Extrajudicial killings of dissidents a war crime with serious chilling effect အာဏာသိမ်းမှုအား ဆန့်ကျင်သူများကို တရားမျှတသည့်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ သတ်ဖြတ်ခြင်းသည် ဥပဒေဆိုင်ရာအခွင့်အရေးကို အသုံးချမှုအား တားဆီးကန့်သတ်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေပြီး၊ ဆိုးရွားသော စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်။
FEM shares its condolences and condemns the military’s extrajudicial killing of four dissidents in what likely amounts to a war crime that will leave a chilling effect on freedom of expression across Myanmar and beyond.
On 25 July, the military-controlled State media announced that Ko Jimmy, Ko Phyo Zeya Thaw, Ko Hla Myo Aung, and Ko Aung Thura Zaw had been executed. Activist, Ko Jimmy and politician, Ko Phyo Zeya Thaw were undoubtedly targeted by the military because of their long history of criticising the military and its human rights violations. None of their families was informed or given proper access to say goodbye. The death penalty had not been used for more than 30 years.
FEM is deeply concerned for the more than 100 people who have also been sentenced to death by the military, many of whom will be dissidents.
FEM believes that the killings reached the threshold of extrajudicial, summary, and arbitrary killings, which are prohibited under international law. The UN defines an extrajudicial killing as one that contravenes or lacks due process of law. The military, which conducted an unconstitutional coup in February 2021, has dismantled all due process in the country. Secret trials do not follow any fair trial standards.
FEM also believes that, in addition to being human rights violations under international law, at least one of the extrajudicial killings reached the threshold of a war crime under international law, namely the Rome Statute, Article 8.2.c.iv, which prohibits “carrying out executions without previous judgement pronounced by a regularly constituted court, affording all judicial guarantees which are generally recognized as indispensable”.
On 15 March 2021, the military unlawfully issued Martial Law Order 3/2021 which provided for military tribunals to sentence the death penalty for 23 so-called “crimes”, including 11 criminalising freedom of expression. For example, a person breaching the News Media Law could face the death penalty. The Order also removed the right to appeal except to the coup leader, Min Aung Hlaing.
The military’s actions have increased the chilling effect on the right to freedom of expression inside and outside of Myanmar. They add to the ongoing threat of long prison terms, torture, and summary execution in the street for those who dissent against the military.FEM urges all States to reflect on the military escalation of gross and systematic human rights violations in Myanmar and to take immediate action to bring about justice and accountability. In particular, FEM urges those States that have until now actively or tacitly supported military impunity, including China and Russia at the UN Security Council, and in ASEAN, to end that support. FEM also urges the UN to learn from its failures until now and dramatically improve its performance.
စစ်တပ်၏ ဥပဒေမဲ့သတ်ဖြတ်ခြင်းအား ခံစားခဲ့ရသော အာဏာသိမ်းမှုဆန့်ကျင်သူ (၄) ဦးတို့အတွက် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာက ထပ်တူဝမ်းနည်းကြေကွဲမိကာ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်အားလည်း ခြိမ်းခြောက်သက်ရောက်လျက်ရှိသည့် စစ်တပ်၏ ထိုစစ်ရာဇဝတ်မှုကျူးလွန်ခြင်းကို အပြင်းအထန်ရှုံ့ချလိုက်ပါသည်။
ဇူလိုင်လ (၂၅) ရက်နေ့တွင် စစ်တပ်မှ ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းဌာနက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုသူရဇော်တို့အား ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ စစ်တပ်က တက်ကြွလှုပ်ရှားသူ ကိုဂျင်မီနှင့် နိုင်ငံရေးသမား ကိုဇေယျာသော်တို့အား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လိုက်ရသည့်အကြောင်းအရင်းမှာ ထိုသူနှစ်ဦးတို့၏ စစ်တပ်နှင့် ယင်း၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှစ်ရှည်များစွာအစဉ်တစိုက် ဝေဖန်မှုများကြောင့် ဖြစ်သည်မှာ သံသယဝင်စရာပင် မရှိပေ။ ယင်းတို့၏ မိသားစုဝင်များသည် ထိုကွပ်မျက်မှုအား ကြိုတင်သိရှိခဲ့ခြင်း မရှိသလို ကွယ်လွန်သူတို့နှင့်လည်း သေသေချာချာ နှုတ်ဆက်ခွင့် မရခဲ့ပေ။ မြန်မာနိုင်ငံတွင် ထိုသေဒဏ်စီရင်မှုအား မကျင့်သုံးခဲ့သည်မှာ နှစ်(၃၀)ကျော်ကြာပြီဖြစ်သည်။
စစ်ကောင်စီမှ ထိုသူ(၄)ဦးတို့အား စီရင်ခဲ့ခြင်းကြောင့် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာသည် ကျန်ရှိသေဒဏ်ချမှတ်ခံထားရသူ (၁၀၀)ကျော်အတွက် အထူးစိုးရိမ်မိပါသည်။ ၄င်းတို့အနက်မှ အများစုသည် စစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည့်သူများ ဖြစ်ကြပါလိမ့်မည်။
စစ်တပ်၏ သတ်ဖြတ်မှုများသည် နိုင်ငံတကာဥပဒေများက တားမြစ်ထားသော ဥပဒေမူဘောင်မရှိဘဲ၊ အခြေခံအကျဆုံး လူ့အသက်ရှင်နေထိုင်ခွင့်ကို မထီမဲ့မြင်ပြုလျက် မတရားဖမ်းဆီးသတ်ဖြတ်ခြင်း ( extrajudicial killing) ၏ အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သည်ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း မြန်မာက ယုံကြည်ပါသည်။ ကုလသမဂ္ဂက တရားမျှတသည့်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ သတ်ဖြတ်ခြင်းဆိုသည်မှာ ဥပဒေ၏ လုပ်ထုံးလုပ်စဉ် စံနှုန်းများကင်းမဲ့လျက် ဥပဒေပြဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖွင့်ဆိုထားပါသည်။
အခြေခံဥပဒေနှင့်မညီသော အာဏာသိမ်းမှုအား ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျူးလွန်ခဲ့သော
စစ်တပ်သည် ထိုစဥ်ကတည်းက နိုင်ငံအတွင်းရှိ ဥပဒေလုပ်ထုံးလုပ်စဉ်များအားလုံးတို့အား ချိုးဖောက်ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ စစ်တပ်က အသုံးပြုခဲ့သော လျှို့ဝှက်ခုံရုံးများသည်လည်း မျှတသော ခုံရုံးစံနှုန်းများအား ကိုက်ညီမှုမရှိပါ။
တရားမျှတသည့်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ သတ်ဖြတ်ခြင်းသည် နိုင်ငံတကာဥပဒေများအောက်ရှိ လူ့အခွင့်အရေးများအား ချိုးဖောက်နေရုံသာမက ရောမစာချုပ်၏ ပိုဒ်မ ၈(၂)(ဂ)(၄)တွင် ဖော်ပြထားသော စစ်ရာဇဝတ်မှုအားလည်း ကျူးလွန်လျက်ရှိပါသည်။ ရောမစာချုပ်၏ အထက်ဖော်ပြပါ အပိုဒ်တွင်
“တရားစီရင်ခွင့်ရထားသောအမြဲတမ်းတရားရုံး၏ ယခင်က ချမှတ်ထားသော စီရင်မှုများနှင့် လိုက်လျောညီထွေမှု မရှိဘဲ ချမှတ်ခြင်း၊ယေဘူယျအားဖြင့် မရှိမဖြစ်လိုအပ်သည်ဟု ယူဆထားသော တရားစီရင်ရေး အာမခံချက်များအား ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ကွပ်မျက်ခြင်းအား ဆောင်ရွက်ခြင်း”ကို တားမြစ်ထားပါသည်။
၂၀၂၁ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် စစ်တပ်သည် စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၃/၂၀၂၁)ကို ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ထုတ်ပြန်ခဲ့ပါသည်။ ထိုအမိန့်သည် စစ်ခုံရုံးများအား အမည်ခံပြစ်မှု (၂၃)ခုအပေါ်တွင် သေဒဏ်ချမှတ်ပိုင်ခွင့်ကို ပေးခဲ့ပါသည်။ ထိုပြစ်မှု(၂၃)ခုအနက် (၁၁)ခုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သက်ဆိုင်လျက် ရှိပါသည်။ ဥပမာအားဖြင့် သတင်းမီဒီယာဥပဒေအား ချိုးဖောက်သူသည် သေဒဏ်ကျခံရနိုင်ချေ ရှိပါသည်။ ထိုအမိန့်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှအပ အခြားသူအားလုံးတို့ထံ အယူခံဝင်မှုကိုလည်း တားမြစ်ထားပါသည်။
စစ်တပ်၏ ဆောင်ရွက်ချက်များသည် ယခုလက်ရှိဖြစ်ပွားလျက်ရှိသော နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောသူပြည်များအား လမ်းများပေါ်တွင် တရားလက်လွတ်သတ်ဖြတ်ခြင်း စသည့် ရှိရင်းစွဲခြိမ်းခြောက်မှုတို့အား ထပ်တိုးသက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံ ပြည်တွင်း၊ပြည်ပမှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များအား ပိုမိုထိပါးခြောက်လှန့်နေပါသည်။
လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာအနေဖြင့် စစ်တပ်၏ ပိုမိုကြီးထွား ဆိုးရွားလာသော လူ့အခွင့်အရေးချိုးဖောက်မှုများအား တုံ့ပြန်ကြရန်နှင့်၊ မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် တာဝန်ခံမှုပေါ်ပေါက်လာရေးအတွက် လိုအပ်သောဆောင်ရွက်ချက်များကို အလျင်အမြန် လုပ်ကိုင်ဆောင်ရွက်ကြပါရန် ကမ္ဘာ့နိုင်ငံများအားလုံးကို တိုက်တွန်းလိုက်ပါသည်။ အဓိကအားဖြင့် စစ်တပ်အား ပြစ်ဒဏ်များမှ ကင်းလွတ်အောင် ယခုတိုင် ထင်သာမြင်သာရှိရှိဖြစ်စေ၊ လျှို့ဝှက်၍ဖြစ်စေ ကူညီထောက်ပံ့ပေးလျက်ရှိကြသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော တရုတ်၊ ရုရှားနိုင်ငံများ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတို့အား ယင်းတို့၏ အထောက်အပံ့များအား ရပ်တန့်ကြပါရန် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာက တိုက်တွန်းလိုက်ပါသည်။ ထို့ပြင် ကုလသမဂ္ဂအနေဖြင့်လည်း ယခုထက်တိုင် ဖြစ်ပေါ်နေခဲ့သော ရှုံးနိမ့်မှုများထဲမှ သင်ခန်းစာယူကာ၊ ယင်း၏ ဆောင်ရွက်ချက်များအား အထူးသိသိသာသာ တိုးမြှင့်သင့်ကြောင်းကိုလည်း လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာက တိုက်တွန်းလိုက်ပါသည်။