fbpx

Joint statement condemning one of the world’s longest internet shutdowns in Rakhine State — ကမ္ဘာ့အချိန်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုများတွင် တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်ရှိ အင်တာနက်ဖြတ်တောက်မှုအ​ပေါ် ရှုံ့ချကြောင်း ပူးတွဲ သဘောထား ကြေညာချက်

We, civil society organisations and individuals, condemn the continued shut down of all internet access in part of Rakhine State, which entered six months today and is now one of the longest shutdowns in the world.

All access to the internet was shut down in nine townships in conflict-ridden Rakhine and Chin States on 21 June 2019. Internet access remains shut down in four townships of Rakhine State - Mrauk-U, Kyauktaw, Minbya, Ponnagyun - six months later, on 21 December 2019.​

Despite global condemnation, including from the UN itself, the government has refused to restore internet access.

The government has justified the shutdown on the basis of national security. However, there has been no evidence that the disproportionate decision has had any positive effect on reducing the conflict, which remains pervasive.

Stakeholders have highlighted a range of significant detrimental economic, social, developmental, political, and civil concerns.

Rakhine State is already one of the least developed regions of Myanmar. The shutdown will undoubtedly make this situation and the conflict itself worse.

We, therefore, call on the government to:

  • Immediately lift all restrictions on internet access and to restore telecommunication unconditionally  to full capacity in the remaining four townships of Rakhine State
  • Review Articles 77 and 78 and other Articles of the 2013 Telecommunication Law and amend them to be in line with human rights standards 
  • Refrain from restricting internet access in future, either in these currently affected areas or elsewhere in Myanmar, including in other conflict areas, and during periods of elections.

Signed,

    • Action Committee for Democracy Development
    • Arakan CSO Network 
    • Association of Human Rights Defenders & Promoters - HRDP
    • Athan - Freedom of Expression Activist Organization 
    • Free Expression Myanmar (FEM) 
    • Kachin National Youth Network
    • Kachin State Youth Assembly
    • Karenni Human Rights Group
    • Mandalay Federalism Institute
    • Metta Campaign
    • Myan ICT for Development Organization (MIDO)
    • Phandeeyar
    • Progressive Voice 
    • Rakhine Youth New Generation Network ရခိုင်လူငယ်မျိုးဆက်သစ်-ကွန်ရက် 
    • Smile Myanmar 
    • Synergy - Social Harmony Organization
    • The Seagull: Human Rights, Peace & Development
    • Union of Karenni State Youth - UKSY
    • Daw Ei Myat Noe Khin (Digital Rights Activist)
    • Daw Wai Phyo Myint (Digital Rights Advocate) 

NOTES

  1. The UN Human Rights Council has repeatedly adopted resolutions, most recently in 2018, identifying uninterrupted internet access as a fundamental enabler for the enjoyment of human rights. 
  2. On 20 June the Ministry of Transport and Communications (MoTC) issued a directive toward all mobile phone operators  - MPT, Mytel, Telenor and Ooredoo - to temporarily suspend mobile internet service in the conflict ridden townships of Rakhine and Chin States, effective at 10:00 PM (local time) on 21st June.

According to a media interview given by MoTC’s Permanent Secretary U Soe Thein, the directive was issued on the basis of the Article 77 of the 2013 Telecommunication Law, with the approval of the Union Government and he explained that the ban was intended “to maintain the stability and law and order in these areas”.

ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ခံရမှုသည် ယနေ့အချိန်တွင် ၆ လကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ အရှည်ကြာဆုံး ဖြတ်တောက်မှုများတွင် တစ်ခုအပါအဝင် ဖြစ်လာနေပြီ ဖြစ်ရာ ကျွန်ုပ်တို့ အရပ်ဖက်အဖွဲ့များနှင့် အင်တာနက်အရေး လှုပ်ရှားသူ တစ်ဦးချင်းစီက အစိုးရ၏ ဆက်လက် အင်တာနက်ဖြတ်တောက်မှုကို ရှုံ့ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ 

ပဋိပက္ခများဖြစ်ပွားလျက်ရှိသော ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် (၉) မြို့နယ်တွင် ၂၀၁၉ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စ၍ မိုဘိုင်းအင်တာနက်ဆက်သွယ်မှုကို အစိုးရ ကြိုတင် အသိပေးတိုင်ပင်ခြင်း မရှိဘဲ ဖြတ်တောက်ခဲ့သည်။ ယင်းတို့ ဖြတ်တောက်မှု၏ ခြောက်လအကြာ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် - ၄ မြို့နယ်ဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် အင်တာနက်ဖြတ်တောက်ခံနေရဆဲ ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာမှ ရှုံချမှုများရှိနေသော်လည်း အစိုးရက ယနေ့အချိန်ထိ အဆိုမြို့နယ်များတွင် မိုဘိုင်းအင်တာနက်ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမှု မရှိသေးသည်ကို တွေ့ရသည်။ 

အစိုးရက အင်တာနက်ဖြတ်တောက်မှုကို နိုင်ငံတော် လုံခြုံရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည် ဟု ဆိုသော်လည်း ယင်းကဲ့သို့ ကြောင်းကျိုး ညီမျှ မှု မရှိသည့် ဆုံးဖြတ်ချက်ဖြစ်ပြီး အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် အဆိုပါဒေသတွင် ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်​ပြီး ပဋိပက္ခ ဖြစ်ပွားမှုကို လျော့ချရာတွင် အထောက်အကူ ပြုသည်ဆိုသည့် အထောက်အထား မတွေ့ရှိရပေ။ 

ဒေသခံများနှင့် အင်တာနက်ပြန်လည်ရရှိရေး တိုက်တွန်းသူများအားလုံးက အင်တာနက် ဖြတ်တောက်ခံရမှု ကြောင့် ဒေသခံများအပါအဝင် အားလုံး ကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးအပါအဝင် အများပြည်သူနှင့် ဆိုင်သည့် ကိစ္စရပ်များအပေါ် ဆိုးရွားစွာသက်ရောက်နေမှုများကို ထောက်ပြ ပြောကြားလျက်ရှိပါသည်။   

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုအ ားအနည်းဆုံးသော ပြည်နယ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်ရာ အင်တာနက်ဖြတ်တောက်ခံရမှုသည် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှု နိမ့်ကျသည့်အ ခြေအနေများ နှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားလာစေနိုင်သည် မှာ အငြင်းပွားဖွယ်ရာ မရှိပေ။ 

သို့ပါ၍ ကျွန်ုပ်တို့သည် အစိုးရအား အောက်ပါ အချက်များကို တောင်းဆိုပါသည်။

  • အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်မှု နှင့် အင်တာနက်အမြန်နှုန်းလျော့ချမှုများကို ချက်ခြင်းရပ်တန့်ကာ ရခိုင်ပြည်နယ်ရှိ အဆိုပါ မြို့နယ် (၄) မြို့နယ်နှင့် ဆက်စပ်နေရာများတွင် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်မှုများ အပြည့်အဝ ရရှိရေးကို ခြွင်းချက်မရှိ ချက်ခြင်းလုပ်ဆောင်ရန်။
  • ဆက်သွယ်ရေးဥပဒေပါ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၇၇၊ ၇၈ နှင့် ကျန်ပုဒ်မများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြန်လည် သုံးသပ်၊ ပြင်ဆင်ရန်။
  • အနာဂတ်တွင်လည်း အဆိုပါ ဒေသများသော်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးရှိ လက်နက်ကိုင်ပ ဋိပက္ခဖြစ်ပွားသည့် အခြားဒေသများအပါအဝင်  ကျန်ဒေသများတွင် သော်လည်းကောင်းနှင့် လာမည့် ရွေးကောက်ပွဲကာလများတွင် ယခုကဲ့သို့ အင်တာနက်နှင့် အခြားဆက်သွယ်ရေး စနစ်များအား ထပ်မံဖြတ်တောက်ခြင်းများ၊ အင်တာနက်အမြန်နှုန်းလျော့ချမှုများ (လုံးဝ) မပြုလုပ်ရန်။ 

 

မှတ်ချက်

၁။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ကန့်သတ်၊ နှောင့်ယှက်ခြင်းမခံရဘဲ အင်တာနက် အဆက်မပြတ်ရရှိရေးသည်  အခြားလူ့အခွင့်အရေးများရရှိရေးအတွက် အခြေခံအခွင့်အရေး တစ်ခုဖြစ်ကြောင်း နောက်ဆုံးအနေဖြင့် ၂၀၁၈ခုနှစ်က ထုတ်ပြန်ချက်အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက် အများအပြားတွင် အတိအလင်းဖော်ပြထားပြီး ဖြစ်သည်။

၂။ ဇွန်လ ၂၀ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက  ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် MPT ၊ Mytel ၊ Telenor နှင့်  Ooredoo သို့ ပေးပို့ကာ ဇွန်လ ၂၁ ရက်နေ့ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် အမိန့်တစ်ရပ်ကို ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းများအား ပေးပို့ကြောင်း သိရှိရသည်။ 

၃။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဆိုပါ အမိန့်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၇၇) အရ “အများပြည်သူလုံခြုံရေးအခြေအနေအရ တည်ငြိမ် အေးချမ်းမှုပျက်တယ်၊ တရားဥပဒေစိုးမိုးမှု မကောင်းဘူးဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ပြည်တွင်းမီဒီယာတစ်ခုအား ဖြေကြားထားသည်ကို တွေ့ရပြီး၊ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်မှုကို ပြန်လည်ဖွင့်ပေးမည့် အချိန်ကိုမူ မသိရသေးကြောင်း ပြောကြားထားသည်။  

လက်မှတ်ထိုးသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ

    • Action Committee for Democracy Development
    • Arakan CSO Network - ရခိုင်လူငယ်မျိုးဆက်သစ်-ကွန်ရက်
    • Association of Human Rights Defenders & Promoters - HRDP
    • Athan - Freedom of Expression Activist Organization 
    • Free Expression Myanmar (FEM) 
    • Kachin National Youth Network
    • Kachin State Youth Assembly
    • Karenni Human Rights Group
    • Mandalay Federalism Institute
    • Metta Campaign
    • Myan ICT for Development Organization (MIDO)
    • Phandeeyar
    • Progressive Voice  
    • Smile Myanmar 
    • Synergy - Social Harmony Organization
    • The Seagull: Human Rights, Peace & Development
    • Union of Karenni State Youth - UKSY
    • Daw Ei Myat Noe Khin (Digital Rights Activist)
    • Daw Wai Phyo Myint (Digital Rights Advocate)