fbpx

Myanmar Digital Rights Forum says situation worse since 2016 — ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း မြန်မာဒစ်ဂျစ်တယ်ဆိုင်ရာဖိုရမ်က ထုတ်ဖော်

On 18 January, 130 participants attended the second Myanmar Digital Rights Forum in Yangon hosted and co-organised by Phandeeyar together with MIDO, Free Expression Myanmar, MCRB, and Engage-Media, with support from the Government of Sweden.  

Over half of participants came from civil society organisations working on a variety of issues including peace, gender, freedom of expression, consumer rights, with the remainder evenly split between the private sector, government and parliament, the media and academia. More than three quarters of participants were attending for the first time.  The First Digital Rights Forum was held on 14/15 December 2016.

Participants were asked what has changed since 2016 to the three digital rights themes of the Forum: freedom of online expression, online privacy, and security, and equality of online access:

  • 68% said that online Freedom of expression had worsened.
    69% said laws and policies were the primary issue.  
  • 79% said that online privacy and security had worsened.
    60% said laws and policies were the primary issue.
  • 59% said that access had improved.,
    65% said that urban vs. rural divide is the primary issue.

Guest speakers from across Myanmar and internationally highlighted a number of ongoing and emerging issues and opportunities in the country.

Overall

  • “We see significant rolling back of some key areas of rights in recent years … it’s absolutely critical for the government to repeal 66(d) of the Telecommunications Law, repeal the Official Secrets Act or narrow it in such a way that it does not interfere in the public’s right to know, and deal with intolerance and disinformation, including by tackling incitement to discrimination,” said  David Kaye the UN Special Rapporteur on the Right to Freedom of Opinion and Expression.

In regards to the government:

  • “There is little to no public consultation when it comes to developing laws, which is a key challenge. The Citizen Privacy and Security Law, for example, is not well designed and in some ways, violates digital rights,” said Nay Phone Latt, MP for Yangon Regional Parliament.
  • “We made many promises in our manifesto … and some we have not been able to deliver because of weak institutions, including the NLD itself. We do however recognise that our party is not the same as it used to be and we are trying to change,” said a speaker representing the NLD.

In regards to the courts:

  • "Courts cannot deal with digital rights issues. Judges don’t even understand what ‘share’ means. And the government hasn’t made even a single scratch in reforming the courts. In practice we see the head moving one way and the body moving the other," said a speaker representing lawyers.

In regards to the media:

  • “Digital has made our work as journalists more efficient and quicker. It has also enabled us to hear from Myanmar people about what they want to hear more about. Unfortunately the laws and policies are weak and don’t support us,” said a speaker representing the media.

In regards to society:

  • “People with money have power online. Mixed with a lack of knowledge among normal people, there is a huge problem of people believing that spam and false information are true,” said a hate speech analyst.
  • “Women in Myanmar are 28% less likely to own phones than men. This needs to go up. But at least we have this number to try to improve on - whereas for persons with disabilities, we don’t even know what the number is,” said Helani Galpaya LIRNEasia.
  • “Although there are initiatives working for accessibility, there’s always a problem which is that contents are not in unicode and therefore are not machine-readable. So for example, text-to-speech and speech-to-text tools don’t work in Burmese for persons with disabilities,” said Nyein Chan, Phandeeyar.

The second day of the Forum on 19 January will identify an advocacy and action agenda for 2018.

  • “These are complex issues and it is critical that we work together to address them. The objective of Myanmar Digital Rights Forum is to bring together all relevant stakeholders annually to share and exchange on digital rights issues and collaborate on solutions” said Ei Myat Noe Khin, Digital Rights Program Manager at Phandeeyar, one of the co-organisers.

ဖန်တီးရာ၊ ဖွံ့ဖြိုးမှုအတွက် မြန်မာ့ ICT အဖွဲ့၊ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ၊ မြန်မာ့စီးပွါးရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ Engage-Media တို့ပူးပေါင်းပြီး ဆွီဒင်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့က  ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ရာ ဆက်စပ်သည့် အဖွဲ့အစည်းများက ကိုယ်စားလှယ် ၁၃၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

တက်ရောက်သူများ၏ တစ်ဝက်ကျော်သည် ငြိမ်းချမ်းရေး၊ ကျားမရေးရာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စားသုံးသူ အခွင့်အရေးများအပါအဝင် ကိစ္စရပ်အမျိုးမျိုးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြစ်ပြီး ကျန်တက်ရောက်လာကြသူများမှာ  အစိုးရနှင့် လွှတ်တော်၊ ပုဂ္ဂလိအဖွဲ့များ၊ သတင်းမီဒီယာနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ တက်ရောက်သူများ၏ လေးပုံသုံးပုံကျော်သည် ဤဒုတိယအကြိမ်ဆွေးနွေးပွဲကို ပထမဆုံးအကြိမ်တက်ရောက်သူများဖြစ်သည်။ ပထမအကြိမ်ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ရက်နှင့်၊ ၁၅ ရက်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဓိကဆွေးနွေးသည့် အကြောင်းအရာများဖြစ်သော အွန်လိုင်းတွင်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်၊ အွန်လိုင်းပေါ်ရှိကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံပိုင်ခွင့်၊ အင်တာနက် ဆက်သွယ်ရရှိအသုံးပြုနိုင်မှုတို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် မည်မျှပြောင်းလဲသွားကြောင်း တက်ရောက်သူများ၏ သဘောထားအမြင်ကို မေးမြန်းရာတွင်

  • တက်ရောက်သူများ၏ ၆၈ ရာခိုင်နှုန်းက အွန်လိုင်းပေါ်ရှိ လွတ်လပ်စွာ ထုတ်ပေါ်ပြောဆိုခွင့် အခြေအနေသည် ပို၍ ဆိုးရွားသွားသည်ဟု ထင်မြင်ကြပြီး တက်ရောက်သူများ၏ ၆၉ ရာခိုင်နှုန်းက အွန်လိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဥပဒေနှင့် မူဝါဒများသည် အဓိက ဖြေရှင်းသင့်သည့် ကိစ္စရပ်ဖြစ်သည်ဟု ဆိုသည်။  
  • တက်ရောက်သူများ၏ ၇၉ ရာခိုင်နှုန်းသည် အွန်လိုင်းပေါ်ရှိ ကိုယ်ရေးကိုယ်တာလုံခြုံရေးသည် ၂၀၁၆ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပို၍ဆိုးရွားလာသည်ဟု ထင်မြင်ချက်ပေးကြပြီး တက်ရောက်သူများ၏ ၆၀ ရာခိုင်နှုန်းက  အွန်လိုင်းပေါ်ရှိ ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိရေးအတွက် ဥပဒေနှင့် မူဝါဒများသည် အဓိက ဖြေရှင်းသင့်သည့် ကိစ္စရပ်ဖြစ်သည်ဟု ဆိုသည်။  
  • အင်တာနက် ဆက်သွယ်ရရှိအသုံးပြုနိုင်မှုတွင် ၂၀၁၆ခုနှစ်နှင့်နှိုင်းယှဉ်ပါက တိုးတက်လာကြောင်း တက်ရောက်သူများ၏ ၅၉ ရာခိုင်နှုန်းက ထင်မြင်ချက်ပေးကြသော်လည်း တက်ရောက်သူများ၏ ၆၅ ရာခိုင်နှုန်းက အင်တာနက်ဆက်သွယ် အသုံးပြုနိုင်မှုတွင် ကျေးလက်မြို့ပြကွာဟမှုသည် အဓိက ဖြေရှင်းသင့်သည့် ကိစ္စရပ်ဖြစ်သည်ဟု ဆိုသည်။  

ပြည်တွင်းနှင့် ပြည်ပ ဦးဆောင်ဆွေးနွေးသူများကလည်း မြန်မာနိုင်ငံရှိ လက်ရှိ ရှိနေသည့် အခြေအနေများနှင့် ဖြစ်ထွန်းလာနိုင်သည့် ကိစ္စရပ်များနှင့်  အခွင့်အလမ်းများအကြောင်း အလေးထားဆွေးနွေးခဲ့ကြသည်။

ခြုံငုံသုံးသပ်ချက်

“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ာ အဓိကအရေးပါတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အချို့သည် သိသိသာသာ အဆိုးဘက်ပြန်ရောက်လာတဲ့ အချက်ကို တွေ့ရပါသည်။ အစိုးရက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပယ်ဖျက်ဖို့ လွန်စွာ အရေးကြီးပါတယ်။ ထို့အတူ နိုင်ငံတော်လျှို့ဝှက်ဥပဒေကို ဖျက်သိမ်းခြင်း သို့မဟုတ်  ပြည်သူလူထုရဲ့ သိရှိပိုင်ခွင့်ကို အဟန့်အတားမဖြစ်စေရေး အဆိုပါ ဥပဒေကို ကန့်သတ်ခြင်း လုပ်ဆောင်ရန် အရေးကြီးသည်။ ခွဲခြားမှုကို လှံု့ဆော်နေမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းအပါအဝင်  မတူကွဲပြားမှုအပေါ် လက်ခံနိုင်မှုမရှိခြင်းနှင့် သတင်းမှား ဖြန့်ဖြူးခြင်းများကို ကိုင်တွယ်ဖြေရှင်းရန် လိုပါတယ်။” ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် Mr. David Kaye ၄င်း၏ ဗွီဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အစိုးရနှင့် ပတ်သက်၍လည်း “ဥပဒေတွေရေးသား ပြဌာန်းရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက် အကြံဉာဏ်တွေကို ရယူတိုင်ပင်ခြင်းမရှိတာက အဓိကစိန်ခေါ်မှုတစ်ခုပါပဲ။ ဥပမာ - နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ပိုင်ခွင့် နှင့် လုံခြုံခွင့် ကာကွယ်ပေးရေး ဥပဒေဟာ ကောင်းမွန်စွာ ရေးသားပြဌာန်းထားခြင်းမဟုတ်တဲ့အတွက် အချို့အပိုင်းတွေမှာ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်သလို ဖြစ်နေပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးနေဘုန်းလတ်က ပြောကြားသည်။

“ကျနော်တို့ ကတိတွေအများကြီးပေးတယ်။ ပြီးတော့ အဲ့ဒီထဲက တချို့ဟာတွေ NLD အပါအဝင် အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်တွေကြောင့် ကျွန်တော်တို့ ကတိပေးထားတဲ့ အတိုင်း မလုပ်ပေးနိုင်ခဲ့ဘူး။ တျွန်တော်တို့ ပါတီဟာ အရင်လို မဟုတ်တော့ဘူးဆိုတာ သိပါတယ် အခုကျွန်တော်တို့ ပြောင်းလဲနိုင်အောင် ကြိုးစားနေကြပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတက်ရောက်သူမှဆိုသည်။

တရားစီရင်ရေးဘက်ကလည်း “တရားရုံးတွေက ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးနဲ့ဆိုင်တဲ့ ပြသနာတွေကို မဖြေရှင်းနိုင်ပါဘူး။ တရားသူကြီးတွေက ရှဲ (share) လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တောင် မသိတာ။ အစိုးရကလဲ တရားစီရင်ရေးမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာလည်း လိုအပ်ချက်တွေရှိနေပါသေးတယ်။ ပြောရရင် ဖြစ်နေတာတွေက ခေါင်းက တစ်နေရာရွေ့ပြီးတော့ ကိုယ်က အခြားတစ်နေရာကို ရွေ့နေသလိုပဲ” ဟု ရှေ့နေများကို ကိုယ်စားပြုတက်ရောက်သူမှ ပြောသည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍လည်း “ဒစ်ဂျစ်တယ်နည်းပညာက ကျနော်တို့ သတင်းသမားတွေရဲ့အလုပ်ကို ပိုမို ထိရောက်မြန်ဆန်စေပါတယ်။ မြန်မာပြည်သူတွေကို ကြားသိစေလိုတဲ့ အကြောင်းအရာတွေကိုလည်း ကြားသိနိုင်အောင် ကျနော်တို့ ကို စွမ်းဆောင်နိုင်စေပါတယ်။ ကံမကောင်းစွာ ကျနော်တို့နိုင်ငံမှာ အခုရှိနေတဲ့ မှုဝါဒနဲ့ ဥပဒေတွေဟာ ကျနော်တို့ အတွက် အကူအညီ မဖြစ်ပါဘူး။” ဟု သတင်းမီဒီယာ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

လူမှုအသိုင်းအဝိုင်းနှင့် ပတ်သက်၍ “ပိုက်ဆံရှိတဲ့သူတွေက အွန်လိုင်းပေါ်မှာလည်း ပါဝါရှိတယ်။သာမန်လူတွေကြားမှာလည်း ဗဟုသုတမရှိတာနဲ့ပါ ရောပြီး အဲ့လို သတင်းမှားတွေကို မှန်တယ်လို့ ယုံတဲ့သူတွေလည်းရှိတယ်” ဟု အမုန်းစကားများ စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

“မြန်မာနိုင်ငံက အမျိုးသမီးတွေက အမျိုးသားတွေထက် မိုဘိုင်းဖုန်းပိုင်ဆိုင်မှုမှာ ၂၈ ရာခိုင်နှုန်းလောက် နည်းနေတဲ့ အနေအထားရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေ မိုဘိုင်းဖုန်းပိုင်ဆိုင်တဲ့ဦးရေး တိုးတက်လာဖို့လိုပါတယ်။ မသန်စွမ်းတွေနဲ့ ပတ်သက်ရင်တော့ သူတို့ရဲ့ မိုဘိုင်းဖုန်းပိုင်ဆိုင်မှုက ဘယ်လောက်ကွာခြားချက်ရှိနေလဲဆိုတဲ့ အရေအတွက်တောင် မသိသေးပါဘူး။” ဟု LIRNEasia မှ Helani Galpayaက ပြောသည်။

“အင်တာနက် ဆက်သွယ်ရရှိအသုံးပြုနိုင်မှုအတွက် လုပ်ကိုင်နေကြတဲ့ ရှေ့ဆောင်လုပ်ငန်းတွေအများကြီးရှိသော်ငြား မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတစ်ခုကတော့  အွန်လိုင်မှာရှိတဲ့ စာတွေက ယူနီကုတ်ဖောင့် အနေနဲ့ ရှိမနေတာပဲ။ ဒါကြောင့် ဒါက machine-readable မဟုတ်ဘူး၊ ဥပမာအားဖြင့် text-to-speech နဲ့ speech-to-text tools တွေက မြန်မာဘာသာစကားတွေနဲ့အလုပ်မလုပ်တဲ့အခါမှာ မသန်စွမ်းတွေအတွက် ဘာမှလုပ်ပေးလို့မရဘူး။” ဟု ဖန်တီးရာက ငြိမ်းချမ်းကပြောသည်။

ဆွေးနွေးပွဲ၏ ဒုတိယရက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၂၀၁၈ ခုနှစ်အတွက် ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအစဉ်များနှင့် လိုအပ်သည့် ဥပဒေ မူဝါဒများ ပြုပြင်ပြောင်းလဲနိုင်ရေး စည်းရုံးလှံု့ဆောင်နိုင်ရေး အစီအစဉ်ကို ဖော်ထုတ်နိုင်ရန် ဆွေးနွေးကြမည်ဖြစ်သည်။

“မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ်ရဲ့ ရည်ရွယ်ချက်က ဒစ်ဂျစ်တယ်ဆိုင်ရာ ရပိုင်ခွင့်ကိစ္စရပ်များကို အတူတကွဆွေးနွေးနိုင်ရေး နှစ်စဉ် သက်ဆိုင်သူတွေ အတူတကွ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များသည် ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ ဖြစ်တဲ့အတွက် ဖြေရှင်းနိုင်ဖို့ ကျွန်မတို့တွေ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။" ဟု ဖန်တီးရာ၏ ဒစ်ဂျစ်တယ် အခွင့်အရေး မန်နေဂျာဖြစ်ပြီး ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဒေါ်အိမြတ်နိုးခင်က ပြောကြားသွားသည်။