New report – Defence lawyers’ toolkit for “false news” cases in Myanmar မြန်မာနိုင်ငံအတွင်း “သတင်းအမှား”ဆိုင်ရာ တရားခံရှေ့နေလက်စွဲ
ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ကဲ့သို့သော “သတင်းအမှား”ဖြင့် တရားစွဲဆိုခံရသည့် အမှုများကို တရားရုံးတွင် ခုခံချေပရန်အတွက် အသုံးဝင်သော ခုခံချေပရေး ဗျူဟာများကို လွတ်လပ်စွာထုတ်ဖော် ပြောဆိုခြင်း မြန်မာ (FEM) ၏ လက်စွဲစာအုပ်အသစ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ရာပေါင်းများစွာသော အပြစ်မဲ့ စာနယ်ဇင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ Facebook အသုံးပြုသူများ၊ ဆန္ဒထုတ်ဖော်သူများနှင့် နိုင်ငံရေးသမားများသည် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခြင်းတို့ကြောင့် ပုဒ်မ ၅၀၅-က အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့်ဆန့်ကျင်သည့် “သတင်းအမှား”ဆိုင်ရာဥပဒေများအရ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။