New National Records and Archives Law preserves government secrecy — အစိုးရ၏ သတင်းအချက်အလက် သိုဝှက်မှုကို ဆက်လက်ခိုင်မာသွားစေသော “အမျိုးသား မှတ်တမ်းနှင့် မော်ကွန်းဥပဒေ”အသစ်

Although parliament made one improvement, the newly adopted National Records and Archives Law undermines the right to information and will preserve Myanmar’s position as one of the world’s most secretive countries.

The new National Records and Archives Law is the opposite of the right to information. It replaces the 1990 Law[i] but preserves the military’s policy that information is government property and access to information is a threat to national security.

Following advocacy from CSOs like FEM, the new Law has one improvement over the previous draft bill. The new Law includes a weak presumption that information should be accessible to the public after its secrecy classification has ended. A presumption for access is one of the right to information principles. However, this new presumption provision is weakened because it also gives the government the power to arbitrarily refuse access.

Some negative amendments were also added. The Law increases the criminal punishment from 200 to 500,000 kyat plus a prison sentence for reading, studying, or copying classified information. The criminal fines for other offences have also been increased. The Law also removes the opportunity for the National Records and Archives Department to reduce the secrecy classification of information that is transferred to them from other departments.

The majority of the Law remains the same as the previous draft bill and significantly undermines the right to information. It perpetuates a system where all information is the government’s secret property and any public access to that information is regarded as a security threat. It creates a government-controlled supervisory body with extensive and unrestrained powers, creating an ominous risk for media and civil society.

There are several provisions in the Law which make it undemocratic, but the two most important are:

  1. The government can classify any information whatsoever as “strictly confidential” and hide it away for 30 years or more. The Law includes no safeguards and no independent body (such as a court or Information Commission) to review the government’s decisions. Therefore, the government could easily misuse the classification system to hide information about corruption, wrong-doing, or human rights violations.
  2. There is no recognition of the right to access government-held information. There is no clear process to request access to information. It is unclear what happens to information that is not classified or how to access it. The decision whether to allow access to classified information must be individually approved in advance by the Law’s supervisory body chaired by the Union Minister for Planning and Finance. The Law does not say on what basis the body must make this decision and there is no option to appeal to an independent court. Accessing information without permission would attract a prison sentence.

The Law is the opposite of the right to information, and the opposite of global democratic trends towards greater transparency. In particular:

  • RTI requires a presumption (or default) of maximum disclosure because in a democracy information held by the government is public property. However, this Law makes information government property and keeps it secret for many years.
  • RTI requires governments to proactively publish information rather than wait for an individual request. However, this Law does not require the government to publish anything.
  • RTI requires open governments to inform the public about their rights. However, this Law does not require the government to inform the public how to access information.
  • RTI requires laws to have a limited scope of exceptions to information release. However, this Law has an unlimited scope of exceptions because the Minister can classify anything as secret.
  • RTI requires clear and timely processes to facilitate access. However, this Law fails to define any processes whatsoever.
  • RTI requires the costs of releasing information to be proportionate, for example to pay for photocopying. However, this Law says that the Director General will decide the costs for each request, and there is no framework for deciding how much.
  • RTI requires whistleblowers – persons who release information on government wrongdoing – be protected from legal, administrative or employment-related punishment. However, this Law includes prison sentences for accessing or publishing information without government permission.

After nine years of political transition, Myanmar still has one of the most secretive governments in the world. Civil society and media often highlight how difficult it is to access even the most basic information held by the government. This Law would perpetuate that.

FEM urges the government and parliament to reflect on their previous commitments to RTI and to making Myanmar more open and transparent.

Even if the government is not yet willing or able to adopt and implement a right to information law, it should refrain from adopting laws – like this one – which significantly undermine RTI.

[i] The 1990 Law was amended in 2007. The 1990 law was deeply undemocratic. For more information, see FEM’s website.

 

 

လွှတ်တော်ဘက်က လုပ်ဆောင်ရာတွင် တိုးတက်မှုတစ်ခုရှိသော်လည်း အသစ်ပြဌာန်းလိုက်သော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေသည် သတင်းအချက်အလက်ရပိုင်ခွင့်ကို မှေးမှိန်ယုတ်လျော့စေသည်။ ဤဥပဒေကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလျှို့ဝှက်ဆုံးနိုင်ငံများထဲမှ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမည် ဖြစ်သည်။

သတင်းအချက်အလက်ရပိုင်ခွင့်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေအသစ်ကို နဂိုရှိပြီးသား ၁၉၉၀ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေနေရာတွင် အစားထိုးလိုက်ခြင်း ဖြစ်သည်။ ဥပဒေအသစ်ဖြစ်သော်လည်း သတင်းအချက်အလက်သည် အစိုးရပိုင်ဥစ္စာဖြစ်သည်၊ သတင်းအချက်အလက် ရပိုင်ခွင့်သည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဆိုသည့် စစ်အုပ်ချုပ်ရေးလက်ထက်က မူဝါဒကို ကိုင်စွဲထားဆဲ​ဖြစ်သည်။

FEMကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများ၏ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ပြီးနောက်တွင် ယခုဥပဒေအသစ်သည် ဥပဒေကြမ်းကာလကထက် တိုးတက်မှုတစ်ခုသာ ရှိသည်။ ပြည်သူလူထုသည် သတင်းအချက်အလက်များကို လုံခြုံရေးသက်တမ်းအဆင့် ကုန်လွန်ပြီးမှသာ  ကြည့်ရှုခွင့်၊ အသုံးပြုခွင့်ရှိသင့်သည့်ဟူသည့် အားနည်းချက်တစ်ခုကို ဥပဒေတွင် ပါဝင်သည်။ ပြည်သူလူထု၏ ကြည့်ရှုခွင့်၊ အသုံးပြုခွင့်အတွက် အခြေခံယူဆချက်ဆိုသည်မှာ သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ မူဝါဒများထဲမှ အချက်တစ်ချက်ပင် ဖြစ်သည်။ သို့သော် ဤဥပဒေသစ်၏ အားနည်းချက်ရှိသော ပြဌာန်းချက်အသစ်ကြောင့် အစိုးရအနေဖြင့် ပြည်သူလူထု၏ ကြည့်ရှုခွင့်၊ အသုံးပြုခွင့်ကို သဘောရှိ ငြင်းဆိုပိတ်ပင်ခွင့် ရရှိသွားသည်။

ထို့အပြင် အနုတ်လက္ခဏာဆောင်သော ပြင်ဆင်ချက်အချို့လည်း ထပ်တိုးလာသည်။ အစိုးရ၏ ကန့်သတ် သတင်းအချက်အလက်များကို ဖတ်ရှုခြင်း၊ လေ့လာခြင်း (သို့) မိတ္တူပွားခြင်းတို့ ပြုလုပ်ပါက ဒဏ်ငွေ ၂၀၀ ကျပ်သတ် မှတ်ထားရာမှ ဒဏ်ငွေ ၅၀၀,၀၀၀ အပြင် ထောင်ဒဏ်တစ်နှစ်ပါ ထပ်မံတိုးလာသည်။ အခြားသော ရာဇဝတ်မှု မြောက်သည့် ပြစ်မှုများအတွက်ကိုလည်း ငွေဒဏ်များ တိုးမြှင့်ထားသည်။

ထို့အပြင် အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဌာနအနေဖြင့် ၎င်းတို့ဌာနမှ အခြားဌာနသို့ လွှဲပြောင်းပေးအပ်သော ကန့်သတ်သတင်းအချက်အလက်များ၏ လျှို့ဝှက်အဆင့်ကို လျှေ့ာချနိုင်သည့်အခွင့်အလန်းမှာလည်း ယခုဥပဒေတွင် မပါရှိတော့ပေ။

လက်ရှိဥပဒေရှိ ဥပဒေပုဒ်မအများစုသည် ယခင်ပုဒ်မများနှင့် ဆင်တူလျက်ရှိပြီး သတင်းအချက်အလက်ဆိုင်ရာအခွင့်အရေးကို သိသာထင်ရှားစွာ မှေးမှိန်ယုတ်လျော့စေသည်။ သတင်းအချက်အလက်ဆိုသည်မှာ အစိုးရ၏လျှို့ဝှက်ပိုင်ဆိုင်မှုဖြစ်ပြီး၊ ယင်းသတင်းအ ချက်အလက်များသို့  အများပြည်သူလက်လှမ်းမီရန်လုပ်ဆောင်သည့် မည်သည့်ကြိုးပမ်းချက်ကိုမဆို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားသည့်စနစ်ကို ယင်းဥပဒေကြမ်းမှ ကြာရှည်တည်တံ့စေပါလိမ့်မည်။ အစိုးရက ကြီးကြပ်ကာအထိန်းအချုပ်ကင်းမဲ့ကျယ်ပြန့်သည့် အာဏာများရှိသော အဖွဲ့တစ်ခုကို ဥပဒေကြမ်းမှ ပေါ်ပေါက်လာစေပြီး၊ မီဒီယာနှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများသို့ စိုးရိမ်ဖွယ်ရာဖြစ်နိုင်ချေအန္တရာယ်များ သက်ရောက်လာမည်ဖြစ်သည်။

ဥပဒေတွင် ဒီမိုကရေစီနည်းလမ်းမကျသော ပြဌာန်းချက်များပါဝင်ပြီး၊ အဓိကအရေးကြီးသည့် ပြဌာန်းချက် ၂ ရပ်မှာ -

၁။ မည်သည့်သတင်းအချက်အလက်ကိုမဆို အစိုးရမှ “ထိပ်တန်းလျှို့ဝှက်အဆင့်” အဖြစ်သတ်မှတ်ပြီး၊ ယင်းအချက်အလက်ကို နှစ်ပေါင်း (၃၀) သို့မဟုတ် ထို့ထက်ကျော်လွန်၍ ထိန်းချုပ်ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။အစိုးရ၏ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ဥပဒေတွင် (တရားရုံး သို့မဟုတ် သတင်းအချက်အလက်ကော်မရှင်ကဲ့သို့သော) လွတ်လပ်အမှီအခိုကင်းသည့်အဖွဲ့ နှင့် အကာအကွယ်လုံးဝမပါဝင်ချေ။ ထို့ကြောင့် အစိုးရမှ အကျင့်ပျက်ခြစားမှု၊မှားယွင်းသောလုပ်ဆောင်မှု သို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ဝှက်ရန် “ထိပ်တန်းလျှို့ဝှက်အဆင့်” သတ်မှတ်သောစနစ်ကို လွယ်ကူစွာပင် တလွဲအသုံးချနိုင်မည် ဖြစ်သည်။

၂၊  အစိုးရ ထိန်းချုပ်ထားသော အချက်အလက်များအား ပြည်သူလူထု ကြည့်ရှုခွင့်၊​အသုံးပြုခွင့်ကို အသိအမှတ် ပြုထားခြင်း မရှိသလို ရယူရန် အဆိုပါအချက်အလက်များကို တောင်းခံနိုင်သည့် လုပ်ငန်းစဥ်လည်း ရှင်းရှင်းလင်းလင်း မရှိပေ။ ထို့အပြင် ကန့်သတ်ချက်ထဲ​မပါသော အချက်အလက်များကို မည်သို့မည်ပုံ သတ်မှတ်ကိုင်တွယ်ကြောင်းနှင့် မည်သို့ တောင်းခံရမည်ကိုလည်း ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။ အစိုးရကန့်သတ်ချက်အောက်တွင်ရှိသော အချက်အလက်များကို တောင်းခံလာပါက ပေး၊ မပေးကို ဆုံးဖြတ်ရာတွင် (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)က ဥက္ကဌအဖြစ် တာဝန်ယူသည့် ကြီးကြပ်ရေးအဖွဲ့၏ (တစ်သီးပုဂ္ဂလ ထောက်ခံအတည်ပြုချက်ဖြင့် ဆုံးဖြတ်) ရမည်။ ဝန်ကြီးက မည်သည့်အချက်ကိုအခြေတည်၍ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြောထားခြင်းမရှိသကဲ့သို့၊ လွတ်လပ်အမှီအခိုကင်းသည့် တရားရုံးသို့မဟုတ် သတင်းအချက်အလက်ကော်မရှင်သို့ အယူခံဝင်နိုင်သည့် အခြားမည်သည့်ရွေးချယ်စရာမျှ မပါရှိချေ။ခွင့်ပြုချက်မရဘဲ သတင်းအချက်အလက်ကို ရယူလျှင် ထောင်ဒဏ်ကျခံရမည်ဖြစ် သည်။

ယင်းဥပဒေကို အတည်ပြုလိုက်လျှင် သတင်းအချက်အလက်အခွင့်အရေးနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဥပဒေမူဘောင်တစ်ခုထွက်ပေါ်လာမည်ဖြစ်ပြီး၊ ပိုမိုကြီးကျယ်သည့်ပွင့်လင်းမြင်သာမှုဆီ လျှောက်လှမ်းနေသည့် ကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီရေစီးကြောင်းမှ သွေဖည်သွားလိမ့်မည်။ အထူးသဖြင့် -

  • သတင်းအချက်အလက်အခွင့်အရေးသည် အများဆုံးထုတ်ဖော်ချက်ကို ကနဦးအယူအဆတစ်ရပ် အဖြစ် လိုအပ်သည်။(သတင်းအချက်အလက်ကို အစိုးရမှ ချုပ်ကိုင်မထားဘဲ ပြည်သူသို့ များနိုင်သမျှအများ ဆုံးထုတ်ဖော်ပေးရမည်ဟူသောအယူအဆကို အခြေခံအယူအဆအဖြစ်ထားရှိရမည်။) အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အစိုးရမှထိန်းသိမ်းထားသော သတင်းအချက်အလက်များသည် အများပြည်သူ၏ ပိုင်ဆိုင်မှုဖြစ်သည်။ သို့သော် ဥပဒေကြောင့်သတင်းအချက်အလက်သည် အစိုးရပိုင်ဖြစ်သွားပြီး နှစ်ပေါင်းများစွာလည်း လျှို့ဝှက်မှတ်တမ်း/မော်ကွန်းအဖြစ် ထိန်းချုပ်ခွင့်ရရှိသွားသည်။
  • သတင်းအချက်အလက်အခွင့်အရေးသည် တောင်းဆိုချက်တစ်ရပ်ကို စောင့်နေရန်ထက် သတင်းအချက်အလက်များကိုတောင်းစရာမလိုဘဲ ကြိုတင်တက်ကြွစွာထုတ်ဝေပေးရန် လိုအပ်သည်။ သို့သော် ဥပဒေအရ အစိုးရသည် မည်သည့်သတင်းအချက်အလက်ကိုမျှ ထုတ်ပြန်ရန် မလိုအပ်ပေ။
  • သတင်းအချက်အလက်အခွင့်အရေးသည် လူထုကို ယင်းတို့၏အခွင့်အရေးများအား အသိပေးတင် ပြရန် ပွင့်လင်းသောအစိုးရကို လိုအပ်သည်။ သို့သော် ဥပဒေအရ အများပြည်သူသည် သတင်းအချက် အလက်မည်သို့ရယူနိုင်ကြောင်းကိုအစိုးရမှ အသိပေးတင်ပြရန် မလိုအပ်ချေ။
  • သတင်းအချက်အလက်ထုတ်ပြန်ရာတွင် သတင်းမထုတ်ပြန်ရသည့် ချွင်းချက်နယ်ပယ်ကို ကန့်သတ်ရန် သတင်းအချက်အလက်အခွင့်အရေးဥပဒေများလိုအပ်သည်။ သို့သော် ဥပဒေအရ ဝန်ကြီးသည် မည်သည့်သတင်းအချက်အလက်ကိုမဆို လျှို့ဝှက်အဆင့်သတ်မှတ်နိုင်သည့်အတွက် သတင်းမထုတ်ပြန်ရ သည့် ခြွင်းချက်နယ်ပယ်သည် အကန့်အသတ်မရှိဖြစ်နေသည်။
  • သတင်းအချက်အလက်အခွင့်အရေးသည် သတင်းကိုလက်လှမ်းမီနိုင်သည့်အခွင့်အရေး ပြည်သူအား ပေးရန် ရှင်းလင်းပြီးအချိန်တိကျသည့် လုပ်ငန်းစဉ်များ လိုအပ်သည်။ သို့သော် ဥပဒေကြမ်းသည် လုပ်ငန်းစဉ် အလုံးစုံကို ပြဌာန်းသတ်မှတ်ရန်ပျက်ကွက်လျှက်ရှိသည်။
  • သတင်းအချက်အလက်အခွင့်အရေးသည် သတင်းအချက်အလက်ထုတ်ပြန်ပေးရာ၌ ဥပမာ- မိတ္တူ ကူးခြင်းစသည်တို့တွင်လိုအပ်သည့်အခကြေးငွေကို အချိုးအစားမျှမျှတတသတ်မှတ်ပေးရန်လိုအပ်သည်။ သို့သော် ညွှန်ကြားရေးမှူးချုပ်မှသတင်းအချက်အလက်ထုတ်ပြန်ရန်တောင်းဆိုမှုတစ်ခုချင်းစီအတွက် အခကြေးငွေကို ဆုံးဖြတ်ပေးမည်ဟု ဥပဒေကြမ်းမှဆိုထားပြီး၊ ငွေကြေးပမာဏဆုံးဖြတ်ချက်အတွက်ကိုမူ မည်သည့်မူဘောင်မှ ထည့်သွင်းထားခြင်းမရှိချေ။
  • သတင်းအချက်အလက်အခွင့်အရေးအရ (အစိုးရမှ လွဲမှားစွာလုပ်ဆောင်နေသည့် သတင်းအချက်အလက်များကိုထုတ်ဖော်ပြောကြားသည့်) အဖြစ်မှန်ဖော်ထုတ်သူများကို ဥပဒေ၊ အုပ်ချုပ်ရေး သို့မဟုတ် လုပ်ငန်းဆိုင်ရာ ပြစ်ဒဏ်များမှအကာကွယ်ပေးရန် လိုအပ်သည်။ သို့သော် ဥပဒေတွင် အစိုးရ၏ခွင့်ပြုချက်မရဘဲ သတင်းအချက်အလက်များကိုရယူခြင်း သို့မဟုတ် ထုတ်ပြန်ခြင်းအတွက် ထောင်ဒဏ်များထည့်သွင်း ရေးဆွဲထားသည်။

နိုင်ငံရေးအကူးအပြောင်းကာလ (၉) နှစ်ကြာပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အလျှို့ဝှက်ဆုံးအစိုးရများထဲမှ တစ်နိုင်ငံဖြစ်နေဆဲဖြစ်သည်။ အစိုးရချုပ်ကိုင်ထားသည့် အခြေခံသတင်းအချက်အလက်လေးကိုပင် ရယူ ရန်မည်မျှခက်ခဲကြောင်း အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် မီဒီယာများမှ မကြာခဏဆိုသလို မီးမောင်းထိုးပြကြသည်။ ဥပဒေကြမ်းမှ ယင်းခက်ခဲသည့်အခြေအနေများကိုတာရှည်စေလိမ့်မည်ဖြစ်သည်။

အစိုးရ၏ ယခင်ကတိကဝတ်များဖြစ်သည့် သတင်းအချက်အလက်အခွင့်အရေးနှင့် မြန်မာနိုင်ငံကို ပိုမိုပွင့်လင်း မြင်သာသည့်နိုင်ငံတော်အဖြစ်ပုံဖော်ခြင်းတို့ကို ပြန်လည်ထပ်ဟပ်ဆောင်ရွက်ရန်  FEM မှ အစိုးရနှင့် လွှတ်တော်ကို တိုက်တွန်းလိုက်ပါသည်။

အစိုးရအနေဖြင့် သတင်းအချက်အလက်အခွင့်အရေးဥပဒေ (RTI law) ကို ပြဌာန်းအကောင်အထည်ဖော်ရန် ဆန္ဒမရှိသေးလျှင်သို့မဟုတ် မတတ်နိုင်သေးလျှင်တောင်မှ သတင်းအချက်အလက်အခွင့်အရေးကို သိသာ ထင်ရှားစွာ ချိုးနှိမ်မှေးမှိန်စေသည့် ယခုဥပဒေကဲ့သို့သော ဥပဒေများကို ရေးဆွဲပြဌာန်းခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

Right to information in Myanmar law