fbpx

21-day countdown to “Myanmar Internet Blackout Day 101” — အင်တာနက်ရရှိရေးကို အလေးထားသော လူပုဂ္ဂိုလ်အားလုံးသို့ အိတ်ဖွင့်ပေးစာ

Today kickstarts the 21-day countdown to Myanmar  Internet Blackout Day 101 on 30 September to show solidarity with over 600,000 people in Rakhine who have had no access to the internet for 101 days!

Can you imagine that 30 September will be the 101st day since the government shut down the internet for hundreds of thousands of people in Myanmar?  Could you survive for over three months without mobile data?

That’s why on Myanmar Internet Blackout Day 101, 30 September, we urge everyone to turn off their mobile data, turn off their wifi, put an out-of-office message on email, and close Facebook, and see what it feels like. 

Why are we organising Myanmar Internet Blackout Day 101?

On 20 June, the government issued an unprecedented order to all mobile phone operators in Myanmar – MPT, Mytel, Ooredoo and Telenor - to impose a shutdown of the mobile internet in these townships, using the Article 77 of the 2013 Telecommunications Law for the first time.  

The order resulted in the shutdown of mobile internet access since 10:00 PM on 21 June in eight townships in Rakhine (Ponnagyun, Rathedaung, Mrauk-U, Kyauktaw, Minbya, Myebon, Maungdaw, and Buthidaung) as well as Paletwa Township in Chin State, affecting over a million people.

On the night of 31 August, the government lifted the restriction in five townships, but the complete shutdown still remains in four townships - Ponnagyun, Mrauk-U, Kyauktaw, and Minbya .

Although access to the internet has only recently arrived in rural Myanmar through mobile phones, it has become widely used in daily life for a variety of purposes including health, education, employment, agriculture and all forms of business, and the sharing of information and news. Internet shutdowns, even during normal circumstances, therefore impacts significantly on a number of human rights, including safety, livelihood, health, education, family life, information and freedom of expression. 

In conflict areas such as northern and central Rakhine State,an internet shutdown has even more serious consequences for safety. Local residents need access to the internet to obtain help, emergency services and humanitarian aid, to facilitating contact between displaced families, and to share information about the situation on the ground.

How to take part in Myanmar Internet Blackout Day 101

Whether you are based in Myanmar or overseas, we would like to encourage you to show solidarity with over 600,000 people in Mrauk U, Minbya, Kyauktaw and Ponnagyun townships  by participating in Myanmar Internet Blackout Day  101 on 30th September.  We ask you to:

Between now and 29 September

  1. Discuss with your colleagues how you make use of the internet on a daily basis for your organisation or business.    
  2. Agree with them and your managers whether or not you, or your whole organisation, could exist without data for a day.

On 25/26 September

  1. If you plan to turn off your data, you may want to advise key contacts in advance during working hours so that they can, if necessary, send you information before 30 September.

On 29 September 

  1. set up an email “auto-response” message to run between 00.00 and 23.59 on 30 September by copying and pasting the following message in your email’s auto-respond box – 

“On 30 September, I am participating in Myanmar Internet Blackout Day 101 to show solidarity with over 600,000 people in Rakhine States who have gone for 101 days without access to the internet, on the orders of the Myanmar government. As part of this campaign, I will turn off data on my mobile phone and internet for 24 hours. In case of urgency, please call my phone or send me an SMS.”

 

  • Switch the profile on your Facebook to the image for Myanmar Internet Blackout Day 101, and/or put a message on your website or on the door to your office. The folder with the graphics can be accessed at this link

 

At 00.00 on 30 September (or the night before)

 

  • Switch off for 24 hours between 00.00 and 23.59 on 30th September (mobile data of your phone your organisation’s  internet/wifi)

 

  1. Record the impact this interruption to the internet is having to your daily life.

Between 1st and 3rd October   

  1. Provide feedback on your experience of living without internet for 24 hours by email to mdrf@digitalrightsmm.info.  Please list the social, economic, professional and other impacts, putting an economic value to them if this is relevant, e.g. business opportunities foregone. Please state in your email whether we can use this information in follow-up publicity and whether your name can be used.

What is the government shutdown?

Although Article 77 refers to ‘temporary’ suspension, the order on 21 June was open-ended, did not explain the public interest reason for the shutdown, and has now been in place for over two  months for four of the townships without any indication of when it will be lifted. The other five townships were restored online on 1 September after over two months in data darkness.

Those affected in the original nine townships, including their elected representatives, have tried to draw the Government’s attention to the impact which network shutdown is having on their daily lives. For example, access to mobile money services for remittances from overseas family members is blocked,  small businesses, such as traders, are unable to conduct business easily, and information has been cut off for those seeking work or education. As services – including e-government – go further on line, those who are denied access to the internet will be further discriminated against, increasing inequality.

Who are we?

Our four organisations, Free Expression Myanmar (FEM), Myanmar Centre for Responsible Business (MCRB), Myan ICT for Development Organisation (MIDO) and Phandeeyar have worked together over the last three years to organise three Myanmar Digital Rights Forums in 2016, 2018, and 2019. These forums have brought together business, government, and civil society organisations to discuss how Myanmar’s transition to the “4th Industrial revolution” can be achieved in ways which protect, respect and enhance the enjoyment of human rights.  

Participants at the Myanmar Digital Rights Forums – and globally including through the UN – have consistently stressed the importance of universal access to the internet as a fundamental enabler of a wide range of human rights.  For this reason, our four organisations, together with other local organisations issued a joint statement on internet shutdown in English and Myanmar on 24th June calling for all restrictions on internet access to be immediately and review of the telecommunications law to ensure not to restrict internet access anywhere in Myanmar in future. 

We are concerned that the government's order under Article 77 has set a precedent for further shutdowns in situations where the government identifies so-called ‘instability’. But this is something which should concern all internet users, even if they are not directly affected by the current ban.

What if you are sympathetic but unable to participate?

Even if you feel the impact of cutting off the internet for 24 hours would be too significant for your company, livelihood, safety, or essential services you provide to others, you can still participate.  

Please send an email to mdrf@digitalrightsmm.info before 3rd October listing why continued daily access to the internet is essential to you, and why you were therefore unable to join the blackout.

We want the results of this campaign to raise awareness and understanding about the impacts of internet shutdown.  We will use them in advocacy to the Government and other stakeholders to lift the current restrictions and refrain from restricting internet access in the future, in any part of the country.

Thank you very much for your support for getting the people of Northern Rakhine back online. 

ဇွန်လ ၂၁ ရက်ကတည်းက အင်တာနက်ပိတ်ပင်မှုကို ကြုံတွေ့ခံစားနေကြရသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ် (၉) မြို့နယ်တွင် နေထိုင်လျက်ရှိသည့် လူဦးရေတစ်သန်းနှင့် တစ်ပေါင်း တစ်စည်းတည်း ညီညွတ်ကြောင်း ပြသမည့် အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (Day 101 Internet Blackout Day) လှုပ်ရှားမှုတွင် ပါဝင်ရန် အများပြည်သူအား ဖိတ်ခေါ်လိုသည့်အတွက် ကျွန်ုပ်တို့အနေဖြင့် ယခုအိတ်ဖွင့်ပေးစာကို ရေးသား လိုက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရက လူထောင်ပေါင်းကို အင်တာနက်ဖြတ်တောက်ထားခြင်းသည်မှာ လာမည့်စက်တင်ဘာလ ၃၀ ရက်နေ့ဆိုလျှင် ၁၀၁ ရက်မြောက်နေပြီဖြစ်ကြောင်း သင် သတိထားမိရဲ့လား။ ဖုန်းအင်တာနက်မရှိပဲ သုံးလကျော် သင် ရှင်သန်နိုင်သလား။

ထိုကြောင့်  မြန်မာအင်တာနက်ဖြတ်တောက်မှူ ၁၀၁ ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာ (၃၀) ရက်နေ့တွင် မိတ်ဆွေတို့၏ ဖုန်းအင်တာနက်များ ပိတ်ပေးရန် ၊ ဆက်သွယ်မှူကွန်ရက်(ဝိုင်ဖိုင်)များ ပိတ်ပေးရန် ၊ရုံးများတွင် ဆက်သွယ်မှူဖြတ်တောက်ထားသည့်အကြောင်း အီးမေးလ်များအော်တို ပြန်ပေးရန်၊ နှင့် ဖေ့စ်ဘွတ်များ ပိတ်ပေးပြီး၊ ယင်းအခြေအနေကြောင့် သင်တို့ မည်သို့မည်ပုံသက်ရောက်ခံစားရကြောင်း စမ်းကြည့်ပါဟု ကျွန်ုပ်တို့မှ အားလုံးကို တိုက်တွန်းလိုက်ပါသည်။ 

မြန်မာအင်တာနက် ဖြတ်တောက်မှူ ၁၀၁ ရက်မြောက်နေ့လှုပ်ရှားမှုကို ကျွန်ုပ်တို့ ဘာကြောင့် ပြုလုပ်ရပါ သလဲ။ 

ဇွန်လ ၂၀ ရက်နေ့တွင် အစိုးရက ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၇၇ ကို ပထမဆုံးအကြိမ် အသုံးပြု၍ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် MPT၊ Mytel၊ Ooredoo နှင့် Telenor တို့အား အောက်ပါမြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် အမိန့်တစ်ရပ်ကို ချမှတ်ခဲ့သည်။ အဆိုပါ အမိန့်အရ ဇွန်လ ၂၁ ရက်နေ့၊ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ် (ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်းတော၊ ဘူးသီးတောင်) နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်များတွင် လူဦးရေတစ်သန်းကျော်သည် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခံရမှုကို ကြုံတွေ့ခံစားနေကြရသည်။

သြဂုတ်လ ၃၁ရက်နေ့ ညပိုင်းတွင် အစိုးရက အင်တာနက်ဖြတ်တောက်ထားခြင်း ခံရသော နယ်မြေများထဲမှ ၅မြို့နယ်ကို အင်တာနက်ဝန်ဆောင်မှု ပြန်လည်ပေးခဲ့ပြီးဖြစ်သော်လည်း ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် နှင့် မင်းပြား စသည့် မြို့နယ် လေးခုတွင်မူ  အင်တာနက်ဖြတ်တောက်ခံထားရဆဲ ဖြစ်သည်။

အများပြည်သူတို့ သိရှိမည်ဖြစ်သည့်အတိုင်း အင်တာနက်သုံးစွဲမှုသည် မိုဘိုင်းဖုန်းများမှတစ်ဆင့် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများသို့ ရောက်ရှိလာခဲ့သည်မှာ မကြာမြင့်သေးသော်လည်း အင်တာနက်ကို ရည်ရွယ်ချက်အမျိုးမျိုးဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ စိုက်ပျိုးရေးအပါအဝင် စီးပွားရေးအမျိုးအစားအားလုံးနှင့် သတင်းအချက်အလက် မျှဝေမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြကြောင်း တွေ့ရှိရသည်။ အင်တာနက်ဖြတ်တောက်မှုသည် သာမန်အခြေအနေတွင်ပင် လူ့အခွင့်အရေးများဖြစ်သည့် လုံခြုံမှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစုဘဝ၊ သတင်းအချက်အလက်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်တို့ကို ကြီးမားစွာ ဆိုးကျိုးသက်ရောက်မှုရှိပါသည်။ 

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်တာနက်ဖြတ်တောက်ခြင်းသည် ဒေသခံပြည်သူလူထု၏ လုံခြုံရေးအတွက် လွန်စွာစိုးရိမ်ရဖွယ် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် လိုအပ်သည့် အကူအညီများ၊ အရေးပေါ်ဝန်ဆောင်မှုနှင့် လူသားခြင်းစာနာသည့် အထောက်အပံ့များ ပို့ဆောင်နိုင်ရေးနှင့် စစ်ပြေးရှောင်နှင့် ရွှေ့ပြောင်းမိသားစုများအချင်းချင်း ဆက်သွယ်နိုင်မှုရရှိရေးအပြင် မြေပြင်အခြေအနေအား မျှဝေမှုတို့အတွက် အင်တာနက်ရယူသုံးစွဲနိုင်ရန် လိုအပ်သည်။

 အများပြည်သူများအနေဖြင့် မိမိ၏ စိုးရိမ်မှုကို ပြသရန် မည်သို့ဆောင်ရွက်နိုင်သနည်း။ 

သင်သည် မြန်မာနိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင် နေထိုင်သည်ဖြစ်စေ မြို့နယ်(၉)ခုရှိ ပြည်သူလူထုအပေါ် စာနာကြောင်းနှင့် စည်းလုံးမှုရှိကြောင်း ပြသနိုင်ရန်အတွက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (Day 101 Internet Blackout Day ) လှုပ်ရှားမှုတွင် ပါဝင်ရန် တိုက်တွန်းလိုပါသည်။ လှုပ်ရှားမှုတွင် ပါဝန်ရန် သင့်အား ကျွန်ုပ်တို့ တောင်းဆိုလိုသည့်အချက်များမှာ-

 ယနေ့နှင့် စက်တင်ဘာလ ၂၉ ရက်ကြားတွင်

  ၁။ သင်၏ အဖွဲ့အစည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းအတွက် အင်တာနက်ကို မည်သို့အသုံးချကြောင်း လုပ်ငန်းခွင်ရှိ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးမှုပြုပါ။

  ၂။ သင့်အနေဖြင့် သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့်သော်လည်းကောင်း အင်တာနက်ကို တစ်ရက်တိတိ အသုံးမပြုပဲ နေနိုင်ခြင်း ရှိ၊ မရှိ ကို မန်နေဂျာများနှင့် ဆွေးနွေးပြီး သဘောတူညီချက် ရယူပေးပါ။

 စက်တင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင်

 ၁။ သင်အနေဖြင့် အကယ်၍ အင်တာနက်ကို အသုံးမပြုဟု ဆုံးဖြတ်ထားပါက သင် အလုပ်ချိန် အတွင်း အဓိကဆက်သွယ်လေ့ရှိသူများကို ကြိုတင်အသိပေးထားမှသာ ၎င်းတို့အနေဖြင့် လိုအပ်ပါက ၎င်းတို့ သင့်အား ပေးပို့ဆက်သွယ်စရာရှိသည့် သတင်းအချက်အလက်များကို စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ပေးပို့ထားနိုင်မည်ဖြစ်သည်။ 

စက်တင်ဘာလ ၂၉ ရက်နေ့တွင်

၁။ အီးမေးလ်တွင် “အလိုအလျောက်ပြန်ဖြေပေးသည့် မက်ဆေ့ချ် (auto-response)” ကို အောက်ဖော်ပြပါ စာပိုဒ်အား ကူးယူဖော်ပြပြီး စက်တင်ဘာ ၃၀ ရက်နေ့၊ အချိန်အားဖြင့် ဝဝးဝဝ နာရီမှ  ၂၃း၅၉ နာရီ အတွင်း ထိုစာပိုဒ်ကို အလိုအလျောက် ပြန်ဖြေပေးနိုင်ရန် စီစဉ်ထားရှိပါ။

 “စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျွန်ုပ်သည် မြန်မာအစိုးရ၏ အမိန့်ကြေညာချက်များကြောင့် ရက်ပေါင်း (၁၀၁) ရက်မြောက်နေ့အထိ အင်တာနက်ရယူသုံးစွဲခွင့် မရရှိသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ လူဦးရေတစ်သန်းကျော်နှင့် စည်းလုံးမှုရှိကြောင်း ပြသလိုသဖြင့် မြန်မာအင်တာနက်ဖြတ်တောက်မှုနေ့ (Myanmar Internet Blackout Day ) လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှား နေပါသည်။ 

ဤလှုပ်ရှားမှု ကျွန်ုပ်သည် မိုဘိုင်းလ်အင်တာနက်နှင့် အင်တာနက်ကို ၂၄ နာရီတိတိ ပိတ်ထားမည်ဖြစ်သည်။ အရေးပေါ်လိုအပ်ပါက ဖုန်းဆက်၍ သော်လည်းကောင်း၊ ဖုန်းမက်ဆေ့ချ်ပို့ ၍သော်လည်းကောင်း ကျွန်ုပ်အား ဆက်သွယ်နိုင်သည်။”

၂။ သင်၏ Facebook ပရိုဖိုင်ပုံကို အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (101th Day of Myanmar Internet Blackout) ဆိုင်ရာ ပုံသို့ ပြောင်းလဲခြင်းနှင့်/သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် ပြောင်းလဲခြင်း သို့မဟုတ် ရုံးတံခါးအဝင်ဝတွင် ကပ်ထားခြင်းကို ပြုလုပ်ပေးပါ။ (ပုံများကို ယခုလင့်ခ် တွင် ရယူနိုင်ပါသည်။)

စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ဝဝးဝဝ နာရီ (သို့မဟုတ် မတိုင်ခင်ညတွင်)

၃။ စက်တင်ဘာ ၃၀ ရက်နေ့၊ အချိန်အားဖြင့် ဝဝးဝဝ နာရီမှ ၂၃း၅၉ နာရီ အတွင်း - အင်တာနက် ပိတ်ရန်

(က) ဖုန်းအင်တာနက်

(ခ) လုပ်ငန်းအင်တာနက်/ wifi တို့ကို ၂၄ နာရီတိတိ ပိတ်ထားပေးပါ။

၄။ ထိုသို့ အင်တာနက် အသုံးမပြုပဲ နေလိုက်ရခြင်းသည် သင်၏ တစ်နေ့တာကို မည်သို့သက်ရောက် မှုရှိကြောင်း မှတ်တမ်းတင်ထားပေးပါ။

အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်အတွင်း

၁။ ၂၄ နာရီကြာ အင်တာနက်မရှိဘဲ လုပ်ကိုင်နေထိုင်ရသည့်အတွက် ကြုံတွေ့ရသည့် အတွေ့အကြုံအား mdrf@digitalrightsmm.info ကိုအီးမေးပေးပို့ပေးပါ။ အင်တာနက် မရှိသည့်အတွက် လူမှုရေး၊ စီးပွားရေး၊ လုပ်ငန်းခွင်နှင့် အခြားဆိုးကျိုးသက်ရောက်မှုများအပြင် စီးပွားရေးတန်ဖိုးများကို လည်း သက်ဆိုင်မှုရှိပါက ထည့်သွင်းဖော်ပြပေးပါ)။ ထို့အပြင် လူကြီးမင်းမှ ပေးပို့သည့် အချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် အများပြည်သူသို့ ထုတ်ဖော်တင်ပြနိုင်ခွင့် ရှိ၊ မရှိ နှင့် သင်၏ အမည်နာမကို သုံးစွဲနိုင်ခြင်း ရှိ၊ မရှိ ဖော်ပြပေးပါ။

အစိုးရ၏ အင်တာနက်ဖြတ်တောက်မှုက ဘာလဲ။

ပုဒ်မ ၇၇ တွင် ‘ယာယီ’ ဆိုင်းငံ့ခြင်းဟု ဆိုသော်လည်း ဇွန်လ (၂၀) ရက်နေ့က မိုဖိုင်းဝန်ဆောင်မှု ကုမ္ပဏီများအား ပေးပို့သော အမိန့်သည် အကန့်အသတ်မရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် ယင်းသို့ ပိတ်ပင်မှုအတွက် အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် အကြောင်းပြချက်များကိုလည်း မရှင်းလင်းထားသည့်အပြင် မည်သည့်အချိန်တွင် ရုတ်သိမ်းမည်ကို ဖော်ပြခြင်းမရှိပဲ ယနေ့အချိန်ထိ အင်တာနက်ဖြတ်တောက်မှုမှာ (၂) လကျော် ကြာမြင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

အင်တာနက်ဖြတ်တောက်မှုကို ကြုံတွေ့ခံစားနေကြရသော မြို့နယ် (၉) မြို့နယ်ရှိ ပြည်သူလူထုများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များကလည်း အင်တာနက်ဖြတ်တောက်မှုသည် ၎င်းတို့နေစဉ်ဘဝအား သက်ရောက်နေသည့် အချက်များကို အစိုးရက သတိပြုမိနိုင်ရန် ကြိုးစားလျက်ရှိသည်။ ဥပမာ - နိုင်ငံရပ်ခြားမှ ဆွေမျိုးသားချင်းများက မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် ငွေလွှဲပြောင်းမှုများ ပိတ်ပင်ခံထားရခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ကုန်သည်များအနေဖြင့် စီးပွားရေးလုပ်ရန် ခက်ခဲသွားခြင်းနှင့် အလုပ်အကိုင်ရှာဖွေခြင်းနှင့် ပညာရေးရှာမှီးနေသူတို့အတွက် သတင်းအချက် အလက်များ ပိတ်ပင်ခံရခြင်း စသည့် ဆိုးကျိုးများကို ကြုံတွေ့ခံစားနေရသည်။ e-government အပါအဝင် ဝန်ဆောင်မှုအများစုသည် အွန်လိုင်းမှတစ်ဆင့် လုပ်ကိုင်နေကြသဖြင့် အင်တာ နက်ဖြတ်တောက်ခံထားရသော ပြည်သူလူထုအပေါ် ခွဲခြားဆက်ဆံသလိုဖြစ်နေသည့်အပြင် မညီမျှမှုကို ပို၍ပင်ဖြစ်ပေါ်စေပါတယ်။ 

ကျွန်ုပ်တို့က ဘယ်သူတွေလဲ။

ကျွန်ုပ်တို့အဖွဲ့အစည်းများဖြစ်သည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar)၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business)၊ ဖွံ့ဖြိုးမှုအတွက် ‘မြန်’ အိုင်စီတီအဖွဲ့ (MIDO) နှင့် ဖန်တီးရာ (Phandeeyar) တို့သည် ယခု သုံးနှစ်တာကာလတွင် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (၃) ခုအား ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်တွင် အသီးသီး ကျင်းပခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအရာရှိများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးများကို ကာကွယ်ခြင်း၊ လေးစားလိုက်နာခြင်းနှင့် အကျိုးခံစားခြင်းဖြင့် မည်သို့မည်ပုံ ‘စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေး’ သို့ အရောက်လှမ်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

သုံးနှစ်တာဖိုရမ်တွင် တက်ရောက်ဆွေးနွေးခဲ့ကြသူများ (ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပါဝင်ဆွေးနွေးခဲ့ကြသူများ)က အင်တာနက်ကို တစ်ကမ္ဘာလုံး ရယူသုံးစွဲနိုင်ခွင့်ရှိရေးသည် လူ့အခွင့်အရေးများ၏ အခြေခံပြယုဂ်ဖြစ်ကြောင်း အလေးပေးဆွေးနွေးခဲ့ကြသည်။ ထိုအတွက်ကြောင့် ဇွန်လ ၂၄ ရက်တွင် ကျွန်ုပ်တို့အဖွဲ့အစည်း (၄) ခုသည် အခြား ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အင်တာနက်ဖြတ်တောက်မှုအပေါ်တွင် ပူးပေါင်းကြေညာချက်တစ်ရပ် အား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ထုတ်ပြန်ခဲ့ပြီး အင်တာနက်သုံးစွဲခြင်းကို ကန့်သတ်မှုများအား ပယ်ဖျက်ခြင်းကို ချက်ခြင်း လုပ်ဆောင်ရန်နှင့် နောင်အခါတွင် မြန်မာနိုင်ငံရှိ မည်သည့်နေရာတွင်မဆို ထိုသို့ ပိတ်ပင်ကန့်သတ်မှုများ မဖြစ်ပေါ်စေရန်အတွက်  ဆက်သွယ်ရေးဥပဒေအား ပြန်လည်သုံးသပ်၊ ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။

ပုဒ်မ ၇၇ ကို အသုံးပြု၍ ထုတ်ပြန်ခဲ့သည့် အစိုးရ အမိန့်မှာ အစိုးရက ‘မတည်ငြိမ်သည့်’ အခြေအနေဟု သတ်မှတ်ခြင်းခံရသည့် နေရာ အခြေအနေများတွင် ထပ်မံအသုံးပြုနိုင်ရန် အစပျိုးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ကျွန်ုပ်တို့အနေဖြင့် စိုးရိမ်လျက်ရှိပါသည်။ ယင်းသည် လက်ရှိပိတ်ပင်မှုတွင် တိုက်ရိုက်မ ခံစားရသည့် အင်တာနက်အသုံးပြုသူအားလုံးကပင် စိုးရိမ်သင့်သော ကိစ္စတစ်ရပ်ဖြစ်ပါသည်။

သင့်အနေဖြင့် ကိုယ်ချင်းစာသော်လည်း အင်တာနက်ပိတ်ရန် မဖြစ်နိုင်ပါကလည်း ဤလှုပ်ရှားမှုတွင် ပါဝင်နိုင်သည့် အချက်များ 

၂၄ နာရီကြာ အင်တာနက်ပြတ်တောက်ပါက ကြုံရမည့် ဆိုးကျိုးသည် သင်၏ ကုမ္ပဏီ၊ အသက် မွေးဝမ်းကျောင်းမှု၊ လုံခြုံမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကြီးမားသော သက်ရောက်မှုရှိနိုင်သဖြင့် အင်တာနက်ပိတ်ရန် မဖြစ်နိုင်သော်လည်း သင်အနေဖြင့် ဤလှုပ်ရှားမှုတွင် ပါဝင်နိုင်ပါသည်။ 

၁။ အောက်တိုဘာ ၃ ရက်မတိုင်ခင်တွင် အဘယ်ကြောင့် အင်တာနက်အား နေ့စဉ်သုံးစွဲနိုင်ရေးသည် သင့်အတွက် အရေးပါကြောင်းနှင့် အဘယ်ကြောင့် ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်မှုဆိုင်ရာ လှုပ်ရှားမှုတွင် မပါဝင်နိုင်ကြောင်းကို ရေးသား၍ mdrf@digitalrightsmm.info အား အီးမေးလ်ပို့ပေး ခြင်းဖြင့် ပါဝင်နိုင်ပါသည်။ 

ဤုလှုပ်ရှားမှုအား အင်တာနက်ပိတ်ပင်မှုဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို  ပိုမိုနားလည်လာနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှုက ထွက်ပေါ်လာသော ရလစ်များကို အစိုးရနှင့် အခြားသက်ဆိုင်ရာတာဝန်ရှိသူများအား လက်ရှိကန့်သတ်မှုများကို ရပ်တန့်ရန်နှင့် နောင်အခါတွင် နိုင်ငံရှိ မည်သည့်နေရာတွင် မဆို ထိုသို့ အင်တာနက်ရရှိမှုကို ကန့်သတ်၊ ဖြတ်တောက်မှုများ မလုပ်ဆောင်ရန် တိုက်တွန်းရာတွင် အသုံးပြုသွားမည်ဖြစ်သည်။ 

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များမှ ပြည်သူလူထု တစ်သန်းကျော်အတွက် အင်တာနက် ပြန်လည်ရရှိရေးကို အားပေးပါဝင်ကြသော တစ်ဦးချင်းစီအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။

မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်အဖွဲ့အား ဆက်သွယ်ရန်

--- ZAWGYI

အင္တာနက္ရရွိေရးကို အေလးထားေသာ လူပုဂၢိဳလ္အားလုံးသို႔ အိတ္ဖြင့္ေပးစာ

ဇြန္လ ၂၁ ရက္ကတည္းက အင္တာနက္ပိတ္ပင္မႈကို ႀကဳံေတြ႕ခံစားေနၾကရေသာ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔ရွိ ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္တြင္ ေနထိုင္လ်က္ရွိသည့္ လူဦးေရတစ္သန္းႏွင့္ တစ္ေပါင္း တစ္စည္းတည္း ညီၫြတ္ေၾကာင္း ျပသမည့္ အင္တာနက္ ျဖတ္ေတာက္မႈ ၁၀၁ ရက္ေျမာက္ေန႔ (Day 101 Internet Blackout Day) လႈပ္ရွားမႈတြင္ ပါဝင္ရန္ အမ်ားျပည္သူအား ဖိတ္ေခၚလိုသည့္အတြက္ ကြၽႏ္ုပ္တို႔အေနျဖင့္ ယခုအိတ္ဖြင့္ေပးစာကို ေရးသား လိုက္ျခင္း ျဖစ္ပါသည္။

ျမန္မာႏိုင္ငံအစိုးရက လူေထာင္ေပါင္းကို အင္တာနက္ျဖတ္ေတာက္ထားျခင္းသည္မွာ လာမည့္စက္တင္ဘာလ ၃၀ ရက္ေန႔ဆိုလွ်င္ ၁၀၁ ရက္ေျမာက္ေနၿပီျဖစ္ေၾကာင္း သင္ သတိထားမိရဲ႕လား။ ဖုန္းအင္တာနက္မရွိပဲ သုံးလေက်ာ္ သင္ ရွင္သန္ႏိုင္သလား။

ထိုေၾကာင့္  ျမန္မာအင္တာနက္ျဖတ္ေတာက္မႉ ၁၀၁ ရက္ေျမာက္ေန႔ျဖစ္သည့္ စက္တင္ဘာ (၃၀) ရက္ေန႔တြင္ မိတ္ေဆြတို႔၏ ဖုန္းအင္တာနက္မ်ား ပိတ္ေပးရန္ ၊ ဆက္သြယ္မႉကြန္ရက္(ဝိုင္ဖိုင္)မ်ား ပိတ္ေပးရန္ ၊႐ုံးမ်ားတြင္ ဆက္သြယ္မႉျဖတ္ေတာက္ထားသည့္အေၾကာင္း အီးေမးလ္မ်ားေအာ္တို ျပန္ေပးရန္၊ ႏွင့္ ေဖ့စ္ဘြတ္မ်ား ပိတ္ေပးၿပီး၊ ယင္းအေျခအေနေၾကာင့္ သင္တို႔ မည္သို႔မည္ပုံသက္ေရာက္ခံစားရေၾကာင္း စမ္းၾကည့္ပါဟု ကြၽႏ္ုပ္တို႔မွ အားလုံးကို တိုက္တြန္းလိုက္ပါသည္။

ျမန္မာအင္တာနက္ ျဖတ္ေတာက္မႉ ၁၀၁ ရက္ေျမာက္ေန႔လႈပ္ရွားမႈကို ကြၽႏ္ုပ္တို႔ ဘာေၾကာင့္ ျပဳလုပ္ရပါ သလဲ။

ဇြန္လ ၂၀ ရက္ေန႔တြင္ အစိုးရက ၂၀၁၃ ခုႏွစ္ ဆက္သြယ္ေရးဥပေဒပါ ပုဒ္မ ၇၇ ကို ပထမဆုံးအႀကိမ္ အသုံးျပဳ၍ ျမန္မာႏိုင္ငံရွိ မိုဘိုင္းဖုန္းဆက္သြယ္ေရးလုပ္ငန္းမ်ားျဖစ္သည့္ MPT၊ Mytel၊ Ooredoo ႏွင့္ Telenor တို႔အား ေအာက္ပါၿမိဳ႕နယ္မ်ားတြင္ အင္တာနက္ဆက္သြယ္မႈျဖတ္ေတာက္ရန္ အမိန႔္တစ္ရပ္ကို ခ်မွတ္ခဲ့သည္။ အဆိုပါ အမိန႔္အရ ဇြန္လ ၂၁ ရက္ေန႔၊ ည ၁၀ နာရီမွစ၍ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္ (ပု႑ားကြၽန္း၊ ရေသ့ေတာင္၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ၊ ေမာင္းေတာ၊ ဘူးသီးေတာင္) ႏွင့္ ခ်င္းျပည္နယ္ရွိ ပလက္ဝၿမိဳ႕နယ္မ်ားတြင္ လူဦးေရတစ္သန္းေက်ာ္သည္ အင္တာနက္ဆက္သြယ္မႈ ျဖတ္ေတာက္ခံရမႈကို ႀကဳံေတြ႕ခံစားေနၾကရသည္။

ၾသဂုတ္လ ၃၁ရက္ေန႔ ညပိုင္းတြင္ အစိုးရက အင္တာနက္ျဖတ္ေတာက္ထားျခင္း ခံရေသာ နယ္ေျမမ်ားထဲမွ ၅ၿမိဳ႕နယ္ကို အင္တာနက္ဝန္ေဆာင္မႈ ျပန္လည္ေပးခဲ့ၿပီးျဖစ္ေသာ္လည္း ပုဏၰားကြၽန္း၊ ေျမာက္ဦး၊ ေက်ာက္ေတာ္ ႏွင့္ မင္းျပား စသည့္ ၿမိဳ႕နယ္ ေလးခုတြင္မူ  အင္တာနက္ျဖတ္ေတာက္ခံထားရဆဲ ျဖစ္သည္။

အမ်ားျပည္သူတို႔ သိရွိမည္ျဖစ္သည့္အတိုင္း အင္တာနက္သုံးစြဲမႈသည္ မိုဘိုင္းဖုန္းမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံရွိ ေက်းလက္ေဒသမ်ားသို႔ ေရာက္ရွိလာခဲ့သည္မွာ မၾကာျမင့္ေသးေသာ္လည္း အင္တာနက္ကို ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးျဖစ္ေသာ က်န္းမာေရး၊ ပညာေရး၊ အလုပ္အကိုင္၊ စိုက္ပ်ိဳးေရးအပါအဝင္ စီးပြားေရးအမ်ိဳးအစားအားလုံးႏွင့္ သတင္းအခ်က္အလက္ မွ်ေဝမႈတို႔အတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာၾကေၾကာင္း ေတြ႕ရွိရသည္။ အင္တာနက္ျဖတ္ေတာက္မႈသည္ သာမန္အေျခအေနတြင္ပင္ လူ႔အခြင့္အေရးမ်ားျဖစ္သည့္ လုံၿခဳံမႈ၊ အသက္ေမြးဝမ္းေက်ာင္းမႈ၊ က်န္းမာေရး၊ ပညာေရး၊ မိသားစုဘဝ၊ သတင္းအခ်က္အလက္ႏွင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသားေျပာဆိုခြင့္တို႔ကို ႀကီးမားစြာ ဆိုးက်ိဳးသက္ေရာက္မႈရွိပါသည္။

လက္နက္ကိုင္ပဋိပကၡျဖစ္ပြားရာ ေဒသမ်ားျဖစ္သည့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းႏွင့္ အလယ္ပိုင္းတို႔တြင္ အင္တာနက္ျဖတ္ေတာက္ျခင္းသည္ ေဒသခံျပည္သူလူထု၏ လုံၿခဳံေရးအတြက္ လြန္စြာစိုးရိမ္ရဖြယ္ ကိစၥတစ္ရပ္ျဖစ္ပါသည္။ ေဒသခံျပည္သူမ်ားသည္ လိုအပ္သည့္ အကူအညီမ်ား၊ အေရးေပၚဝန္ေဆာင္မႈႏွင့္ လူသားျခင္းစာနာသည့္ အေထာက္အပံ့မ်ား ပို႔ေဆာင္ႏိုင္ေရးႏွင့္ စစ္ေျပးေရွာင္ႏွင့္ ေ႐ႊ႕ေျပာင္းမိသားစုမ်ားအခ်င္းခ်င္း ဆက္သြယ္ႏိုင္မႈရရွိေရးအျပင္ ေျမျပင္အေျခအေနအား မွ်ေဝမႈတို႔အတြက္ အင္တာနက္ရယူသုံးစြဲႏိုင္ရန္ လိုအပ္သည္။

အမ်ားျပည္သူမ်ားအေနျဖင့္ မိမိ၏ စိုးရိမ္မႈကို ျပသရန္ မည္သို႔ေဆာင္႐ြက္ႏိုင္သနည္း။

သင္သည္ ျမန္မာႏိုင္ငံတြင္ ေနထိုင္သည္ျဖစ္ေစ၊ ႏိုင္ငံရပ္ျခားတြင္ ေနထိုင္သည္ျဖစ္ေစ ၿမိဳ႕နယ္(၉)ခုရွိ ျပည္သူလူထုအေပၚ စာနာေၾကာင္းႏွင့္ စည္းလုံးမႈရွိေၾကာင္း ျပသႏိုင္ရန္အတြက္ စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ က်ေရာက္မည့္ အင္တာနက္ ျဖတ္ေတာက္မႈ ၁၀၁ ရက္ေျမာက္ေန႔ (Day 101 Internet Blackout Day ) လႈပ္ရွားမႈတြင္ ပါဝင္ရန္ တိုက္တြန္းလိုပါသည္။ လႈပ္ရွားမႈတြင္ ပါဝန္ရန္ သင့္အား ကြၽႏ္ုပ္တို႔ ေတာင္းဆိုလိုသည့္အခ်က္မ်ားမွာ-

ယေန႔ႏွင့္ စက္တင္ဘာလ ၂၉ ရက္ၾကားတြင္

၁။ သင္၏ အဖြဲ႕အစည္း သို႔မဟုတ္ စီးပြားေရးလုပ္ငန္းအတြက္ အင္တာနက္ကို မည္သို႔အသုံးခ်ေၾကာင္း လုပ္ငန္းခြင္ရွိ သင္၏ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ေဆြးေႏြးမႈျပဳပါ။

၂။ သင့္အေနျဖင့္ ေသာ္လည္းေကာင္း၊ အဖြဲ႕အစည္းတစ္ခုလုံးအေနျဖင့္ေသာ္လည္းေကာင္း အင္တာနက္ကို တစ္ရက္တိတိ အသုံးမျပဳပဲ ေနႏိုင္ျခင္း ရွိ၊ မရွိ ကို မန္ေနဂ်ာမ်ားႏွင့္ ေဆြးေႏြးၿပီး သေဘာတူညီခ်က္ ရယူေပးပါ။

စက္တင္ဘာလ ၂၅ ရက္ႏွင့္ ၂၆ ရက္ေန႔မ်ားတြင္

၁။ သင္အေနျဖင့္ အကယ္၍ အင္တာနက္ကို အသုံးမျပဳဟု ဆုံးျဖတ္ထားပါက သင္ အလုပ္ခ်ိန္ အတြင္း အဓိကဆက္သြယ္ေလ့ရွိသူမ်ားကို ႀကိဳတင္အသိေပးထားမွသာ ၎တို႔အေနျဖင့္ လိုအပ္ပါက ၎တို႔ သင့္အား ေပးပို႔ဆက္သြယ္စရာရွိသည့္ သတင္းအခ်က္အလက္မ်ားကို စက္တင္ဘာလ ၃၀ ရက္ေန႔မတိုင္မီ ေပးပို႔ထားႏိုင္မည္ျဖစ္သည္။

စက္တင္ဘာလ ၂၉ ရက္ေန႔တြင္

၁။ အီးေမးလ္တြင္ “အလိုအေလ်ာက္ျပန္ေျဖေပးသည့္ မက္ေဆ့ခ်္ (auto-response)” ကို ေအာက္ေဖာ္ျပပါ စာပိုဒ္အား ကူးယူေဖာ္ျပၿပီး စက္တင္ဘာ ၃၀ ရက္ေန႔၊ အခ်ိန္အားျဖင့္ ဝဝးဝဝ နာရီမွ  ၂၃း၅၉ နာရီ အတြင္း ထိုစာပိုဒ္ကို အလိုအေလ်ာက္ ျပန္ေျဖေပးႏိုင္ရန္ စီစဥ္ထားရွိပါ။

“စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ ကြၽႏ္ုပ္သည္ ျမန္မာအစိုးရ၏ အမိန႔္ေၾကညာခ်က္မ်ားေၾကာင့္ ရက္ေပါင္း (၁၀၁) ရက္ေျမာက္ေန႔အထိ အင္တာနက္ရယူသုံးစြဲခြင့္ မရရွိေသာ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔ရွိ လူဦးေရတစ္သန္းေက်ာ္ႏွင့္ စည္းလုံးမႈရွိေၾကာင္း ျပသလိုသျဖင့္ ျမန္မာအင္တာနက္ျဖတ္ေတာက္မႈေန႔ (Myanmar Internet Blackout Day ) လႈပ္ရွားမႈတြင္ ပါဝင္လႈပ္ရွား ေနပါသည္။

ဤလႈပ္ရွားမႈ ကြၽႏ္ုပ္သည္ မိုဘိုင္းလ္အင္တာနက္ႏွင့္ အင္တာနက္ကို ၂၄ နာရီတိတိ ပိတ္ထားမည္ျဖစ္သည္။ အေရးေပၚလိုအပ္ပါက ဖုန္းဆက္၍ ေသာ္လည္းေကာင္း၊ ဖုန္းမက္ေဆ့ခ်္ပို႔ ၍ေသာ္လည္းေကာင္း ကြၽႏ္ုပ္အား ဆက္သြယ္ႏိုင္သည္။”

၂။ သင္၏ Facebook ပ႐ိုဖိုင္ပုံကို အင္တာနက္ ျဖတ္ေတာက္မႈ ၁၀၁ ရက္ေျမာက္ေန႔ (101th Day of Myanmar Internet Blackout) ဆိုင္ရာ ပုံသို႔ ေျပာင္းလဲျခင္းႏွင့္/သို႔မဟုတ္ ဝက္ဘ္ဆိုဒ္တြင္ ေျပာင္းလဲျခင္း သို႔မဟုတ္ ႐ုံးတံခါးအဝင္ဝတြင္ ကပ္ထားျခင္းကို ျပဳလုပ္ေပးပါ။ (ပုံမ်ားကို ယခုလင့္ခ္ တြင္ ရယူႏိုင္ပါသည္။)

စက္တင္ဘာလ ၃၀ ရက္ေန႔ မနက္ ဝဝးဝဝ နာရီ (သို႔မဟုတ္ မတိုင္ခင္ညတြင္)

၃။ စက္တင္ဘာ ၃၀ ရက္ေန႔၊ အခ်ိန္အားျဖင့္ ဝဝးဝဝ နာရီမွ ၂၃း၅၉ နာရီ အတြင္း - အင္တာနက္ ပိတ္ရန္

(က) ဖုန္းအင္တာနက္

(ခ) လုပ္ငန္းအင္တာနက္/ wifi တို႔ကို ၂၄ နာရီတိတိ ပိတ္ထားေပးပါ။

၄။ ထိုသို႔ အင္တာနက္ အသုံးမျပဳပဲ ေနလိုက္ရျခင္းသည္ သင္၏ တစ္ေန႔တာကို မည္သို႔သက္ေရာက္ မႈရွိေၾကာင္း မွတ္တမ္းတင္ထားေပးပါ။

ေအာက္တိုဘာလ ၁ ရက္ေန႔မွ ၃ ရက္အတြင္း

၁။ ၂၄ နာရီၾကာ အင္တာနက္မရွိဘဲ လုပ္ကိုင္ေနထိုင္ရသည့္အတြက္ ႀကဳံေတြ႕ရသည့္ အေတြ႕အႀကဳံအား mdrf@digitalrightsmm.info ကိုအီးေမးေပးပို႔ေပးပါ။ အင္တာနက္ မရွိသည့္အတြက္ လူမႈေရး၊ စီးပြားေရး၊ လုပ္ငန္းခြင္ႏွင့္ အျခားဆိုးက်ိဳးသက္ေရာက္မႈမ်ားအျပင္ စီးပြားေရးတန္ဖိုးမ်ားကို လည္း သက္ဆိုင္မႈရွိပါက ထည့္သြင္းေဖာ္ျပေပးပါ)။ ထို႔အျပင္ လူႀကီးမင္းမွ ေပးပို႔သည့္ အခ်က္အလက္မ်ားကို ကြၽႏ္ုပ္တို႔အေနျဖင့္ အမ်ားျပည္သူသို႔ ထုတ္ေဖာ္တင္ျပႏိုင္ခြင့္ ရွိ၊ မရွိ ႏွင့္ သင္၏ အမည္နာမကို သုံးစြဲႏိုင္ျခင္း ရွိ၊ မရွိ ေဖာ္ျပေပးပါ။

အစိုးရ၏ အင္တာနက္ျဖတ္ေတာက္မႈက ဘာလဲ။

ပုဒ္မ ၇၇ တြင္ ‘ယာယီ’ ဆိုင္းငံ့ျခင္းဟု ဆိုေသာ္လည္း ဇြန္လ (၂၀) ရက္ေန႔က မိုဖိုင္းဝန္ေဆာင္မႈ ကုမၸဏီမ်ားအား ေပးပို႔ေသာ အမိန႔္သည္ အကန႔္အသတ္မရွိေၾကာင္း ေတြ႕ရွိရသည္။ ထို႔အျပင္ ယင္းသို႔ ပိတ္ပင္မႈအတြက္ အမ်ားျပည္သူအက်ိဳးစီးပြားႏွင့္ သက္ဆိုင္သည့္ အေၾကာင္းျပခ်က္မ်ားကိုလည္း မရွင္းလင္းထားသည့္အျပင္ မည္သည့္အခ်ိန္တြင္ ႐ုတ္သိမ္းမည္ကို ေဖာ္ျပျခင္းမရွိပဲ ယေန႔အခ်ိန္ထိ အင္တာနက္ျဖတ္ေတာက္မႈမွာ (၂) လေက်ာ္ ၾကာျမင့္လ်က္ရွိေၾကာင္း ေတြ႕ရွိရပါသည္။

အင္တာနက္ျဖတ္ေတာက္မႈကို ႀကဳံေတြ႕ခံစားေနၾကရေသာ ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္ရွိ ျပည္သူလူထုမ်ားႏွင့္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားကလည္း အင္တာနက္ျဖတ္ေတာက္မႈသည္ ၎တို႔ေနစဥ္ဘဝအား သက္ေရာက္ေနသည့္ အခ်က္မ်ားကို အစိုးရက သတိျပဳမိႏိုင္ရန္ ႀကိဳးစားလ်က္ရွိသည္။ ဥပမာ - ႏိုင္ငံရပ္ျခားမွ ေဆြမ်ိဳးသားခ်င္းမ်ားက မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈမ်ားမွတစ္ဆင့္ ေငြလႊဲေျပာင္းမႈမ်ား ပိတ္ပင္ခံထားရျခင္း၊ အေသးစားစီးပြားေရးလုပ္ငန္းမ်ားႏွင့္ ကုန္သည္မ်ားအေနျဖင့္ စီးပြားေရးလုပ္ရန္ ခက္ခဲသြားျခင္းႏွင့္ အလုပ္အကိုင္ရွာေဖြျခင္းႏွင့္ ပညာေရးရွာမွီးေနသူတို႔အတြက္ သတင္းအခ်က္ အလက္မ်ား ပိတ္ပင္ခံရျခင္း စသည့္ ဆိုးက်ိဳးမ်ားကို ႀကဳံေတြ႕ခံစားေနရသည္။ e-government အပါအဝင္ ဝန္ေဆာင္မႈအမ်ားစုသည္ အြန္လိုင္းမွတစ္ဆင့္ လုပ္ကိုင္ေနၾကသျဖင့္ အင္တာ နက္ျဖတ္ေတာက္ခံထားရေသာ ျပည္သူလူထုအေပၚ ခြဲျခားဆက္ဆံသလိုျဖစ္ေနသည့္အျပင္ မညီမွ်မႈကို ပို၍ပင္ျဖစ္ေပၚေစပါတယ္။

ကြၽႏ္ုပ္တို႔က ဘယ္သူေတြလဲ။

ကြၽႏ္ုပ္တို႔အဖြဲ႕အစည္းမ်ားျဖစ္သည့္ လြတ္လပ္ေသာထုတ္ေဖာ္ေျပာဆိုျခင္းျမန္မာ (Free Expression Myanmar)၊ ျမန္မာ့စီးပြားေရးက႑တာဝန္ယူမႈရွိေရး အေထာက္အကူျပဳဌာန (Myanmar Centre for Responsible Business)၊ ဖြံ႕ၿဖိဳးမႈအတြက္ ‘ျမန္’ အိုင္စီတီအဖြဲ႕ (MIDO) ႏွင့္ ဖန္တီးရာ (Phandeeyar) တို႔သည္ ယခု သုံးႏွစ္တာကာလတြင္ ျမန္မာဒီဂ်စ္တယ္အခြင့္အေရးဖိုရမ္ (၃) ခုအား ၂၀၁၆ ခုႏွစ္၊ ၂၀၁၈ ခုႏွစ္ ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ အသီးသီး က်င္းပခဲ့ၾကသည္။ စီးပြားေရးလုပ္ငန္းမ်ား၊ အစိုးရအရာရွိမ်ားႏွင့္ အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားက ျမန္မာႏိုင္ငံအေနျဖင့္ လူ႔အခြင့္အေရးမ်ားကို ကာကြယ္ျခင္း၊ ေလးစားလိုက္နာျခင္းႏွင့္ အက်ိဳးခံစားျခင္းျဖင့္ မည္သို႔မည္ပုံ ‘စတုတၳအႀကိမ္ေျမာက္ စက္မႈေတာ္လွန္ေရး’ သို႔ အေရာက္လွမ္းႏိုင္မည့္ နည္းလမ္းမ်ားကို ေဆြးေႏြးခဲ့ၾကသည္။

သုံးႏွစ္တာဖိုရမ္တြင္ တက္ေရာက္ေဆြးေႏြးခဲ့ၾကသူမ်ား (ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာက ပါဝင္ေဆြးေႏြးခဲ့ၾကသူမ်ား)က အင္တာနက္ကို တစ္ကမာၻလုံး ရယူသုံးစြဲႏိုင္ခြင့္ရွိေရးသည္ လူ႔အခြင့္အေရးမ်ား၏ အေျခခံျပယုဂ္ျဖစ္ေၾကာင္း အေလးေပးေဆြးေႏြးခဲ့ၾကသည္။ ထိုအတြက္ေၾကာင့္ ဇြန္လ ၂၄ ရက္တြင္ ကြၽႏ္ုပ္တို႔အဖြဲ႕အစည္း (၄) ခုသည္ အျခား ျပည္တြင္းအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းကာ အင္တာနက္ျဖတ္ေတာက္မႈအေပၚတြင္ ပူးေပါင္းေၾကညာခ်က္တစ္ရပ္ အား အဂၤလိပ္ဘာသာႏွင့္ ျမန္မာဘာသာတို႔ျဖင့္ ထုတ္ျပန္ခဲ့ၿပီး အင္တာနက္သုံးစြဲျခင္းကို ကန႔္သတ္မႈမ်ားအား ပယ္ဖ်က္ျခင္းကို ခ်က္ျခင္း လုပ္ေဆာင္ရန္ႏွင့္ ေနာင္အခါတြင္ ျမန္မာႏိုင္ငံရွိ မည္သည့္ေနရာတြင္မဆို ထိုသို႔ ပိတ္ပင္ကန႔္သတ္မႈမ်ား မျဖစ္ေပၚေစရန္အတြက္  ဆက္သြယ္ေရးဥပေဒအား ျပန္လည္သုံးသပ္၊ ျပင္ဆင္ရန္ ေတာင္းဆိုခဲ့သည္။

ပုဒ္မ ၇၇ ကို အသုံးျပဳ၍ ထုတ္ျပန္ခဲ့သည့္ အစိုးရ အမိန႔္မွာ အစိုးရက ‘မတည္ၿငိမ္သည့္’ အေျခအေနဟု သတ္မွတ္ျခင္းခံရသည့္ ေနရာ အေျခအေနမ်ားတြင္ ထပ္မံအသုံးျပဳႏိုင္ရန္ အစပ်ိဳးလိုက္သကဲ့သို႔ ျဖစ္သြားသျဖင့္ ကြၽႏ္ုပ္တို႔အေနျဖင့္ စိုးရိမ္လ်က္ရွိပါသည္။ ယင္းသည္ လက္ရွိပိတ္ပင္မႈတြင္ တိုက္႐ိုက္မ ခံစားရသည့္ အင္တာနက္အသုံးျပဳသူအားလုံးကပင္ စိုးရိမ္သင့္ေသာ ကိစၥတစ္ရပ္ျဖစ္ပါသည္။

သင့္အေနျဖင့္ ကိုယ္ခ်င္းစာေသာ္လည္း အင္တာနက္ပိတ္ရန္ မျဖစ္ႏိုင္ပါကလည္း ဤလႈပ္ရွားမႈတြင္ ပါဝင္ႏိုင္သည့္ အခ်က္မ်ား

၂၄ နာရီၾကာ အင္တာနက္ျပတ္ေတာက္ပါက ႀကဳံရမည့္ ဆိုးက်ိဳးသည္ သင္၏ ကုမၸဏီ၊ အသက္ ေမြးဝမ္းေက်ာင္းမႈ၊ လုံၿခဳံမႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ႀကီးမားေသာ သက္ေရာက္မႈရွိႏိုင္သျဖင့္ အင္တာနက္ပိတ္ရန္ မျဖစ္ႏိုင္ေသာ္လည္း သင္အေနျဖင့္ ဤလႈပ္ရွားမႈတြင္ ပါဝင္ႏိုင္ပါသည္။

၁။ ေအာက္တိုဘာ ၃ ရက္မတိုင္ခင္တြင္ အဘယ္ေၾကာင့္ အင္တာနက္အား ေန႔စဥ္သုံးစြဲႏိုင္ေရးသည္ သင့္အတြက္ အေရးပါေၾကာင္းႏွင့္ အဘယ္ေၾကာင့္ ယခုကဲ့သို႔ အင္တာနက္ျဖတ္ေတာက္မႈဆိုင္ရာ လႈပ္ရွားမႈတြင္ မပါဝင္ႏိုင္ေၾကာင္းကို ေရးသား၍ mdrf@digitalrightsmm.info အား အီးေမးလ္ပို႔ေပး ျခင္းျဖင့္ ပါဝင္ႏိုင္ပါသည္။

ဤုလႈပ္ရွားမႈအား အင္တာနက္ပိတ္ပင္မႈဆိုင္ရာ ဆိုးက်ိဳးသက္ေရာက္မႈမ်ားကို  ပိုမိုနားလည္လာႏိုင္ေစရန္ ရည္႐ြယ္လုပ္ေဆာင္ရျခင္း ျဖစ္ပါသည္။ ဤလႈပ္ရွားမႈက ထြက္ေပၚလာေသာ ရလစ္မ်ားကို အစိုးရႏွင့္ အျခားသက္ဆိုင္ရာတာဝန္ရွိသူမ်ားအား လက္ရွိကန႔္သတ္မႈမ်ားကို ရပ္တန႔္ရန္ႏွင့္ ေနာင္အခါတြင္ ႏိုင္ငံရွိ မည္သည့္ေနရာတြင္ မဆို ထိုသို႔ အင္တာနက္ရရွိမႈကို ကန႔္သတ္၊ ျဖတ္ေတာက္မႈမ်ား မလုပ္ေဆာင္ရန္ တိုက္တြန္းရာတြင္ အသုံးျပဳသြားမည္ျဖစ္သည္။

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္မ်ားမွ ျပည္သူလူထု တစ္သန္းေက်ာ္အတြက္ အင္တာနက္ ျပန္လည္ရရွိေရးကို အားေပးပါဝင္ၾကေသာ တစ္ဦးခ်င္းစီအား လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ရွိပါသည္။

ျမန္မာဒီဂ်စ္တယ္အခြင့္အေရးဖိုရမ္အဖြဲ႕အား ဆက္သြယ္ရန္