fbpx

Internet Shutdown in Rakhine and Chin States – ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ်များတွင် အင်တာနက် ဖြတ်တောက်မှု အပေါ် ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများမှ ကြေညာချက်ထုတ်ပြန်ခြင်း

All governments have the duty to protect the right to freedom of expression and information, all the more so if they are democratically elected. However, the decision to shut down internet access in nine townships in Rakhine and Chin States without any prior notice or limitation clearly infringes these human rights and is a matter of great concern to our organizations as it should be to all of the millions of internet users in Myanmar. The UN Human Rights Council has repeatedly adopted resolutions, most recently in 2018, identifying uninterrupted internet access as a fundamental enabler for the enjoyment of human rights.

On 20 June the Ministry of Transport and Communications (MoTC) issued a directive toward all mobile phone operators - MPT, Mytel, Telenor and Ooredoo - i to temporarily suspend mobile internet service in the conflict ridden townships of Rakhine and Chin States, effective at 10:00 PM (local time) on 21st June. According to a local media report, mobile internet service has been suspended in 8 townships from Rakhine State (Ponnagyun, Rathedaung, Mrauk-U, Kyauktaw, Minbya, Myebon, Maungdaw, and Buthidaung) and Paletwa Township, Chin State although voice and SMS services are still available. More than one million residents of the affected areas have lost access to the internet as a result.

According to a media interview given by MoTC’s Permanent Secretary U Soe Thein, the directive was issued on the basis of the Article 77 of the 2013 Telecommunication Law, with the approval of the Union Government and he explained that the ban was intended “to maintain the stability and law and order in these areas”. He also said that the directive does not specify when the internet will be resumed in those affected areas. This is the first instance of application of Article 77 of 2013 Myanmar Telecommunication Law, and its use is a mater of great concern to us all.

The Government has not yet made any public official announcement regarding the internet shutdown. Out of four mobile operators, so far, only Telenor informed the affected users of the internet shutdown via SMS and issued a public announcement regarding the matter.

Access by media and humanitarian organisations to the affected areas are restricted. The current internet shutdown will further reduce availability of information about the armed conflicts and its impacts on civilians. This increases our concerns for their safety as the ability of the government to protect them will be reduced. Removal of internet access, including to Facebook, reduces the ability of emergency services to communicate and locate people, and undermines the abilities of the authorities to disseminate important information to move people to safety. Furthermore less information will be available to those seeking to defend their human rights including elected members of parliaments, human rights defenders and the media.

Internet shutdown has a wide impact on the rights to livelihood, health, education and safety even during normal circumstances. Internet shutdown in a conflict area is a more serious concern regarding the safety of the community members. The right to information and freedom of expression by local residents plays a pivotal role in ensuring help, emergency services and humanitarian aid can be delivered and facilitating contact between displaced families.

We therefore call on the government to -

  • Immediately lift all restrictions on internet access and to restore telecommunication unconditionally to full capacity in the nine townships of rakhine and Chin States
  • Review Articles 75, 76, 77 and 78 of the 2013 Telecommunication Law and amend them to be in line with human rights standards
  • Refrain from restricting internet access in future, either in these currently affected areas or elsewhere in Myanmar, including in other conflict areas, and during periods of elections.

We also call on telecommunications operators to provide full information about government-imposed restrictions on telecommunications access, and to join us in advocacy towards government to ensure that internet access is not restricted in future.

Contacts
Daw Wai Phyo Myint - Myanmar Center for Responsible Business (MCRB)
09 795 333 831
Daw Yin Yadanar Thein - Free Expression Myanmar (FEM)
09 791 689 646
Daw Yatanar - ‘Myan’ ICT for Development Organization (MIDO)
09 450 025 616

Myanmar Digital Rights Forum Team

  • Free Expression Myanmar (FEM)
  • Myan ICT for Development Organization (MIDO)
  • Myanmar Center for Responsible Business (MCRB)
  • Phandeeyar

Others

Daw Ei Myat Noe Khin (Digital Rights Activist)
Athan
Action Committee for Democratic Development (ACDD)
Association of Human Rights Defenders & Promoters (AHRDP)
Loka Ahlinn
Mandalay Federalism Institute
Myanmar People Alliance (Shan State)
Myittar Campaign
The Seagull: Human Rights, Peace & Development
Human Rights Foundation of Monland
Peace and Development Center (Meikhtila)
Future Light Center
Progressive Voice
Karenni Human Rights Group (KnHRG)
Smile Myanmar
Synergy - Social Harmony Organization

၁။ အစိုးရတိုင်းတွင် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက်ရရှိပိုင်ခွင့်ကို မြှင့်တင်ကာကွယ်ပေးရန် တာဝန်ရှိသည်။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်သည့် အစိုးရဆိုလျင် ပို၍ပင် တာဝန်ရှိပေသည်။ သို့သော်လည်း အများပြည်သူအား ကြိုတင်အသိပေးခြင်းမရှိဘဲ ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် (၉) မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းသည် အဆိုပါ လူ့အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပြီး မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူ သန်းပေါင်းများစွာအတွက် စိုးရိမ်စရာဖြစ်သလို၊ ကျွန်ုပ်တို့အဖွဲ့အစည်းများကလည်း လွန်စွာစိုးရိမ်မိသည့် ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားလိုပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ကန့်သတ်၊ နှောင့်ယှက်ခြင်းမခံရဘဲ အင်တာနက် အဆက်မပြတ်ရ ရှိရေးသည်  အခြားလူ့အခွင့်အရေးများရရှိရေးအတွက် အခြေခံအခွင့်အရေး တစ်ခုဖြစ်ကြောင်း နောက်ဆုံးအနေဖြင့် ၂၀၁၈ခုနှစ်က ထုတ်ပြန်ချက်အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက် အများအပြားတွင် အတိအလင်းဖော်ပြထားပြီး ဖြစ်သည်။

၂။ ဇွန်လ ၂၀ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက  ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် MPT ၊ Mytel ၊ Telenor နှင့်  Ooredoo သို့ ပေးပို့ကာ ဇွန် ၂၁ ရက်နေ့ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် အမိန့်တစ်ရပ်ကို ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းများအား ပေးပို့ကြောင်း သိရှိရသည်။ ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက် အရ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ် (ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်းတော၊ ဘူးသီးတောင်) နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ခံရကာ တယ်လီဖုန်းခေါ်ဆိုခြင်း နှင့်  စာတို (sms) ပေးပို့သည့် ဝန်ဆောင်မှုများသာ အသုံးပြုနိုင်ကြောင်း သိရသည်။ အဆိုပါ မြို့နယ်များတွင် သန်းခေါင်စာရင်းအရ နေထိုင်သူ လူဦးရေတစ်သန်းကျော်သည် ယခု စာထုတ်ပြန်ချိန် (ဇွန်လ (၂၄) ရက်၊ နေ့လည် (၁၂) နာရီ)အထိ  အင်တာနက်ဆက်သွယ်ပြတ်တောက်မှုကို ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

၃။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အဆိုပါ အမိန့်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၇၇) အရ “အများပြည်သူလုံခြုံရေးအခြေအနေအရ တည်ငြိမ် အေးချမ်းမှုပျက်တယ်၊ တရားဥပဒေစိုးမိုးမှု မကောင်းဘူးဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ပြည်တွင်းမီဒီယာတစ်ခုအား ဖြေကြားထားသည်ကို တွေ့ရပြီး၊ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်မှုကို ပြန်လည်ဖွင့်ပေးမည့် အချိန်ကိုမူ မသိရသေးကြောင်း ပြောကြားထားသည်။  ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ၂၀၁၃ ခုနှစ်ကတည်းက ယခုကဲ့သို့ ပုဒ်မ (၇၇) ကိုသုံးကာ အင်တာနက် ဆက်သွယ်မှုအားဖြတ်တောက်ရန် အစိုးရအဖွဲ့က ညွှန်ကြားမှုမျိုး မရှိခဲ့ရာ ယခုကဲ့သို့ ဖြတ်တောက်ရန် ပထမဆုံးအကြိမ် အမိန့် ညွှန်ကြားချက်ထုတ်ပြန်ခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။   

၄။ ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်မှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ယခု စာထုတ်ပြန်ချိန် (ဇွန်လ ၂၄ ရက်၊ ၁၂ နာရီ) အထိ အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေငြာခြင်း မရှိသည်ကို တွေ့ရသည်။ မိုဘိုင်းဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီ ၄ ခုအနက် ယခုအချိန်ထိ တယ်လီနော ကုမ္ပဏီ တစ်ခုကသာ အင်တာနက်ဖြတ်တောက်ခံရသည့် ဒေသရှိ အသုံးပြုသူများအား စာတို (sms) ပေးပို့ အကြောင်းကြားခြင်းနှင့် အများပြည်သူအတွက် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခြင်း တို့ကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

၅။ အဆိုပါဒေသသည် ပြည်တွင်း၊ ပြည်ပမီဒီယာများဝင်ရောက် သတင်းရယူခွင့်နှင့် လူသားချင်း စာနာသည့် အထောက်အပံ့ပေးသည့်အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည့် ဒေသ ဖြစ်သည်။ သို့ဖြစ်ရာ ယခုကဲ့သို့ အင်တာနက် ဖြတ်တောက်ခြင်းသည် လက်နက်ကိုင် ပဋိပက္ခများနှင့် ၎င်းတို့၏ ဒေသခံပြည်သူများအပေါ် ထိခိုက်မှုများနှင့် ပတ်သက်၍  သတင်းအချက်အလက်ရ ယူနိုင်မှုကို ပို၍ ထိခိုက်စေပါသည်။ သို့ဖြစ်ရာ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် အစိုးရက ကာကွယ်ပေးနိုင်မှု စွမ်းရည်ကျဆင်းနိုင်သည်ဖြစ်ရာ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုများကို ပို၍ တိုးလာစေပါသည်။ Facebook စာမျက်နှာသို့ ဆက်သွယ်နိုင်မှုအပါအဝင် အင်တာနက်ဆက်သွယ်မှု ကို ဖြတ်တောက်ခြင်းသည် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒေသခံပြည်သူများအား ဆက်သွယ်နိုင်မှုနှင့် ၎င်းတို့ရှိသည့် နေရာများကို သိနိုင်စေမှုတို့ကို ထိခိုက်စေသည်။ ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများက လူအများအား လုံခြုံရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များဖြန့်ဝေရာတွင်အခက်အခဲဖြစ်နိုင်သည်ကို တွေ့ရသည်။ ထို့အပြင် ဒေသခံပြည်သူများ၏ အခွင့်အရေးအရေး ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအပါအဝင်၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် မီဒီယာများသို့ သတင်းပေးပို့ ဖလှယ်နိုင်မှု ထိခိုက်စေပါသည်။

၆။ အင်တာနက်ဖြတ်တောက်ခြင်းသည် သာမန်အခြေအနေတွင်ပင်လျှင် အသက်မွေးဝ မ်းကျောင်း မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် လွန်စွာ ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်စေသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခြင်းသည် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်စရာကိစ္စရပ်ဖြစ်ပါသည်။ ဒေသခံပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် သတင်း အချက်အလက်ရယူခွင့်တို့သည် လိုအပ်သည့် အကူအညီများ၊ အရေးပေါ်ဝန်ဆောင်မှု များနှင့် လူသားခြင်းစာနာသည့် အထောက်အပံ့များ ပို့ဆောင်နိုင်ရေးနှင့် စစ်ပြေးရှောင်နှင့် ရွှေ့ပြောင်း မိသားစုများ အချင်းချင်း ဆက်သွယ်နိုင်မှုရရှိရေးများအတွက် လွန်စွာ အရေးကြီးသည်။

၇။  သို့ပါ၍ ကျွန်ုပ်တို့သည် အစိုးရအား အောက်ပါ အချက်များကို တောင်းဆိုပါသည်။

  • အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်မှု နှင့် အင်တာနက်အမြန်နှုန်းလျော့ချမှုများကို ချက်ခြင်းရပ်တန့်ကာ ရခိုင်နှင့် ချင်းပြည်နယ်များရှိ အဆိုပါ မြို့နယ် (၉)မြို့နယ်တွင် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်မှုများ အပြည့်အဝ ရရှိရေးကို ခြွင်းချက်မရှိ ချက်ခြင်းလုပ်ဆောင်ရန်။
  • ဆက်သွယ်ရေးဥပဒေပါ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၇၇၊ ၇၈ နှင့် ကျန်ပုဒ်မများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြန်လည် သုံးသပ်၊ ပြင်ဆင်ရန်။
  • အနာဂတ်တွင်လည်း အဆိုပါ ဒေသများသော်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် အခြားဒေသများအပါအဝင်  ကျန်ဒေသများတွင် သော်လည်းကောင်းနှင့် လာမည့် ရွေးကောက်ပွဲကာလများတွင် ယခုကဲ့သို့ အင်တာနက်နှင့် အခြားဆက်သွယ်ရေး စနစ်များအား ထပ်မံဖြတ်တောက်ခြင်းများ၊ အင်တာနက်အ မြန်နှုန်းလျော့ချမှုများ (လုံးဝ) မပြုလုပ်ရန်။  

၈။ ထို့အတူ - ကျွန်ုပ်တို့သည် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ကိုင်သူများနှင့် အခြားအင်တာနက် ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်နေကြသော ကုမ္ပဏီများအားလည်း - အင်တာနက်နှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် အစိုးရက ချမှတ်သည့် ကန့်သတ်ချက်များနှင့် ပတ်သက်၍ သတင်းအချက်အလက် အပြည့်အဝအား အများပြည်သူ သိရှိနိုင်ရေး ထုတ်ပြန်ရန်နှင့် ထို့အတူ အနာဂတ်တွင် အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများ အား ဖြစ်တောက်ခြင်းနှင့် ကန့်သတ်မှုများ မရှိစေရန် အစိုးရအား တိုက်တွန်းစည်းရုံးရာတွင် ကျွန်ုပ်တို့နှင့် လက်တွဲဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းအပ်ပါသည်။  

ဆက်သွယ်ရန်

ဒေါ်ဝေဖြိုးမြင့် - မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)

၀၉ ၇၉၅ ၃၃၃ ၈၃၁

ဒေါ်ယဥ်ရတနာသိန်း - လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM)

၀၉ ၇၉၁ ၆၈၉ ၆၄၆

ဒေါ်ရတနာ - ဖွံ့ဖြိုးမှုအတွက် “မြန်” အိုင်စီတီအဖွဲ့ (MIDO)

၀၉ ၄၅၀ ၀၂၅ ၆၁၆


တောင်းဆိုသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ

မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ် ဦးဆောင်ကျင်းပရေးအဖွဲ့

    • လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM)
    • ဖွံ့ဖြိုးမှုအတွက် “မြန်” အိုင်စီတီအဖွဲ့ (MIDO)
    • မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)
    • ဖန်တီးရာ (Phandeeyar)

ဒေါ်အိမြတ်နိုးခင် (Digital Rights Activist)

အသံ - လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ

HRDP - လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

လောကအလင်း

Mandalay Federalism Institute

မြန်မာလူထုမဟာမိတ် (ရှမ်းပြည်)

မေတ္တာကန်မ်ပိန်း

The Seagull: Human Rights, Peace & Development

မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း

Peace and Development Center (Meikhtila)

အနာဂတ်အလင်းတန်းဆုံမှတ်

ရှေ့ပြေးအသံအဖွဲ့

ကရင်နီလူ့အခွင့်အရေးအဖွဲ့

Smile Myanmar

Synergy - လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့


၁။ အစိုးရတိုင္းတြင္ ျပည္သူလူထု၏ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ႏွင့္ သတင္း အခ်က္အလက္ရရွိပိုင္ခြင့္ကို ျမႇင့္တင္ကာကြယ္ေပးရန္ တာဝန္ရွိသည္။ ဒီမိုကေရစီနည္းလမ္းအရ ေ႐ြးေကာက္သည့္ အစိုးရဆိုလ်င္ ပို၍ပင္ တာဝန္ရွိေပသည္။ သို႔ေသာ္လည္း အမ်ားျပည္သူအား ႀကိဳတင္အသိေပးျခင္းမရွိဘဲ ရခိုင္ႏွင့္ ခ်င္းျပည္နယ္မ်ားရွိ ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္တြင္ အင္တာနက္ျဖတ္ေတာက္ရန္ ဆုံးျဖတ္ျခင္းသည္ အဆိုပါ လူ႔အခြင့္အေရးမ်ားကို ခ်ိဳးေဖာက္ရာ ေရာက္ၿပီး ျမန္မာႏိုင္ငံရွိ အင္တာနက္ အသုံးျပဳသူ သန္းေပါင္းမ်ားစြာအတြက္ စိုးရိမ္စရာျဖစ္သလို၊ ကြၽန္ုပ္တို႔အဖြဲ႕အစည္းမ်ားကလည္း လြန္စြာစိုးရိမ္မိသည့္ ကိစၥရပ္ျဖစ္ေၾကာင္း ေျပာၾကားလိုပါသည္။ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက ကန႔္သတ္၊ ေႏွာင့္ယွက္ျခင္းမခံရဘဲ အင္တာနက္ အဆက္မျပတ္ရ ရွိေရးသည္ အျခားလူ႔အခြင့္အေရးမ်ားရရွိေရးအတြက္ အေျခခံအခြင့္အေရး တစ္ခုျဖစ္ေၾကာင္း ေနာက္ဆုံးအေနျဖင့္ ၂၀၁၈ခုႏွစ္က ထုတ္ျပန္ခ်က္အပါအဝင္ လူ႔အခြင့္အေရးဆိုင္ရာ ေၾကညာခ်က္ အမ်ားအျပားတြင္ အတိအလင္းေဖာ္ျပထားၿပီး ျဖစ္သည္။

၂။ ဇြန္လ ၂၀ ရက္ေန႔က ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက ျပည္တြင္းရွိ မိုဘိုင္းဖုန္း ဆက္သြယ္ေရးလုပ္ငန္းမ်ားျဖစ္သည့္ MPT ၊ Mytel ၊ Telenor ႏွင့္ Ooredoo သို႔ ေပးပို႔ကာ ဇြန္ ၂၁ ရက္ေန႔ ည ၁၀ နာရီမွစ၍ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္မ်ားရွိ ပဋိပကၡျဖစ္ပြားေနေသာ ၿမိဳ႕နယ္မ်ားတြင္ အင္တာနက္ဆက္သြယ္မႈျဖတ္ေတာက္ရန္ အမိန႔္တစ္ရပ္ကို ျပည္တြင္းရွိ မိုဘိုင္းဖုန္း ဆက္သြယ္ေရးလုပ္ငန္းမ်ားအား ေပးပို႔ေၾကာင္း သိရွိရသည္။ ျပည္တြင္းမီဒီယာမ်ား၏ ေဖာ္ျပခ်က္ အရ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္ (ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ၊ ေမာင္းေတာ၊ ဘူးသီးေတာင္) ႏွင့္ ခ်င္းျပည္နယ္ရွိ ပလက္ဝၿမိဳ႕နယ္မ်ားတြင္ အင္တာနက္ဆက္သြယ္မႈျဖတ္ေတာက္ခံရကာ တယ္လီဖုန္းေခၚဆိုျခင္း ႏွင့္ စာတို (sms) ေပးပို႔သည့္ ဝန္ေဆာင္မႈမ်ားသာ အသုံးျပဳႏိုင္ေၾကာင္း သိရသည္။ အဆိုပါ ၿမိဳ႕နယ္မ်ားတြင္ သန္းေခါင္စာရင္းအရ ေနထိုင္သူ လူဦးေရတစ္သန္းေက်ာ္သည္ ယခု စာထုတ္ျပန္ခ်ိန္ (ဇြန္လ (၂၄) ရက္၊ ေန႔လည္ (၁၂) နာရီ)အထိ အင္တာနက္ဆက္သြယ္ျပတ္ေတာက္မႈကို ႀကဳံေတြ႕လ်က္ရွိေၾကာင္း သိရသည္။

၃။ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္းက အဆိုပါ အမိန႔္ကို ဆက္သြယ္ေရးဥပေဒ ပုဒ္မ (၇၇) အရ “အမ်ားျပည္သူလုံၿခဳံေရးအေျခအေနအရ တည္ၿငိမ္ ေအးခ်မ္းမႈပ်က္တယ္၊ တရားဥပေဒစိုးမိုးမႈ မေကာင္းဘူးျဖစ္ေနတဲ့ အေျခအေနေပၚမူတည္ၿပီး အစိုးရအဖြဲ႕၏ ၫႊန္ၾကားခ်က္အရ လုပ္ေဆာင္ျခင္းျဖစ္ပါတယ္” ဟု ျပည္တြင္းမီဒီယာတစ္ခုအား ေျဖၾကားထားသည္ကို ေတြ႕ရၿပီး၊ အင္တာနက္ဝန္ေဆာင္မႈ ျဖတ္ေတာက္မႈကို ျပန္လည္ဖြင့္ေပးမည့္ အခ်ိန္ကိုမူ မသိရေသးေၾကာင္း ေျပာၾကားထားသည္။ ဆက္သြယ္ေရးဥပေဒျပဌာန္းၿပီး ၂၀၁၃ ခုႏွစ္ကတည္းက ယခုကဲ့သို႔ ပုဒ္မ (၇၇) ကိုသုံးကာ အင္တာနက္ ဆက္သြယ္မႈအားျဖတ္ေတာက္ရန္ အစိုးရအဖြဲ႕က ၫႊန္ၾကားမႈမ်ိဳး မရွိခဲ့ရာ ယခုကဲ့သို႔ ျဖတ္ေတာက္ရန္ ပထမဆုံးအႀကိမ္ အမိန႔္ ၫႊန္ၾကားခ်က္ထုတ္ျပန္ျခင္းသည္ ကြၽန္ုပ္တို႔အားလုံးအတြက္ စိုးရိမ္စရာ ကိစၥရပ္တစ္ခု ျဖစ္ပါသည္။

၄။ ယခုကဲ့သို႔ အင္တာနက္ျဖတ္ေတာက္မႈႏွင့္ ပတ္သက္၍ အစိုးရအေနျဖင့္ ယခု စာထုတ္ျပန္ခ်ိန္ (ဇြန္လ ၂၄ ရက္၊ ၁၂ နာရီ) အထိ အမ်ားျပည္သူသိရွိေစရန္ ထုတ္ျပန္ေၾကျငာျခင္း မရွိသည္ကို ေတြ႕ရသည္။ မိုဘိုင္းဖုန္း ဆက္သြယ္ေရးဝန္ေဆာင္မႈ ကုမၸဏီ ၄ ခုအနက္ ယခုအခ်ိန္ထိ တယ္လီေနာ ကုမၸဏီ တစ္ခုကသာ အင္တာနက္ျဖတ္ေတာက္ခံရသည့္ ေဒသရွိ အသုံးျပဳသူမ်ားအား စာတို (sms) ေပးပို႔ အေၾကာင္းၾကားျခင္းႏွင့္ အမ်ားျပည္သူအတြက္ ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ျခင္း တို႔ကို လုပ္ေဆာင္ခဲ့သည္ကို ေတြ႕ရသည္။

၅။ အဆိုပါေဒသသည္ ျပည္တြင္း၊ ျပည္ပမီဒီယာမ်ားဝင္ေရာက္ သတင္းရယူခြင့္ႏွင့္ လူသားခ်င္း စာနာသည့္ အေထာက္အပံ့ေပးသည့္အဖြဲ႕အစည္းမ်ား ဝင္ေရာက္ခြင့္ကို ပိတ္ပင္ထားသည့္ ေဒသ ျဖစ္သည္။ သို႔ျဖစ္ရာ ယခုကဲ့သို႔ အင္တာနက္ ျဖတ္ေတာက္ျခင္းသည္ လက္နက္ကိုင္ ပဋိပကၡမ်ားႏွင့္ ၎တို႔၏ ေဒသခံျပည္သူမ်ားအေပၚ ထိခိုက္မႈမ်ားႏွင့္ ပတ္သက္၍ သတင္းအခ်က္အလက္ရ ယူႏိုင္မႈကို ပို၍ ထိခိုက္ေစပါသည္။ သို႔ျဖစ္ရာ ေဒသခံျပည္သူမ်ား၏ လုံၿခဳံေရးအတြက္ အစိုးရက ကာကြယ္ေပးႏိုင္မႈ စြမ္းရည္က်ဆင္းႏိုင္သည္ျဖစ္ရာ ကြၽန္ုပ္တို႔၏ စိုးရိမ္ပူပန္မႈမ်ားကို ပို၍ တိုးလာေစပါသည္။ Facebook စာမ်က္ႏွာသို႔ ဆက္သြယ္ႏိုင္မႈအပါအဝင္ အင္တာနက္ဆက္သြယ္မႈ ကို ျဖတ္ေတာက္ျခင္းသည္ အေရးေပၚဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ ေဒသခံျပည္သူမ်ားအား ဆက္သြယ္ႏိုင္မႈႏွင့္ ၎တို႔ရွိသည့္ ေနရာမ်ားကို သိႏိုင္ေစမႈတို႔ကို ထိခိုက္ေစသည္။ ထို႔အျပင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လူအမ်ားအား လုံၿခဳံရာသို႔ ေ႐ႊ႕ေျပာင္းႏိုင္ေရးအတြက္ အေရးႀကီးသည့္ သတင္းအခ်က္အလက္မ်ားျဖန႔္ေဝရာတြင္အခက္အခဲျဖစ္ႏိုင္သည္ကို ေတြ႕ရသည္။ ထို႔အျပင္ ေဒသခံျပည္သူမ်ား၏ အခြင့္အေရးအေရး ကာကြယ္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ ေ႐ြးေကာက္ခံလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအပါအဝင္၊ လူ႔အခြင့္အေရး ကာကြယ္သူမ်ားႏွင့္ မီဒီယာမ်ားသို႔ သတင္းေပးပို႔ ဖလွယ္ႏိုင္မႈ ထိခိုက္ေစပါသည္။

၆။ အင္တာနက္ျဖတ္ေတာက္ျခင္းသည္ သာမန္အေျခအေနတြင္ပင္လွ်င္ အသက္ေမြးဝ မ္းေက်ာင္း မႈ၊ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားအတြက္ လြန္စြာ ဆိုးက်ိဳးသက္ေရာက္မႈျဖစ္ေပၚေစသည္။ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားသည့္ ေဒသမ်ားတြင္ အင္တာနက္ဆက္သြယ္မႈ ျဖတ္ေတာက္ျခင္းသည္ ေဒသခံျပည္သူမ်ား၏ လုံၿခဳံေရးအတြက္ လြန္စြာ စိုးရိမ္စရာကိစၥရပ္ျဖစ္ပါသည္။ ေဒသခံျပည္သူမ်ား၏ လြတ္လပ္စြာထုတ္ေဖာ္ခြင့္ႏွင့္ သတင္း အခ်က္အလက္ရယူခြင့္တို႔သည္ လိုအပ္သည့္ အကူအညီမ်ား၊ အေရးေပၚဝန္ေဆာင္မႈ မ်ားႏွင့္ လူသားျခင္းစာနာသည့္ အေထာက္အပံ့မ်ား ပို႔ေဆာင္ႏိုင္ေရးႏွင့္ စစ္ေျပးေရွာင္ႏွင့္ ေ႐ႊ႕ေျပာင္း မိသားစုမ်ား အခ်င္းခ်င္း ဆက္သြယ္ႏိုင္မႈရရွိေရးမ်ားအတြက္ လြန္စြာ အေရးႀကီးသည္။

၇။ သို႔ပါ၍ ကြၽန္ုပ္တို႔သည္ အစိုးရအား ေအာက္ပါ အခ်က္မ်ားကို ေတာင္းဆိုပါသည္။

အင္တာနက္ဆက္သြယ္ေရး ျဖတ္ေတာက္မႈ ႏွင့္ အင္တာနက္အျမန္ႏႈန္းေလ်ာ့ခ်မႈမ်ားကို ခ်က္ျခင္းရပ္တန႔္ကာ ရခိုင္ႏွင့္ ခ်င္းျပည္နယ္မ်ားရွိ အဆိုပါ ၿမိဳ႕နယ္ (၉)ၿမိဳ႕နယ္တြင္ အင္တာနက္ႏွင့္ တယ္လီဖုန္းဆက္သြယ္မႈမ်ား အျပည့္အဝ ရရွိေရးကို ႁခြင္းခ်က္မရွိ ခ်က္ျခင္းလုပ္ေဆာင္ရန္။
ဆက္သြယ္ေရးဥပေဒပါ အင္တာနက္ဝန္ေဆာင္မႈ ျဖတ္ေတာက္ျခင္းႏွင့္ သက္ဆိုင္သည့္ ပုဒ္မ ၇၇၊ ၇၈ ႏွင့္ က်န္ပုဒ္မမ်ားကို လူ႔အခြင့္အေရးစံႏႈန္းမ်ားႏွင့္အညီ ျပန္လည္ သုံးသပ္၊ ျပင္ဆင္ရန္။
အနာဂတ္တြင္လည္း အဆိုပါ ေဒသမ်ားေသာ္လည္းေကာင္း၊ ျမန္မာတႏိုင္ငံလုံးရွိ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားသည့္ အျခားေဒသမ်ားအပါအဝင္ က်န္ေဒသမ်ားတြင္ ေသာ္လည္းေကာင္းႏွင့္ လာမည့္ ေ႐ြးေကာက္ပြဲကာလမ်ားတြင္ ယခုကဲ့သို႔ အင္တာနက္ႏွင့္ အျခားဆက္သြယ္ေရး စနစ္မ်ားအား ထပ္မံျဖတ္ေတာက္ျခင္းမ်ား၊ အင္တာနက္အ ျမန္ႏႈန္းေလ်ာ့ခ်မႈမ်ား (လုံးဝ) မျပဳလုပ္ရန္။

၈။ ထို႔အတူ - ကြၽန္ုပ္တို႔သည္ မိုဘိုင္းဆက္သြယ္ေရးဝန္ေဆာင္မႈ လုပ္ကိုင္သူမ်ားႏွင့္ အျခားအင္တာနက္ ဆက္သြယ္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ေနၾကေသာ ကုမၸဏီမ်ားအားလည္း - အင္တာနက္ႏွင့္ အျခားဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားအေပၚ အစိုးရက ခ်မွတ္သည့္ ကန႔္သတ္ခ်က္မ်ားႏွင့္ ပတ္သက္၍ သတင္းအခ်က္အလက္ အျပည့္အဝအား အမ်ားျပည္သူ သိရွိႏိုင္ေရး ထုတ္ျပန္ရန္ႏွင့္ ထို႔အတူ အနာဂတ္တြင္ အင္တာနက္ႏွင့္ တယ္လီဖုန္း ဆက္သြယ္မႈမ်ား အား ျဖစ္ေတာက္ျခင္းႏွင့္ ကန႔္သတ္မႈမ်ား မရွိေစရန္ အစိုးရအား တိုက္တြန္းစည္း႐ုံးရာတြင္ ကြၽန္ုပ္တို႔ႏွင့္ လက္တြဲေဆာင္႐ြက္ရန္ ဖိတ္ေခၚတိုက္တြန္းအပ္ပါသည္။

ဆက္သြယ္ရန္

ေဒၚေဝၿဖိဳးျမင့္ - ျမန္မာ့စီးပြားေရးက႑ တာဝန္ယူမႈရွိေရးအေထာက္အကူျပဳဌာန (MCRB)
၀၉ ၇၉၅ ၃၃၃ ၈၃၁
ေဒၚယဥ္ရတနာသိန္း - လြတ္လပ္ေသာထုတ္ေဖာ္ေျပာဆိုျခင္းျမန္မာ (FEM)
၀၉ ၇၉၁ ၆၈၉ ၆၄၆
ေဒၚရတနာ - ဖြံ႕ၿဖိဳးမႈအတြက္ “ျမန္” အိုင္စီတီအဖြဲ႕ (MIDO)
၀၉ ၄၅၀ ၀၂၅ ၆၁၆

ေတာင္းဆိုသည့္ အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပုဂၢိဳလ္မ်ား

ျမန္မာဒစ္ဂ်စ္တယ္အခြင့္အေရးဖိုရမ္ ဦးေဆာင္က်င္းပေရးအဖြဲ႕
လြတ္လပ္ေသာထုတ္ေဖာ္ေျပာဆိုျခင္းျမန္မာ (FEM)
ဖြံ႕ၿဖိဳးမႈအတြက္ “ျမန္” အိုင္စီတီအဖြဲ႕ (MIDO)
ျမန္မာ့စီးပြားေရးက႑ တာဝန္ယူမႈရွိေရးအေထာက္အကူျပဳဌာန (MCRB)
ဖန္တီးရာ (Phandeeyar)
ေဒၚအိျမတ္ႏိုးခင္ (Digital Rights Activist)
အသံ - လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားမႈအဖြဲ႕
ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္ေရး လႈပ္ရွားေဆာင္႐ြက္မႈေကာ္မတီ
HRDP - လူ႔အခြင့္အေရးကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕
ေလာကအလင္း
Mandalay Federalism Institute
ျမန္မာလူထုမဟာမိတ္ (ရွမ္းျပည္)
ေမတၱာကန္မ္ပိန္း
The Seagull: Human Rights, Peace & Development
မြန္လူ႔အခြင့္အေရးေဖာင္ေဒးရွင္း
Peace and Development Center (Meikhtila)
အနာဂတ္အလင္းတန္းဆုံမွတ္
ေရွ႕ေျပးအသံအဖြဲ႕
ကရင္နီလူ႔အခြင့္အေရးအဖြဲ႕
Smile Myanmar
Synergy - လူမႈသဟဇာတေဖာ္ေဆာင္ေရးအဖြဲ႕