Surviving Myanmar’s digital coup မြန်မာ့ဒစ်ဂျစ်တယ် အာဏာသိမ်းမှုအတွင်းတွင် ရှင်သန်ခြင်း
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် မြန်မာစစ်တပ် သည် အသစ်စက်စက်ရွေးချယ် တင်မြှောက်ထားသော အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းမှုကို ဆောင်ရွက်ခဲ့ပါသည်။ စစ်တပ်သည် ပြည်သူလူထုမှ ၄င်း၏ တရားမဝင် ဆောင်ရွက်နေမှုများအကြောင်း လေ့လာခြင်း၊ ဆန့်ကျင်ခြင်းနှင့် စု စည်းခုခံခြင်းတို့ မပြုလုပ်နိုင်စေရန်အတွက် မြေပြင်ဖိနှိပ်ထိုးစစ်ဆင်မှုကို ဒစ်ဂျစ် တယ်ရပ်ဝန်းအား အာဏာသိမ်းခြင်းဖြင့် ပေါင်းစပ်ကာ ပြုလုပ်ခဲ့သည်။ ဒစ်ဂျစ်တယ်ရပ်ဝန်းအား အာဏာသိမ်းဆည်းမှုသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းအချက်အလက်အား ရယူပိုင်ခွင့်၊ မီဒီယာအခွင့်အရေး၊ အ သင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ခွဲခြားဆက်ဆံခံရမှုများမှ ကင်းလွတ်နိုင်ခွင့်၊ စုဝေးမှုပြုနိုင် ခွင့်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံခွင့်နှင့် လွတ်လပ်ခွင့်တို့