fbpx

Tag Archives: Union Election Commission

New manifesto tool to compare parties on human rights — လူ့အခွင့်အရေးများနှင့် ပတ်သက်၍ ပါတီများ၏ ကတိကဝတ်များအပေါ် နှိုင်းယှဉ်လေ့လာသည့် Tool အသစ်

မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ကတိကဝတ်များကို နှိုင်းယှဉ်လေ့လာနိုင်သည့် ဒစ်ဂျစ်တယ် Tool အသစ်တစ်ခုကို FEM က စတင်မိတ်ဆက်လိုက်သည်။ ဤ tool တွင် အထွေထွေသောလူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက်ရယူဖြန့်ဝေနိုင်ခွင့်၊ အမုန်းစကားနှင့် ဒစ်ဂျစ်တယ်အခွင့်အရေး စသည်တို့နှင့် ပတ်သက်၍ ပါတီများ၏ ကတိကဝတ်များကို နှိုင်းယှဉ်ဖော်ပြထားသည်။ “ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးပါတီတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ကတိကဝတ်တွေအကြောင်း ပြည့်စုံတဲ့၊ အချက်အလက်တိုက်ဆိုင်စစ်ဆေးထားတဲ့၊ ကတိကဝတ်တွေကို နှိုင်းယှဉ်ပြပေးထားတဲ့ သတင်းအချက်အလက်တွေ၊ ဒါမှမဟုတ်ရင်လည်း လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ကတိကဝတ်ပြုထားခြင်းမရှိတဲ့ သတင်းအချက်အလက်တွေ ကို မဲဆန္ဒရှင်ပြည်သူတွေထံ

No Thumbnail

UEC and State-controlled broadcasting undermine elections — ရွေးကောက်ပွဲကို ယုတ်လျော့စေသည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေးကဏ္ဍ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အစိုးရ၏  မီဒီယာအပေါ်ထိန်းချုပ်ခြင်းကို အသုံးချပြီး အတိုက်အခံပါတီများအပေါ် ဆင်ဆာဖြတ်တောက်နေခြင်းကို ချက်ချင်း ရပ်တန့်ပေးရန် FEM က တိုက်တွန်းလိုက်သည်။ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာရုပ်သံထုတ်လွှင့်မှုကို ကြားဝင်စွက်ဖက်ခြင်းသည် နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်သကဲ့သို့  မြန်မာနိုင်ငံ၏  လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲတစ်ရပ်  ဖြစ်ပေါ်လာစေရေးကိုလည်း ခြိမ်းခြောက်လျှက်ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လွတ်လပ်သော ရုပ်သံမီဒီယာများ ပေါ်ပေါက်ရေးနှင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ဖြစ်လာစေရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲ၌ (NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ အခန်း ၄.၁၁.၃ နှင့် ၂.၄ တွင်)

No Thumbnail

“No vote” campaigns are protected in democracies — ဒီမိုကရေစီစနစ်များတွင် “မဲမပေးရေး” လှုပ်ရှားမှုများကို ခွင့်ပြုကာကွယ်ပေးထားသည်

မြန်မာနိုင်ငံ၌ ဖြစ်ပွားလျှက်ရှိသော “မဲမပေးရေး” လှုပ်ရှားမှုများ အပါအဝင် ရွေးကောက်ပွဲ သပိတ်မှောက်သည့် ကမ်းပိန်းများသည် နိုင်ငံတကာဥပဒေအရသော်လည်းကောင်း၊ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း  ဥပဒေလမ်းကြောင်းအရ အကာကွယ်ခံထိုက်သော ဒီမိုကရေစီ ငြင်းခုံဆွေးနွေးမှုပုံစံ တစ်ခုသာ ဖြစ်သည်။ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ  ရွေးကောက်ပွဲသပိတ်မှောက်သည့် ကမ်ပိန်းများသည် ဥပဒေနှင့် မညီကြောင်း သတိပေးမှုများ ပြုလုပ်ခဲ့ပြီး ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ ယင်းကမ်ပိန်းအား တွေ့ရှိပါက ရဲများထံသို့ တိုင်တန်းနိုင်ကြောင်းလည်း ဆိုသည်။၁ ကော်မရှင်သည် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်သော ခြိမ်းခြောက်မှုမြောက်သည့်  ၄င်းဥပဒေပါ ပုဒ်မ ၄ ခုအား အသားပေး ဖော်ပြခဲ့သည်ကိုလည်း

2020 Manifestos

၂၀၂၀ ခုနှစ် နိုင်ငံရေးပါတီများ​၏ ကတိကဝတ်များကို နှိုင်းယှဉ်လေ့လာချက် ဝက်(ဘ်)စာမျက်နှာ2020 election: Manifesto comparison tool သင်၏ရှာဖွေမှုအတွက် တွေ့ရှိသမျှ အချက်အလက်အကုန် ဖြစ်ပါသည်။ အကယ်၍ သင်ရှာဖွေနေသောပါတီသည် အထက်ပါစာရင်း၌ မပါဝင်ပါက ၄င်းတို့၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် (ထိုကဏ္ဍနှင့် ပတ်သက်၍) ကတိကဝတ်ပေးထားခြင်းမရှိသည် ဟု ဆိုလိုသည်။ These are all the results. If the party you are looking for is not listed above, then they have not made