Privacy Amendment welcome but insufficient to address misuse of defamation — နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပြင်ဆင်ချက်သည် ကြိုဆိုဖွယ်ရာ ဖြစ်သော်လည်း အသရေဖျက်မှုနှင့်ပတ်သက်၍ လွဲမှားနေသောပြဿနာများကို ဖြေရှင်းရန် လုံလောက်ပြည့်စုံမှုမရှိပေ
မြန်မာနိုင်ငံ၏ အသရေဖျက်မှုဥပဒေများသည် ဒီမိုကရေစီနှင့်ဆန့်ကျင်ဘက်ဖြစ်နေကြောင်း လွှတ်တော်၏အသိအမှတ်ပြုမှုကို ပြသသော်လည်း ဝေဖန်ထောက်ပြသူများအား အပြစ်ပေးအရေးယူနေသည့် အခွင့်အာဏာကိုမူ ဤနိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပြင်ဆင်ချက်မှ ရပ်တန့်စေလိမ့်မည် မဟုတ်ပေ။ ထိုကြောင့် ဥပဒေပြင်ဆင်ချက်ကို ပိုမိုအကျယ်တဝံ့ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ အဆိုပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ရက် တွင် လွှတ်တော်မှ အတည်ပြုပြဌာန်း ခဲ့သည်။ မူလ “နိုင်လွတ်လုံ ဥပဒေ ”(၂၀၁၇)သည် လူတစ်ဦးတစ်ယောက်ချင်းစီ အပေါ် အထိန်းအကွပ်မဲ့ စောင့်ကြပ်မှုအား ကာကွယ်ရန် အပေါ်ယံသွင်ပြင်လောက်သာ