်နှင့်ကိုက်ညီရမည်။
  • ဆန္ဒပြပွဲများကို ကိုင်တွယ်ရာတွင် အစီအစဉ်ဆွဲခြင်း၊ အကောင်အထည်ဖော်လုပ်ဆောင်ခြင်းနှင့် အကဲဖြတ်ခြင်းကို ရှင်းရှင်းလင်းလင်းကျင့်သုံးကာ ဆန္ဒပြပွဲကို ပံ့ပိုး ကူညီသည့်အနေဖြင့် ကိုင်တွယ် စီမံနိုင်စေရန် ရဲများကို သင်ပေးရန်။ အကောင်းဆုံးအနေနှင့် သင်ကြား လေ့ကျင့်ပေးထားသော ရဲများနှင့်သာ ဆန္ဒပြပွဲများကို ကိုင်တွယ်ရန်။
  • ဆန္ဒပြပွဲများကို အင်အားသုံးဖြေရှင်းခြင်းအပါအဝင် ကန့်သတ်တားမြစ်ခြင်းလုပ်‌ဆောင်ရာတွင် ရဲများအတွက် ပိုမိုရှင်းလင်းသော လမ်းညွှန်ချက်များရေးဆွဲပြီး ကျင့်သုံးဆောင်ရွက်ရမည်။ ယင်းတွင် ဆန္ဒထုတ်ဖော်နေသူများကို တားမြစ်နိုင်သည့် အခြေအနေကို ရှင်းလင်းစွာ ဖော်ပြထားရမည်။ ရဲများ၏ အာဏာအသုံးပြုမှု ကန့်သတ်ခြင်းများကို ရှင်းရှင်းလင်းလင်းဖော်ပြရန် ၊ လူအုပ်၏အပြုအမူများကို ရှင်းလင်းပြရန်နှင့် ပဋိပက္ခများကို လျော့ပါးစေရန် မည်သို့ညှိနှိုင်းရမည်၊ ကြားခံအဖြစ်ဆောင်ရွက်ရမည်ကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြရမည်။
  • ဆန္ဒထုတ်ဖော်သူများကို ပြောဆိုဆက်ဆံရာတွင် ရှင်းလင်းသော ဆက်သွယ်မှု တည်ဆောက်ခြင်းအပါအဝင် လူထုနှင့် ပြောဆိုဆက်ဆံရေးကို အဆင့်မြှင့်တင်ရမည်။ နားလည်မှု လွဲမှားသည်များကို လျော့ချပြီး၊ အပြန်အလှန်စကားဖလှယ်ရေးနှင့် ညှိနှိုင်းစေ့စပ်ရေးကို အားပေးရန်။
  • ပုံမှန် ယူနီဖောင်းကို ဝတ်ဆင်ပြီး မည်သူမည်ဝါဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ပြထားရန်။ ဦးထုပ်နှင့် ဒိုင်းများသည် တင်းမာမှုကို အားပေးသောကြောင့် ဒဏ်ရာရနိုင်ချေများသည့်အချိန်၊ လိုအပ်သည့် အခါမှသာ သုံးသင့်သည်။
  • ဆန္ဒပြပွဲသည် အကြမ်းဖက်မှုဖြစ်လာတော့မည့်အသွင်ဖြစ်လာပြီး ဖြန်ဖျေမှုများကို ကြိုးစားသော်လည်း မအောင်မြင်သော အခြေအနေမှသာ ဆန္ဒပြမှုကို လူစုခွဲရမည်။ အခြားအကြောင်းအရာများကြောင့် လူစုခွဲခြင်းကို မည်သည့်အချိန်တွင်မျှ အမိန့်မပေးရပါ။

တရားစီရင်ရေး မဏ္ဍိုင်နှင့် တရားရုံးသို့

  • ကျွမ်းကျင်သူများ၏ ပြောကြားချက်၊ ဖော်ထုတ်တင်ပြချက်များမှ သင့်လျော်သော အချက်အလက်များအပါအဝင် တရားရေးမဏ္ဍိုင် လွတ်လပ်မှုရှိရန် အရေးကြီးပုံကို ဌာနတွင်း လမ်းညွှန်ချက်များနှင့် သင်တန်းများပေးခြင်းဖြင့် တရားသူကြီးများအပေါ် အထင်ကြီး လေးစားမှု ရှိလာရန်။ တစ်ဦးချင်းစီ၏ ပြစ်ဒဏ်ထိုက်မှုနှင့် ပတ်သက်၍ ဒီမိုကရေစီ စံချိန်စံနှုန်းများကိုလည်း လေးစားရန်
  • ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆တွင် ဖော်ပြထားသည့်အတိုင်း လွတ်လပ်ခြင်းမူကို ထောက်ရှုပြီးမည်သည့်ဥပဒေကိုမဆို အနည်းအကျဉ်း အဓိပ္ပါယ်ကောက်ယူ၍ အထူးသဖြင့် ဆန္ဒထုတ်ဖော်မှုနှင့် ဆိုင်သော အမှုကိစ္စများတွင် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ အဆိုပါဥပဒေကို အသုံးချရန် တရားသူကြီးများကို အားပေးရမည်၊ ထိုသို့ ဆောင်ရွက်လာစေရန် တိုက်တွန်းအားပေးရမည်။
  • လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်နှင့် ဆိုင်သည့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ စံနှုန်းများကို တရားသူကြီးများအား အသိပညာပေးရန်
  • သင့်လျော်သော စီရင်ချက်ချမှုဆိုင်ရာ ဌာနတွင်း လမ်းညွှန်ချက်များ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ကာ ပြစ်ဒဏ်ကျခံရနှုန်းများနှင့် ပြစ်ဒဏ်စီရင်ချက်အပေါ်ပြန်လည်သုံးသပ်မှု လုပ်ဆောင်ရန်
  • တရားရုံး၌ အကြံပေးနိုင်ရန် တရားရုံးသို့ လွတ်လပ်သော လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ကြားရန်၊ အဖွဲ့တစ်ခုခု၏ ဥပဒေဆိုင်ရာ အဖွဲ့မှ လွတ်လပ်သော ကျွမ်းကျင်သူကို ဖိတ်ရန်၊

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့

  • ဥပဒေရေးရာနှင့် လက်တွေ့ ပြုပြင်ပြောင်းလဲမှုများအတွက် အကြံပေးချက်များနှင့်တကွ၊ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုပိုင်ခွင့်အပေါ် သုံးသပ်ချက်တစ်ခုကို စူးစမ်းလေ့လာပြီး လွှတ်တော်သို့ တင်သွင်းတင်ပြရန်

အရပ်ဘက်အဖွဲ့အစည်း၊ မီဒီယာသို့

  • ငြိမ်းစုစီ ဥပ‌ဒေနှင့် ရာဇသတ်ကြီးတို့ကို အလုံးစုံ ပြင်ဆင်ဖြည့်စွက်ရေးအတွက် တွန်းအားပေးရန် ဤအစီရင်ခံစာပါ သက်သေအထောက်အထားကို အသုံးပြုရန်
  • ပြစ်မှုဆိုင်ရာ တရားစွဲဆိုရင်ဆိုင်နေရသော ဆန္ဒထုတ်ဖော်သူများအတွက် ဥပဒေရေးရာနှင့် ငွေကြေး ဆိုင်ရာ အကူအညီပေးခြင်းအပါအဝင် ပိုမိုအားကောင်းသော ထောက်ပံ့ကူညီသည့် ကွန်ရက်အဖွဲ့တစ်ခုကို တည်ထောင်ရန်

နိုင်ငံတကာ အသိုင်းအဝိုင်းသို့

  • ငြိမ်းစုစီ ဥပဒေနှင့် ရာဇသတ်ကြီးတို့ကို အလုံးစုံ ပြင်ဆင်ပြုပြင်ရေးအတွက် တွန်းအားပေးရန် ဤအစီရင်ခံစာပါ သက်သေအထောက်အထားကို အသုံးပြုရန်
  • ငြိမ်းစုစီ ဥပဒေနှင့် ရာဇသတ်ကြီး တို့ကို အလုံးစုံ ပြင်ဆင် ပြုပြင်ရေးအတွက် စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ အစီအစဉ်များကို အားပေးကူညီရန်