fbpx

Timeline of free expression violations launched – စစ်အာဏာသိမ်း (၂) နှစ်တာ ကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ချိုးဖောက်မှုများအား အချိန်မှတ်တမ်းတစ်ခု ထုတ်ပြန်ပြသခြင်း

FEM marks two years of the coup by publishing a digital timeline documenting many of the military’s worst violations of the right to freedom of expression.

The timeline includes attacks on media freedom, digital rights violations, violence against protesters, and the military’s illegitimate laws and amendments. 

The timeline will serve as a useful resource for understanding when and how the military carried out gross and systematic violations of the right to freedom of expression.

It covers the period of February 2021 to February 2023.

လွတ်လပ်သောထုတ်ဖောက်ပြောဆိုခြင်းမြန်မာ(FEM) သည် စစ်တပ်၏အဆိုးရွားဆုံးသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်မှုအများအပြားကို စုစည်းမှတ်တမ်းတင်၍ ဒီဂျစ်တယ်အချိန်မှတ်တမ်းတစ်ခုအဖြစ် ထုတ်ဝေခြင်းဖြင့် စစ်အာဏာသိမ်းမှု (၂)နှစ်တာကာလကို အမှတ်အသားပြုဖော်ပြလိုက်ပါသည်။

ယခုအချိန်မှတ်တမ်းတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်ဖိနှိပ်တိုက်ခိုက်ခြင်းများ၊ ဒီဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုများ၊ ဆန္ဒထုတ်ဖော်သူများအပေါ်အကြမ်းဖက်မှုများ၊ စစ်တပ်၏ တရားမဝင်အခွင့်အာဏာမရှိသော ဥပဒေပြဌာန်းမှုနှင့် ပြင်ဆင်မှုများပါဝင်ပါသည်။

ဤအချိန်မှတ်တမ်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းစွာ စနစ်တကျချိုးဖောက်မှုများအား စစ်တပ်မှ မည်သည့်အချိန်ကာလတွင် မည်သို့ကျူးလွန်ခဲ့ကြောင်း လေ့လာရာတွင် အသုံးဝင်သောအရင်းအမြစ်တစ်ခု ဖြစ်နိုင်ပါလိမ့်မည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ မှ ၂၀၂၃ ဖေဖေါ်ဝါရီလအထိ ဖြစ်ပွားခဲ့သော ထင်ရှားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အကြောင်းအရာများကို ယခုအချိန်မှတ်တမ်းတွင် ထည့်သွင်းဖော်ပြထားပါသည်။

 

More info