မြန်မာ့ အသရေဖျက်မှုဥပဒေများကို ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီရန် ပြုပြင်ရေးအတွက် ပညာရပ်ဆိုင်ရာ ရွေးချယ်စရာ လမ်းကြောင်းများ Visit defamation reform website >> ဤအစီရင်ခံစာသည် အသရေဖျက်မှုနှင့်ပတ်သက်သော ထုတ်ဝေသော စာစဥ်များတွင် တတိယမြောက် အစီရင်ခံစာဖြစ်သည်။ ပထမတစ်အုပ်တွင် အသရေဖျက်မှုဥပဒေများကို မြန်မာနိုင်ငံ၌ မည်သို့ တလွဲအသုံးပြုနေသည်ကို ရေးသားခဲ့ပြီး ဒုတိယတစ်အုပ်တွင် မြန်မာနိုင်ငံအနေဖြင့် ရှေးရှုသင့်သည့် နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများ အကြောင်းကို ရှင်းလင်းဖော်ပြခဲ့သည်။ ဤတတိယစာအုပ်၌ မြန်မာနိုင်ငံနှင့် အလားတူနိုင်ငံများတွင် မည်သို့ ဥပဒေပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခဲ့ပုံကို အနှစ်ချုပ်တင်ပြထားပြီး မြန်မာအစိုးရ လုပ်ဆောင်နိုင်သည့် ရွေးချယ်စရာလမ်းကြောင်းများကိုလည်း အဆိုပြုထားသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်စတင် ကူးပြောင်းသည့်