Internet shutdown will increase risk of Covid-19 outbreak in Rakhine and Chin — ရခိုင်နှင့် ချင်းပြည်နယ်တို့၌ အင်တာနက်ဖြတ်တောက်ထားမှုသည် ၄င်းဒေသများတွင် Covid-19 ကပ်ရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို အရှိန်မြှင့်တက်စေသည်
ယခုလက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်နှင့်ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်၌ အင်တာနက်ဖြတ်တောက်ထားမှုသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကို ခုခံတိုက်ခိုက်ရာတွင် ပြည်သူများ၏ စွမ်းဆောင်ရည်ကို သိသိသာသာ လျော့ကျသွားစေသည်။ မကြာသေးမီအချိန်က အစိုးရမှ 2G အင်တာနက်ကို ပြန်လည်ပေးအပ်ခဲ့သော်လည်း ၄င်း 2G သည် လွန်ခဲ့သော နှစ်သုံးဆယ်က အသုံးပြုခဲ့သည့် နည်းပညာသာဖြစ်ပြီး အင်တာနက်ကို ထိရောက်စွာ အသုံးပြုနိုင်ရန် နှေးကွေးလွန်းလှသည်။ ၄င်း အင်တာနက်ဖြတ်တောက်ခံထားရသည့်ဒေသတွင် နေထိုင်သူပေါင်း (၁.၄) သန်းဝန်းကျင်ရှိပြီး ၄င်းတို့သည် အဆိုပါ ကပ်ရောဂါဆိုးနှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များကို လက်လှမ်းမှီနိုင်ခြင်း မရှိသည့်အပြင် ၄င်းတို့နှင့် ၄င်းတို့၏