fbpx

Category Archives: News သတင်း

FEM logo English and Myanmar

Civil Society Statement on the so-called “Cyber Security Bill” အာဏာသိမ်း စစ်အုပ်စု၏ ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသော ထုတ်ပြန်ချက်အပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထား ကြေညာချက်

အာဏာသိမ်းစစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသော စာတစ်စောင် ထုတ်ပြန်ရာ ၎င်းအား ရေးဆွဲသူများမှာ  ပြည်သူက ဥပဒေပြုအာဏာအပ်နှင်းထားသူများ မဟုတ်သဖြင့် ကျွန်ုပ်တို့အရပ်ဘက် အဖွဲ့အစည်းများက ယင်း စာအပေါ် ဥပဒေကြမ်းတစ်ရပ်အဖြစ်ပင် လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်နေ့စွဲဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသည့် ဒီမိုကရေစီလုပ်ထုံးလုပ်စဉ်များနှင့် ဆန့်ကျင်သော ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိသူများကို သဘောထား မှတ်ချက်တောင်းခံလာကြောင်း တွေ့ရှိရသည်။  ၂။ ကနဦးအချက်အနေဖြင့် ယင်းကိုရေးဆွဲသူများမှာ အများပြည်သူက

FEM logo English and Myanmar

Statement by Myanmar human rights organisations on Myanmar coup မြန်မာပြည်အား စစ်အာဏာသိမ်းခံရမှုအပေါ် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများမှ သဘောထားထုတ်ပြန်ကြေညာချက်

ကျွန်ုပ်တို့သည်  မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားပြုသူများအနေဖြင့် စစ်တပ်၏ အာဏာသိမ်းသည့် ကိစ္စရပ်အပေါ်  ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချ လိုက်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တို့ အားလုံးအား စစ်တပ်၏ သိမ်းယူမှုအပေါ် ရှုံ့ချကန့်ကွက်ပါသည်။ ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သား များအနေဖြင့် ဒီမိုက‌ရေစီ၊ လွတ်လပ်မှု ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး နှင့် ဖွံဖြိုးတိုးတက်မှုအတွက် မိမိတို့၏လိုအင်များကို ထပ်ခါထပ်ခါ ဖော်ထုတ်ပြသခဲ့ပြီး ဖြစ်သည်။ ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ပြည်တွင်းပြည်ပလေ့လာသုံးသပ်ကြသူများသည်ပင် လွတ်လပ်၍မျှတသောရွေးကောက်ပွဲဟု အတည်ပြုသတ်မှတ်ပေးခဲ့ပြီးလည်း ဖြစ်သည်။ ကျွန်ုပ်တို့

FEM logo English and Myanmar

Looking forward to 2021 — ၂၀၂၁ ဆီသို့မျှော်မှန်းခြင်း

ကိုဗစ် ၁၉ ရောဂါ သည် ကမ္ဘာကြီးကို ဖျက်ဆီး ထိခိုက်စေခဲ့သောကြောင့်  FEM သည်လည်း  နည်းလမ်းအသစ်ဖြင့် အလုပ်လုပ်ကိုင်ခြင်းကို ထိန်းညှိဆောင်ရွက်ရန် ကြိုးစားခြင်းဖြင့် အပြောင်းအလဲများ စွမ်းဆောင်ရယူရင်း ၂၀၂၀ ကိုကုန်ဆုံးဖြတ်သန်းခဲ့ပါသည်။  ကျွန်ုပ်တို့  ၂၀၂၁ ကိုဦးတည် မျှော်မှန်းနေပါသည် ။ အောင်မြင်မှုများ ကိုဗစ် ၁၉ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် အောင်မြင်မှု အချို့ ရှိခဲ့ပါသည်။   မြန်မာနိုင်ငံတွင်  ဆန္ဒထုတ်ဖော်မှု ဆိုင်ရာ ဥပဒေအဆုံးအဖြတ်များနှင့် အတွေ့အကြုံများ ၊ အင်တာနက်လွတ်လပ်မှု အခြေအနေ ၊ သတင်း မီဒီယာကဏ္ဍလွတ်လပ်မှု ရေစီးကြောင်းအခြေအနေ စသည်တို့နှင့် ပတ်သက်၍

New job: Human Rights Law Officer / Senior Officer

FEM is seeking to hire a Human Rights Law Officer / Senior Law Officer. They will be responsible for implementing legal aspects of Free Expression Myanmar’s projects. Responsibilities Reading FEM policies, reports, and other documents, and those reports of other relevant stakeholders, with the aim of

New job: Human Rights Officer / Senior Officer

FEM is seeking to hire a Human Rights Officer / Senior Officer. They will be responsible for implementing Free Expression Myanmar’s projects. Projects are likely to include covering digital rights. Responsibilities Reading FEM policies, reports, and other documents, and those reports of other relevant stakeholders, with

Illegitimate internet shutdown extended beyond elections — ဥပဒေနှင့်ဆန်ကျင်သည့် အင်တာနက်ဖြစ်တောက်မှုအား ရွေးကောက်ပွဲအလွန်ကာလသို့ ထပ်မံသက်တမ်းတိုးသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ်၏ ပူးပေါင်းစီစဉ်သူ အဖွဲ့(၄)ဖွဲ့ဖြစ်သည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း-မြန်မာ(FEM)၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန(MCRB) ၊ “မြန်” အိုင်စီတီ(MIDO) နှင့် ဖန်တီးရာ(Phandeeyar) တို့သည် ရွေးကောက်ပွဲ အလွန်ကာလအထိ အကျိုးသက်ရောက်မှုရှိသော အင်တာနက်ဖြတ်တောက်မှုအား သက်တမ်းတိုးရန်အတွက်  ဆက်သွယ်ရေးကုမ္ပဏီများသို့ အမိန့်ပေးခဲ့သော အစိုးရ၏ နောက်ဆုံးထွက်ရှိထားသည့် အမိန့်ညွှန်ကြားစာအပေါ် များစွာ စိုးရိမ်မိပါသည်။ အစိုးရအနေဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် 3G၊ 4G အင်တာနက်များ အမြန်ဆုံး ပြန်လည်ဖွင့်ပေးရေးနှင့် နောက်ထပ် ကွန်ရက်ဖြတ်တောက်နှောက်ယှက်မှုများ ပြဌာန်းချမှတ်ခြင်းမှ ရှောင်ကြည်ပေးပါရန် ကျွန်ုပ်တို့ တောင်းဆိုလိုက်သည်။ မြန်မာ့ မိုဘိုင်း ဆက်သွယ်ရေးထောက်ပံ့သူများ ဖြစ်ကြသည့် MPT၊ Mytel၊

New manifesto tool to compare parties on human rights — လူ့အခွင့်အရေးများနှင့် ပတ်သက်၍ ပါတီများ၏ ကတိကဝတ်များအပေါ် နှိုင်းယှဉ်လေ့လာသည့် Tool အသစ်

မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ကတိကဝတ်များကို နှိုင်းယှဉ်လေ့လာနိုင်သည့် ဒစ်ဂျစ်တယ် Tool အသစ်တစ်ခုကို FEM က စတင်မိတ်ဆက်လိုက်သည်။ ဤ tool တွင် အထွေထွေသောလူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက်ရယူဖြန့်ဝေနိုင်ခွင့်၊ အမုန်းစကားနှင့် ဒစ်ဂျစ်တယ်အခွင့်အရေး စသည်တို့နှင့် ပတ်သက်၍ ပါတီများ၏ ကတိကဝတ်များကို နှိုင်းယှဉ်ဖော်ပြထားသည်။ “ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးပါတီတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ကတိကဝတ်တွေအကြောင်း ပြည့်စုံတဲ့၊ အချက်အလက်တိုက်ဆိုင်စစ်ဆေးထားတဲ့၊ ကတိကဝတ်တွေကို နှိုင်းယှဉ်ပြပေးထားတဲ့ သတင်းအချက်အလက်တွေ၊ ဒါမှမဟုတ်ရင်လည်း လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ကတိကဝတ်ပြုထားခြင်းမရှိတဲ့ သတင်းအချက်အလက်တွေ ကို မဲဆန္ဒရှင်ပြည်သူတွေထံ

Government blocks website critical of NLD and State Counsellor — NLD နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်သည့် ဝက်(ဘ်)ဆိုက်စာမျက်နှာများကို အစိုးရက ပိတ်ပစ်ရန် အမိန့်ပေး

ရွေးကောက်ပွဲကျင်းပရန် တစ်လမျှသာ လိုသည့်အချိန်တွင် မြန်မာအစိုးရသည် NLD အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ဝေဖန်စာများ ရေးသားနေသည့် ဝက်(ဘ်)စာမျက်နှာတစ်ခုကို ပိတ်ပင်ရန် မိုဘိုင်းဖုန်းအော်ပရေတာ ကုမ္ပဏီအားလုံးကို အမိန့်ထုတ်ညွှန်ကြားခဲ့သည်။  “ရွေးကောက်ပွဲကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့အချိန်မှာ အခုလို မြန်မာအစိုးရက NLDနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်တဲ့ ဝက်(ဘ်)စာမျက်နှာကို ပိတ်သိမ်းပစ်ဖို့ အမိန့်ပေးတယ်လို့ သိရတာ တကယ့်ကို အံ့သြမိတယ်” ဟု FEM ၏ ဒါရိုက်တာဖြစ်သူ ယဉ်ရတနာသိန်းက ဆိုသည်။  “ ပိတ်ပင်ခံရတဲ့ ဝက်(ဘ်)စာမျက်နှာက အများအားဖြင့် အချက်အလက်တွေမဟုတ်ဘဲ အမြင်အယူအဆတွေကိုသာ ဖော်ပြထားတာတွေ ဖြစ်ပါတယ်။ ထင်မြင်ယူဆချက်မှန်သမျှဟာ ကြောင်းကျိုးဆီလျော်သည်ဖြစ်စေ၊

No Thumbnail

UEC and State-controlled broadcasting undermine elections — ရွေးကောက်ပွဲကို ယုတ်လျော့စေသည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေးကဏ္ဍ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အစိုးရ၏  မီဒီယာအပေါ်ထိန်းချုပ်ခြင်းကို အသုံးချပြီး အတိုက်အခံပါတီများအပေါ် ဆင်ဆာဖြတ်တောက်နေခြင်းကို ချက်ချင်း ရပ်တန့်ပေးရန် FEM က တိုက်တွန်းလိုက်သည်။ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာရုပ်သံထုတ်လွှင့်မှုကို ကြားဝင်စွက်ဖက်ခြင်းသည် နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်သကဲ့သို့  မြန်မာနိုင်ငံ၏  လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲတစ်ရပ်  ဖြစ်ပေါ်လာစေရေးကိုလည်း ခြိမ်းခြောက်လျှက်ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လွတ်လပ်သော ရုပ်သံမီဒီယာများ ပေါ်ပေါက်ရေးနှင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ဖြစ်လာစေရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲ၌ (NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ အခန်း ၄.၁၁.၃ နှင့် ၂.၄ တွင်)

Right to information day 2020 — ၂၀၂၀ ခုနှစ် သတင်းအချက်အလက်အခွင့်အရေးနေ့

အစိုးရသည် ၂၀၁၅ မှစ၍ သတင်းအချက် အလက်အခွင့်အရေးကို အားတက်သရော ထိန်းချုပ်၊ ကန့်သတ်၊ ပိတ်ပင်၍ရသည့် ဥပဒေများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ ပြဌာန်းသတ်မှတ်လာသည်။ အစိုးရသည် ရုပ်သံနှင့် ရေဒီယိုလိုင်းအားလုံးကို ထိန်းချုပ်ခြင်း 1၊ မီဒီယာများကိုလည်း လွတ်လပ်စွာမလှုပ်ရှားနိုင်အောင် (သို့မဟုတ်) အများပြည်သူဆိုင်ရာ အင်စတီကျူးရှင်းများထံ လက်လှမ်းမမီအောင် ပိတ်ပင်ထားခြင်း၊ အင်တာနက်ကို ခြေခြေမြစ်မြစ် မဟုတ်ဘဲ စိတ်ထင်တိုင်းပိတ်ခြင်း 2 နှင့် သတင်းဝက်(ဘ်)ဆိုက်များကို ပိတ်ခြင်းတို့ ပြုလုပ်နေ သည်။ 4  အချိန်အတန်ကြာကတည်းက ကတိပေးထားသည့် သတင်းအချက်အခွင့်အရေးဥပဒေကြမ်းမှာ လည်း ၂၀၁၅ နောက်ပိုင်းတွင် ပွင့်လင်းမြင်သာမှုမရှိသည့် သောင်မတင်ရေမကျအခြေအနေ၌ ငြိမ်သက် နေသည်။ ထိုချိန်တွင် ရိုက်တာသတင်းထောက်များကိစ္စဖြစ်ပွားခဲ့ရာ5 ထိုဥပဒေအစား အမျိုးသားမှတ်တမ်းနှင့်