New report “Surviving Myanmar’s digital coup” “မြန်မာ့ဒစ်ဂျစ်တယ်အာဏာသိမ်းမှု အတွင်းတွင် ရှင်သန်ခြင်း”နှင့် သက်ဆိုင်သည့် အစီရင်ခံစာအသစ်အား ထုတ်ဝေခြင်း
တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားများ၊ လူ့အခွင့်အရေးအား ကာကွယ်သူများနှင့် လူမှုနယ်ပယ်တွင် လွှမ်းမိုးမှုရှိသူများသည် ဒစ်ဂျစ်တယ် အာဏာသိမ်းမှုအတွင်းတွင် မည်သို့မည်ပုံ ရှင်သန်ခဲ့ရသည့် ယင်းတို့၏ အတွေ့အကြုံများအား လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)နှင့် မျှဝေခဲ့ကြပါသည်။
- ၄၂%သော ဆွေးနွေးသူတို့သည် အကြမ်းဖက်မှုဆန်သော သတိပေးချက်များကို ရရှိခဲ့သည်။
- ၂၉%သည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
- ၃၆%သည် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ စောင့်ကြည့်လေ့လာခြင်း ကို ခံစားခဲ့ရသည်။
- ၂၅%သည် Dox (လူပုဂ္ဂိုလ်အား ခွဲခြားသိမြင်နိုင်သည့် ပုဂ္ဂိုလ်ရေးအချက်အလက်များအား ထုတ်ဖော်ခြင်း) နှင့် Swat (ပုဂ္ဂိုလ်ရေးဆိုင်ရာ အသေးစိတ် အချက်အလက် များအား ရဲ သို့မဟုတ် စစ်တပ်ထံသို့ ပေးပို့ခြင်း) ခံခဲ့ ရသည်။
- ၃၃%သော အမျိုးသမီးတို့သည် ညစ်ညမ်းပုံစံဖြင့် ဖော်ပြခံရခြင်း (သို့မဟုတ်) “မိန်းမပျက်ဟူ၍ အရှက်တရားရအောင် သမုတ်ခံရခြင်း”တို့ကို တွေ့ကြုံခဲ့ရသည်။
- ၆၃%သည် ဖေ့စ်ဘွတ်ခ်(Facebook)၏ လွန်ကဲသော ထိန်း ချုပ်မှုများကို တွေ့ကြုံခဲ့ရသည်။
“ငရဲ ရောက်နေသလို ခံစားခဲ့ရတယ်။ ပြင်ပမှာ ဘာတွေဖြစ်နေတယ် ဆိုတာ မသိရဘူး။ အမှောင်ထဲ ရောက်ခဲ့ရတယ်”
စစ်တပ်သည် အင်တာနက် ဖြတ်တောက်ခြင်း၊ လူမှုကွန်ရက်များအား ပိတ်ဆို့ခြင်း နှင့် မီဒီယာတိုက်များအား ပိတ်သိမ်းခြင်းတို့ကို ပြုလုပ်ခဲ့သောကြောင့် အာဏာသိမ်းမှုအား ဆန့်ကျင်သူများသည် အဆက်အသွယ်ပြတ်တောက်မှုကို အာဏာစသိမ်းကတည်းကပင် တွေ့ကြုံခံစားခဲ့ကြရသည်။
“စစ်တပ်က သူတို့ကို ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေနဲ့ လျှို့ဝှက်ကုဒ်နံပါတ်တွေကို ပေးဖို့ပြောပြီး ဖျက်ထားတဲ့ ဖိုင်တွေအ ကုန်လုံးကိုလည်း ပြန်ဖော်မယ်ဆိုပြီး ခြိမ်းခြောက်တယ်”
စစ်တပ်၏ စဥ်ဆက်မပြတ်စောင့်ကြည့်မှု၊ ကြားဖြတ်နားထောင်မှု၊ အချက်အလက်များအား ဖောက်ထွင်းခိုးယူမှု၊ တရားမဲ့အကြမ်းဖက် မှု၊ အွန်လိုင်းနှင့် ဆက်စပ်သော ဆောင်ရွက်ချက်များအား တရား ဝင်ဥပဒေအရ ရည်ရွယ်ချက်ကို မပြနိုင်ဘဲ ရာဇဝတ်ပြစ်ဒဏ်သင့်စေ ခြင်း အစရှိသော ဆောင်ရွက်မှုများသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား မြေအောက်လှုပ်ရှားသူများအဖြစ် ပုန်းကွယ်နေထိုင်ရန် (သို့မဟုတ်) အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေးခဲ့ပါသည်။
“သူတို့က ပထမတော့ ကျွန်တော့်ကို Dox လုပ်လိုက်တယ်၊ ပြီးတော့ စစ်တပ်က ကျွန်တော့်အိမ် ရောက်လာတယ်”
စစ်တပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား အွန်လိုင်းပြင်ပ မြေပြင်တွင်လည်း ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်သက်ရောက်စေသည့် စနစ်တကျပြုလုပ်ထားသော အွန်လိုင်း လှောင်ပြောင်နှောင့်ယှက်မှုများ၊ ဆိုက်ဘာကွန်ရက်များအတွင်း နောက်ယောင်ခံလိုက်မှုများ၊ “ပုဂ္ဂိုလ်ရေးအချက်အလက်များအား ဖွင့်လှစ် ခြိမ်းခြောက်မှုများ” အစရှိသည့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အန္တရာယ် များဖြင့် ခြိမ်းခြောက်ပြီး ယင်း၏ အွန်လိုင်းစစ်မြေပြင်အား အလျင် အမြန်ချဲ့ထွင်ခဲ့ သည်။ စစ်တပ်၏ ချဲ့ထွင်လာသော စစ်မြေပြင်သည် နယ်မြေကန့်သတ်ချက်များကို လစ်လျူရှုကျော်လွန်၍ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်သူများအား နေရာဒေသမရွေး ခြိမ်းခြောက်လျက် ရှိပါသည်။
“သူတို့က စာတိုမက်ဆေ့ချ်ပို့တာတွေ၊ အကောင့်အတုတွေ လုပ်တာတွေ၊ ဝေဖန်တာတွေကို ထပ်ဖန်တလဲလဲလုပ်တယ်။”
လူမှုကွန်ရက်ပလက်ဖောင်းများ၏ တုန့်ပြန်မှုများမှာလည်း ရောထွေး လျက်ရှိပါသည်။ အချို့သော လူမှုကွန်ရက်ပလက်ဖောင်းများမှာ ဥပမာ – နှောင့်ယှက်ခြင်း၊ လှုံ့ဆော်ခြင်း ကဲ့သို့သော လွန်စွာပြသနာရှိသည့် အ ကြောင်းအရာများအား စိစစ်ကိုင်တွယ်ခြင်းကို အားလျော့စွာ လုပ် ဆောင်လျက်ရှိသည်။
“ပုံတိုင်းကို ဝါးရမယ်ဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို လူတွေ သိအောင် ဘယ်လိုပြမလဲ”
အချို့ ပလက်ဖောင်းများမှာမူ အများပြည်သူ၏ ဆွေးနွေး ပြောဆိုမှု များအား အလွန်အကျူး စိစစ်မှုများ ပြုလုပ်နေပြီး ဆင်ဆာဖြတ် တောက်လျက်ရှိသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သူအများစုသည် ပဋိပက္ခများ၏ ရက်စက်ကြမ်းကြုတ်သော ဖြစ်ရပ်မှန်အခြေအနေ များအား ပလက်ဖောင်းများက ဆင်ဆာဖြတ်တောက်နေခြင်းကို စိုးရိမ် လျက်ရှိကြသည်။
“အဖွဲ့တစ်ဖွဲ့ဆိုရင် ကျွန်မနာမည်ကို မြင်တာနဲ့ အသက်ဘေးနဲ့ဆိုင်တဲ့၊ အဓမ္မကျင့်ခံရမှုနဲ့ဆိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရာနဲ့ချီပြီးပို့ပြီး တိုက် ခိုက်တော့တာပဲ”
အာဏာသိမ်းမှုကို ဆန့်ကျင်သောသူများသည် ကြောက်လန့်မှု၊ စိုးရိမ် ပူပန်မှု၊ အပြစ်ရှိသလို ခံစားရမှု၊ စိတ်ဓာတ်ကျမှုကဲ့သို့သော ပြင်းထန် သည့် ခံစားမှုများဖြင့် စိတ်ဒဏ်ရာရလျက်ရှိပြီး ထိုအခြေအနေသည် အွန်လိုင်းပေါ်တွင် မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်မှုကို ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်လာစေသည်။ ထိုမိမိကိုယ်ကို ဆင်ဆာဖြတ်တောက်မှုအား နိုင်ငံရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများတွင် အဓိက အားဖြင့် တွေ့ရသည်။ အွန်လိုင်းပေါ်တွင် ဆင်ဆာဖြတ်တောက်မှုသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၏ အရပ်ဖက်အဖွဲ့အစည်းများ၊ စည်းရုံးရေးအဖွဲ့များ နှင့် မီဒီယာတိုက်များအထိပါ ပြန့်နှံ့ရိုက်ခက် သွားသည်။
“ကျွန်မတို့က ပြောဆိုခွင့်မရ ဘူး။ ရေးခွင့်မရဘူး။ ပါဝင်ခွင့်မရဘူး။ ကိုယ့်ကို သူများက မြင်မှာ၊ သတိထားမိမှာကို ကြောက်နေရတယ်။ ကိုယ့်ကိုယ်ကို မမြင်နိုင်အာင် လုပ်ထားရတယ်။”
စစ်တပ်၏ အွန်လိုင်းရပ်ဝန်းအား ဖိနှိပ်အာဏာသိမ်းမှုသည် ယခုလက်ရှိ အချိန်တွင် မအောင်မြင်ဘဲ ကျဆုံးလျက်ရှိသည်။ သို့သော်ငြား “စည်းကမ်းပြည့်ဝသော” အင်တာနက်ရပ်ဝန်းတစ်ခုအား ပြန်လည်အသက်သွင်းရန် လုပ်ဆောင်နေမှုနှင့် ယင်းစနစ်အား အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ အွန်လိုင်း လူမှုအဖွဲ့အစည်းများ၊ ပလက်ဖောင်းများနှင့် အင်တာနက်အခြေခံအဆောက်အအုံများအပေါ်တွင် ကျင့်သုံးရန် ဆောင်ရွက် နေမှုများမှာမူ ဆက်လက် ဖြစ်ပေါ်နေသည်။ အွန်လိုင်းနယ်ပယ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအတွက် စစ်တပ်ကိုတော်လှန်ရန်၊ ဒီမိုကရေစီအကူးအပြောင်း နိုင်ငံရေးကို ပြန်လည်ထိန်းသိမ်းနိုင်အတွက် အင်မတန်အရေးပါလှပြီး၊ ၄င်းအွန်လိုင်းနယ်ပယ်ကို ကာကွယ်ရန် စဥ်ဆက်မပြတ်သတိထား ဆောင်ရွက်ဖို့ လိုအပ်သည်။
ဤအစီရင်ခံစာတွင် မြန်မာ့အနာဂတ်အစိုးရများ၊ ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းများ၊ လူမှုကွန်ယက် ပလက်ဖောင်းများ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ၊ နည်းပညာကုမ္ပဏီများအပါအဝင် ကမ္ဘာအနှံ့ရှိ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုက်အဝန်းများလိုက်နာကျင့်သုံးသင့်သည့် အကြံပြု ချက်များကို အသေးစိတ်ထည့်သွင်း ဖော်ပြထားသည်။
Activists, journalists, human rights defenders, and influencers gave FEM their experiences of surviving the digital coup.
- 42% received violent warnings
- 29% detained
- 36% subjected to digital surveillance
- 25% doxed or swatted
- 33% of women pornified or “slut-shamed”
- 63% had Facebook over-moderation.
“I felt like I was in hell. I did not know what was happening outside. I was in the dark”
Dissenters experienced disconnection right from the start of the coup as the military shut down internet access, blocked social media, and banned mainstream media outlets.
“The soldiers told us to hand over all our devices and passwords and warned they would recover every deleted file too”
Dissenters were forced underground or into exile following military campaigns of surveillance, interception, hacking, extrajudicial violence, and arbitrary criminalisation of online activities.
“First they doxed me and then the military came to my house”
The military quickly extended its battlefield online, threatening dissenters with digital dangers including coordinated trolling, cyberstalking, and “doxing”, with serious offline consequences. The extended battlefield ignored territorial limits, threatening dissenters everywhere.
“They send us messages, make fake accounts, and criticise us repeatedly”
Social media platforms’ responses were mixed; some under-moderated deeply problematic content such as harassment and incitement.
“How can we show people the military’s violence if we have to blur every photo?”
Others over-moderated and censored public debate. Many dissenters were particularly concerned about platforms censoring the brutal reality of conflict.
“One group attacked me wherever my name appeared, sending hundreds of death and rape threats”
Dissenters felt traumatised with heightened feelings of fear, anxiety, guilt, and depression, all of which contributed to widespread self-censorship online, particularly on political topics. Online self-censorship also spread to dissenters’ civil society organisations, campaign groups, and media outlets.
“We cannot speak. We cannot write. We cannot participate. We were afraid of being seen and recognised. We made ourselves invisible.”
The military’s digital coup has failed so far but its attempt to resurrect a “discipline-flourishing” internet and impose it upon dissenters, online communities, platforms, and internet infrastructure, continues. The online space is critical for dissenters to defend against the military and restore the democratic transition, and vigilance is required to constantly protect it.
The report includes detailed recommendations for Myanmar’s future governments, digital businesses worldwide (including telecoms operators, social media platforms, internet service providers, technologists), civil society, and the international community.