fbpx
Show-trial convicts Reuters journalists to 7 years imprisonment — ရုပ်ပြသက်သက်ဖြစ်သော တရားခွင်မှ Reuters ဂျာနယ်လစ်နှစ်ဦးကို ထောင်ဒဏ်ပြစ်မှုချမှတ် စီရင်လိုက်သည်
“Today’s decision to convict the Reuters journalists despite overwhelming evidence of their innocence is a travesty,” said Yin Yadanar Thein, Manager of Free Expression Myanmar.
“The conviction shows the lengths to which the Myanmar state is willing to go to hide its wrongdoing. In the past, the state has mostly bullied and jailed local journalists, but now it has picked on one of the most renowned media houses in the world.”
“This show-trial has been a test of Myanmar’s judiciary and military-controlled prosecutor’s office to see whether they really accept democracy. Now we will see whether the NLD is willing to stand up for democratisation and pardon the two journalists.”
(Zawgyi Font Version)
(Unicode Version)
“Reuters ဂျာနယ်လစ်နှစ်ဦးရဲ့ အပြစ်ကင်းစင်မှုကို ခွင်ဆင်လုပ်ကြံခံရကြောင်း လူသိထင်ရှားသက်သေပြပြီး ဖြစ်ပေမယ့်လည်း ဒီနေ့တရားရုံးဆုံးဖြတ်ချက်ဟာ သူတို့ကို ပြစ်မှုစီရင်လိုက်ပါတယ်” ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) မှ မန်နေဂျာဖြစ်သူ ယဉ်ရတနာသိန်းက ပြောဆိုလိုက်ပါတယ်။
“ပြစ်ဒဏ်ချမှတ်လိုက်ခြင်းက မြန်မာအစိုးရအနေနဲ့ ၄င်းတို့ရဲ့မှားယွင်းတဲ့လုပ်ရပ်ကို ဘယ်လောက်တောင် ဖုံးကွယ်ချင်နေသလဲ ဆိုတာ ပြသနေပါတယ်။ အရင်ကတော့ အများအားဖြင့် ပြည်တွင်းမှာ ဒေသခံဂျာနယ်လစ်တွေကို အနိုင်ထက်ပြု ထောင်ချပစ်တာတွေ လုပ်ခဲ့ပြီး၊ အခုတော့ ကမ္ဘာမှာ အကျော်ကြားဆုံးမီဒီယာတွေထဲက တစ်ခုကို ရွေးချယ်ပစ်မှတ်ထားခဲ့ပါတယ်။”
“မြန်မာပြည်တရားစီရင်ရေးနဲ့ စစ်တပ်ချုပ်ကိုင်ထားတဲ့ အစိုးရရှေ့နေရုံးက ဒီမိုကရေစီကို အမှန်တကယ်ပဲ လက်ခံကျင့်သုံးသလား၊ မကျင့်သုံးဘူးလားဆိုတာကို ဒီအပြသက်သက်တရားခွင်က စမ်းသပ်ခဲ့တာပါပဲ။ အခုတော့ NLD အနေနဲ့ ဂျာနယ်လစ်နှစ်ဦးကို အပြစ်ကနေ လွှတ်ပြီး၊ ဒီမိုကရေစီအတွက် ရပ်တည်ဖို့ ဆန္ဒရှိသလားဆိုတာကို စောင့်ကြည့်ရတော့မှာပဲ” ဟု FEM မှ ပြောကြားခဲ့ပါတယ်။