fbpx

Ooredoo sale risk to digital rights in Myanmar အော်ရီဒူး(မြန်မာ)အား ရောင်းထုတ်မည့် အစီအစဥ်သည် မြန်မာနိုင်ငံတွင်း ဒစ်ဂျစ်တယ်အခွင့်အရေးများအား ထိခိုက်နိုင်ချေရှိ

FEM urges Ooredoo to conduct heightened due diligence before deciding whether to sell or who to sell to, ensuring the greatest protection for the digital rights of employees and customers.

Ooredoo, the last foreign mobile telecoms operator remaining in Myanmar, has reportedly told the regulator that it is selling up.  Although Ooredoo does not have a good global human rights record, it is the mobile telecom operator most independent from Myanmar’s military after the exit of Telenor.

Telecom operators like Ooredoo enable communication and hold large amounts of user data. The best telecom businesses help protect the rights to freedom of expression and privacy. The worst seriously harm their users’ rights by facilitating internet shutdowns and website blocking, as well as enabling mass surveillance and interception.

In Myanmar’s harsh context, even the smallest level of independence is a limited safeguard against the worst excesses of the military’s digital rights violations. Although all mobile telecom operators receive the same regulatory orders from the military, more independent operators can use greater discretion in how those orders are implemented. Given that military orders tend to be vague, such discretion can and has led to independent operators implementing them in ways less harmful to digital rights. For example, by interpreting a vague order in a narrower way and choosing a technological solution that has the least bad effect.

Ooredoo’s independence also encourages competition, encouraging all telecom businesses to make commitments to their users, including on access and potentially on privacy. Ooredoo has also intermittently engaged with civil society in the past, such as at the Myanmar Digital Rights Forum, co-organised by FEM.

FEM urges Ooredoo to conform to international human rights standards if it intends to exit Myanmar. International standards state that businesses should avoid causing or contributing to adverse human rights impacts and try to prevent or mitigate those impacts when exiting.

In particular, according to the UN Guiding Principles, Ooredoo should carry out human rights due diligence before selling to identify, prevent, mitigate, and account for any adverse actual or potential human rights impacts. As Myanmar is a conflict area, the UN recommends even more “heightened” due diligence than normal. This should include due diligence of any potential buyer, as well as adequate consultation with local and international civil society.

FEM urges Ooredoo to make sure any buyer is qualified, able to maintain and improve current user service, committed to operating in accordance with international standards, and willing to participate in collective efforts to reform Myanmar’s legal framework to protect human rights.

FEM also urges Ooredoo to learn from the mistakes made by the Norwegian mobile telecoms business, Telenor, in its controversial sale earlier this year. 

Telenor’s global reputation among governments, civil society, and the business community has been severely damaged because of its decision-making that ultimately led to it handing over its employees and private personal data on millions of users, including journalists, human rights defenders, and members of the political opposition, to Shwe Byain Phyu, a Myanmar company with close links to the military. The damage done to Telenor’s reputation has not stopped with its sale. Telenor was aware in advance of the potential human rights impact of handing over its employees and user data to a military ally and therefore could be held complicit in any future human rights violations and resulting legal claims.

အော်ရီဒူးအနေဖြင့် အော်ရီဒူး(မြန်မာ)အား ရောင်းချသင့်/မသင့် နှင့် မည်သူ့အား ရောင်းချမည်တို့ကို စဥ်းစားရာတွင် လိုအပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်ချက်များအား သေသေချာချာ ထည့်သွင်းဆောင်ရွက်ရန်နှင့် ၎င်း၏ ဝန်ထမ်းများနှင့် သုံးစွဲသူတို့၏ အခွင့်အရေးများကို အကောင်းဆုံး ကာကွယ်ပေးပါရန် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာမှ တိုက်တွန်းလိုက်ပါသည်။ 

မြန်မာနိုင်ငံတွင် နောက်ဆုံးသော လွတ်လပ်သည့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ တစ်ခုအဖြစ်ဖြင့် ကျန်ရှိလျက်ရှိသည့် အော်ရီဒူးသည် ယင်း၏ စီးပွားရေးလုပ်ငန်းအား ရောင်းချတော့မည်ဖြစ်ကြောင်းကို ဆက်သွယ်ရေးဦးစီးဌာနအား အကြောင်းကြားခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အော်ရီဒူး၏ လူ့အခွင့်အရေးမှတ်တမ်းများသည် အားနည်းလျက်ရှိသောငြား တယ်လီနော ထွက်ခွာသွားပြီးသည့် နောက်ပိုင်းတွင် ၎င်းသည်သာ မြန်မာနိုင်ငံအတွင်း မြန်မာစစ်တပ်နှင့် တိုက်ရိုက်ချိတ်ဆက်မှု မရှိသော လွတ်လပ်သည့် မိုဘိုင်း ဆက်သွယ်ရေး အော်ပရေတာတစ်ခုအနေဖြင့် ကျန်ခဲ့သည်။ 

အော်ရီဒူးကဲ့သို့သော ဆက်သွယ်ရေး အော်ပရေတာများသည် ဆက်သွယ်ရေးများအား အဆင်ပြေအောင် ပြုလုပ်ပေးရုံသာမက သုံးစွဲသူများ၏ ဒေတာအချက်အလက်များစွာတို့ကိုပါ လက်ဝယ်ပိုင်ဆိုင်ထားကြပါသည်။ အကောင်းဆုံးသော ဆက်သွယ်ရေး လုပ်ငန်းများသည် လွတ်လပ်စွာထုတ်ဖော်နိုင်ခွင့်နှင့် ပုဂ္ဂလိက လုံခြုံခွင့်များကို ကာကွယ်ပေးပါသည်။ ဆိုးရွားသော လုပ်ငန်းများကမူ အင်တာနက်ဖြတ်တောက်မှုများ ဆောင်ရွက်ခြင်း နှင့် အင်တာနက်စာမျက်နှာများ (ဝက်ဘ်ဆိုဒ်များ) ကန့်သတ်ပိတ်ပင်ခြင်း၊ ကြီးမားကျယ်ပြန့်စွာစောင့်ကြည့်ခြင်း နှင့် ကြားဖြတ်နားထောင်ခြင်းတို့ ပြုလုပ်ပြီး သုံးစွဲသူများ၏ အခွင့်အရေးများအား ထိပါးနှောင့်ယှက်လေ့ ရှိပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ခက်ခဲသည့် အခြေအနေတွင် သေးငယ်သော လွတ်လပ်မှုသည်ပင်လျှင် စစ်တပ်၏ ဆိုးရွားသော ဒစ်ဂျစ်တယ်အခွင့်အရေး ချိုးဖောက်မှုများအား အတိုင်းအတာတစခုထိ ခုခံထားနိုင်သောအရာ ဖြစ်ပေသည်။ သက်ဆိုင်ရာဌာနများမှတစ်ဆင့် ပေးပို့သော စစ်တပ်၏ အမိန့်များအား ဆက်သွယ်ရေး အော်ပရေတာများ အားလုံးက ရရှိသော်လည်း လွတ်လပ်သော အော်ပရေတာများသည် ထိုအမိန့်များအား မည်သို့ ကိုင်တွယ် အကောင်အထည်ဖော်မည်ကို ကိုယ်ပိုင်တွေးခေါ်မျှော်မြင်မှုဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြပါသည်။ စစ်တပ်၏ အမိန့်များသည် တိကျပြတ်သားမှု မရှိသောကြောင့်  လွတ်လပ်သော အော်ပရေတာများသည် စစ်တပ်၏ အမိန့်စာများကို အကောင်အထည်ဖော်ရာတွင် ထိုကိုယ်ပိုင်တွေးခေါ်မျှော်မြင်မှုကို အသုံးပြု၍ ဒစ်ဂျစ်တယ်အခွင့်အရေးများအား ချိုးဖောက်မှုအနည်းဆုံးသော နည်းလမ်းများကို စဥ်းစားဆုံးဖြတ်နိုင်သည်။ ဥပမာအားဖြင့် တိကျပြတ်သားမှု မရှိသော အမိန့်အား ပိုမိုကျဥ်းမြောင်းသော နည်းလမ်းဖြင့် အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ဆိုးကျိုးသက်ရောက်မှု နည်းပါးသော နည်းပညာဖြေရှင်းနည်းများကို ရွေးချယ်ခြင်းတို့ ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် အော်ရီဒူး၏ လွတ်လပ်မှုသည် ဆက်သွယ်ရေးလုပ်ငန်းများတို့အကြား ယှဥ်ပြိုင်မှုကို အားမြှင့်ပေးကာ ယင်းတို့မှ သုံးစွဲသူများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများအား လက်လှမ်းမီနိုင်ရေးအပြင်၊ ပုဂ္ဂလိကလုံခြုံမှုကို ကာကွယ်ရန် ကတိကဝတ်ထားရှိမှုတို့ကို တိုးမြင့်လာနိုင်စေပါသည်။ အော်ရီဒူးသည် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် မြန်မာ ဒစ်ဂျစ်တယ်အခွင့်အရေး ဖိုရမ်တွင် ပါဝင်ခြင်းကဲ့သို့သော အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများကိုလည်း ရံဖန်ရံခါ လုပ်ဆောင်ခဲ့ဖူးပါသည်။ 

အော်ရီဒူးအနေဖြင့် မြန်မာပြည်မှ ထွက်ခွာမည်ဆိုပါကလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ပါရန် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာက တောင်းဆိုလိုက်ပါသည်။ စီးပွားရေးလုပ်ငန်းများသည် ယင်းတို့၏ လုပ်ငန်းများအား ရုတ်သိမ်းရာတွင် ဆိုးရွားသော လူ့အခွင့်အရေး သက်ရောက်မှုများအား ဖြစ်ပွားစေခြင်း (သို့မဟုတ်) ပံ့ပိုးပေးခြင်းတို့မှ ရှောင်ရှားသင့်ကာ ထိုသက်ရောက်မှုများ ဖြစ်ပွားခြင်းအား တားဆီးရန် (သို့မဟုတ်) လျော့ပါးစေရန် ဆောင်ရွက်သင့်ကြောင်း နိုင်ငံတကာစံနှုန်းများက ဖော်ပြထားပါသည်။

အဓိကအားဖြင့် ကုလသမဂ္ဂ၏ လမ်းညွှန်မှု မူဝါဒများအရ အော်ရီဒူးသည် အမှန်တကယ် ဖြစ်ပွားနိုင်သည့် (သို့မဟုတ်) ဖြစ်ပွားနိုင်ချေရှိသည့် ဆိုးရွားသော လူ့အခွင့်အရေး သက်ရောက်မှုများအား သတ်မှတ်ဖော်ထုတ်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ လျော့ပါးစေခြင်း နှင့် ထည့်သွင်းစဥ်းစားခြင်းဟူသော လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်ချက်များကို ယင်း၏ လုပ်ငန်းအား မရောင်းချမီတွင် လုပ်ဆောင်သင့်ပါသည်။ မြန်မာနိုင်ငံသည် ပဋိပက္ခဖြစ်ပွားလျက်ရှိသော နေရာ ဖြစ်သောကြောင့် သာမန်ထက် သာလွန်မြင့်မားသော လူ့အခွင့်အရေးဆန်းစစ်ချက်ကို လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂက အကြံပြုထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် ဖြစ်နိုင်ချေရှိသည့် ဝယ်သူအား စစ်ဆေးဆောင်ရွက်ခြင်း နှင့် ပြည်တွင်း/ပြည်ပ အရပ်ဖက်အဖွဲ့အစည်းများနှင့် လုံလောက်သော ညှိနှိုင်းဆောင်ရွက်မှု လုပ်ဆောင်ခြင်းတို့ ပါဝင်ပါသည်။ 

အော်ရီဒူးအနေဖြင့် ယင်း၏လုပ်ငန်းအား ဝယ်ယူမည့်သူများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီကြောင်း၊ လက်ရှိသုံးစွဲသူ ဝန်ဆောင်မှုများအား ထိန်းသိမ်းမြှင့်တင်နိုင်ကြောင်း၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်သည်ဟု ကတိကဝတ်ပြုနိုင်ကြောင်း နှင့် လူ့အခွင့်အရေးများအားကာကွယ်ရန်  မြန်မာ့ ဥပဒေမူဘောင်ပြုပြင်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သေချာအောင် စိစစ်ဆောင်ရွက်သင့်ကြောင်း လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာက အကြံပြု တိုက်တွန်းလိုက်ပါသည်။ 

ယခုနှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် နော်ဝေ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော၏ အငြင်းပွားဖွယ် ရောင်းချမှု အမှားများကို အော်ရီဒူးမှ သင်ခန်းစာယူသင့်ကြောင်း လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာက တိုက်တွန်းလိုက်သည်။

တယ်လီနောသည် ယင်း၏ ဝန်ထမ်းများနှင့် သတင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်သူများ နှင့် နိုင်ငံရေး အတိုက်အခံများအပါအဝင် သန်းချီသော သုံးစွဲသူတို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီထံသို့ လွှဲပြောင်းလိုက်မည်ဟူသော ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ အစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် စီးပွားရေးအဖွဲ့အစည်းများအကြား ၎င်း၏ ဂုဏ်သိက္ခာကို အပြင်းအထန် ဆုံးရှုံး လိုက်ရပါသည်။တယ်လီနော၏ ဂုဏ်သိက္ခာအား ထိခိုက်ကျဆင်းမှုသည် ၎င်း၏ ရောင်းချမှုနှင့်တင် အဆုံးသတ်မသွားချေ။ တယ်လီနောသည် ၎င်း၏ ဝန်ထမ်းများ နှင့် သုံးစွဲသူတို့၏ ဒေတာအချက်အလက်များအား စစ်တပ်၏ မိတ်ဖက်ကုမ္ပဏီထံသို့ လွှဲပြောင်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူ့အခွင့်အရေး ပြဿနာများအား သတိပြုမိခဲ့ပါသည်။ ထို့ကြောင့် ၎င်းသည် နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ကြံရာပါအနေဖြင့် သတ်မှတ်ခံရနိုင်ပြီး ဥပဒေဆိုင်ရာ တောင်းဆိုမှုများအားလည်း တာဝန်ယူရင်ဆိုင်ရမည် ဖြစ်သည်။