fbpx

3rd Digital Rights Forum calls for better regulated, freer, safer online space — ဥပဒေရေးဆွဲရာတွင် အများပြည်သူ သဘောထားများကို အလေးထားရယူ၍ ပိုမိုကောင်းမွန်သော ဥပဒေများနှင့် နည်းပညာပတ်ဝန်းကျင်ကို အမှန်တကယ်လွတ်လပ်၍ လုံခြုံသော နေရာတစ်ခုအဖြစ် တည်ဆောက်ရမည်ဟူသော တောင်းဆိုချက်များဖြင့် တတိယအကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်အား အဆုံးသတ်

The third Myanmar Digital Rights Forum concluded on 19 January in Yangon with a call for new policy and regulation that would safeguard digital rights in Myanmar, and a fully consultative process to achieve this.

Participants welcomed the government’s announcement of its plans for open consultation in February 2019 on a cybersecurity policy and legislative framework which would address the related issues of e-government, e-commerce and cybersecurity.  This will be an important cornerstone law in preparing Myanmar for the “4th Industrial Revolution.”  Stakeholders underlined that trust is a key component of any e-government and e-commerce system and that trust in the system comes when users understand that their digital rights and digital privacy is protected.  The work on the new cyberlaw is part of the World Bank’s support to the Myanmar government on telecoms reform. The Ministry of Transport and Communications committed to engage with all stakeholders, including civil society, on the consultation process to make the forthcoming framework and law effective and rights-respecting.

There was continued interest in seeing progress on the draft Right to Information law, currently awaiting further action in the Ministry of Information, as well as a renewed call to decriminalize all criminal defamation provisions including Section 66d of the 2013 Telecommunications Law. Participants were keen to learn more about the government’s plans for digitizing national identification (IDs) through the use of “smart cards” that are proposed to include the same information currently found on the physical ID cards.  Participants advised the government to be clear on its objectives and plans for issuing these smart IDs and to ensure there are appropriate data protection requirements in place before issuing the cards, rather than trying to retrofit protections once they are issued.

The Forum focussed on three inter-related elements of digital rights Freedom of Expression, Privacy and Access.  Participants were polled on their views on online freedom in 2018, with almost half believing it had deteriorated (41%) compared to a quarter who had seen improvement (25%), and the rest seeing no change (34%).  Priorities for improving it included improved regulation (58%), public education (24%) and capacity building for government (11%).

There was more pessimism about online privacy and security, with 66% believing it had worsened in 2018, compared to 26% who thought it has stayed the same and only 8% believing it had improved.  Again, regulation (66%) came top of the priorities to address this in 2019, with 22% highlighting the need for user education as important.

The most positive picture came concerning equality of online access, with 78% believing it to have improved, and only 4% saying it had worsened. Priorities for improving equality of access were identified as reducing the urban-rural divide (47%), support for ethnic languages (27%), reducing inequality of access for persons with disabilities (11%), and addressing the gender gap (10%).

The forum was attended by around 250 participants, with almost an even split between women and men, indicating a well-balanced interest among the younger generation in getting involved in digital rights.  Around half the participants identified as civil society, with others identifying as academics (19%), private sector (7%), public sector (9%) and media (3%). Senior government officials from the Ministry of Transport and Communication (MoTC), Ministry of Labour, Immigration & Population (MoLIP), Ministry of Information (MoI), and Ministry of Religious and Cultural Affairs (MoRCA) spoke on panels which also brought together Myanmar and international experts and representatives of private companies such as Ooredoo and Facebook. The MDRF continues to attract new participants to the dynamic discussion on digital rights. This was the biggest MDRF to date, with 85% of participants having not attended the 2018 Forum.

Plenary keynote addresses were given by the Permanent Secretary of the Ministry of Transport and communications, U Soe Thein, award-winning investigative journalist Swe Win of Myanmar Now, and Swedish Ambassador Staffan Herrström. Video addresses were made by British academic and author, Dr Paul Bernal, and Clément Nyaletsossi Voule UN Special Rapporteur on the rights to freedom of peaceful assembly and of association who is compiling a thematic report on how these rights are exercised and protected in the digital age.

Forum participants also held open sessions on issues such as open data, online information on legislative and parliamentary processes, social media and elections, legal restrictions on digital content in Myanmar law, women’s rights online, the Myanmar Press Council and digital media; ethnic harmony; universal design and ICT for people with disabilities; human rights education; hate speech and religious intolerance; public participation and digital activism.

တတိယအကြိမ်မြောက် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်သည် ဇန်နဝါရီလ ၁၉ ရက်နေ့၊ ရန်ကုန်မြို့တွင် ပြီးဆုံးခဲ့သည်။ ဖိုရမ်တွင် မြန်မာနိုင်ငံ၌ ဒီဂျစ်တယ် အခွင့်အရေးကို ကာကွယ်ပေးသည့် မူဝါဒများ နှင့် ဥပဒေအသစ်များ ရေးဆွဲပြဌာန်းရန်နှင့် ၎င်းတို့ကို အကောင်အထည်ဖော်ရေးဆွဲရာတွင် အဓိပ္ပာယ် ပြည့်ဝသော အများပြည်သူအမြင်သဘောထားများကို ဆွေးနွေးရယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

တက်ရောက်လာသူများက အစိုးရမှထုတ်ပြန်သော e-government, e-commerce and cybersecurity ဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်သည့် ဆိုက်ဘာလုံခြုံရေး (cyber security) ဥပဒေ နှင့် စည်းမျဉ်းမူဘောင်အတွက် ၂၀၁၉ ဖေဖော်ဝါရီလတွင် ပွင့်လင်းသော အများပြည်သူအကြံပြုချက်များယူမည့် အစီအစဉ်များကို ကြိုဆိုခဲ့ကြသည်။ ယင်းဆိုက်ဘာဥပဒေသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်စက်မှုတော်လှန်ရေး အတွက်ပြင်ဆင်ရာတွင်အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်မည် ဖြစ်ပါသည်။ သက်ဆိုင်သူများက  ဆွေးနွေးကြရာ e-government နှင့် e-commerce စနစ်တစ်ခုတည်ဆောက်ရာတွင် ယုံကြည်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပြီး၊ ထိုယုံကြည်မှုဆိုသည်မှာ ၎င်းစနစ်ကို အသုံးပြုသောသူများက ထိုစနစ်ကို အသုံးပြုသည့်အခါ မိမိတို့၏ ဒီဂျစ်တယ်အခွင့်အရေးများ နှင့် ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်များကို ကာကွယ်ပေးမည် ဆိုသော နားလည်မှုကို ဆိုလိုကြောင်း ဆွေးနွေးပြောဆိုကြသည်။ ဆိုက်ဘာ ဥပဒေသစ် ပြောင်းလဲမှုသည် ကမ္ဘာ့ဘဏ်၏ အထောက်အပံ့နှင့် မြန်မာနိုင်ငံအစိုးရ တယ်လီဖုန်းဆက်သွယ်ရေး ပြုပြင် ပြောင်းလဲမှုတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါသည်။ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေနှင့်လည်း ကောင်းမွန်၍ ပိုမိုအကျိုးသက်ရောက်ပြီး လေးစားလိုက်နာရမည့် အခွင့်အရေးများအခြေခံသော ဥပဒေကောင်း တစ်ခု ဖြစ်ပေါ်လာရန်အတွက် အရပ်ဘက်အဖွဲ့အစည်းစသော သက်ဆိုင်သူများအားလုံး၏ အမြင်သဘောထား များကို ဆွေးနွေးရယူသွားယူရန် ဆုံးဖြတ်ထားသည်။

ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆက်လက်လုပ်ဆောင်မည့် သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေကြမ်း တိုးတက်ပြောင်းလဲမှုအခြေအနေနှင့် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေမှ ပြဌာန်းချက် တစ်ခုဖြစ်သည့် ပုဒ်မ ၆၆ဃ အပါအဝင် အားလုံးသော အသရေဖျက်မှုပုဒ်မများအား ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ရန် စသည့်အကြောင်းအရာများဆိုင်ရာ စိတ်ဝင်စားမှုများကိုလည်း ဖိုရမ်ဆွေးနွေးပွဲတွင် တွေ့ရသည်။ ဖိုရမ် တက်ရောက်လာသူများက အစိုးရမှ ပြုလုပ်မည့် မူလမှတ်ပုံတင်များကဒ်များတွင်ပါဝင်သော အချက်အလက် များကို အခြေခံ၍  စမတ်ကဒ် အဖြစ် နည်းပညာသုံး ပြောင်းလဲမည့် အစီအစဉ်များကိုလည်း ပိုမိုသိရှိရန် အလေးထား စိတ်ဝင်စားကြသည်ကိုလဲ တွေ့ရသည်။ ဖိုရမ်တက်ရောက်သူများက အစိုးရမှ ပြည်သူများအား စမတ်အိုင်ဒီကဒ်များထုတ်ပေးရာတွင် ယင်းသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်များ နှင့် အစီအစဉ်များကို ရှင်းလင်းမြင်သာစွာ ချပြရန် အကြံပြုတောင်းဆိုခဲ့သည်။ အကြံပြုချက်များတွင် အိုင်ဒီကဒ်များကို ထုတ်ပေးသောအခါမှသာ အကာအကွယ်ပေးမှုများကို ထည့်သွင်းဆောင်ရွက်နိုင်ရန် ကြိုးစားခြင်းထက် သင့်လျော်သော အချက်အလက်ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို အဆိုပါ အိုင်ဒီကဒ်များမထုတ်ပေးမှီ ချမှတ်ထားသင့်ကြောင်းလည်း ပါဝင်သည်။

ဤဖိုရမ်ဆွေးနွေးပွဲတွင် အချင်းချင်းဆက်စပ်လျက်ရှိသော ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လူတိုင်းလက်လှမ်းမီတန်းတူညီမျှအသုံးချနိုင်ခွင့် တို့ကို အလေးပေးဆွေးနွေးခဲ့ကြသည်။ ဖိုရမ်တက်ရောက် လာသူများမှလည်း ၂၀၁၈ ခုနှစ်ရှိ အွန်လိုင်းလွတ်လပ်ခွင့် နှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထားအမြင်များကို ဖြေဆိုခဲ့ကြသည်။ ထိုသို့ဖြေဆိုရာတွင် ဖိုရမ်တက်ရောက်လာသူ တစ်ဝက်နီးပါးက အွန်လိုင်းလွတ်လပ်ခွင့် အခြေအနေ ပိုမိုဆိုးရွာကျဆင်းလာသည်ဟု ယုံကြည်ကြပြီး၊ ၂၅% ကမူ အွန်လိုင်းလွတ်လပ်မှု ပိုမိုရရှိလာသည်ဟု ထင်မြင်ကြောင်း တွေ့ရှိရသည်။ ကျန် ၃၄% မှာမူ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဟု ထင်မြင်ကြောင်း ဖြေဆိုခဲ့ကြသည်။ ယင်းအခြေအနေတိုးတက်လာစေရန် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများအား မဲခွဲရာတွင် တက်ရောက်လာသူများ၏ ၅၈% မှ  မူဝါဒဥပဒေများကို ချမှတ်၊ ပြောင်းလဲခြင်း ၊ ၂၄% မှ အများပြည်သူ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ၁၁% က အစိုးရဝန်ထမ်းများအား စွမ်းဆောင်ရည် မြင့်တင်ပေးခြင်း တို့ကို အသီးသီး လုပ်ဆောင်ရန် လိုအပ်သည်ဟု ဖြေဆိုခဲ့ကြသည်။

အွန်လိုင်းရှိ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး အကြောင်းအရာ ကိစ္စရပ်များ အပေါ်တွင်မူ ဖိုရမ်တက်ရောက်လာသူများ အနေနှင့် အားရကျေနပ်မှု မရှိကြောင်းကို တွေ့ရှိခဲ့ရသည်။ ဖိုရမ်တက်ရောက်လာသူ စုစုပေါင်း၏ ၆၆% က ၂၀၁၈ ခုနှစ်တွင် အွန်လိုင်းရှိ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး တို့၏ အခြေအနေမှာ ပိုမို ဆိုးရွားလာသည်ဟု ယုံကြည်လျက်ရှိကြပြီး ၂၆ % မှာမူ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဟု ဖြေကြားခဲ့ကြသည်။ ဖိုရမ်တက်ရောက်လာသူ စုစုပေါင်း၏ ၈ % ကသာလျှင် အွန်လိုင်းရှိ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး တို့၏ အခြေအနေ ပိုမိုတိုးတက်လာသည်ဟု ထင်မြင်ကြောင်းကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် ဖိုရမ်တက်ရောက်သူများ၏ ၆၆ ရာခိုင်နှုန်းက ၂၀၁၉ တွင် အွန်လိုင်းပေါ်၌ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး ပိုမိုရရှိလာနိုင်ရန်အတွက် မူဝါဒဥပဒေများကို ဦးစားပေး ချမှတ်၊ ပြောင်းလဲရမည်ဟု ယုံကြည်ကြပြီး ၂၂ ရာခိုင်နှုန်းက အများပြည်သူ အသိပညာပေးလုပ်ငန်းများကို ဦးစားပေးရန် အရေးကြီးသည်ဟု ထင်မြင်ပြောဆိုခဲ့ကြသည်။

"အင်တာနက်ရယူသုံးစွဲရာတွင် လူတိုင်းလက်လှမ်းမီ တန်းတူညီမျှအသုံးချနိုင်ရေး” နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် တက်ရောက်လာသူ စုစုပေါင်း၏ ၄% ကသာ အင်တာနက်ရယူသုံးစွဲရာတွင် လူတိုင်းလက်လှမ်းမီ တန်းတူညီမျှ အသုံးချနိုင်မှု အခြေအနေ ဆုတ်ယုတ်လာသည်ဟု ဖြေကြားခဲ့ကြပြီး ၇၈ %က တိုးတက်လာသည်ဟု ဖြေဆိုခဲ့ကြရာ အခြားကဏ္ဍများနှင့် ယှဉ်လိုက်လျှင် ဤကဏ္ဍသည် အပြုသဘောဆောင်မှု အကောင်းဆုံးကဏ္ဍ တစ်ရပ် ဖြစ်သည်ကို တွေ့ရှိရပါသည်။ အင်တာနက်သုံးစွဲရာတွင် လူတိုင်းလက်လှမ်းမီ၍ တန်းတူညီမျှအသုံးချလာနိုင်စေရန် ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍများအား မဲခွဲရာတွင် တက်ရောက်လာသူ ၄၇% က ကျေးလက်၊ မြို့ပြ အင်တာနက်ရယူသုံးစွဲနိုင်မှု ကွာဟချက်များကို လျှော့ချရေး၊ ၂၇% က တိုင်းရင်းသား ဘာသာစကားများဖြင့် သုံးစွဲနိုင်ရေး၊ ၁၁% က မသန်စွမ်းများ တန်းတူညီမျှ အင်တာနက် ရယူသုံးစွဲနိုင်မှုမြှင့်တင်ရေး နှင့် ၁၀% က ကျား၊မ တန်းတူညီမျှ အင်တာနက်ရယူသုံးစွဲနိုင်မှု ကွာဟချက် လျှော့ချရေး စသည်ဖြင့် အသီးသီး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ရလာဒ်များ ထွက်ပေါ်လာခဲ့သည်။

ဖိုရမ်တက်ရောက်သူ စုစုပေါင်း ၂၅၀ ဦး ရှိပြီး အမျိုးသမီးနှင့် အမျိုးသား တက်ရောက်မှု အချိုးအစားမှာလည်း ထပ်တူနီးပါး ရှိပါသည်။ ထို့ကြောင့် ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် လူငယ်မျိုးဆက်သစ်များ၏ စိတ်ဝင်စားမှုနှုန်းမှာ အချိုးအစား ကောင်းစွာ ညီမျှသည်ကို တွေ့ရှိရသည်။ ဖိုရမ်တက်ရောက်သူများ၏ အရေအတွက် တစ်ဝက်မှာ အရက်ဖက်လူ့အဖွဲ့အစည်းများကို ကိုယ်စားပြုနေပြီး ပညာရေးကဏ္ဍမှ ၁၉%၊ ပုဂ္ဂလိကကဏ္ဍမှ ၇%၊ အစိုးရကဏ္ဍမှ ၉% နှင့် မီဒီယာကဏ္ဍမှ ၃% အသီးသီး ကိုယ်စားပြုတက်ရောက်ကြကြောင်း သိရှိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အစိုးရအရာရှိကြီးများကလည်း အပြည်ပြည်ဆိုင်ရာနှင့် မြန်မာ့ကျွမ်းကျင်ပညာရှင်များ၊ အော်ရီဒူးနှင့် Facebook စသည့် ပုဂ္ဂလိကကုမ္ပဏီများက ကိုယ်စားလှယ်များ စသည်တို့နှင့်တကွ စကားဝိုင်း ဆွေးနွေးပွဲများတွင် ဝင်ရောက်ဆွေးနွေးပြောကြားခဲ့ကြသည်။ ယခုနှစ် မြန်မာ့ဒီဂျစ်တယ်အခွင့်အရေးဖိုရမ်၌ အင်တိုက်အားတိုက် ဆွေးနွေးခဲ့သည့် စကားဝိုင်းများတွင် ယခင်က ကျင်းပခဲ့သည့် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်များကို တက်ရောက်ခြင်း မရှိခဲ့သော ဖိုရမ်တက်ရောက် ဆွေးနွေးသူ အများအပြားအားလည်း တွေ့ရှိခဲ့ရပါသည်။ ဖိုရမ်တက်ရောက်သူများ၏ ၈၅% သည် ၂၀၁၈ ခုနှစ် ဖိုရမ်ကို တက်ရောက်ဖူးခြင်း မရှိသေးသည့်သူများ ဖြစ်ပြီး ယခုနှစ်ဖိုရမ်သည် လက်ရှိတွင် တက်ရောက်သူ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။

မျက်နှာစုံညီအဖွင့်အမှာစကားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ စုံစမ်းဖော်ထုတ်သတင်းရေးသားခြင်းဆိုင်ရာဆုရရှိသူ မြန်မာနောင်းသတင်းစာမှ သတင်းထောက်ကိုဆွေဝင်း နှင့် ဆွီဒင်သံအမတ်ကြီး Staffan Herrström တို့မှ ပြောကြားပေးခဲ့ပါသည်။ ထို့အပြင် ဗြိတိန်နိုင်ငံရှိ ပညာရှင် Dr. Paul Bernal မှလည်းကောင်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် အသင်းအဖွဲ့လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Clѐment Nyaletsossi Voule မှလည်းကောင်း ရုပ်သံဗီဒီယိုများဖြင့် အသီးသီး အဖွင့်စကားပြောကြားပေးခဲ့သည်။ Clѐment Nyaletsossi Voule သည် ဒစ်ဂျစ်တယ်ခေတ်တွင် ယင်းအခွင့်အရေးများကို မည်သို့အသုံးပြု၊ ကာကွယ်ပေးနိုင်ကြောင်း ကဏ္ဍအလိုက် အစီရင်ခံစာတစ်စောင် အားလည်း လက်ရှိရေးသားပြုစုနေသူဖြစ်သည်။

ဖိုရမ်တက်ရောက်လာသူများမှလည်း မိမိစိတ်ဝင်စားရာ အွန်လိုင်းဆိုင်ရာ အကြောင်းအရာများကို Open Session များတွင် တင်ပြခဲ့ကြသည်။ ပါဝင်သည့် အကြောင်းအရာများမှာ - မည်သူမဆို ရည်ရွယ်ချက် အသီးသီးဖြင့် နေရာမရွေး အသုံးပြု၊ မျှဝေ၊ တည်ဆောက်နိုင်သည့် အချက်အလက်များ၊ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်သော အွန်လိုင်းရှိ သတင်းအချက်အလက်များ၊ လူမှုကွန်ယက်နှင့် ရွေးကောက်ပွဲများ၊ မြန်မာနိုင်ငံဥပဒေများရှိ ဒီဂျစ်တယ်အကြာင်းအရာများနှင့်ဆိုင်သော ဥပဒေ ကန့်သတ်ချက်များ၊ အမျိုးသမီးများ၏ အွန်လိုင်းတွင် ရရှိသော အခွင့်အရေးများ၊ မြန်မာမီဒီယာကောင်စီနှင့် ဒီဂျစ်တယ်မီဒီယာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မသန်စွမ်းသူများအတွက် ဒီဇိုင်းရေးဆွဲထားသော ကမ္ဘာတစ်လွှားမှ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများ၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ အမုန်းစကားပြောကြားခြင်းနှင့် ဘာသာရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ၊ ပြည်သူများမှ ပူပေါင်းပါဝင် ဆောင်ရွက်ခြင်းနှင့် ဒီဂျစ်တယ်ဆိုင်ရာ လှုပ်ရှားမှုများ စသည်တို့ဖြစ်ပါသည်။

 

နောက်ခံအကြောင်းအရာ

ထပ်မံဖြည့်စွက်ချက်များကို www.myanmar-responsiblebusiness.org/dialogues/digital-rights-forum/

နှင့် digitalrightsmm.info တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တတိယအကြိမ်မြောက် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်ကို Freedom of Expression Myanmar (FEM) အဖွဲ့၊ Myanmar Centre for Responsible Business (MCRB)၊ Myanmar ICT for Development Organization (MIDO) နှင့် Phandeeyar အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပြီး Phandeeyar၌ ကျင်းပခဲ့သည်။

ပါဝင်စီစဉ်သူများအကြောင်း သိရှိလိုပါက အောက်ပါတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

freeexpressionmyanmar.org/

facebook.com/Myanmarido/

mcrb.org.mm

phandeeyar.org

ယခုပွဲ၏ ကုန်ကျစရိတ်များကို ဆွီဒင်သံရုံးနှင့် Heinrich Böll Foundation တို့က ထောက်ပံ့ကူညီ ဆောင်ရွက်ပေးထားပါသည်။