fbpx

New report: Reform abandoned? — ပြုပြင်ပြောင်းလဲရေး အပစ်ပယ်ခံလိုက်ရပြီလား

မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်” အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု ငါးနှစ်တာသုံးသပ်ချက်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် (၁၀) နှစ် ပြည့် မည်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် တစ်စိတ်တစ်ပိုင်းပွင့်လင်းသည့် ပထမဆုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီးနောက် အရပ်သားအမည်ခံ USDP အစိုးရ ဖြစ်လာခဲ့သည်။ နောက်ငါးနှစ်အကြာ၌ ကျင်းပသည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ NLD အစိုးရ ပြန်လည်ပေါ်ပေါက်ခဲ့ပြီး ယခုနှစ်မှာတော့ မြန်မာနိုင်ငံ၏ တတိယမြောက် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ ထို ၁၀ နှစ်ကာလ တစ်လျှောက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ယင်းအခွင့်အရေး၏ အစိတ်အပိုင်းများဖြစ်သည့် မီဒီယာ၊ ဒစ်ဂျစ်တယ်၊ ဆန္ဒထုတ်ဖော်မှု၊ သတင်းအချက်အလက်ရပိုင်ခွင့်နှင့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး တို့သည် ကြီးမားသောခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ရံဖန်ရံခါလောက်သာ လေးစားအသိအမှတ်ပြုခံခဲ့ ရသည်။ ဤအစီရင်ခံစာတွင် ထိုအပြောင်းအလဲများကို စစ်ဆေးဖော်ထုတ်ထားပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ယူပီအာလုပ်ငန်းစဥ်အတွက် FEM ကတင်သွင်းသော အစီရင်ခံစာ ဖြစ်သည်။ ၂၀၁၅ ယူပီအာတွင် မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အကြံပြုခဲ့သည့် အမျိုးမျိုး သော တိုက်တွန်းချက်များအနက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်စပ်လျဥ်းသည့် အကြံပြုချက် အားလုံး ကို ဖော်ပြထားသည်။ FEM သည် ၂၀၁၅ ယူပီအာ အကြံပြုတိုက်တွန်းချက် တစ်ခုချင်းစီတိုင်းကို အကဲဖြတ် စစ်ဆေးထားပြီး ထိုအကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ခြင်း ရှိမရှိနှင့် ပြီးခဲ့သော ငါးနှစ် အတွင်း အခြေအနေတိုးတက်မှု ရှိမရှိ၊ နဂိုအတိုင်းမပြောင်းလဲဘဲ ရှိမရှိ၊ ပိုမိုဆိုးရွားလာမှု ရှိမရှိကို ရှင်းလင်း ထားသည်။ 

5-year review of freedom of expression for Myanmar’s 2020 UN Universal Periodic Review.

7 November 2020 marks 10 years of Myanmar’s democratic transition. In 2010, the first partially-open general elections took place creating the quasi-civilian USDP government. Five years later, the 2015 general elections returned an NLD government. This year, Myanmar will have its third general elections. Over those 10 years, the right to freedom of expression – including its components media, digital, protest, right to information, and anti-discrimination – has faced great threats and in some cases been upheld. This report examines those changes.

This report is FEM’s submission to Myanmar’s 2020 UPR. It includes all of the different UN Member States’ recommendations relating to freedom of expression which were made to Myanmar in the previous 2015 UPR. FEM has assessed each of the 2015 UPR recommendations and explained whether those recommendations have been implemented or not, and also whether that situation has improved, remained the same, or worsened over the past five years.