Defence lawyers’ toolkit for “false news” cases in Myanmar မြန်မာနိုင်ငံအတွင်း “သတင်းအမှား”ဆိုင်ရာ တရားခံရှေ့နေလက်စွဲ
ရာနှင့်ချီသော အပြစ်မဲ့သတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ် သူများ၊ တက်ကြွလှုပ်ရှားသူများ၊ Facebook အသုံးပြုသူများ၊ ဆန္ဒ ထုတ်ဖော်သူများနှင့် နိုင်ငံရေးသမားများသည် ၎င်းတို့၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံး၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခြင်း ကြောင့် မြန်မာနိုင်ငံ၏ သတင်းအမှားဆိုင်ရာဥပဒေများအရ ဖမ်းဆီး ခြင်း၊ တရားစွဲဆိုခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ (မြန်မာဥပဒေ တွင် “မမှန်သတင်း”ဟု သုံးနှုန်းသော်လည်း ယခုအစီရင်ခံစာတွင် အများ ရင်းနှီးပြီးသားဖြစ်သော “သတင်းအမှား” ကိုသာ အသုံးပြုသွားပါမည်။) ဤ”သတင်းအမှား”ဆိုင်ရာ လက်စွဲကို မြန်မာနိုင်ငံ၌ အမြစ်တွယ်နေသည့် မတရားသော တရားရေးစနစ်ကို တစ်လှမ်းခြင်း ခုခံတွန်းလှန်နေမှု၏ အ စိတ်အပိုင်းတစ်ခုအဖြစ် တရားခံများ (တရားစွဲဆိုခံရသူများ)၊