Myanmar military’s “justice” system မြန်မာစစ်တပ်၏ “တရားစီရင်ရေး” ယန္တရား
အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့နေများ၏ ကိုယ်တွေ့အတွေ့အကြုံများ၊ တရား ခုံရုံးများနှင့် စစ်ဆေးစီရင်မှုများ။ စစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဖူးငုံစမြန်မာ့တရားရေး စနစ်အား ဖျက်ဆီးပစ်ခဲ့သည်။ ထိုတရားရေးစနစ်မှာ စစ်တပ် ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဆယ်စုနှစ်များစွာကြာ ဖိနှိပ်မှုများကြောင့် ထိခိုက်ခံခဲ့ရ ပြီး ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလွတ်လပ်အမှီအခိုကင်းမှု နှင့် တိုးတက်လာသော တရားရေးခုခံချေပချက်များမှာ ဖယ်ရှားခံခဲ့ရပြီး၊ အာဏာ ရှင်တရားစီရင်ရေးဖြင့် အစားထိုးခံခဲ့ရသည်။ စစ်တပ်၏ လက်ရှိ “တရားစီရင်ရေး” “စနစ်”အား လွတ်လပ်သော ထုတ်ဖော် ပြောဆိုခြင်းမြန်မာက လေ့လာသုံးသပ်ခြင်းသည် တရားခံရှေ့နေများနှင့် ထဲထဲ ဝင်ဝင် အတူအလုပ်လုပ်ကိုင်ခြင်း နှင့်