Remembering 300 women and girls silenced forever by coup – စစ်အာဏာသိမ်းမှုကြောင့် ထာဝရနှုတ်ပိတ်ခံခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေးငယ် အယောက် ၃၀၀ အား အောက်မေ့သတိရခြင်း
On “International Day for the Elimination of Violence against Women”, FEM remembers the more than 300 women and girls whose voices have been silenced forever by the coup.
The killed women included students, protesters, teachers, nurses, public officials, nuns, civil society workers, political activists, shop workers, human rights defenders, resistance fighters, and labourers. Striking nurse Zarli Naing and striking teacher Khin Hnin Wai were captured in Magway, killed, and burned by the military in June 2022. Their voices and their potential to improve Myanmar are forever gone.
58 of those killed were children still developing their own opinions and voices. 30 girls were killed under the age of 12, and at least 12 girls had never even been to school before dying. Two-year-old Shwe Yoon Eain died in a Rakhine prison in February 2022, denied medical treatment while accompanying her mother detained as a “terrorist”. None of these deaths was “accidental” and all were either intentional or due to extreme negligence.
Many were killed for their heroic acts of bravery in defying the military through protests and expressions of dissent. At least 111 were shot and killed, many while protesting against the coup and others while protecting the protesters. Nurse Thinzar Hein was shot in the head while attending to the wounded at a Sagaing protest in March 2021. At least 40 were killed while being held in detention by the military. 20 were burned alive.
In many cases, violence against women is gender-based violence targeted at their womanhood. At least 17 women and girls were reportedly raped and killed. 14-year-old Moe Moe Htwe was raped and burned alive by the military in Magway in April 2022. CDM striking public official Htet Nay Chi Min was reportedly raped and killed in Sagaing in February 2022. Many, many more have been subjected to sexual violence, the real scale of which remains unknown.
“International Day for the Elimination of Violence against Women” was adopted in 2000 by the UN General Assembly under resolution 54/134. Violence includes physical, sexual, and psychological harm or suffering to women and girls, including threats, coercion, or arbitrary deprivation of liberty, whether occurring in public or in private life.In 2019, FEM published “Daring to defy Myanmar’s patriarchy”, examining gender-based violence against those women and girls who speak out. Every issue identified in the report remains and has worsened.
The names of the women and girls killed during the coup can be found recorded by the civil society organisation, AAPP.
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့”တွင် အာဏာသိမ်းမှုကြောင့် အသံတိတ်အောင် နှုတ်ပိတ်သတ်ဖြတ်ခံခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေးငယ် အယောက် (၃၀၀) ကျော်အား လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM) မှ အောက်မေ့သတိရ မှတ်တမ်းတင်အပ်ပါသည်။
စစ်တပ်၏အကြမ်းဖက်သတ်ဖြတ်မှုကိုခံရသော အမျိုးသမီးများတွင် ကျောင်းသူများ၊၊ ဆန္ဒပြသူများ၊ ဆရာမများ၊ သူနာပြုများ၊ ပြည်သူ့ဝန်ထမ်းများ၊ သီလရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဈေးဆိုင်အလုပ်သမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ခုခံတော်လှန်ရေးသမားများ နှင့် အလုပ်သမားများ စသဖြင့် အမျိုးမျိုးပါဝင်ကြသည်။ သပိတ်မှောက်သူနာပြုဆရာမ ဒေါ်ဇာလီနိုင်နှင့် သပိတ်မှောက်ဆရာမ ဒေါ်ခင်နှင်းဝေတို့ကို စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မကွေးတိုင်းတွင် ဖမ်းဆီးကာ သတ်ဖြတ် မီးရှို့ခဲ့သည်။ သူတို့၏ အသံများနှင့် မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးနိုင်မည့် ၄င်းတို့၏ အလားအလာများသည်လည်း ထာဝရပျောက်ကွယ်သွားခဲ့ရပြီဖြစ်ပါသည်။
အသတ်ခံရသူ (၅၈) ဦးမှာ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် အသံများကို တည်ဆောက်နေဆဲဖြစ်သည့် ကလေးငယ်များဖြစ်ကြသည်။ အသက် (၁၂) နှစ်အောက် မိန်းကလေး အယောက် ၃၀ အသတ်ခံခဲ့ရပြီး၊ ၄င်းတို့အနက်မှ အနည်းဆုံး (၁၂) ဦးသည် အသက်ရှင်စဥ်က ကျောင်းပင်မနေဖူးသေးသည့် ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။ အသက် (၂ ) နှစ်ရှိ ရွှေယွန်းအိမ်သည် “အကြမ်းဖက်သမား” အဖြစ် သတ်မှတ်ထိန်းသိမ်းခံထားရသော မိခင်နှင့်အတူ ထောင်အတွင်းရှိနေရစဥ် ဆေးကုသခွင့် ငြင်ပယ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရခိုင်ပြည်နယ်ရှိထောင်အတွင်း သေဆုံးသွားခဲ့သည်။ အဆိုပါသေဆုံးမှုအားလုံးသည် တစ်ခုမျှ “မတော်တဆ” မဟုတ်ဘဲ စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ သေဆုံးစေမှု သို့မဟုတ် အလွန်အမင်းလစ်လျူရှုမှုကြောင့်သာ ဖြစ်သည်။
အများအပြားသည် ဆန္ဒပြမှုများနှင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ၄င်းတို့၏ သဘောထားများကို ပုံစံအမျိုးမျိုးဖြင့်ထုတ်ဖော်ပြီး စစ်အာဏာရှင်အား ခုခံအံတုစဥ် ယင်းတို့၏ ရဲရင့်သည့် သူရဲကောင်းဆန်သော လုပ်ရပ်များကြောင့် အသတ်ဖြတ်ခံခဲ့ရပါသည်။ လူ (၁၁၁) ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး၊ ၄င်းတို့အနက် အများစုသည် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ်နှင့် အခြားဆန္ဒထုတ်ဖော်သူများကို ကာကွယ်စောင့်ရှောက်ပေးနေချိန်တွင် အသတ်ဖြတ်ခံရခြင်း ဖြစ်သည်။ သူနာပြုဆရာမ သဉ္ဇာဟိန်းသည် ၂၀၂၁ ခုနှစ် မတ်လက စစ်ကိုင်းရှိ ဆန္ဒပြပွဲ၌ ဒဏ်ရာရရှိသူများအား ကူညီနေစဉ် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ အနည်းဆုံး အယောက် (၄၀) သည် စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အယောက် (၂၀) မှာမူ အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း သိရှိရသည်။
ဖြစ်ရပ်များစွာတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် ၎င်းတို့၏ အမျိုးသမီးဖြစ်မှုကို ပစ်မှတ်ထားသည့် ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှုဖြစ်သည်။ အနည်းဆုံး အမျိုးသမီးနှင့် မိန်းကလေး (၁၇) ဦးထက်မနည်း အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။ အသက် (၁၄) နှစ်အရွယ် မမိုးမိုးထွေးသည် မကွေးတိုင်းတွင်၂၀၂၂ ခုနှစ် ဧပြီလအတွင်း စစ်တပ်၏ အဓမ္မပြုကျင့်ပြီး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) ပြုလုပ်နေသာပြည်သူ့ဝန်ထမ်း မထက်နေခြည်မင်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကိုင်းအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခံခဲ့ရသော အမျိုးသမီးအရေအတွက်မှာ ယခုထက် လွန်စွာများပြားပြီး၊ တိကျသည့် အရေအတွက်အတိုင်းအတာကို မသိနိုင်ပါ။
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၂၀၀၀ ပြည့်နှစ်တွင် ဆုံးဖြတ်ချက် (resolution) အမှတ် ၅၄/၁၃၄ ဖြင့် စတင်သတ်မှတ်ခဲ့ပါသည်။ အကြမ်းဖက်မှုဟုဆိုရာတွင် လူမြင်ကွင်းတွင်ဖြစ်စေ၊ အိမ်တွင်းရေးဆန်သည့် ပုဂ္ဂလဘဝတွင် ဖြစ်စေ ကျူးလွန်သော ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ မတရားသဖြင့် လွတ်လပ်မှုကို ဆုံးရှုံးစေခြင်းတို့ အပါအဝင် အမျိုးသမီးနှင့် မိန်းကလေးများအပေါ် ကျူးလွန်သည့် ရုပ်ပိုင်း၊ လိင်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်စေမှု၊ သို့မဟုတ် ဆင်းရဲဒုက္ခများ အားလုံးပါဝင်သည်။ ၂၀၁၉ ခုနှစ်တွင် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာသည် “ပေထရီအာခီတော်လှန်ရေး” အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး ထုတ်ဖော်ပြောဆိုသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့်ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများကို ထုတ်ဖော်ဆန်းစစ်ခဲ့သည်။ အစီရင်ခံစာတွင် ဖော်ပြထားသော ပြဿနာတိုင်းသည် ဆက်လက်တည်ရှိနေပြီး၊ စစ်အာဏာသိမ်းကတည်းကပင် ပိုမိုဆိုးရွားလာခဲ့သည်။
အာဏာသိမ်းကာလအတွင်း အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အမည်ကို AAPP အဖွဲ့အစည်းမှ ပြုစုထားသော မှတ်တမ်းတွင် ကြည့်ရှုနိုင်ပါသည်။