fbpx

Deactivating SIM cards during Covid-19 violates rights — Covid 19 ကာလအတွင်း ဆင်း(မ်)ကဒ်များကို ပိတ်သိမ်းခြင်းသည် လူ့အခွင့်အရေးများကိုချိုးဖောက်ခြင်း ဖြစ်သည်။

The government order to deactivate millions of unregistered SIM cards is disproportionate and incompatible with international standards, especially under Covid-19 when all focus should be on ensuring communications and access to information.

The right to freedom of expression and information is critical in the response to Covid-19. The government should focus on ensuring that the public has access to information about Covid-19, as well as supporting the public to tackle the psychosocial impact of lockdown isolation, both of which require an increase in internet access and phone calls. This is the worst decision at the worst time.

The Ministry of Transport and Communications ordered telecoms companies to bar outgoing calls for millions of unregistered SIM cards from 30 April. Subscribers were previously told to register their citizenship ID to their SIM card. On 30 Juneunregistered SIM cards will be deactivated with subscribers’ money lost and their phone numbers deleted. In a previous cull, 6.5 million SIM cards were deactivated.

International standards state that governments “should refrain from making the identification of users a condition for access to digital communications and online services and requiring SIM card registration for mobile users”.

The justification given for mandatory SIM card registration – that it will assist in reducing criminal and fraudulent activity – is unproven. There is no evidence of success from those countries such as Pakistan and Saudi Arabia, which have adopted registration. Criminals have just adapted their behaviour, for example by using stolen SIM cards or using internet chat apps.

Instead, mandatory registration results in a range of human rights violations.

SIM card registration facilitates mass surveillance of subscribers. It enables the government to monitor what the SIM card is used for. The government can create comprehensive profiles of individual subscribers, which can potentially be misused for example to target political opposition. This violates the right to privacy.

Mandatory registration also encourages self-censorship. Subscribers are less likely to communicate if they believe that they are being monitored. Subscribers also lose their ability to call, send messages, and access the internet when SIM cards are deactivated. This violates the right to freedom of expression and information.

Registration can also discriminate against marginalised people. For example, poor people are less likely to have citizenship IDs and therefore more likely to have their SIMs deactivated and to be blocked from buying new SIM cards. This could potentially violate their right to non-discrimination.

FEM urges the Myanmar government to quickly cancel – or at least significantly postpone – their order to telecommunications companies, and then conduct an inclusive consultation on the most effective ways to reduce crime using communications technologies.

 

မှတ်ပုံတင်ထားခြင်းမရှိသည့် သန်းချီသောဆင်း(မ်)ကဒ်များအား ပိတ်သိမ်းခိုင်းစေသည့် အစိုးရ၏အမိန့်သည် အချိုးညီမျှမှုမရှိသည့်အပြင် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိပေ။ အထူးသဖြင့် Covid 19 အခြေအနေအောက်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်လက်ခံရရှိမှုများကို သေချာစေရန် အားလုံးအာရုံစိုက်သင့်သည့်အချိန် ဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်လွတ်လပ်ခွင့်သည် Covid-19 ကို တုံ့ပြန်ရာတွင် အဓိကကျသည်။ အစိုးရအနေဖြင့် အများပြည်သူက Covid-19နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိစေရန်နှင့် သီးသန့်ခွဲထုတ်နေစေမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာအကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပံ့ပိုးပေးသည့်အနေဖြင့် အင်တာနက်ဆက်သွယ်မှုနှင့် ဖုန်းခေါ်ဆိုမှုများ တိုးမြှင့်လိုအပ်မှုအပေါ် သေချာစေရန် အာရုံစိုက်သင့်သည်။ ဤလုပ်ဆောင်မှုသည် အစိုးရက အဆိုးဆုံးအချိန်အခါတွင် အညံ့ဆုံးသောဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆက်သွယ်ရေးကုမ္ပဏီများကို ဧပြီလ ၃၀ ရက်မှ စတင်၍ မှတ်ပုံတင်ထားခြင်းမရှိသော သန်းချီသော ဆင်း(မ်)ကဒ်များအတွက် အထွက်ဖုန်းခေါ်ဆိုမှုများကို တားမြစ်ရန် အမိန့်ပေးခဲ့သည်။ စာရင်းပေးသွင်းသူများကို ဆင်း(မ်)ကဒ်မှတ်ပုံတင်ရာတွင် ၄င်းတို့၏ နိုင်ငံသားစိစစ်ရေးကဒ်ကိုပါ ပူးတွဲတင်ပြရန် ပြောခဲ့ပြီးဖြစ်သည်။ ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်း(မ်)ကဒ်များကို ဖျက်သိမ်းပစ်မည်ဖြစ်ပြီး သုံးစွဲသူများ၏ ကျန်ရှိငွေများ ဆုံးရှုံးသွားမည့်အပြင် ၄င်းတို့၏ ဖုန်းနံပါတ်များကိုလည်း ပယ်ဖျက်လိမ့်မည်။ ယခင်ကောက်နုတ်ချက်များအရ (၆.၅)သန်းသော ဆင်း(မ်)ကဒ်များကို အပြီးပိတ်သိမ်းခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာစံနှုန်းမျာတွင် အစိုးရများအနေဖြင့် ဒီဂျစ်တယ်ဆက်သွယ်ရေးနှင့် အွန်လိုင်းဝန်ဆောင်မှုများရယူရန် အတွက် အသုံပြုသောသူများအား မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရွေးထုတ်ခြင်းနှင့် မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ဆင်း(မ်)ကဒ်မှတ်ပုံတင်ရန် လိုအပ်ခြင်းများမှ ရှောင်ရှားသင့်သည် ဟု ဖော်ပြထားသည်။

ရာဇဝတ်မှုများနှင့် လိမ်လည်မှုများ လျှော့ချရာတွင် အထောက်အကူဖြစ်စေသည်ဟု ဆို၍ မဖြစ်မနေပြုလုပ်ရန်လိုအပ်သော ဆင်း(မ်)ကဒ်မှတ်ပုံတင်ခြင်းသည် မှန်ကန်၍ကျိုးကြောင်းဆီလျော်သည်ဆိုသည်ကို သက်သေမပြနိုင်ပါ။ မှတ်ပုံတင်ခြင်းကို သဘောတူလက်ခံပြုလုပ်ခဲ့သော ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗီးယားကဲ့သို့ နိုင်ငံများတွင်လည်း အောင်မြင်ခဲ့သည်ဆိုသော အထောက်အထား တစ်စုံတစ်ရာမျှ မရှိပေ။ ရာဇဝတ်သားများသည် ခိုးယူထားသော ဆင်း(မ်)ကဒ်များအားအသုံပြုခြင်းနှင့် အင်တာနက်ဖြင့်စကားပြောဆိုနိုင်သောအက်ပ်များကို အသုံးပြုခြင်းကဲ့သို့သော အပြုအမူများကို ပြောင်းလဲခြင်းဖြင့် ဆက်လက်ကျူးလွန်ဆဲ ဖြစ်သည်။

ထို့အပြင် တရားဝင်မှတ်ပုံတင်ရန်ပြဌာန်းချက်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည်။

ဆင်း(မ်)ကဒ်မှတ်ပုံတင်ခြင်းသည် အသုံးပြုသူများအား အစုလိုက်အပြုံလိုက်နောက်ယောင်ခံစောင့်ကြည့်ခြင်းကို ပိုမိုလွယ်ကူစေသည်။ ၄င်းမှတစ်ဆင့် အစိုးရသည် ဆင်း(မ်)ကဒ်ကိုမည်သည့်အရာများအတွက်အသုံးပြုနေသည်ကို စောင့်ကြည့်နိုင်သည်။ အစိုးရသည် အသုံးပြုသူတစ်စုံတစ်ဦး၏ ပြည့်စုံနားလည်နိုင်သော ကိုယ်ရေးအချက်အလက်များကို ဖန်တီးလာနိုင်ပြီး နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် နိုင်ငံရေးအတိုက်အခံများကို ပစ်မှတ်ထားရာ၌ တလွဲအသုံးပြုနိုင်သည့် အလားအလာရှိသည်။ ၄င်းသည် ပုဂ္ဂိုလ်ရေးအရ လွတ်လပ်လုံခြုံခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။

မဖြစ်မနေမှတ်ပုံတင်စေခြင်းသည် မိမိကိုယ်ကို ဆင်ဆာဖြတ်တောက်မှုကိုလည်း အားပေးအားမြှောက်ပြုသည်။ အသုံးပြုသူများသည် ၄င်းတို့စောင့်ကြည့်ခံနေရသည်ဟု ယုံကြည်လာစေနိုင်ပြီး ဆက်သွယ်ပြောဆိုမှုများ နည်းလာနိုင်သည်။ သုံးစွဲသူများသည် ဆင်း(မ်)ကဒ်များ ပိတ်သိမ်းပစ်ခံရသည့်အခါ ၄င်းတို့၏ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက်သုံးခြင်းများကိုလည်း ဆုံရှုံးရမည်ဖြစ်သည်။ ၄င်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်လွတ်လပ်ခွင့်အပေါ် ချိုးဖောက်ခြင်းဖြစ်သည်။

မှတ်ပုံတင်ခြင်းသည် ဖယ်ကျဉ်ခံထားရသည့်သူများကို ခွဲခြားဆက်ဆံခြင်းကို ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် ဆင်းရဲသားများသည် နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ရန် အခက်အခဲရှိသည့်အတွက် ၄င်းတို့၏ ဆင်း(မ်)ကဒ်များ ပိတ်ပင်ခံရနိုင်ပြီး ဆင်း(မ်)ကဒ်အသစ်ဝယ်ယူခြင်းမှလည်း ကန့်သတ်ခံရနိုင်သည်။ ဤအရာသည် ခွဲခြားဆက်ဆံမှုမရှိစေရဟူသည့် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။

FEM အနေဖြင့် မြန်မာအစိုးရအား ဆက်သွယ်ရေးကုမ္ပဏီများသို့ ညွှန်ကြားထားသော အမိန့်စာများကို အမြန်ဆုံး ပယ်ဖျက်ပေးရန် သို့မဟုတ် အနည်းဆုံးအနေဖြင့် ရက်ကိုသိသိသာသာရွှေ့ဆိုင်းပေးရန်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချရန် အထိရောက်ဆုံးနည်းလမ်းများနှင့် ပတ်သက်၍ အားလုံးပါဝင်သည့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်းလိုက်သည်။