fbpx

Reuters case encourages mass self-censorship about Rakhine conflict — Reuters အမှုသည် ရခိုင်ပဋိပက္ခနှင့် ပတ်သတ်ပြီး အလွန်ကြီးမားသည့် မိမိဘာသာဆင်ဆာထိန်းချုပ်ခြင်းကို အားပေး လျက်ရှိနေ

Today’s decision by a Yangon court to charge two journalists, Ko Wa Lone and Ko Kyaw Soe Oo, deeply undermines the right to freedom of expression in Myanmar.

“Almost every journalist in Myanmar self-censors on anything relating to Rakhine because of this Reuters case. Prosecuting – and persecuting – two investigative journalists Wa Lone and Kyaw Soe Oo for doing their job is a national shame intended only to stop any information coming out about what is really happening inside Myanmar’s many conflict areas.”

The Official Secrets Act was created by the British colonial government in 1923 to criminalise the sharing of almost any kind of information held by the government. Articles 3 and 5 criminalise people for sharing information about the government. The government can say any information is an official secret.

This law hides government corruption and wrongdoing by saying that the evidence is an official secret.

The British government knew the law violated freedom of expression and replaced their Official Secrets Act in 1989.

FEM urges the home ministry to withdraw the prosecution, and calls on the appointed trial judge to throw out the case.

(Zawgyi Font Version)
ဂ်ာနယ္လစ္မ်ားျဖစ္ၾကသည့္ ကိုဝလုံးႏွင့္ ကိုေက်ာ္စိုးဦးတို႔အား နိုင္ငံေတာ္လၽွို႔ဝွက္ခ်က္ဥပေဒႏွင့္ တရားစြဲဆိုရန္ ရန္ကုန္တိုင္းတရား႐ုံးမွ ယေန႔ခ်မွတ္လိုက္ေသာ ဆုံးျဖတ္ခ်က္သည္ ျမန္မာနိုင္ငံအတြင္း လြတ္လပ္စြာထုတ္ ေဖာ္ေရးသားေျပာဆိုျခင္း လူ႔အခြင့္အေရးကို ေလးနက္စြာ ေသးသိမ္ေမွးမွိန္ေစပါသည္။

“Reuters အမွုေၾကာင့္ ျမန္မာနိုင္ငံရွိ ဂ်ာနယ္လစ္အေယာက္တိုင္းနီးပါးဟာ ရခိုင္ပဋိပကၡျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး မိမိဘာသာဆင္ဆာပိတ္ထိန္းခ်ဳပ္ ေနၾကရပါတယ္။ စုံစမ္းေဖာ္ထုတ္သတင္းေရးသားတဲ့ သတင္းေထာက္ေတြျဖစ္ ၾကတဲ့ ကိုဝလုံး နဲ႔ ကိုေက်ာ္စိုးဦးတို႔ႏွစ္ဦးကို သူတို႔အလုပ္ သူတို႔လုပ္တဲ့အတြက္ တရားစြဲဆိုတယ္ဆိုတာဟာ ျမန္မာနိုင္ငံရဲ့ ပဋိပကၡေဒသေတြအတြင္းမွာ ဘာေတြအမွန္တကယ္ျဖစ္ပ်က္ေနတယ္ဆိုတဲ့အေၾကာင္း သတင္း အခ်က္အလက္စီးဆင္းမွုကို ရပ္တန႔္ေစဖို႔ရည္ရြယ္ခ်က္သာျဖစ္ၿပီး၊ နိုင္ငံနဲ႔ခ်ီ အရွက္ရစရာပဲ ျဖစ္ပါတယ္။”

အစိုးရထိန္းခ်ဳပ္ထားေသာ သတင္းအခ်က္အလက္အားလုံးနီးပါးကို မၽွေဝျခင္းအား ရာဇဝတ္ျပစ္ဒဏ္ေပးရန္ နိုင္ငံေတာ္လၽွို႔ဝွက္ခ်က္ဥပေဒကို ၿဗိတိသၽွကိုလိုနီအစိုးရမွ ၁၉၂၃ ခုႏွစ္တြင္ ဖန္တီးျပဌာန္းခဲ့သည္။ ပုဒ္မ ၃ ႏွင့္ ၅ သည္ အစိုးရအေၾကာင္း သတင္းအခ်က္အလက္မ်ားမၽွေဝသည့္ လူမ်ားကို ရာဇဝတ္ျပစ္ဒဏ္သင့္ေစသည္။ အစိုးရမွ မည္သည့္သတင္းအခ်က္အလက္ကိုမဆို နိုင္ငံေတာ္လၽွို႔ဝွက္ခ်က္ဟု ေျပာဆိုနိုင္သည္။

အစိုးရ၏ အက်င့္ပ်က္ျခစားျခင္း ႏွင့္ မွားယြင္းစြာေဆာင္ရြက္ျခင္းတို႔အား သိသာေစသည့္ သက္ေသမ်ားကို ယင္းဥပေဒမွ နိုင္ငံေတာ္လ်ိဳ႕ဝွက္ခ်က္ဟုေျပာကာ ယင္းတို႔၏ မေကာင္းေသာျပဳမူေဆာင္ရြက္ခ်က္မ်ားအား ဖုံးကြယ္ပစ္ေလ့ရွိသည္။

ၿဗိတိသၽွအစိုးရမွ ယင္းဥပေဒသည္ လြတ္လပ္စြာေရးသားထုတ္ေဖာ္ေျပာဆိုခြင့္အား ခ်ိဳးေဖာက္ေနသည္ကို သိျမင္ခဲ့ၿပီး၊ ၁၉၈၉ ခုႏွစ္တြင္ ဥပေဒအားျပန္လည္ေရးဆြဲအစားထိုးခဲ့သည္။

လြတ္လပ္ေသာထုတ္ေဖာ္ေျပာဆိုျခင္း ျမန္မာ FEM မွ ျပည္ထဲေရးဝန္ႀကီးဌာနအား တရားစြဲဆိုမွုကို ႐ုတ္သိမ္း ေပးရန္တိုက္တြန္းလိုက္ၿပီး၊ တာဝန္က်တရားသူႀကီးအား အမွုကို အၿပီးတိုင္ပယ္ဖ်က္ေပးရန္ ေတာင္းဆိုလိုက္ပါ သည္။

 

(Unicode Version)
ဂျာနယ်လစ်များဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနှင့် တရားစွဲဆိုရန် ရန်ကုန်တိုင်းတရားရုံးမှ ယနေ့ချမှတ်လိုက်သော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာထုတ် ဖော်ရေးသားပြောဆိုခြင်း လူ့အခွင့်အရေးကို လေးနက်စွာ သေးသိမ်မှေးမှိန်စေပါသည်။

“Reuters အမှုကြောင့် မြန်မာနိုင်ငံရှိ ဂျာနယ်လစ်အယောက်တိုင်းနီးပါးဟာ ရခိုင်ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မိမိဘာသာဆင်ဆာပိတ်ထိန်းချုပ် နေကြရပါတယ်။ စုံစမ်းဖော်ထုတ်သတင်းရေးသားတဲ့ သတင်းထောက်တွေဖြစ် ကြတဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို သူတို့အလုပ် သူတို့လုပ်တဲ့အတွက် တရားစွဲဆိုတယ်ဆိုတာဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒေသတွေအတွင်းမှာ ဘာတွေအမှန်တကယ်ဖြစ်ပျက်နေတယ်ဆိုတဲ့အကြောင်း သတင်း အချက်အလက်စီးဆင်းမှုကို ရပ်တန့်စေဖို့ရည်ရွယ်ချက်သာဖြစ်ပြီး၊ နိုင်ငံနဲ့ချီ အရှက်ရစရာပဲ ဖြစ်ပါတယ်။”

အစိုးရထိန်းချုပ်ထားသော သတင်းအချက်အလက်အားလုံးနီးပါးကို မျှဝေခြင်းအား ရာဇဝတ်ပြစ်ဒဏ်ပေးရန် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ဗြိတိသျှကိုလိုနီအစိုးရမှ ၁၉၂၃ ခုနှစ်တွင် ဖန်တီးပြဌာန်းခဲ့သည်။ ပုဒ်မ ၃ နှင့် ၅ သည် အစိုးရအကြောင်း သတင်းအချက်အလက်များမျှဝေသည့် လူများကို ရာဇဝတ်ပြစ်ဒဏ်သင့်စေသည်။ အစိုးရမှ မည်သည့်သတင်းအချက်အလက်ကိုမဆို နိုင်ငံတော်လျှို့ဝှက်ချက်ဟု ပြောဆိုနိုင်သည်။

အစိုးရ၏ အကျင့်ပျက်ခြစားခြင်း နှင့် မှားယွင်းစွာဆောင်ရွက်ခြင်းတို့အား သိသာစေသည့် သက်သေများကို ယင်းဥပဒေမှ နိုင်ငံတော်လျို့ဝှက်ချက်ဟုပြောကာ ယင်းတို့၏ မကောင်းသောပြုမူဆောင်ရွက်ချက်များအား ဖုံးကွယ်ပစ်လေ့ရှိသည်။

ဗြိတိသျှအစိုးရမှ ယင်းဥပဒေသည် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အား ချိုးဖောက်နေသည်ကို သိမြင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ်တွင် ဥပဒေအားပြန်လည်ရေးဆွဲအစားထိုးခဲ့သည်။

လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ FEM မှ ပြည်ထဲရေးဝန်ကြီးဌာနအား တရားစွဲဆိုမှုကို ရုတ်သိမ်း ပေးရန်တိုက်တွန်းလိုက်ပြီး၊ တာဝန်ကျတရားသူကြီးအား အမှုကို အပြီးတိုင်ပယ်ဖျက်ပေးရန် တောင်းဆိုလိုက်ပါ သည်။