fbpx

NGOs call on parliament to consult on draft privacy law amendment – နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးသည့် ဥပဒေအား ပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ပြည်ထောင်စုလွှတ်တော်နာယက ထံသို့ အရပ်ဖက် အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာ။

The Draft Amendment Bill of the Law Protecting the Privacy and Security of Citizens was published on the Union Parliament website on 25 February 2019, in order to inform the public.

We welcome the government’s attempt to amend the privacy law. Since its adoption in March 2017, we have consistently called upon on the government to address the privacy law’s weaknesses and fully protect the right to privacy.

Civil society believe that the privacy law should be amended to promote and protect individuals’ rights. For example, Article 8(f) is a criminal defamation provision that states, “No one shall unlawfully … act in any way to slander or harm their reputation,” with the punishment of imprisonment. This violates human rights because:

  1. It criminalises expression that informs people about others’ wrongdoing, human rights violations, or corruption, and can be easily misused by powerful people to criminalise others for legitimate expression
  2. It is unnecessary duplication as defamation is already included in the Penal Code and four other laws
  3. Criminal defamation is undemocratic and should not be found in democracies

As well as Article 8(f), civil society have identified many other important provisions that need to be amended.

We therefore urge government and parliament:

  • Do not adopt the Amendment Bill quickly
  • Review the impact of the current law
  • Take time to conduct a wider and meaningful public consultation nationwide and listen carefully to the recommendations of civil society.

Signed,

ACDD

AAPP

FEM

GW

MIDO

MWJS

New Myanmar Foundation

PCMJ

Progressive Voice

Synergy Social Harmony Organisation

(Unicode)
၁။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးသည့် ဥပဒေအား ပြင်ဆင် သည့် ဥပဒေမူကြမ်းကို ၂၅ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဝက်ဘ်ဆိုက်၌ အများပြည်သူတို့ လေ့လာသိရှိနိုင်ရန် အလို့ငှာ ထုတ်ပြန်ထားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ မတ်လတွင် အတည်ပြု ပြဌာန်းခဲ့သော ယင်းဥပဒေသည် လူ့အခွင့်အရေးဆိုင်ရာအားနည်းချက်များရှိနေသဖြင့် ပြန်လည်ပြင်ဆင်သင့် ကြောင်း ကျွန်ုပ်တို့ အရပ်ဖက်အဖွဲ့အစည်းများမှ အကြံပြုခဲ့ရာ၊ ယခုပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းလာမှုအပေါ် ကြိုဆိုပါသည်။

၂။ ပြင်ဆင်သည့်ဥပဒေကြမ်းကို ကျွန်ုပ်တို့အရပ်ဖက်အဖွဲ့အစည်းများက လေ့လာရာတွင် လူတစ်ဦး၏ အခြေခံရ ပိုင်ခွင့်ကို တိုးမြှင့်ပေးရန်နှင့် အကာကွယ်ပေးနိုင်ရန်အတွက် လက်ရှိဥပဒေပြဌာန်းချက်များအပေါ် ပြင်ဆင်ရန် နှင့် ဖြည့်စွက်ရန်အချက်များကိုတွေ့ရှိရသည်။ ဥပမာအားဖြင့်- ဥပဒေ၏ အခန်း (၄)၊ ပုဒ်မ ၈(စ)ပါ “လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။” ဟူသည့်အချက်သည် (၁) ထင်ရှားကျော်ကြားသည့် လူတစ်ဦးမှပြုလုပ်သော မှားယွင်းမှု များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုများအကြောင်း အများပြည်သူသိရှိစေရန် ရေးသား ထုတ်ဖော်ပြောဆိုခြင်းကို ရာဇဝတ်ပြစ်ဒဏ်သင့်စေခြင်း၊ သို့မဟုတ် ရာထူးအာဏာရှိသောလူပုဂ္ဂိုလ်မှ လွတ်လပ် စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးသည့် ပြည်သူအား ဥပဒေကို အသုံးပြုကာ လွယ်ကူစွာတရား စွဲဆိုနိုင်ခြင်း၊ (၂) မြန်မာနိုင်ငံရှိ ရာဇသတ်ကြီးဥပဒေအပါအဝင် အခြားဥပဒေများတွင် ရှိနှင့်ပြီး ဖြစ်သော ရာဇဝတ်ပြစ်မှုဆိုင်ရာ အသရေဖျက်မှုပုဒ်မကို မလိုအပ်ဘဲ ထပ်မံပြဌာန်းထားခြင်း နှင့် (၃) ဒီမိုကရေစီ စနစ်၏ ဆန့်ကျင်ဘက်လားရာဖြစ်သည့် အသရေဖျက်မှုအား ရာဇဝတ်မှုပြုထားခြင်း စသည့် အချက်တို့ကြောင့် ဥပဒေ ပါပြဌာန်းချက်များသည် လူ့အခွင့်အရေးအား ချိုးဖောက်လျက်ရှိနေသည်။

၃။ ဥပဒေပါ ပုဒ်မ ၈(စ) အပြင် အခြားအရေးကြီးပြင်ဆင်သင့်သည့် အချက်များလည်း ခိုင်ခိုင်မာမာရှိနေပြီး၊ ယင်း အချက်များကို ကျွန်ုပ်တို့အရပ်ဖက်အဖွဲ့အစည်းများမှ Legal Analysis (ဥပဒေဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသုံး သပ်ချက်) ပြုလုပ်ထားပါသည်။

၄။ ထို့ကြောင့် ပြင်ဆင်ချက်ဥပဒေကြမ်းအား -
(၁) ဆောလျင်စွာ အတည်ပြုပြဌာန်းခြင်းမပြုသေးဘဲ၊

(၂) လက်ရှိဥပဒေ၏ သက်ရောက်မှုအား ပြန်လည်သုံးသပ်ခြင်း (Review) ပြုလုပ်ပါရန် နှင့်၊

(၃) အစိုးရက ဦးဆောင်ပြီး အဓိပ္ပါယ်ပြည့်ဝသော အများပြည်သူကြားဆွေးနွေးခြင်း (Public Consulta-tion) များကို အချိန်လုံလောက်စွာယူကာ ပြုလုပ်ပြီး၊ နိုင်ငံအဝှမ်းရှိ ပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ အကြံပြုချက် ကို လေ့လာနားထောင်ပေးပါရန် လေးနက်စွာ တောင်းဆိုလိုက်ရပါသည်။

အရပ်ဖက်အဖွဲ့အစည်းများ
၁။ Action Committee for Democratic Development
(ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ)
၂။ Assistance Association for Political Prisoners
(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း)
၃။ Free Expression Myanmar
(လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ)
၄။ Generation Wave
(မျိူးဆက်သစ်လှိုင်း)
၅။ Myan ICT for Development Organization
(ဖွံ့ဖြိုးမှုအတွက် “မြန်” အိုင်စီတီအဖွဲ့)
၆။ Myanmar Women Journalists Society
(မြန်မာနိုင်ငံအမျိုးသမီးသတင်းသမားများအဖွဲ့)
၇။ New Myanmar Foundation
၈။ Protection Committee for Myanmar Journalists
(မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ)
၉။ Synergy Social Harmony Organization
၁၀။ Progressive Voice
(ရှေ့ပြေးအသံ)

(Zawgyi)
၁။ နိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလံုျခံဳမႈကိုကာကြယ္ေပးသည့္ ဥပေဒအား ျပင္ဆင္  သည့္ ဥပေဒမူၾကမ္းကို ၂၅ ရက္၊ ေဖေဖၚဝါရီလ၊ ၂၀၁၉ ခုႏွစ္တြင္ ျပည္ေထာင္စုလႊတ္ေတာ္ဝက္ဘ္ဆိုက္၌ အမ်ားျပည္သူတို႔ ေလ့လာသိရွိနိုင္ရန္ အလို႔ငွာ ထုတ္ျပန္ထားခဲ့ပါသည္။ ၂၀၁၇ ခုႏွစ္၊ မတ္လတြင္ အတည္ျပဳ  ျပဌာန္းခဲ့ေသာ ယင္းဥပေဒသည္ လူ႔အခြင့္အေရးဆိုင္ရာအားနည္းခ်က္မ်ားရွိေနသျဖင့္  ျပန္လည္ျပင္ဆင္သင့္  ေၾကာင္း ကၽြန္ုပ္တို႔ အရပ္ဖက္အဖြဲ႔အစည္းမ်ားမွ အၾကံျပဳခဲ့ရာ၊ ယခုျပန္လည္ျပင္ဆင္ရန္ ၾကိဳးပမ္းလာမႈအေပၚ ၾကိဳဆိုပါသည္။

၂။ ျပင္ဆင္သည့္ဥပေဒၾကမ္းကို ကၽြန္ုပ္တို႔အရပ္ဖက္အဖြဲ႔အစည္းမ်ားက ေလ့လာရာတြင္ လူတစ္ဦး၏ အေျခခံရ ပိုင္ခြင့္ကို တိုးျမွင့္ေပးရန္ႏွင့္ အကာကြယ္ေပးနိုင္ရန္အတြက္ လက္ရွိဥပေဒျပဌာန္းခ်က္မ်ားအေပၚ  ျပင္ဆင္ရန္ ႏွင့္ ျဖည့္စြက္ရန္အခ်က္မ်ားကိုေတြ႕ရွိရသည္။  ဥပမာအားျဖင့္- ဥပေဒ၏ အခန္း (၄)၊ ပုဒ္မ ၈(စ)ပါ “လူတစ္ဦး၏ ဂုဏ္သိကၡာႏွင့္ ထင္ေပၚေက်ာ္ၾကားမႈကို ပုတ္ခတ္ျခင္း သို႔မဟုတ္ ထိခိုက္ေစရန္ တစ္နည္းနည္းျဖင့္  ေဆာင္ရြက္ျခင္းမျပဳရ။” ဟူသည့္အခ်က္သည္ (၁) ထင္ရွားေက်ာ္ၾကားသည့္ လူတစ္ဦးမွျပဳလုပ္ေသာ မွားယြင္းမႈ  မ်ား၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ အက်င့္ပ်က္ျခစားမႈမ်ားအေၾကာင္း အမ်ားျပည္သူသိရွိေစရန္  ေရးသား ထုတ္ေဖာ္ေျပာဆိုျခင္းကို ရာဇဝတ္ျပစ္ဒဏ္သင့္ေစျခင္း၊ သို႔မဟုတ္ ရာထူးအာဏာရွိေသာလူပုဂၢိဳလ္မွ လြတ္လပ္ စြာေရးသားထုတ္ေဖာ္ေျပာဆိုခြင့္ကို က်င့္သံုးသည့္ ျပည္သူအား ဥပေဒကို အသံုးျပဳကာ လြယ္ကူစြာတရား စြဲဆိုနိုင္ျခင္း၊ (၂) ျမန္မာနိုင္ငံရွိ ရာဇသတ္ၾကီးဥပေဒအပါအဝင္ အျခားဥပေဒမ်ားတြင္ ရွိနွင့္ျပီး  ျဖစ္ေသာ ရာဇဝတ္ျပစ္မႈဆိုင္ရာ အသေရဖ်က္မႈပုဒ္မကို မလိုအပ္ဘဲ ထပ္မံျပဌာန္းထားျခင္း ႏွင့္ (၃) ဒီမိုကေရစီ စနစ္၏ ဆန္႔က်င္ဘက္လားရာျဖစ္သည့္ အသေရဖ်က္မႈအား ရာဇဝတ္မႈျပဳထားျခင္္း စသည့္ အခ်က္တို႔ေၾကာင့္ ဥပေဒ ပါျပဌာန္းခ်က္မ်ားသည္ လူ႔အခြင့္အေရးအား ခ်ိဳးေဖာက္လ်က္ရွိေနသည္။

၃။ ဥပေဒပါ ပုဒ္မ ၈(စ) အျပင္ အျခားအေရးၾကီးျပင္ဆင္သင့္သည့္ အခ်က္မ်ားလည္း ခိုင္ခိုင္မာမာရွိေနျပီး၊ ယင္း အခ်က္မ်ားကို ကၽြန္ုပ္တို႔အရပ္ဖက္အဖြဲ႔အစည္းမ်ားမွ Legal Analysis (ဥပေဒဆိုင္ရာ ခြဲျခမ္းစိတ္ျဖာေလ့လာသံုး သပ္ခ်က္) ျပဳလုပ္ထားပါသည္။

၄။ ထို႔ေၾကာင့္ ျပင္ဆင္ခ်က္ဥပေဒၾကမ္းအား -

(၁) ေဆာလ်င္စြာ အတည္ျပဳျပဌာန္းျခင္းမျပဳေသးဘဲ၊

(၂) လက္ရွိဥပေဒ၏ သက္ေရာက္မႈအား ျပန္လည္သံုးသပ္ျခင္း (Review) ျပဳလုပ္ပါရန္ ႏွင့္၊

(၃) အစိုးရက ဦးေဆာင္ျပီး အဓိပၸါယ္ျပည့္ဝေသာ အမ်ားျပည္သူၾကားေဆြးေႏြးျခင္း (Public Consulta-tion) မ်ားကို အခ်ိန္လံုေလာက္စြာယူကာ ျပဳလုပ္ျပီး၊ နိုင္ငံအဝွမ္းရွိ ျပည္သူမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၏ အၾကံျပဳခ်က္ ကို ေလ့လာနားေထာင္ေပးပါရန္  ေလးနက္စြာ  ေတာင္းဆိုလိုက္ရပါသည္။

 

အရပ္ဖက္အဖြဲ႕အစည္းမ်ား

၁။ Action Committee for Democratic Development (ဒီမိုကေရစီဖြံ႕ျဖိဳးတိုးတက္ေရးလႈပ္ရွားေဆာင္ရြက္မႈေကာ္မတီ)

၂။ Assistance Association for Political Prisoners
(နိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း)

၃။ Free Expression Myanmar
(လြတ္လပ္ေသာထုတ္ေဖာ္ေျပာဆိုျခင္းျမန္မာ)

၄။ Generation Wave
(မ်ိဴးဆက္သစ္လိႈင္း)

၅။ Myan ICT for Development Organization
(ဖြံ႕ျဖိဳးမႈအတြက္ “ျမန္” အိုင္စီတီအဖြဲ႕)

၆။ Myanmar Women Journalists Society
(ျမန္မာနိုင္ငံအမ်ိဳးသမီးသတင္းသမားမ်ားအဖြဲ႕)

၇။ New Myanmar Foundation

၈။ Protection Committee for Myanmar Journalists
(ျမန္မာသတင္းသမားမ်ားကာကြယ္ေရးေကာ္မတီ)

၉။ Synergy Social Harmony Organization

၁၀။ Progressive Voice
(ေရွ႕ေျပးအသံ)