fbpx

Protection Against Hate Speech Bill – အမုန်းစကားတားဆီးကာကွယ်ရေးဥပဒေကြမ်း၏ ဖြစ်နိုင်ခြေရှိသောဆိုးကျိုးများမှ အကာအကွယ်

Influential people that are intolerant of religious, ethnic, gender and sexual diversity have made hateful speech in Myanmar. Hateful speech has included everything from offensive and discriminatory remarks to incitement to violence and ethnic cleansing.

People making hateful speech are unaccountable. The government has not used Penal Code Article 153(a) which criminalises incitement, or taken any significant steps to stop intolerance.

The government should make policy and legal changes to promote tolerance of diversity, and use the Penal Code to prosecute the worst types of hateful speech.

An Interfaith Harmonious Coexistence Bill, later re-named Protection Against Hate Speech Bill, was started under the USDP government and has continued to be revised under the NLD. The Bill has not been made public by the Ministry of Religious Affairs and Culture but is in the third or fourth version.

International standards

Article 20 of the International Covenant on Civil and Political Rights tells governments that they must ban speech that incites war, or discrimination, hostility or violence towards a group. Groups include race, colour, sex, language, religion, political or other opinion, national or social origin, property, birth, sexual orientation, gender identity, disability or other status.  

International standards do not say “hate speech” because it’s not precise enough and its vagueness could be used to censor legitimate speech. Often hate speech laws are used to persecute minorities and stop criticism of government, rather than protect marginalised people.

Rabat Plan of Action

The Rabat Plan of Action was created by the UN in 2013 to tell governments how to stop incitement without damaging freedom of expression. The Plan says that only the worst examples of hateful speech are incitement, and has 6 measures for testing whether it is or not.

  1. How unsafe the social and political context is – e.g. conflict or history of discrimination?
  2. How influential the speaker is – e.g. influential politicians or religious leaders?
  3. How intentional was the speech – e.g. did the speaker intend to incite?
  4. What was said – e.g. what was the content and how did people understand it?
  5. How big was the audience – e.g. was it public and how far did it go?
  6. How likely was it to harm – e.g. how certain was it that incitement would result in a short time?

The Rabat Plan says that:

  • Governments should protect freedom of expression by using precise definitions of incitement rather than vague words and broad descriptions.
  • Governments must promote tolerance of diversity among society using education and the media, and only punish incitement and hateful speech as a last step.
  • Punishment for incitement must pass the freedom of expression 3-part test in Article 19 of the International Covenant on Civil and Political Rights.
  • Only intentional incitement can be criminalised. Courts must prove that the defendant intended to incite people to be hostile, discriminate or be violent.

Promoting tolerance and equality

The Rabat Plan says that governments must prioritise promoting tolerance so that freedom of expression and equality are both guaranteed.

Freedom of expression is actually very important for minority groups. Laws on hateful speech are often used worldwide to repress and censor minorities for “hating” the majority, rather than protect them. Instead, minorities need their freedom of expression so that they can give alternative opinions, say about their culture, and stop stereotyping. Majorities are more likely to stop discrimination if they can hear minorities talk about it.

If governments really want to stop intolerance, they should make anti-discrimination laws to protect minorities. These laws should protect their rights to access healthcare, education, welfare, justice and housing, as well as political participation.

The Myanmar government should also train the police, judges and government officers.

Promoting tolerance and equality using the media

Governments can promote tolerance and equality in education and through public information campaigns. The Myanmar government could promote tolerance and equality through government-controlled and public service broadcasters, and include them as principles when giving out broadcasting licences.

The Broadcasting Council and the Myanmar Press Council can also promote tolerance and equality in all their work. They can facilitate and train minority media, create codes of conduct and monitor implementation, tracking when media uses stereotyping. They can also ensure that they include minority representation inside themselves.

Journalists can also help. They can make sure that when they report they do not use negative stereotyping and always give minorities an opportunity to speak out. Journalists can also do more coverage of minorities and promote a better public understanding of them.

Blasphemy and religion

Incitement laws protect people from hostility, discrimination and violence. Incitement laws do not protect ideas and they do not protect people from being offended.

It is important in a democracy that people can criticise ideas and opinions, including about religion or people within a religion. Even within a religion people have different opinions and should be free to talk openly.

2016 Protection Against Hate Speech Bill

Many people in Myanmar have been calling on the government to stop hateful speech which has incited discrimination and violence against women, ethnic and religious minorities.

The Interfaith Harmonious Coexistence Bill was started under the USDP government and picked up by the NLD government and is now in its third draft. It is now called the Protection Against Hate Speech Bill. It was leaked to civil society from the Ministry of Religious Affairs and Culture in 2016.

The Bill has some very big weaknesses:

  • It creates definitions that are discriminatory and undermine the people’s right to freedom of religion, or freedom not to have a religion.
  • It seriously undermines freedom of expression and prioritises censorship rather than promotes tolerance of diversity and pluralism.
  • It condemns discrimination but has no punishment.
  • It has vague terms on what kinds of expression are not allowed, which can be easily abused.
  • It misses disabled people but protects groups defined by their status, wealth and rank, which could be easily used to protect powerful people from criticism.
  • It criminalises blasphemy and “misusing religion for political purposes” which are not allowed under international standards.

မြန်မာနိုင်ငံတွင် လူ့အဖွ့ဲအစည်းအတွင်း ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ၊ လိင်မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်း မရှိသော လွှမ်းမိုးနိုင်သည့် လူများသည် အမုန်းစကားကို ဖန်တီးကြသည်။ အမုန်းစကားသည် ထိခိုက်နစ်နာစေရန်မှတ်ချက်ပြုပြောဆိုခြင်း၊ ခွဲခြားဆက်ဆံသည့်မှတ်ချက်ပြု ခြင်း စသည်တို့မှစ၍ အကြမ်းဖက်မှု ၊ ဌာနေတိုင်းရင်းသားအချင်းချင်း ရှင်းလင်းသုတ်သင်မှုဖြစ်စေ ရန် သွေးထိုးလှုံ့ဆော်ခြင်းစသည့်အရာအားလုံးပါဝင်သည်။

အမုန်းစကားပြောဆိုသော လူများသည် မရေမတွက်နိုင်အောင်များပြားသည်။ အစိုးရသည် သွေး ထိုးလှုံ့ဆော်မှုကို ရာဇဝတ်မှုမြောက်စေသည့် ရာဇသတ်ကြီးရှိပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃ (က) အား အသုံးမပြုခဲ့ခြင်းမရှိသလို မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းမရှိခြင်းကို ရပ်တန့်ရန် ထင်ရှား သည့် မည်သည့်ဆောင်ရွက်ချက်ကိုမျှ စတင်ခြင်း မရှိပါ။

အစိုးရသည် လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းးကို မြှင့်တင်ရန် မူဝါဒနှင့် ဥပဒေရေးရာ ပြောင်းလဲမှုများပြုလုပ်သင့်ပြီး၊ အထက်ပါအမုန်းစကားများ၏ ဆိုးရွားသည့်အုပ်စုကိုမူ ပြစ်မှုဆိုင်ရာဥပဒေကိုသုံး၍ တရားစွဲသင့်သည်။
နောက်ပိုင်းတွင် အမုန်းစကားကာကွယ်တားဆီးရေးဥပဒေကြမ်းဟု အမည်တွင်လာသော ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးဥပဒေကြမ်းကို ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်၌ စတင်ခဲ့ ပြီး NLD အစိုးရလက်ထက်တွင် ဆက်လက်ပြင်ဆင်ခဲ့သည်။
ဥပဒေကြမ်းကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အများပြည်သူသိစေရန် ချပြခြင်းမရှိ ခဲ့သော်လည်း ဥပဒေကြမ်းပုံစံ သုံးခု သို့မဟုတ် လေးခုမြောက် ရှိနေပြီဖြစ်သည်။ (Update: ယခုဆို လျှင် ဥပဒေကြမ်းပုံစံ ၇ ခုမြောက် ရှိနေပြီဖြစ်ကြောင်း ကြားသိရသည်။)

နိုင်ငံတကာစံနှုန်းများ

ICCPR ၏ ပုဒ်မ ၂၀ ကအစိုးရကို ပြောထားသည်မှာ အစိုးရသည် အုပ်စုတစ်စုသို့ သက်ရောက်သော စစ်ပွဲ သို့မဟုတ် ခွဲခြားဆက်ဆံမှု၊ရန်လိုမှု သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်သော အမုန်းစကား များကို တားမြစ်ရမည်။ လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေး သို့မဟုတ် အခြားရွေးပိုင်ခွင့်၊ အမျိုးသားရေးရာ သု့ိမဟုတ် လူမျိုးရေးရာမူလ ၊ ပိုင်ဆိုင်မှု၊ မွေးဖွား ခြင်း၊ လိင်စိတ်တိမ်းညွှတ်မှု ၊ လိင်စိတ်ခံယူမှု၊ မသန်စွမ်း သို့မဟုတ် အခြားအခြေအနေများ စသည် တို့ ပါဝင်သည်။
အမုန်းစကားဆိုသောစကားလုံးသည် မတိကျ၍ ဒီမိုကရေစီစံနှုန်းအရ တရားဝင်သောစကားများ ကို ဆင်ဆာထိန်းချုပ်ရန်အသုံးပြုနိုင်သောကြောင့် နိုင်ငံတကာစံနှုန်းများသည် “အမုန်းစကား” ဟု မသုံးနှုန်းပါ။
အမုန်းစကားဥပဒေများသည် ဖယ်ကြဉ်ခံထားရသည့် လူမျိုးစုများကို ကာကွယ်ရန်ထက် လူနည်း စုများကို တရားစွဲရန်နှင့် အစိုးရအား ဝေဖန်မှုကို တားဆီးရန် မကြာခဏ သုံးခြင်းခံရသည်။

Rabat Plan of Action (ရာဘတ်အစီအစဉ်ဆောင်ရွက်ချက်)

Rabat Plan of Action (ရာဘတ်အစီအစဉ်ဆောင်ရွက်ချက်) က လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုရေးသားခွင့်ကို ထိခိုက်ခြင်းမရှိဘဲ လှုံ့ဆော်မှုများအား မည်သို့တားဆီးရန်အတွက် အစိုးရများ ကိုပြောရန် ၂၀၁၃တွင် ကုလသမဂ္ဂက ဖန်တီးခဲ့သည်။
လှုံ့ဆော်မှုသည်သာလျှင် အမုန်းစကား၏အဆိုးဆုံးဥပမာ ဖြစ်သည်ဟု ယင်းအစီအစဉ်က ပြောထား ပြီး အမုန်းစကားမြောက်မမြောက်စမ်းသပ်ရန် တိုင်းတာချက် ၆ခုကို ဖော်ပြပေးထားသည်။

၁။နိုင်ငံရေး၊ လူမျိုးရေး နောက်ခံသမိုင်းကြောင်းသည် မည်မျှမလုံမခြုံဖြစ်နေသနည်း။ဥပမာ - ပဋိ ပက္ခ သို့မဟုတ် ခွဲခြားဆက်ခံမှု သမိုင်းကြောင်းရှိမရှိ။

၂။ပြောဆိုသူသည် မည်မျှလွှမ်းမိုးနိုင်မှုအနေအထားရှိလဲ။ ဥပမာ - သြဇာရှိသည့် နိုင်ငံရေး သို့မဟုတ် ဘာသာရေး ခေါင်းဆောင်။

၃။ ဘယ်လောက်ထိ ရည်ရွယ်ချက်ရှိလဲ။ ဥပမာ - ပြောဆိုသူသည်လှုံှု့ဆော်ရန် ရည်ရွယ်ချက် ရှိခဲ့လား။

၄။ မည်သည့်အကြောင်းအရာကို ပြောခဲ့သနည်း။ ဥပမာ- မည်သည့်အကြောင်းအရာကို ပြောခဲ့သ လဲ၊ လူအများမှ ယင်းကို မည်သို့နားလည်ခဲ့ကြသနည်း။

၅။ ပရိသတ်အရွယ်အစားဘယ်လောက်ကြီးသလဲ။ ဥပမာ - လူသိရှင်ကြားပြောဆိုခဲ့ခြင်းလား၊ ယင်းသည် မည်မျှအတိုင်းအတာအထိ ပျံ့နှံ့သွားခဲ့သလဲ။

၆။ ယင်းစကားကြောင့် လက်တွေ့တွင် ရုတ်တရတ်ချက်ချင်းဖြစ်ပွားနိုင်ချေ မည်မျှရှိသနည်း။ ဥပမာ- ယင်းလှုံ့ဆော်မှုသည် အချိန်တိုအတွင်း ဖြစ်ပေါ်ရန် ဘယ်လောက် သေချာသလဲ။

Rabat plan က ပြောထားသည်မှာ

• မတိကျေ၀ဝါးသော စကားလုံးနှင့် ကျယ်ပြန့်သောဖွင့်ဆိုချက်ထက် သွေးထိုးလှုံ့ဆော်မှု၏ တိကျသောအဓိပ္ပါယ်ဖွင့်ဆိုချက်ကို အသုံးပြုခြင်းအားဖြင့် အစိုးရသည် လွတ်လပ်စွာထုတ် ဖော်ပြော ဆိုခွင့်ကို ကာကွယ်သင့်သည်။

• အစိုးရသည် ပညာရေးနှင့် မီဒီယာကိုသုံး၍ လူ့အဖွဲ့အစည်းများကြားရှိ မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းရည်ကို တိုးမြှင့်ပေးသင့်ပြီး နောက်ဆုံးနည်းလမ်းအဖြစ် သွေးထိုးလှုံ့ဆော် မှုအား အပြစ်ပေးခြင်းသည် နောက်ဆုံး အဆင့်ဖြစ်သင့်သည်။

• လှုံ့ဆော်မှုအတွက် ချမှတ်သော ပြစ်ဒဏ်သည် ICCPR ၏ ပုဒ်မ ၁၉ ဖော်ပြချက်ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အဆင့် ၃ ဆင့်နှင့် ကိုက်ညီရမည်။

• ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုသာလျှင် ပြစ်မှုမြောက်နိုင်သည်။ တရားရုံးက တရားခံသည် ဆူပူ၊ ရန်လို၊ ခွဲခြားခံရသည့်လူများကို လှုံ့ဆော်ရန် ရည်ရွယ်ချက်ရှိခဲ့သည်ကို သက်သေပြရ မည်။

မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းနှင့် တန်းတူညီမျှမှုကို မြှင့်တင်ခြင်း

Rabat plan ကပြောသည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တန်းတူညီမျှမှုကို ပေးနိုင်ရန် အစိုးရသည် မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းကို ဦးစားပေးတိုးမြှင့်ရမည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လက်တွေ့တွင် လူနည်းစုအတွက် အလွန်အရေးကြီး သည်။ လူနည်းစုအား ကာကွယ်ရန်ထက် လူများစုအပေါ်ခံစားရသည့် အမုန်းတရားများ အတွက် လူနည်းစုများကို ဖိနှိပ်ပြီး ဆင်ဆာလုပ်ရန် ကမ္ဘာတစ်ခုလုံးရှိ အမုန်းစကား ဥပဒေများကို မကြာခဏ ဆိုသလို အသုံးပြုခံရသည်။ ၎င်းအစား အခြားထင်မြင်ချက်များဖြစ်သည့် ယင်းတို့၏ ယဉ်ကျေးမှုနှင့် ခေါက်ရိုးကျိုးပုံစံသွင်းမှု ဟန့်တားနိုင်ရန်အတွက် လူနည်းစုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လိုအပ်သည်။ လူများစု သည် လူနည်းစုပြောသည့် အသံများ ကြားသိနိုင်လျှင် ယင်းတို့ပြုလုပ်နေသည့် ခွဲခြား ဆက်ဆံမှုကို ရပ်တန့်ရန် အလားအလာရှိမည် ဖြစ်သည်။

မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းမရှိခြင်းကို အမှန်တကယ် ရပ်တန့်လိုလျှင် လူနည်းစုကို ကာ ကွယ်ရန် ခွဲခြားဆက်ဆံမှုပပျောက်ရေး ဥပဒေပြုမှုများကို အစိုးရသည် ရေးဆွဲပြဌာန်း သင့်သည်။ လူနည်းစုများ၏ အခွင့်အရေးများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်၊ ပညာရေး အခွင့်အလမ်း၊ လူမှုဘဝဖူလုံရေး၊ တရားမျှတမှု၊ အိမ်ယာပိုင်ဆိုင်နေထိုင်ခွင့် နှင့် နိုင်ငံ ရေးတွင် ပါဝင်ခွင့်တို့ကို ဥပဒေများက ကာကွယ်ပေးသင့်သည်။

မြန်မာအစိုးရအနေဖြင့် ရဲ၊ တရားသူကြီးများ အစိုးရဝန်ထမ်းများကိုလည်း ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး လေ့ကျင်ကြားပေးသင့်သည်။

မီဒီယာအသုံးပြု၍ မတူကွဲပြားမှုအပေါ်သည်းခံနိုင်စွမ်းနှင့် တန်းတူညီမျှမှုကို မြှင့်တင် ခြင်း

မီဒီယာအသုံးပြု၍ မတူကွဲပြားမှုအပေါ်သည်းခံနိုင်စွမ်းနှင့် တန်းတူညီမျှမှုကို မြှင့်တင် ခြင်း
အစိုးရသည် ပညာရေးကဏ္ဍတွင် မြှင့်တင်နိုင်သကဲ့သို့ အများပြည်သူအားသတင်းအချက်အလက် တင်ပြပေးသည့် ကင်မ်ပိန်းများမှတစ်ဆင့် မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်း နှင့် တန်းတူ ညီမျှမှုကို မြှင့်တင်နိုင်သည်။  ထို့အပြင် မြန်မာအစိုးရသည် ရုပ်သံနှင့် ပြည်သူ့ဝန်ဆောင်မှု ရုပ်သံမှ တစ်ဆင့် မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်းနှင့် တန်းတူညီမျှမှုကို မြှင့်တင်နိုင်ပြီး အသံလွှင့်လိုင်စင်များ ထုတ်ပေးရာတွင် မတူကွဲပြားမှုအပေါ် သည်းခံနိုင်စွမ်း နှင့် တန်းတူညီမျှမှုကို စည်းမျဉ်းများအဖြစ် ချမှတ်၍ လည်း မြှင့်တင်နိုင်သည်။

ရုပ်သံလွှင့်ကောင်စီနှင့် မြန်မာသတင်းမီဒီယာကောင်စီသည်လည်း ၎င်းတို့၏အလုပ်အားလုံးတွင် မတူကွဲပြားမှုအပေါ်သည်းခံနိုင်စွမ်း နှင့် တန်းတူညီမျှမှုကို တိုးမြှင့်နိုင်သည်။၎င်းတို့သည် လူနည်းစု မီဒီယာကို အထောက်အပံ့ပြု သင်ကြားပေးနိုင်သလို မီဒီယာကျင့်ဝတ်များသတ်မှတ်၍ အကောင်အ ထည်ဖော်မှုကို စောင့်ကြည့်လေ့လာနိုင်သည်။တစ်ချိန်တည်းတွင်မီဒီယာမှ ခေါက်ရိုးကျိုးလူမှုဘောင်သွင်းခြင်းများကိုလည်းခြေရာခံနိုင်သည်။ ထို့ပြင် ကောင်စီထဲတွင် လူနည်းစုအား ကိုယ်စားပြုမှုကို ထည့်သွင်းသေချာစေသင့်သည်။

ဂျာနယ်လစ်ဘက်မှလည်း အကူအညီပေးနိုင်သည်။ ဂျာနယ်လစ်များအနေဖြင့် သတင်းရေးသား ရာတွင် လူနည်းစုများကို အဆိုးဘက်မှ ခေါက်ရိုးကျိုးဖော်ပြခြင်းမပြုဘဲ၊ ပြောရေးဆိုခွင့် ပေးခြင်းအားဖြင့် ကူညီပေးနိုင်သည်။ ဂျာနယ်လစ်များ သည် လူနည်းစုအကြောင်း သတင်းဖော်ပြမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် လူနည်းစုများအကြောင်း လူထုမှ ပိုနားလည်အောင် တိုးမြှင့်ပေးနိုင်သည်။

ဘာသာရေးစော်ကားမှုနှင့် ဘာသာရေ

ဘာသာရေးစော်ကားမှုနှင့် ဘာသာရေး
သွေးထိုးလှုံ့ဆော်မှုဥပဒေများသည် ရန်လိုမှု၊ ခွဲခြားဆက်ဆံမှု၊အကြမ်းဖက်မှုမှ လူအများကို ကာကွယ်သည်။ သွေးထိုးလှုံ့ဆော်မှုဥပဒေများသည် ထင်မြင်ယူဆချက်များမှ အကာအကွယ်မ ပေးသလို စိတ်ထိခိုက်ခြင်းနှင့် စော်ကားခံရသည်ဟုထင်သော လူများကိုလည်း မကာကွယ်ပါ။

လူများသည် ဘာသာရေး သို့မဟုတ် ဘာသာဝင် တစ်ယောက်အကြောင်းအပါအဝင် ထင်မြင်ယူ ဆချက်၊အမြင်သဘောထားများကို ဝေဖန်ထောက်ပြနိုင်ရန်မှာ ဒီမိုကရေစီနိုင်ငံတွင် အရေးကြီးသည်။ ဘာသာတရားတစ်ခုကိုပင်လျှင် လူများသည် အယူအဆမျိုးစုံရှိ၍ ပွင့်လင်းစွာ ပြောရန် လွတ်လပ်သင့်သည်။

၂၀၁၆ ခုနှစ် အမုန်းစကားကာကွယ်တားဆီးရေး ဥပဒေကြမ်း

အမျိုးသမီးရေး၊ တိုင်းရင်းသားရေးရာနှင့် ဘာသာရေး လူနည်းစုအပေါ် ကျုးလွန်ဖြစ်ပေါ်စေသည့် ဆန့်ကျင်သော ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော်စေသော အမုန်းစကားကို တားဆီးရန် မြန်မာနိုင်ငံရှိ လူများသည် အစိုးရအားတောင်းဆိုနေခဲ့ကြသည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဥပဒေကြမ်းရေးဆွဲမှုကို ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရက စတင်ခဲ့၍ ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဆက်လက်လုပ် နေပြီး လက်ရှိတွင် ဥပဒေမူကြမ်းမှာ ဗားရှင်းသုံးခုမြောက် ရှိနေပြီဖြစ်သည်။ ၎င်းကို ယခု အမုန်းစကား ကာကွယ်တား ဆီးရေး ဥပဒေကြမ်းဟုခေါ်ပြီး ၂၀၁၆ တွင် ၎င်းမူကြမ်းသည် အရပ်ဖက် အဖွဲ့အစည်းများဆီသို့ သတင်းပေါက်ကြားမှုဖြစ်ခဲ့သည်။

ဥပဒေကြမ်းတွင် အလွန်ကြီးမားသော အားနည်းချက်အချို့ရှိသည် ။

• အဓိပ္ပာယ်ဖွင့်ဆိုချက်သည် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် သို့မဟုတ် လွတ်လပ်စွာ ဘာသာမဲ့ဖြစ်ခွင့် စသည့် လူများ၏ အခွင့်အရေးအပေါ် ခွဲခြားဆက်ဆံပြီး သေးသိမ် မှေးမိန်စေသည်။

• ၎င်းသည် မတူကွဲပြားမှုနှင့် ဗဟုဝါဒအပေါ် သည်းခံနိုင်စွမ်းကို တိုးမြှင့်ခြင်းထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သေးသိမ်မှေးမှိန်စေကာ ဆင်ဆာစိစစ်ဖြတ်တောက် ခြင်းကို ဦးစားပေးသည်။

• ၎င်းသည် ခွဲခြားဆက်ဆံခြင်းကို ပြစ်တင်ရှုံ့ချသည်။ သို့သော် ပြစ်ဒဏ်မပါဝင်ပါ။

• ခွင့်မပြုထားသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း အမျိုးအစားဖော်ပြရာတွင် အဓိပ္ပာယ်ေ၀ဝါး လျက်ရှိကာ ယင်းေ၀ဝါးမှုကြောင့် အလွယ်တကူခံတလွဲသုံးခံရနိုင်သည်။

• ၎င်းသည် မသန်စွမ်းသူများကို ချန်လှပ်ထားသော်လည်း အဆင့်အတန်း၊ ချမ်းသာမှု၊ ရာထူးဖြင့် သတ်မှတ်ထားသောအင်အားကြီးသူုများကို ဝေဖန်မှုမှ အကာအကွယ်ယူနိုင် သည်။

• ၎င်းသည် ဘာသာရေးစော်ကားမှုကို ရာဇဝတ်မှု မြောက်စေ၍ နိုင်ငံတကာဥပဒေတွင် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဘာသာရေး အလွဲသုံးစားပြုခြင်းအား ခွင့်ပြုမထားပါ။